Border News Agency
မြောက်ဦး၊ ဩဂုတ် ၂၇ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို ဩဂုတ်လ ၂၅ ရက်နေ့ညက စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရသူတွေထဲထပ်ပြီးနှစ်ဦးသေ ဆုံးသွားတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဩဂုတ်လ ၂၅ ရက်နေ့ည ၁၁ နာရီကျော်အချိန်က ဒိုင်းကျီရပ်ကွက်ကို ပေါင်ငါးရာဗုံးနှစ်လုံးပစ်ခတ်ခဲ့လို့ အရပ်သားဆယ့်နှစ်ဦးသေဆုံးခဲ့ပါတယ်။
အဲဒီအပြင်နှစ်ဆယ်ဦးဒဏ်ရာရရှိခဲ့ပြီးအရေးပေါ်ဆေးကုသမှုခံယူနေကြသူတွေထဲက အသက်ခုနှစ်နှစ်အရွယ်က လေးတဦးနဲ့အသက်သုံးဆယ်နှစ်နှစ်အ ရွယ်အမျိုးသမီးတဦး ထပ်မံသေဆုံးသွားခဲ့တာပါ။
အဲဒါကြောင့်အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခို က်နေတာတွေမို့ နိုင်ငံတကာအသိုင်းအဝိုင်းက အကာအကွယ်ပေးကြဖို့ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။
“အစ်မသားဆုံးသွားတာပါ။ကိုယ့်သားလိုပါပဲ။ဒီလိုရည်ရွယ်ချက်ရှိရှိလုပ်တာကိုမကျေနပ်ဘူး။ဒေါသဖြစ်မိတယ်။နောက်ထပ်မဖြစ်ဖို့လည်းမျော်လင့်ပါတယ်။ကိုယ်ခံစားရသလိုသူများတွေကိုလည်းမခံစားစေချင်ဘူး။အတတ်နိုင်ဆုံးကာကွယ်ပေးစေချင်တယ်။အရပ် သားတွေကို ဒီလိုမဖြစ်ရအောင်လို့။ဘာလို့ဆိုတော့အရပ်သားမိဘတွေလည်းခံစားရပါမယ် ကိုယ့်သားသမီးပါသွားရင်။” လို့ သေဆုံးသွားသူရဲ့ မိသားစုဝင်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီလိုသေဆုံးသူတွေထဲမှာ ကလေးငယ်ခြောက်ဦး၊အမျိုးသမီးငါးဦးပါဝင်ပြီးဒဏ်ရာရသူတွေထဲမှာကလေးနှစ်ဦး၊ အမျိုးသမီးတဆယ့်နှစ်ဦးပါဝင်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ညအချိန်လူအတွေအိပ်မောကျနေတာကို အခွင့်ကော င်းယူပြီး အပြစ်မဲ့အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်တာမို့ သေဆုံးဒဏ်ရာရသူတွေများပြားခဲ့တာလို့ ဆိုကြပါတယ်။
အဲဒါကြောင့်အမုန်းတရားတွေ တိုးပွားလာစေပြီး လူမျိုးရေးအရအငြိုးအာဃာတတွေ တိုးပွားလာစေတာမို့ နိုင်ငံတကာအသိုင်းအဝိုင်းက အကာအကွယ်ပေးကြဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။
“မြေးလေးတော်ပါတယ်။ ဒေါသထွက်မိပါတယ်။ ကွယ်လွန်လို့လည်း ဂူသွင်းလိုက်ကြပြီလေ။ ဒိုင်းကျီဘုန်းကြီးက ဦးလေးပါ။ အလုပ်သင်ဖို့သွတာပါ။ ရွာကိုတခေါက်ရောက်လာပါတယ်။ အဲဒီလိုသင်နေတာပါ။ လှေဆိပ်နားမှာအလုပ်သင်နေတာပါ။ စစ်ကော်မရှင်ဆိုရင်ဖနောင့်နဲ့တိုက်လိုက်ချင်ပါတယ်။” လို့သေဆုံးသွားတဲ့ မိသားစုဝင်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီထဲမှာ အသက်ခြောက်ဆယ်ကျော်တဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့သလို နေအိမ်ရှစ်လုံး၊အသုံးအဆောင်ပစ္စည်းတွေ၊သုံးဘီးဆိုင်ကယ်အငှားယာ ဉ်နှစ်စီးလည်း ပျက်စီးသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က ဒရုန်းတွေ၊လေယာဥ်တွေနဲ့ဝေဟင်ကင်း ထောက်တာတွေနေ့စဥ်ပြုလုပ်နေပါတယ်။
အဲဒီအပြင် ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ စစ်သင်္ဘောကြီးတွေ၊ တိုက်လေယာဥ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေပါတယ်။