Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
Analysis စစ်ဘေးရှောင် ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

အာရက္ခပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လိုအခြေအနေတွေရှိနေလဲ

Author picture

By

BNA Author
Reading Time: 6 mins read
35
A A
0
SHARES
155
VIEWS
Share on FacebookShare on Twitter

ခိုင်ဇော် ရေးပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေကို ပြည်သူ့ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလို ပြည်သူ့ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနလည်းပါဝင်ပြီး အာရက္ခပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပေမယ့် ဆေးဝါးမလုံးလောက်တာတွေ၊ကျန်းမာရေးဝန်ထမ်း မလုံလောက်တာတွေ စတဲ့စိန်ခေါ်မှုတွေကို ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခဒေသမှာ မြန်မာစစ်တပ် အာဏာမသိမ်းခင်ကတည်းက ပျမ်းမျှလူဦးရေနှစ်သောင်းကျော်ကို ဆရာ၀န်တဦးနှုန်းနဲ့သာ ကျန်းမာရေး၀န်ဆောင်မှုတွေပေးနေခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ပိုင်း ဆရာ၀န်အင်အားထက်၀က်၀န်းကျင်ထိ လျော့နည်းသွားခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အာရက္ခဒေသမှာ လူဦးရေ သုံးသန်းကျော်နေထိုင်ပြီး ကိုယ်၀န်ဆောင်နဲ့ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းမြင့်မားပေမယ့် ပြင်ပဆေးခန်းဖွင့်နေတဲ့ အငြိမ်းစားဆရာ၀န်တွေပါ၀င်မှ ဆရာ၀န်ပေါင်းတရာ့ခြောက်ဆယ်ဝန်းကျင်သာရှိခဲ့တယ်လို့လည်း ကျန်းမာရေးအသိုင်းအဝိုင်းက ဆိုကြပါတယ်။

နဂိုကတည်းက ကျန်မာရေး၀န်ထမ်း နည်းပါးပြီး ပြည်သူတိုင်းဆေးကုသဖို့ လက်လှမ်းမမီနိုင်တဲ့အထဲ ကျန်းမာရေးဝန်ထမ်းဦးရေ လျော့နည်းသွားတာက အာရက္ခပြည်သူတွေအဖို့ ကျန်းမာရေးလက်လှမ်းမီဖို့ ပိုမိုအလှမ်းဝေးသွားစေခဲ့ကာ မသေသင့်ဘဲသေဆုံးရတဲ့ လူနာတွေလည်း များသထက်များလာခဲ့ရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ လျော့နည်းသွားရတဲ့အပြင် စစ်ကောင်စီက ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်၊ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် ဆေးဝါးရရှိဖို့ များစွာခက်ခဲသွားကာ ဈေးနှုန်းတွေကလည်း သုံးဆကနေဆယ်ဆခန့်ထိ တက်သွားတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒေသတွင်း ဆရာ၀န်မရှိလို့ အချိန်မီဆေးကုသခွင့်မရတာ၊ငွေကြေးမတတ်နိုင်လို့ ဝေးကွာလွန်းတဲ့ ဆေးခန်းတွေဆီ သွားမကုနိုင်တာမို့ သေဆုံးခဲ့ရသူတွေကလည်း ရာဂဏန်းထိရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။


ကျန်းမာရေး၀န်ထမ်းတွေ ဘာကြောင့် လျော့နည်းသွားတာလဲ

အာရက္ခဒေသမှာ ခရိုင်ဆေးရုံအပါအဝင် ဆေးရုံပေါင်း တဆယ့်ကိုးရုံ၊တိုက်နယ်ဆေးရုံပေါင်း ငါးဆယ့်လေးရုံ၊ကျေးလက်ကျန်းမာရေးဌာန(RHC)ပေါင်း တရာ့သုံးဆယ့်တခုနဲ့ကျန်းမာရေးဌာနခွဲ(SC)ပေါင်း ငါးရာ့ငါးဆယ်ကိုးခုရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ ဆရာဝန်၊သူနာပြုမရှိတဲ့ ဆေးရုံ၊ဆေးခန်းတွေများပြားသလို တချို့ဆေးရုံတွေမှာ အထွေထွေရောဂါကုဆရာ၀န်သာရှိပြီး ခွဲစိတ်ဆရာဝန်၊မေ့ဆေး ဆရာဝန်မရှိတာမို့ ခွဲစိတ်ရမယ့် လူနာတွေကို ကုမပေးနိုင်တာတွေလည်း အများအပြားရှိခဲ့တယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ဆိုကြပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဆရာ၀န်လောင်း ဆေးကျောင်းသားတွေ၊သူနာပြုသင်တန်းသားတွေ ကျောင်းထွက်ကြတာ၊ပြည်ပထွက်သွားကြတာမို့ ကျန်းမာရေး၀န်ထမ်းတွေ တိုးမချနိုင်ခဲ့ဘဲ ၀န်ထမ်းလိုအပ်ချက် ပိုများခဲ့ရတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီလို ၀န်ထမ်းလိုအပ်ချက်များနေတဲ့ ကာလမှာပဲ အာဏာသိမ်းစစ်ကောင်စီလက်အောက်အ လုပ်ဆက်မလုပ်ချင်တာကြောင့် နုတ်ထွက်ခဲ့ကြတဲ့ ကျန်းမာရေး၀န်ထမ်းတွေလည်း ရှိခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲ စတင်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီဟာ လက်အောက်ခံကျန်းမာရေး၀န်ထမ်းတွေကို သူတို့ထိန်းချုပ်နယ်မြေတွေဆီ အတင်းအကြပ်၊ခြိမ်းခြောက်ရွေ့ပြောင်းစေခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

အဲဒီအပြင် တချို့ကျန်းမာရေး၀န်ထမ်းတွေဟာ စစ်ဘေးရှောင်ရင်း အာရက္ခပြည်ပြင်ပရောက်သွားခဲ့ကြရပြီး ပြန်လာဖို့ခက်ခဲသွားခဲ့ကြတာမို့ ပြန်မလာကြတော့ဘူးလို့လည်း ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအချက်တွေကြောင့် အာရက္ခဒေသမှာ ဆရာ၀န်၊သူနာပြု၊သားဖွားစတဲ့ ကျန်းမာရေး၀န်ထမ်းဦးရေ ပိုမိုနည်းသွားခဲ့ကြရတယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – စစ်ကောင်စီတပ်ဖမ်းဆီးသတ်ဖြတ်အလောင်းဖျောက်လိုက်တဲ့မောင်တောခရိုင်ပြည်သူဆေးရုံမှဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းရဲမင်းဦး / ရဲမင်းဦးလူမှုကွန်ရက်)

အာရက္ခပြည်သူ့ကျန်းမာရေး၀န်ဆောင်မှု

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို ဖွဲ့စည်းထားပြီး အာရက္ခပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဆရာ၀န်တွေအပါအ၀င် ကျန်းမာရေး၀န်ထမ်းတွေဟာ အရင်ပမာဏအတိုင်း အပြည့်အ၀မရှိကြတော့ဘူးလို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ အာရက္ခပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပုံ / AA)

စစ်ကောင်စီထိန်းချုပ်နယ်မြေတွေရှိ ဆေးရုံ၊ဆေးခန်းတွေဆီ ပြောင်းသွားသူတွေ၊နိုင်ငံခြားထွက်သွားသူတွေရှိသလို အာရက္ခဒေသမှာ ကျန်နေခဲ့တဲ့ကျန်းမာရေး၀န်ထမ်းတွေလည်း ရှိတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ကျန်နေခဲ့တဲ့ ကျန်းမာရေး၀န်ထမ်းတွေဟာလည်း ၀န်ထမ်းတွေကို လစာခံစားခွင့်အပြည့်အ၀မပေးနိုင်သေးတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်မှာ အပြည့်အ၀၀င်မလုပ်ကြသေးဘူးလို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် ၀န်ထမ်းအင်အားအနည်းငယ်နဲ့ပဲ ၀န်ဆောင်မှုပေးရတဲ့ အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရအနေနဲ့သူတို့ရဲ့ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းတွေမှာ စစ်ဖက်က ဆရာ၀န်တွေ၊ဆေး၀န်ထမ်းတွေ၊ ဆေးမှူးတွေကိုပါ ထည့်သွင်းကာ အစားထိုးဖြည့်တင်းတာတွေ လုပ်နေရတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအရာရှိတချို့က ဆိုကြပါတယ်။

ဒါပေမယ့်လည်း ဆရာ၀န်နဲ့ပြည်သူ အချိုးဟာ များစွာကွာဟနေဆဲဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ကျနော်တို့ဖက်မှာဆို တနယ်လုံးမှာ ဆရာ၀န်တယောက်မှမရှိဘူး။ဆေးမှူးတွေ၊ဆေးဝါးကျွမ်းကျင်သင်တန်းတက်ထားသူတွေနဲ့ပဲ လည်ပတ်နေရတယ်။” လို့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။


အာရက္ခပြည်သူတွေရဲ့အခက်အခဲ

အဲဒီဒေသတွေမှာ ဆရာ၀န်မရှိတဲ့အပြင် ဆေးပေးခန်းတွေလည်း အနည်းငယ်သာ ရှိတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒါကြောင့် ဖျားနာတာတွေ၊အထွေထွေရောဂါတွေဆိုရင် ရပ်ရွာနီးစပ်မှာရှိတဲ့ ဆေးဆရာ(ရမ်းကု)တွေကိုပဲ အားကိုးနေကြရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“ဆရာ၀န်နဲ့ပြမှရမယ့်ရောဂါတွေဆိုရင် အဝေးကြီးသွားပြရတယ်။ စာရိတ်က သိန်းချီကုန်တယ်။” လို့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလို ရေလမ်းတတန်၊ ကုန်းလမ်းတတန် မိုင်ပေါင်းဆယ်ချီခရီးနှင်ပြီး သွားပြရတဲ့(ပြင်ပ) ဆေးခန်းတွေမှာလည်း တခါပြရင် ကျပ်ငါးသောင်း၀န်းကျင်ကနေ တသိန်း၀န်းကျင်ထိ ပေးကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုပါတယ်။

“ဆေးခန်းတခါပြရင် ငါးသောင်းလောက်က အနည်းဆုံးကုန်တယ်။ဆေးအနည်းအများပေါ်မူတည်ပြီးထပ်ကုန်သေးတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

(ဓာတ်ပုံ – အရေးပြာရေဂါဖြစ်ပွားနေတဲ့အာရက္ခဒေသမှကလေးတဦး / BNA)

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်ခံ ဆေးပေးခန်းတွေမှာတော့ စမ်းသပ်၊ကုသစာရိတ်မပေးရဘဲ ဆေးဖိုးသာပေးကြရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့က စေတနာဆေးပေးခန်းတွေ၊ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီစောင့်ရှောက်ရေးပေးနေကြပေမယ့်လည်း ဆေးဝါးတွေအပါအဝင် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းတွေ မရှိကြဘူးလို့ အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

အဲဒီအပြင် စစ်ရေးနဲ့မဆိုင်တဲ့ အရပ်သားနေရာတွေ၊ဆေးရုံဆေးခန်းတွေကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဆေးခန်းတွေဟာ မကြာခဏရွေ့ပြောင်းကြရတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့်လည်း အာရက္ခပြည်သူတွေအဖို့ ဆေးကုသခွင့် အလှမ်းပိုဝေးသွားရတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတာဝန်ရှိသူတချို့က ဆိုကြပါတယ်။

အာရက္ခဒေသမှာ အထွေထွေရောဂါအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားမီးယပ်၊သွားဆရာဝန်ရှိပေမယ့် ဆေးဝါးနဲ့ပစ္စည်းကိရိယာမစုံလင်တာကြောင့် အကြီးစားခွဲစိတ်မှုနဲ့ကုသမှုတွေကို မလုပ်နိုင်သေးဘူးလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်စတဲ့ နီးစပ်ရာနိုင်ငံတွေကို နယ်စပ်တွေကတဆင့် သွားရောက်ကုသနေကြရပေမယ့် အခက်အခဲတွေ၊စိန်ခေါ်မှုတွေ အများကြီးကြုံတွေ့နေကြရဆဲဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုအ​ခြေအနေကတော့ တော်တော်လေးကို အခက်အခဲရှိပါတယ်။ဆေးရုံတွေကလည်း ဖွင့်လိုအဆင်မပြေသေးဘူးဆိုတော့ နီးစပ်ရာကျန်းမာရေးဝန်ထမ်းတွေရဲ့ ပံ့ပို့ကူ ညီမှုတွေနဲ့အဆင်ပြေသလိုနေရပါတယ်။ကြီးကြီးမားမားရောဂါတွေဆိုရင် ဘင်္ဂလားဒေ့ရှ်ကိုပဲသွားနေတာမြင်ရပါတယ်။” လို့ မောင်တောမြို့နယ်မှပြည်သူ့လွတ်တော်အမတ်ဟောင်းတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသက လူနည်းစုကျေးရွာတွေဟာ ဝေးလံခေါင်းပါးကြသလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲကြတာမို့ ဆေးကုသမှုခံယူဖို့ စိန်ခေါ်မှုတွေကို ကြုံတွေ့နေကြရတယ်လို့ လူနည်းစုတွေက ဆိုကြပါတယ်။

အဲဒါကြောင့် နာတာရှည်ရောဂါရှိသူတွေ၊ပြင်းထန်ရောဂါလူနာတွေ၊အကြီးစားခွဲစိတ်ရမယ့်သူတွေဟာ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိနေသေးတဲ့ ကျောက်ဖြူမြို့မှတဆင့် လေယာဉ်စီးကာ ရန်ကုန်သို့ သွား‌ရောက်ကုသနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလို ရန်ကုန်သို့ ဆေးသွားကုဖို့ကလည်း လမ်းစရိတ်တခုတည်းနဲ့တင် သိန်းဆယ်ချီပေါက်တဲ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရမှာလည်း စိုးရိမ်ရသေးတာမို့ လူတိုင်းမသွားနိုင်ကြဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ကြီးကြီးမားမားရောဂါတခုခုဖြစ်ရင်တော့ မလွယ်ဘူး။ရန်ကုန်သွားဖို့ စာရိ တ်တခုတည်း သိန်းနှစ်ဆယ်၊သုံးဆယ်ပေါက်တယ်။ပြန်လာရင် ဆရာ၀န်ပေးလိုက်တဲ့ဆေးတောင် အပြည့်မသယ်ရဘူး။စစ်ကောင်စီဂိတ်က သိမ်းထားလိုက်တယ်။” လို့ ရန်ကုန်သို့ ဆေးသွားကုခဲ့တဲ့ ပေါက်တောမြို့နယ်မှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသမှ ရန်ကုန်မြို့သို့ ဆေးသွားကုတဲ့အခါလမ်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရသူတွေလည်း ရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။


ဆေးဝါးအခက်အခဲ

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်က အာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို ပိတ်ဆို့ကန့်သတ်ထားသလို နိုင်ငံတကာလူသာချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကိုလည်း တားဆီးကန့်သတ်ထားပါတယ်။

(ဓာတ်ပုံ – နိုင်ငံတကာမှဆေးဝါးအကူအညီတောင်းခံနေတဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာန / HDCO)

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အာရက္ခပြည်သူတွေဟာ ဆေးဝါးအပါအဝင် ကျန်း မာရေးစောင့်ရှောက်မှုဆိုင်ရာ အခက်အခဲစိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် စစ်ကောင်စီတပ်ရဲ့ လေ‌ကြောင်းအန္တရာယ်ကြား နည်းပါးတဲ့၀န်ထမ်းအင်အားနဲ့ ဖွင့်လှစ်နေရတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးဝါးလိုအပ် ချက်ကလည်း ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

ဆေးဝါးတွေဈေးကြီးတာ၊တင်သွင်းရခက်ခဲတာမို့ လိုအပ်တဲ့ဆေးဝါးတွေ အလုံအလောက်မရကြဘူးလို့ ကျန်းမာရေး၀န်ထမ်းတွေက ဆိုကြပါတယ်။

အာရက္ခဒေသနဲ့ ပြည်မဆက်သွယ်ထားတဲ့ လမ်းကြောင်းအားလုံး စစ်ကောင်စီက ပိတ်ဆို့ထားတာမို့ လိုအပ်တဲ့ဆေးဝါးတွေကို ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယနဲ့မှောင်ခိုလမ်းကြောင်းတွေကနေ တင်သွင်းနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် ဆေးဝါးတွေဝယ်ယူတင်သွင်းလာရာလမ်းမှာ အဖမ်းအဆီးရှိခဲ့ရင်လည်း တင်သွင်းတဲ့ဆေးဝါးတွေ ဆုံး ရှုံးကြရသေးတယ်လို့ ဆေးဝါးတင်သွင်းနေကြသူတွေက ဆိုကြပါတယ်။

“လမ်းကြောင်းတွေရှိပေမယ့် ဖမ်းမိရင် အကုန်ဆုံးတယ်။”လို့ အာရက္ခဒေသသို့ ဆေးဝါးတင်သွင်းနေသူတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသသို့ ရောက်လာတဲ့အခါမှာလည်း လမ်းခရီးခက်ခဲတာ၊စီးပွားရေးလုပ်ငန်းရှင်တွေ အမြတ်ကြီးစားကြတာမို့ ဈေးအဆမတန်တက်သွားတယ်လို့အာရက္ခပြည်သူတွေက ဆိုကြပါတယ် ။

“ပြည်မဖက်က ဈေးနဲ့စာရင် အနည်းဆုံး သုံးဆလောက် တက်သွားတယ်။တောင်ပိုင်းဖက်မှာဆိုခြောက်ဆ၊ဆယ်ဆလောက်တောင်တက်တယ်။” လို့ စစ်ရှောင်တွေကို ဆေးဝါးကူညီပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလိုဆေးဝါးတွေ ဈေးအဆမတန်ပေးကာ ၀ယ်ယူသုံးစွဲနေကြရပေမယ့် လိုချင်တဲ့ဆေးဝါးတွေ အကုန်လုံးကိုတော့ ၀ယ်လို့မရကြဘူးလို့ ဆေးဝါးတင်သွင်းနေသူတွေက ဆိုကြပါတယ်။

ကိုယ်၀န်‌ဆောင်တွေ၊ အသက်နှစ်နှစ်အောက်ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးဖို့ မဖြစ်မနေလိုအပ်နေကြပြီး ရေခဲနဲ့ထုတ်ပိုးထားရတဲ့ ကာကွယ်ဆေးတွေကို ၀ယ်ယူဖို့အဆင်‌မပြေနိုင်သေးဘူးလို့ အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခဒေသက ကလေးငယ်တွေ၊ကိုယ်၀န်ဆောင်တွေဟာ တိုက်ပွဲတွေစကတည်းက ကာကွယ်ဆေးမထိုးကြရတာ နှစ်နှစ်၀န်းကျင်ရှိသွားပြီဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

စစ်တပ်အာဏာသိမ်းခါစနဲ့ ကိုဗစ်ကာလတွေတုန်းကလည်း အာရက္ခဒေသမှ ကိုယ်၀န်‌ဆောင်တွေ၊ကလေးငယ်တွေဟာ ကာကွယ်ဆေးအပြည့်အ၀ မထိုးခဲ့ကြရဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ကိုယ်၀န်ဆောင်တွေဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ မဲခိုင်ကာကွယ်ဆေး အဓိကထိုးကြရပြီး ကလေးငယ်တွေကတော့ ၀က်သက်၊မေးခိုင်၊ဆုံဆို့နာ၊ကြက်ညှာ၊သားအိမ်ခေါင်းကင်ဆာစတဲ့ ရောဂါကာကွယ်ဆေးတွေ အဓိကထိုးကြရပါတယ်။

အဲဒီဆေးတွေ မထိုးဖြစ်ခဲ့ရင် ကိုယ်၀န်ဆောင်တွေမှာ မဲခိုင်ပိုး၀င်ပြီး သေဆုံးတဲ့ထိဖြစ်ကာ ကလေးတွေမှာလည်း ကုသလို့မရနိုင်တဲ့ ရောဂါတွေဖြစ်လာနိုင်တာမို့ စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ အထွေထွေရောဂါအထူးကုဆရာ၀န်ကြီးတွေက ဆိုကြပါတယ်။

“ရောဂါတွေ ကူးစက်ပြန့်ပွါးနိုင်ပါတယ်။ကလေးကိုအအေးမမိပါစေနဲ့။နှာစေးချောင်းဆိုးနေသူများနဲ့ ဝေးဝေးနေပါ။သံစူးသံပြားရှမဖြစ်အောင်ဂရုစိုက်ပါ။ကလေးတွေ နေမကောင်းရင် စနစ်တ ကျဆေးဝါးကုသမှုခံယူပါ။” လို့ အထွေထွေရောဂါကုဆရာဝန်ကြီးတဦးက Border News Agency ကို ပြောပါတယ်။

နောက်ပြီး ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့လည်း ကာကွယ်ဆေးမထိုးရတဲ့အတွက် အထူးသတိထားကြဖို့ လိုအပ်တယ်လို့လည်း အထွေထွေရောဂါအထူးကုဆရာ၀န်ကြီးတွေက သတိပေးကြပါတယ်။

“ကာကွယ်ဆေးမထိုးထားရင်ကလေးမွေးစဉ်နဲဲ့မွေးအပြီးမှာ မေးခိုင်ပိုးဝင်နိုင်ချေများသွားမှာပါ။ကလေးမွေးစဉ်နဲ့ မွေးပြီး ပိုးမဝင်အောင် သန့်သန့်ရှင်းရှ င်းမွေးပေးရပါမယ်။မွေးပြီးနောင်ပိုင်းလည်း အနာကိုပိုးမဝင်အောင်ဂရုစိုက်ပေးရပါမယ်။” လို့ အထွေထွေရောဂါအထူးကုဆရာ၀န်ကြီးတဦးက Border News Agency ကို ပြောပါတယ်။

ကိုယ်၀န်ဆောင်နဲ့ကလေးငယ်‌တွေ ကာကွယ်ဆေးတွေ မထိုးကြရတဲ့အပြင် မြွေဆိပ်ဖြေဆေး၊ခွေးရူးပြန်ရောဂါကာကွယ်ဆေးစတဲ့အရေးပေါ်လိုအပ်တဲ့ ဆေးဝါးတွေလည်း အာရက္ခဒေသမှာမရနိုင်ဘူးလို့ ကျန်းမာရေး၀န်ထမ်းတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ် ။

“မြွေကိုက်ရင်ကာကွယ်ဆေးမရှိဘူး။ရှိရင်လည်း အလှမ်းဝေးတော့ အချိန်မီထိုးရဖို့ မလွယ်ဘူး။အရင်ခေတ်တုန်းကလို ရမ်းကုတွေနဲ့ပဲကုရတယ်။” လို့ ပေါက်တောမြို့နယ်မှမြွေကိုက်ခံခဲ့ရသူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအပြင် အာရက္ခဒေသရှိ စစ်ဘေးရှောင်စခန်းအများစုနဲ့ ကျေးရွာတချို့မှာဖြစ်နေတဲ့ အရေပြားရောဂါအတွက် ဆေးဝါးတွေကိုလည်း ခက်ခက်ခဲခဲ၀ယ်ယူနေကြရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက ဆိုကြပါတယ်။

အာရက္ခဒေသက စစ်ဘေးရှောင်သောင်းချီမှာ အရေပြားရောဂါ(ယားနာ)တွေ ဖြစ်နေကြပေမယ့် အာရက္ခဒေသမှာ အရေပြားအထူးကုဆရာ၀န်တွေ မရှိသေးတာမို့ ယားနာပေါက်နေသူတွေမှာ အချိန်တိုအတွင်း ပျောက်ကင်းမှုမရှိဖြစ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။

“ပြင်ပကအရေပြားအထူးကုတွေရဲ့လမ်းညွှန်မှုနဲ့ပဲ ဆေးတွေ၀ယ်တိုက်နေရတယ်။ပြည်တွင်းမှာက မရှိဘူး။”လို့ သံတွဲမြို့နယ်မှ စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။


နိုင်ငံတကာအကူအညီလိုအပ်နေ

အာရက္ခဒေသမှာ ဆေးဝါးအခက်အခဲ၊ဆရာဝန်အပါအ၀င် ကျန်းမာရေး၀န်ထမ်းရှားပါးမလောက်ငှမှုနဲ့ကြုံနေရတဲ့ စစ်ဘေးရှောင်တွေအပါအဝင် အာရက္ခပြည်သူတွေကို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေက အကူအညီပေးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့တွေက ထောက်ပြတောင်းဆိုကြပါတယ်။

လူဦးရေ သုံးသန်းကျော်နေထိုင်တဲ့ အာရက္ခဒေသမှာ ရိုဟင်ဂျာ‌တွေအပါအ၀င်လူဦးရေခြောက်သိန်းကျော်ဟာ နေရပ်စွန်ခွာစစ်ဘေးရှောင်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“နိုင်ငံတကာက ထိထိရောက်ရောက်ကူညီစေချင်တယ်။ကျွန်မတို့ငတ်နေပြီ။ရောဂါပြင်းပြင်းထန်ထန်ဖြစ်ရင် သေဖို့ပဲရှိတယ်။ကုစရာ ပိုက်ဆံလည်း မတတ်နိုင်ဘူး။”လို့ ပေါက်တောမြို့နယ်မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလို ကျန်းမာရေးစောင့်မှုတွေအတွက် နိုင်ငံတကာအကူအညီတွေလိုအပ်နေပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရက ဖိတ်ခေါ်သင့်တယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – မိုခါအလွန်တွေ့ရတဲ့အာရက္ခဒေသမှကျေးလက်ကျန်းမာရေးဌာနတခု / BNA)

အဲဒီ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဘေးကင်းလုံခြုံရေးဆိုင်ရာအာမခံချက်တွေ ပေးသင့်တယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုပူးပေါင်းဆောင်ရွက်မှ အာရက္ခပြည်သူတွေရဲ့ကျန်းမားရေးစောက်ရှောက်မှုတွေ အထောက်အကူပြုမှာဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုတွေကမျိုးနွယ်စုတွေလို့မဟုတ်ဘူးရှိသမျှလူတွေအတွက်အခက်အခဲပါ။ဘာလို့လဲဆိုတော့ ဆေးတွေက ဝယ်လို့လည်းမရပါဘူး။စျေးဆိုင်လည်းမရှိဘူးဆိုတော့ ရတဲ့သဘာဝတိုင်းရင်းဆေးတွေနဲ့ ဖြေရှင်းနေရပါတယ်။” လို့ မောင်တောမြို့နယ်မှသက်လူမျိုးခေါင်းဆောင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလို အခက်အခဲစိန်ခေါ်မှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကူညီဆောင်ရွက်ပေးနေကြပေမယ့် တကယ့်မြေပြင်မှာလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အာရက္ခပြည်သူတွေအတွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို မဖြစ်မနေလိုအပ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

“အဲဒါကအခက်အခဲပါ။ကလေးမွေးမယ်ဆိုတော့ ဆေးရုံဆေးခန်းသွားရမှာပေါ့။မသွားလို့လဲမရပါဘူး။ကလေးမွေးတော့မှာမို့နိုင်ငံတကာကအကူအညီတွေရချင်ပါတယ်။” လို့ မောင်တောမြို့န ယ်မှစစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ပြည်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်နေသလို လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)တွေ ဖွင့်လှစ်ဆောင်ရွက်နေပေမယ့် အာရက္ခပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အများကြီးလိုအပ်နေသေးတယ် လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)အကြီးအကဲအဖြစ် အာရက္ခတပ်တော်(AA)တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အကိုဖြစ်သူ ထွန်းမင်းနိုင်က ဦးဆောင်တာဝန်ယူပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူအညီပေးရေးအဖွဲ့တွေ၊နိုင်ငံတကာသံရုံးတွေအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကလည်း ဆေးဝါးတွေအပြင် အထွေထွေရောဂါတွေမှာ မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးတွေ အရေးကြီးလိုအပ်နေတယ်လို့ ပြီးခဲ့တဲ့နှစ်သြဂုတ်လ ၁၆ရက်က ထုတ်ပြန်ပါတယ်။

အဲဒါကြောင့် အိမ်နီးနားချင်းနိုင်ငံတွေ၊နိုင်ငံတကာအဖွဲ့အစည်းတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေဟာ အရေးတကြီးလိုအပ်နေတဲ့ဆေးဝါးတွေ အရေးပေါ် အကူအညီတောင်းခံထားပါတယ်။


ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်

အာရက္ခအဆုံးအဖြတ်စစ်ပွဲ တနှစ်အတွင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖျက်ဆီးလို့ ဆေးရုံဆယ့်နှစ်ကျောင်းထိ ပျက်စီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)မှ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

(ဓာတ်ပုံ – စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ဖျက်ဆီးလိုက်တဲ့အာရက္ခဒေသမှဆေးရုံတရုံ / AA)

စစ်ကောင်စီတပ်က ဆေးရုံတွေကို ပစ်မှတ်ထားဖျက်စီးခဲ့သလို ကျန်းမာရေးဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးအရေးယူတာတွေ၊အမှုဖွင့်ဖမ်းဝရမ်းထုတ်တာတွေ၊ ဖမ်းဆီးသတ်ဖြတ်အလောင်းဖျောက်တာတွေလည်း ရှိခဲ့တယ်လို့ ကျန်းမာ ရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ ဆရာဝန်တွေအပါ အဝင် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရတာဝန်ရှိသူတချို့က ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခပြည်သူတွေအတွက်အရေး ကြီးတဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို အကာအကွယ်ပေးပူးပေါင်းဆောင်ရွက်လာကြအောင်လမ်းဖွင့်ပေးထားသင့်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေ အများကြီးလာရောက်ရုံးဖွင့်ပြီး အာရက္ခပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးရင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအတွက် အထောက်အကူဖြစ်မယ်လို့လည်းအာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ခုက တော်လှန်ရေးကာလမို့လို့ မပြည့်စုံသေးတာပါ။အကုန်လုံးကတော့ နားလ ည်ပါတယ်။အဲဒါကို၊ဒါပေမယ့် ဒီထက်ပိုအဆင်ပြေအောင် လုပ်ပေးစေချင်တယ်။တောင်းလည်း တောင်းဆိုပါတယ်။” လို့ ရသေ့တောင်မြို့နယ်မှ ‌စစ်ဘေးရှောင်အမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသရှိ ကျန်းမာရေး၀န်ထမ်းဟောင်းတွေ၊ဆေးပညာရှင်တွေအနေနဲ့လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ပူးပေါင်းကာ ပြည်သူတွေကို ကျန်းမာရေး၀န်ဆောင်မှုပေးကြဖို့လိုတယ်လို့ ထောက်ပြကြပါတယ်။

“နောက်ဆုံး ပြည်သိမ်းတိုက်ပွဲ၊တည် ဆောက်ရေးကာလမှာ ကိုယ်ကျိုးတခုတည်း မကြည့်ဘဲအားလုံးပါဖို့လိုတယ်။”လို့ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေရဲ့ အကူအညီတွေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုသင်တန်းတွေဖွင့်ပေး သင်ကြားပေးတာတွေအပါအဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာသူနာပြုတက္ကသိုလ်တွေ၊ဆေးတက္ကသိုလ်တွေ တည်ထောင်ဖွင့်လှစ်သင်ကြားပေးရမယ်လို့ အထူးကုဆရာဝန်ကြီးတွေက အကြံပြုကြပါတယ်။

အဲဒီနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေဟာ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအဖွဲနဲ့ ပူးပေါင်းဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော်ကူညီထောက်ပံ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အာရက္ခပြည်သူတွေတောင်းဆိုနေကြပါတယ်။

ဒါပေမယ့် အာရက္ခဒေသမှာ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ဆေးဝါးတွေ၊ဆေးပေးခန်းတွေ၊ဆေးရုံတွေအပါအဝင် အာရက္ခပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် လိုအပ် ချက်တွေများစွာရှိနေဦးမှာမို့ အာရက္ခပြည်သူတွေလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်ကြရဦးမယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

PrevPreviousအာရက္ခတိုင်းပြည်ကို အတူတူတည် ဆောက်ကာကွယ်မယ်လို့ မြိုလူမျိုးတွေဆန္ဒဖော်ထုတ်
Nextနတ်ရေကန်လေကြောင်းရန်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ့်သုံးဦးကို ချင်းကာကွယ်ရေးတပ်ဖမ်းမိNext
Previous Post

အာရက္ခတိုင်းပြည်ကို အတူတူတည် ဆောက်ကာကွယ်မယ်လို့ မြိုလူမျိုးတွေဆန္ဒဖော်ထုတ်

Next Post

နတ်ရေကန်လေကြောင်းရန်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ့်သုံးဦးကို ချင်းကာကွယ်ရေးတပ်ဖမ်းမိ

Comments 35

  1. knm4w says:
    3 months ago

    order amoxil online cheap – comba moxi buy amoxil pills

    Reply
  2. zv5gu says:
    3 months ago

    oral amoxicillin – combamoxi.com buy amoxicillin online cheap

    Reply
  3. dy9hn says:
    3 months ago

    order diflucan sale – this buy fluconazole paypal

    Reply
  4. v2lvf says:
    3 months ago

    fluconazole order online – https://gpdifluca.com/# buy fluconazole pills

    Reply
  5. ida60 says:
    3 months ago

    buy cenforce 100mg online – fast cenforce rs buy cenforce medication

    Reply
  6. ibaec says:
    3 months ago

    buy cenforce 50mg generic – https://cenforcers.com/ cenforce price

    Reply
  7. 7s2ys says:
    3 months ago

    buy cialis online overnight shipping – https://ciltadgn.com/ cialis 100 mg usa

    Reply
  8. 16zak says:
    3 months ago

    typical cialis prescription strength – order cialis no prescription cialis contraindications

    Reply
  9. im4y3 says:
    3 months ago

    cialis for daily use reviews – https://strongtadafl.com/ buy cialis without a prescription

    Reply
  10. rz9db says:
    3 months ago

    when does the cialis patent expire – https://strongtadafl.com/# cialis no prescription overnight delivery

    Reply
  11. ConnieFaK says:
    3 months ago

    ranitidine 300mg sale – site order ranitidine 300mg

    Reply
  12. ohmgr says:
    3 months ago

    50mg of viagra – https://strongvpls.com/ viagra sale pakistan

    Reply
  13. f6lw6 says:
    3 months ago

    viagra sale mumbai – https://strongvpls.com/ best place to buy viagra yahoo

    Reply
  14. gfths says:
    3 months ago

    Greetings! Utter productive par‘nesis within this article! It’s the petty changes which liking make the largest changes. Thanks a a quantity quest of sharing! https://buyfastonl.com/

    Reply
  15. ConnieFaK says:
    3 months ago

    More posts like this would bring about the blogosphere more useful. propecia en farmacias

    Reply
  16. ConnieFaK says:
    3 months ago

    The thoroughness in this draft is noteworthy. online

    Reply
  17. og7c5 says:
    3 months ago

    I’ll certainly bring back to read more. buy generic lasix diuretic

    Reply
  18. ConnieFaK says:
    3 months ago

    This is the kind of topic I get high on reading. https://ursxdol.com/amoxicillin-antibiotic/

    Reply
  19. ConnieFaK says:
    3 months ago

    I am in point of fact delighted to glance at this blog posts which consists of tons of of use facts, thanks object of providing such data. https://ursxdol.com/sildenafil-50-mg-in/

    Reply
  20. r236o says:
    3 months ago

    This is the make of delivery I unearth helpful. https://prohnrg.com/

    Reply
  21. cgcuk says:
    3 months ago

    I couldn’t turn down commenting. Warmly written! https://prohnrg.com/product/diltiazem-online/

    Reply
  22. mkt9b says:
    3 months ago

    More articles like this would make the blogosphere richer. https://aranitidine.com/fr/modalert-en-france/

    Reply
  23. mu8x3 says:
    3 months ago

    I am actually thrilled to glitter at this blog posts which consists of tons of useful facts, thanks representing providing such data. https://aranitidine.com/fr/prednisolone-achat-en-ligne/

    Reply
  24. ConnieFaK says:
    2 months ago

    This website positively has all of the tidings and facts I needed there this participant and didn’t comprehend who to ask. https://ondactone.com/product/domperidone/

    Reply
  25. ConnieFaK says:
    2 months ago

    Thanks for sharing. It’s acme quality. https://ondactone.com/spironolactone/

    Reply
  26. ConnieFaK says:
    2 months ago

    I’ll certainly bring to review more.
    https://doxycyclinege.com/pro/topiramate/

    Reply
  27. ConnieFaK says:
    2 months ago

    With thanks. Loads of knowledge!
    https://doxycyclinege.com/pro/tamsulosin/

    Reply
  28. ConnieFaK says:
    2 months ago

    More peace pieces like this would create the интернет better. https://lzdsxxb.com/home.php?mod=space&uid=5057547

    Reply
  29. ConnieFaK says:
    2 months ago

    This is the gentle of literature I rightly appreciate. http://bbs.yongrenqianyou.com/home.php?mod=space&uid=4272506&do=profile

    Reply
  30. ConnieFaK says:
    2 months ago

    buy dapagliflozin paypal – https://janozin.com/# buy forxiga pills

    Reply
  31. ConnieFaK says:
    2 months ago

    buy dapagliflozin pills for sale – buy dapagliflozin generic order forxiga sale

    Reply
  32. ConnieFaK says:
    2 months ago

    purchase orlistat without prescription – site orlistat 120mg pills

    Reply
  33. ConnieFaK says:
    2 months ago

    where to buy xenical without a prescription – this orlistat brand

    Reply
  34. ConnieFaK says:
    2 months ago

    More posts like this would add up to the online elbow-room more useful. http://iawbs.com/home.php?mod=space&uid=916787

    Reply
  35. ConnieFaK says:
    1 month ago

    With thanks. Loads of erudition! http://3ak.cn/home.php?mod=space&uid=230421

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025

ကျင်နာ၊ မိန့်ကျားလားနှင့် ဘက်စည်းခြားခြင်း

October 14, 2025
(ဓာတ်ပုံ - အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့နတ်ရေကန်ဗျူဟာကုန်းကြီးမှကမ္ဘာ့လုံးအထိုင်ကာကင်းစခန်းကြီး / AA)

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

October 14, 2025
ဓာတ်ပုံ - ညိုမင်းခိုင်

မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများ ပါတီရုံးဖွင့်

October 13, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Releated Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page