Border News Agency
မကွေး၊ မတ် ၂၆။
မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက မန်းချောင်းဆည်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) နဲ့ မဟာမိတ်တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မတ်လ၂၆ ရက်၊ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်က ၂၀ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲဟာ မတ်လ ၂၅ ရက်၊မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။
ငဖဲမြို့အနောက်ဘက် တောရကျောင်းကနေ ထွက်လာတဲ့ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကြောင်းကို မန်းချောင်းဆည် ရေပိုလွှဲအရှေ့ဘက်မှာ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို CDF-Asho နဲ့အတူ လူ့ဘောင်သစ်တပ်မတော် (NSA) မဟာမိတ်တပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
အခုလို နယ်မြေစိုးမိုးရေးနဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။






