Border News Agency
နေပြည်တော်၊ဧပြီ ၅ ။
ရှမ်းမှရခိုင်ပို့မယ့် ကျပ် ၁၁ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၇၈ သိန်းကို မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကော်မရှင်တပ်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီနတ်မောက်မြို့နယ်မှာ ဧပြီလ ၄ ရ က်နေ့က Prado ကားတစီးနဲ့ထော်လာဂျီတစီးကို စစ်ဆေးဖမ်းမိခဲ့တာပါ။
အဲဒီရှမ်းပြည်၊ ဝမ်ဟိုင်းမှရမည်းသင်း – ပျော်ဘွယ်-နတ်မောက်လမ်းကြောင်းအတိုင်း သယ်လာသူသုံးဦးကို ဖမ်းမိခဲ့တာပါ။
အဲဒီဆေးပြားတွေကို ပဒါန်းမြို့ကတဆင့် အမ်းမြို့နယ်ရှိ အာရက္ခတပ်တော် (AA)ဆီပို့မှာလို့အဖမ်းခံရသူတွေကိုထွ က်ဆိုကြတယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီဖမ်းမိသူတွေကို ဥပဒေအရအရေး ယူနိုင်ဖို့ ဆောင်ရွက်နေပြီး ပါဝင်တရား ခံပြေးတွေကိုလည်း ဆက်စုံစမ်းနေတယ်လို့ဆိုပါတယ်။








