Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် စီးပွားရေး သတင်း အာရက္ခဒေသ

ကျောက်ဖြူမှာ တရုတ်ရေနံတင်သင်္ဘောတွေ ပုံမှန်ဝင်ထွက်သွားလာနေ

(ဓာတ်ပုံ - ကျောက်ဖြူမြို့နယ်မှာတွေ့ရတဲ့တရုတ်ရေနံတင်သင်္ဘော / ကိုသောင်းတင်)

(ဓာတ်ပုံ - ကျောက်ဖြူမြို့နယ်မှာတွေ့ရတဲ့တရုတ်ရေနံတင်သင်္ဘော / ကိုသောင်းတင်)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
77
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီတပ်ကြား နှစ်ဘက်စစ်ရေးတင်းမာပြီးအပြန်အလှန်ပစ်ခတ်မှုတွေရှိနေကြတဲ့ကျောက်ဖြူမြို့နယ်မှာ တရုတ်ရေနံတင်သင်္ဘောတွေ ပုံမှန်အတိုင်းဝင်ထွက်သွားလာနေကြတယ်လို့ မြင်တွေ့နေကြရသူတွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစတင်ပြီး အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်ကြားနှစ်ဘက်ပစ်ခတ်မှုတွေဖြစ်နေကြတာလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

ဒါပေမယ့် အရှေ့အလယ်ပိုင်းကရေနံစိမ်းတွေတင်ဆောင်လာကြတဲ့တရုတ်ရေနံတင်သင်္ဘောတွေကတော့ ဖေဖော်ဝါရီ လ ၂၆ ရက်၊ ဒီနေ့ထိ ပုံမှန်အတိုင်းဝင်ထွ က်သွားလာနေကြတုန်းပဲလို့ ကိုယ်တိုင်မြင်တွေ့နေရသူ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

“တရုတ်ရေနံတင်သင်္ဘောကြီးတွေက တော့ ပုံမှန်အတိုင်းဝင်ထွက်သွားလာနေကြပါတယ်။ ဒီနေ့လည်း ရေနံတင် င်္ဘောတစီးထွက်သွားပါတယ်။” လို့ ကို ယ်တိုင်မြင်တွေ့ခဲ့ရသူကျောက်ဖြူဒေသခံတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ရဲ့အမှတ် ၃၂ ရဲတပ်ရင်းမှစစ်ကြောင်းတခုကို ဖေဖော်ဝါရီလ၂ဝ ရက်နေ့က အာရက္ခတပ်တော်ကြားဖြတ်တိုက်ခိုက်ခဲ့တာမို့ နှစ်ဘက်ပစ်ခတ်မှုတွေဖြစ်နေတာလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီပစ်ခတ်မှုတွေမှာစစ်ကောင်စီရေတပ်စစ်သင်္ဘောကြီးတွေက လက်နက်ကြီးပစ်ကူအများဆုံးပေးနေသလို လေကြောင်းပစ်ကူတွေလည်း ပေးနေတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုလုပ်သေးသလို လက်နက်ကြီးပစ်ခတ်တာတွေလည်းမပြုလုပ်သေးတာမို့ ကျောက်ဖြူမြို့ပေါ်မှာအရပ်သားပြည်သူတွေပုံမှန် အတိုင်းသွားလာနေကြတုန်းပဲလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

“မြို့ပေါ်မှာတော့ အေးဆေးရှိတုန်းပါ။ ပုံမှန်သွားလာနေကြပါတယ်။ စျေးမှာလ ည်းလူတွေရှိနေကြတုန်းပါပဲ။” လို့ ကျောက်ဖြူမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်၊ ဦးကင်း၊ စည်မော်ကျေးရွာတွေမှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လို့အရပ်သားတွေထိခိုက်သေဆုံးတာတွေရှိပေမယ့်အရေအတွက်အတိအကျမသိရသေးဘူးလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာ MPTဖုန်းလိုင်းရပေမယ့် နေရာတိုင်းမှာမရဘူးလို့လည်း ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာနှစ်ဘက်ပစ်ခတ်မှုတွေရှိနေသလို စစ်ကောင်စီရေ တပ်စစ်သင်္ဘောတွေအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေရှိရှိနေပေမယ့်တရုတ်ရေနံတင်သင်္ဘောကြီးတွေပုံမှန်အတိုင်းဝင်ထွက်နေကြချိန်မှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲမီးလောင်သွားနိုင်တယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။

ဒါပေမယ့် တရုတ်ရေနံတင်သင်္ဘောကြီးတွေ ပုံမှန်အတိုင်းဝင်ထွက်နေကြတာဟာ နှစ်ဘက်အဖွဲ့အစည်းတွေနဲ့သ ဘောတူထားတာတွေ၊ လုံခြုံရေးတာဝန်ယူထားတာတွေရှိနိုင်တယ်လို့ ကျောက် ဖြူဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

“တရုတ်ရေနံတင်သင်္ဘောကြီးတွေက တော့တအားသွားလာနေကြတုန်းပါ။ ဘယ်လိုညှိထားကြလဲတော့မသိပါဘူး။ ရဲရဲဝံ့ဝံ့သွားလာနေကြတုန်းပါပဲ။ ရေနံတွေအပြည့်နဲ့ဆိုတော့ တချက်ထိသွားရင်မလွယ်ပါဘူး။” လို့ ကျောက်ဖြူဒေသခံတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်၊မဒေးကျွန်းမှာတရုတ်နိုင်ငံရဲ့ရေနက်ဆိပ်ကမ်းအပါအဝင် ဓာတ်ငွေ့ပိုက်လိုင်းလည်းတည်ရှိတာမို့ တရုတ်အကျိုးစီးပွားတွေကို နှစ်ဘက်အဖွဲ့အစည်းက သတိထားကာကွယ်ပေးနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခဒေသရှိ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံလု ပ်ကိုင်နေကြသူတွေရဲ့အသက်အန္တရာယ်တွေကို ဘေးကင်းလုံခြုံအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အထူးဂရုစိုက်ကာကွယ်စောင့်ရှောက်သွားမယ်လို့ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ မြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေကို ပြည်သူ့ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်သာကျန်နေပြီး စစ်တွေနဲ့ကျောက်ဖြူမှာ နှစ်ဘက်စစ်ရေးတင်း မာနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousနတ်ရေကန်လေကြောင်းရန်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ့်သုံးဦးကို ချင်းကာကွယ်ရေးတပ်ဖမ်းမိ
Nextအိမ်ပြန်မယ့်လမ်း ဝေဝါးစမ်းကွယ်Next
Previous Post

နတ်ရေကန်လေကြောင်းရန်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ့်သုံးဦးကို ချင်းကာကွယ်ရေးတပ်ဖမ်းမိ

Next Post

အိမ်ပြန်မယ့်လမ်း ဝေဝါးစမ်းကွယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo-KNU

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

March 17, 2026
ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

March 17, 2026

ဂန့်ဂေါကျောက်ဂူဒေသ လေကြောင်းတိုက်ခိုက်ခံရလို့ စစ်ရှောင်သားအမိနှစ်ဦးသေဆုံး

March 17, 2026

​အီရန်ဒုံးကျည်အစအနတွေဂျေရုဆလင်နဲ့ အစ္စရေးဒေသအချို့မှာ ပြန့်ကျဲကျရောက်

March 17, 2026

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

ဂန့်ဂေါကျောက်ဂူဒေသ လေကြောင်းတိုက်ခိုက်ခံရလို့ စစ်ရှောင်သားအမိနှစ်ဦးသေဆုံး

​အီရန်ဒုံးကျည်အစအနတွေဂျေရုဆလင်နဲ့ အစ္စရေးဒေသအချို့မှာ ပြန့်ကျဲကျရောက်

​ဟော်မုဇ်ရေလက်ကြားအရေး မဟာမိတ်တွေငြင်းဆန်မှုအပေါ် ထရန့်ပြင်းပြင်းထန်ထန်သတိပေး

အမေရိကန် ​USS Gerald R. Ford သင်္ဘောပေါ်က မီးလောင်မှုပိုပြင်းထန်နေ

Releated Post

Photo-KNU

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

March 17, 2026
ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

March 17, 2026

ဂန့်ဂေါကျောက်ဂူဒေသ လေကြောင်းတိုက်ခိုက်ခံရလို့ စစ်ရှောင်သားအမိနှစ်ဦးသေဆုံး

March 17, 2026

​အီရန်ဒုံးကျည်အစအနတွေဂျေရုဆလင်နဲ့ အစ္စရေးဒေသအချို့မှာ ပြန့်ကျဲကျရောက်

March 17, 2026

​ဟော်မုဇ်ရေလက်ကြားအရေး မဟာမိတ်တွေငြင်းဆန်မှုအပေါ် ထရန့်ပြင်းပြင်းထန်ထန်သတိပေး

March 17, 2026

အမေရိကန် ​USS Gerald R. Ford သင်္ဘောပေါ်က မီးလောင်မှုပိုပြင်းထန်နေ

March 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page