Border News Agency
မကွေး၊မတ် ၂၈။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သစ်တောတွေဟာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ခိုလှုံရာအမိုးအကာတွေ၊ ယာယီအိုးအိမ်တွေနဲ့ ကလေးတွေ ပညာသင်ကြားရာစာသင်ကျောင်းတွေ ဖြစ်နေရပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
မတ်လ ၂၄ ရက်နေ့က နယူးယောက်မြို့မှာလုပ်တဲ့အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားမှာ သံအမတ်ကြီးက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။
စစ်ကော်မရှင်တပ်ဟာ ပြည်သူတွေရဲ့ ကျေးရွာတွေ၊ လယ်ယာမြေတွေနဲ့ သီးပင်စားပင်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့ဖျက်ဆီးနေသလို သစ်တောသယံဇာတတွေကိုလည်း တရားမဝင် ထုတ်ယူရောင်းချနေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူ ၃.၆ သန်းကျော်အထိ ရှိလာပြီဖြစ်လို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေကို ထိရောက်စွာ ကူညီပေးဖို့လည်းတောင်းဆိုထားပါတယ်။






