Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

အာရက္ခဒေသက မသန်စွမ်းတွေ နိုင်ငံတကာအကူအညီတွေ ဘာကြောင့်လိုအပ်နေကြတာလဲ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
37
VIEWS
Share on FacebookShare on Twitter

နတ်သျှင်မေရေးပါတယ်။

Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၄။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအ​ဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကိုဖွဲ့ထားပြီး အာရက္ခပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပါတယ်။

ဒါပေမယ့် မြေမြုပ်မိုင်းနဲ့စစ်ကျန်လက် နက်အန္တရာယ်တွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ပြည်သူတွေအတွ က်ပြန်လည်သန်စွမ်းရေးအထောက်အကူပြုပစ္စည်းတွေ တပ်ဆင်ပေးနိုင်တာမရှိသေးဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။

စစ်ပွဲစတင်ကတည်းက စစ်​​ကောင်စီဟာ ကုန်းလမ်း၊ရေလမ်းအားလုံးကို ပိတ်ဆို့တားမြစ်ထားသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွေကိုလည်း တားဆီးကန့်သတ်ထားတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ ကျန်းမာရေးဆိုင်ရာနေရာတွေကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေတိုးလာသလို အရေးပေါ်ဆေးဝါးကုသခွင့်အပြည့်အဝမရရှိကြတော့တာမို့ သေဆုံးနေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအထဲမှာ မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်တွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူတွေဟာ သူတို့ရဲ့နေ့စဥ်လူမှုဘဝမှာ အခက်အခဲစိန်ခေါ်မှုတွေအများကြီးရှိနေတယ်လို့ မသန်စွမ်းသူတွေက ဆိုကြပါတယ်။

အာရက္ခဒေသတောတောင်တွေကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ပြည်သူတွေဟာ မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကြား အသက်စွန့်ပြီးစားဝတ်နေရေးအတွက်ရုံးကန်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုရုံးကန်နေကြရချိန်မှာမြေမြုတ်မိုင်းနင်းမိလို့ အသက်ဆုံးရှုံးတာတွေ၊ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်သွားသူတွေအများကြီးရှိနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

“မိုင်းကိုလည်းနင်မိထားပါပြီ။ ဟင်းလည်းခူးပြီးပါပြီ။ တီးတီးတီး…မြည်တာနဲ့ကျမကြောက်လို့ထွက်ပြေးတာမှာဖြစ်တာပါ။ မိုင်းနင်တယ်ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုသိပါတယ်။ ပေါက်သွားပြီဆိုတာလည်းသိပါတယ်။ ပြတ်သွားတဲ့ ခြေထောက်က အထက်ကိုတက်သွားပါတယ်။ ကျမကိုယ့်ခြေထောက်မထင်လို့ခြေတဖက်အပိုင်းနဲ့ပြေးပါသေးတယ်။ နောက်တဖက်ကို လှမ်းတာနဲ့လဲကျသွားတာပါ။” လို့မြေမြုပ်မိုင်းကြောင့် ခြေထော က်တဖက်ဆုံးရှုံးလိုက်ရတဲ့အမျိုးသမီးငယ်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒါကြောင့်စစ်ဘေးရှောင်တွေအပါအ ဝင်အရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ်စခန်းချခဲ့တဲ့နေရာတွေ၊ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့တောတောင်တွေမှာ အသက်အန္တရာယ်ရှိနေတာကိုသိနေကြပေမယ့် ဟင်းရှာ၊ငါးရှာရင်း သေဆုံး၊ ဒဏ်ရာရသူတွေလည်း အများကြီးရှိနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအခက်အခဲတွေကြားက မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ရင်းမြေမြုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့သူတွေအတွက် ပြန်လည်သန်စွမ်းရေးအထောက်အကူပြုပစ္စည်းတွေ လိုအပ်နေကြတယ်လို့ မသန်စွမ်းသူတွေက ဆိုကြပါတယ်။

“ဖြစ်တာက အလုပ်လုပ်ရင်းဖြစ်သွားတာပါ။ ခုကမိုင်းနင်းမိတော့ဘာမှလုပ်မရတော့ဘူး။ နေရတာတော်တော်ခက်ခဲပါတယ်။ စစ်ရှောင်လာပြီး သူများရွာမှာနေရတာ။ သူများရွာမှာအလုပ်လုပ်တ ယ်။ နောက်ပြီးအိမ်ပြန်လာတယ်။ အဲဒီအချိန်မှာမိုင်းကနင်းမိတာပါ။ ခုကအရင်ကနဲ့မတူတော့ဘူး။ ကိုယ်အလုပ်မလုပ်ရရင်မစားရတော့ဘူး။ အလုပ်လုပ်ပါတယ်။ အိမ်မှာဆန်တွေဘာတွေဝယ်တယ်။ သူများဆီမှာအငှားလိုက်တယ်။ တောထဲမှာမျှစ်တွေခူးတယ်။ ဝါးတွေခုတ်တယ်။ အခက်အခဲကတော့ တော်တော်များပါတယ်။ အယင်လိုအလုပ်တွေပြန်လုပ်ဖို့ ခြေတုတဖက်လိုချင်တ ယ်။” လို့ မောင်တောမြို့နယ်မှမြေမြုပ်မိုင်းကြောင့် ခြေထောက်တဖက်ဆုံးရှုံးလိုက်ရတဲ့ အသက်နှစ်ဆယ်ကျော်အရွယ်မောင်သန်းစိန်က Border News Agency ကို ပြောပါတယ်။

အဲဒီလိုကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေပြန်လည်သန်စွမ်းရေးအထောက် အကူပြုချိုင်းထောက်တွေ၊ ခြေတုတွေ၊ လက်တုတွေအပါအဝင် အကူပစ္စည်းတွေ လိုအပ်နေကြတယ်လို့ မသန်စွမ်းသူတွေက ဆိုကြပါတယ်။

အဲဒီပစ္စည်းတွေဟာ ဝယ်ယူရအလွန်ခက်ခဲနေသလို ခြေတု၊ လက်တုတပ်ဆင်ပေးနိုင်တဲ့ဆေးရုံ၊ ဆေးခန်းတွေလည်းမရှိသေးဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခဒေသမှာစစ်ကောင်စီတပ်ရဲ့လေကြောင်း၊ လက်နက်ကြီး၊ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ပြည်သူအများစု ကိုယ်လက်အင်္ဂါဆုံးရှုံးသွားခဲ့ရသလို အသက်သေဆုံးမှုတွေလည်း အများကြီးရှိနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင်အမြင်အာရုံနဲ့ အကြားအာရုံတွေချို့ယွင်းသွားသူတွေလည်းရှိနေကြပြီး သူတို့အတွက်လည်း အကူပစ္စည်းတွေမရှိကြတာမို့ နေ့စဥ်လူမှုဘဝရုန်းကန်လှုပ်ရှားသွားလာမှုတွေမှာ အခက်အခဲတွေဖြစ်နေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအခက်အခဲတွေကြောင့် ကိုယ်စိတ်နှစ်ပါးထိခိုက်ခံစားနေကြရတာမို့ အထောက်အကူပြုပစ္စည်းတွေအပြင် စိတ်ပိုင်းဆိုင်ရာကုစားမှုတွေလည်း လိုအပ်နေကြတယ်လို့ မသန်စွမ်းသူတွေနဲ့မသန်စွမ်းသူတွေအရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။

အဲဒီမသန်စွမ်းသူတွေအတွက် ကိုယ်စိတ်နှစ်ပါးပြန်လည်သန်စွမ်းရေးအထောက်အကူတွေအပြင် အသက်ရှင်ရပ်တည်ရေးအတွက် သက်မွေးသင်တန်းတွေ၊ အသက်မွေးဝမ်းကျောင်းအလုပ်တွေလည်း လိုအပ်နေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

“တည်တည်မြဲမြဲတခုတော့လိုချင်တယ်။ သူ့ကိုခြေထောက်တုတပ်ပြီးတော့ဆိုင်လေးတဆိုင်ဖွင့်ပေးချင်တယ်။ ဆိုင်လေးရောင်းရင်လည်းရတယ်။ခြေထော က်အတုတပ်ရင်လည်း အလေးကြီးတွေမထမ်းနိုင်တော့ဘူး။ သိပ်လည်းမသွားနိုင်တော့ဘူး။ အေးအေးလေးနဲ့ လုပ်နိုင်ဖို့အလုပ်တခုလိုချင်တယ်။” လို့ မြေမြုပ်မိုင်းကြောင့်ခြေထောက်ဆုံးရှူံးလိုက်ရတဲ့သူရဲ့မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်း​ရေးတွေ၊မိုင်းအ သိပေးတာတွေ၊လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေပေမယ့် မိုင်းနဲ့စစ်ကျန်လက်နက်တွေကြောင့် ပြည်သူအ များစုဟာ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုတွေ၊ထိခိုက်သေဆုံးမှုတွေ ဖြစ်နေကြဆဲလို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီထဲမှာ စားဝတ်နေရေးအတွက် ဟ င်းခူး၊ငါးရှာသွားတဲ့အိမ်ထောင်ဦးစီးအ မျိုးသားတွေအများစုပါဝင်သလို အ မျိုးသမီးတွေလည်းအများအပြားထိ ခိုက်သေဆုံး၊ဒဏ်ရာရနေကြတယ်လို့
ပြည်သူတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ လက်နှစ်ဖက်ဆုံးရှုံးသွားတဲ့အမျိုး သမီးတွေ၊ခြေထောက်တွေဆုံးရှုံးသွားတဲ့အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာကူညီထောက်ပံ့တာတွေလည်း လိုအပ်နေတယ်လို့လည်း မသန်စွမ်းသူတွေက ဆိုကြပါတယ်။

“ကိုယ်လက်အင်္ဂါဆုံးရှုံးလို့ မသန်စွမ်းဖြစ်သွားသူတွေထဲမှာ အမျိုးသားတွေလိုပဲ အမျိုးသမီးတွေလည်း အများကြီးရှိတယ်။ကိုယ်လက်အင်္ဂါတွေဆုံးရှုံးသွားလို့ သူတို့စိတ်ထဲမှာ အားငယ်နေနိုင်တယ်။အစကတည်းက မိန်းကလေးတွေကို အားနွှဲ့သူလို့သတ်မှတ်ထားကြတာဆိုတော့ ပိုပြီးကူညီပံ့ပိုးမှုတွေလိုအပ်တယ်။” လို့ လူမှုကူညီရေးဆောင်ရွက်ပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုငျးအသိပညာပေးမှုတှမေကွာခ ဏပွုလုပျနသေလို မွမွေုပျမိုငျးအန်တ ရာယျအတှကျဟောပွောပှဲတှကေို ပွညျ သူလူထုကွားမှာလုပျဆောငျနပွေီး မိုငျးအသိပညာပေးတာတှေ၊မိုငျးအန်တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ် ဆောင်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊စစ်ကျန်လက်နက်အန္တ ရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင် ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

“အာရက္ခတပ်တော်ကိုပြောပါတယ်။ကျနော်တို့ရွာအနီးအနားတွေကမိုင်းတွေကိုရှင်းပေးရင်ကောင်းမယ်ဆိုပြီးတော့….။မိုင်းဆရာတွေမရောက်သေးတာကြောင့် ငါတို့လည်းမရှင်းပေးနိုင်သေးဘူးလို့ပြောပါတယ်။ရွာသားတွေလည်း စိတ်မကောင်းကြပါဘူး။ကျနော်တို့ကတော့ မိုင်းကိုထိထိရောက်ရောက်ရှင်းပေးစေချင်ပါတယ်။မိုင်းထိတဲ့သူတွေအတွက်အဆင်ပြေစေချင်ပါတယ်။ခြေထော က်ပိုင်းသူတွေအတွက် ခြေတုတွေလို ချင်ပါတယ်။” လို့ မောင်တောမြို့နယ်မှ မြိုလူမျိုးတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ရဲ့အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထိ မိုင်းနဲ့စစ်ကျန်လက်နက်ကြောင့်သေဆုံးရသူ ၅၁ ဦး၊ ဒဏ်ရာရသူ ၂၈၅ ဦး ရှိခဲ့ပါတယ်။

အဲဒီမိုင်းနဲ့စစ်ကျန်လက်တွေကြောင့်ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူတွေအ တွက် ခြေတု၊လက်တုတွေနဲ့စားနပ်ရိ က္ခာထောက်ပံ့ပေးဖို့ အရေးတကြီးလို အပ်နေသလို စိတ်ပိုင်းဆိုင်ရာကုစာပေးဖို့လည်း လိုအပ်နေတယ်လို့ ကူညီရေးအဖွဲ့တွေ၊မသန်စွမ်းအဖွဲ့တွေက ဆိုကြပါတယ်။

“မသန်စွမ်းသူတွေရဲ့အခြေခံအကျဆုံးလိုအပ်ချက်ကတော့ သူတို့ရဲ့သက်မွေးဝမ်းကျောင်းနဲ့အလုပ်အကိုင်ကပိုအရေးကြီးပါတယ်။” လို့ ရခိုင်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌဦးလှမြင့်က Border News Agency ကို ပြောပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ နိုင်ငံတကာနဲ့ပြည်တွင်းကူညီရေးအဖွဲ့တွေကလည်း ထိရောက်ပြီးရေရှည်အဆင်ပြေစေမယ့်အထောက်အပံ့မျိုးကူညီပေးတာ မရှိသေးဘူးလို့ မသန်စွမ်းတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း မိုင်းနဲ့စစ်ကျန်လက်နက်သင့်ပြည်သူတွေကို အကူအညီပေးတာတချို့ ရှိပေမယ့် ထိရောက်တဲ့အထောက်အပံ့တွေပေးတာမတွေ့ရသေးဘူးလို့ ပြည်သူတွေနဲ့အရပ်ဖက်အဖွဲ့တွေက ဆိုကြပါတယ်။

အာရက္ခဒေသမှစစ်ကောင်စီတပ်ထောင်င်ထားတဲ့မြေမြုပ်မိုင်းတွေနေရာအနှံ့ရှိနေတာမို့ မိုင်းရှင်းလင်းရေးတွေပြုလုပ်ဖို့လိုအပ်နေသေးတယ်လို့ ​ပြည်သူတွေက ဆိုကြပါတယ်။

“ULA/AAကမိုင်းတွေရှင်းပေးတယ်။ဒါပေမယ့် မိုင်းတွေရှိသေးတာကြောင့် လူတွေသေဆုံး၊ဒဏ်ရာရနေကြတယ်။အဲဒါကြောင့်နောက်ထပ်မိုင်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်။နောက်ပြီးရွာသားတွေနေတဲ့ရွာအနီးအနားနဲ့မြို့ပတ်ပတ် လည်မှာလည်းပဲမိုင်းတွေဆက်ရှိနေသေးတယ်။ဒီလိုမျိုးကျနော်တို့ရွာသားတွေ မိုင်းကြောင့် ဒုက္ခတိဖြစ်သွားရတဲ့အပေါ်မှာ ကျနော်လည်းအများကြီးစိတ်မကောင်းဖြစ်ရပါတယ်။အဲဒါကြောင့် အကူအညီပေးကြဖို့တောင်းဆိုချင်ပါတယ်။” လို့ ပြည်သူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီမြေမြုပ်မိုင်းကြောင့် ခြေထောက်တဖက်ဆုံးရှုံးခဲ့ရတဲ့မိခင်တဦးကတော့ တခြားပြည်သူတွေ သူ့သမီးလိုမဖြစ်ကြရအောင် မြေ​မြုပ်မိုင်းနဲ့စစ်ကျန်လက်နက်တွေကို ကုန်စင်အောင်ရှင်း လင်းပေးကြဖို့ တောင်းဆိုပါတယ်။

“တခြားသူတွေကိုလည်း ကိုယ့်သမီးလို မဖြစ်စေချင်လို့ မိုင်းတွေကို ရှာပေးကြစေချင်ပါတယ်။တတ်နိုင်တဲ့လူတွေကလေနော်။တောင်ကိုရှင်းလင်းပြီးတော့၊ ကိုယ့်သမီးဖြစ်သလို တခြားလူကိုမဖြစ်စေချင်ဘူး။ကိုယ်ကခံစားရသလိုလူ (အခြားသူ)ကိုလည်း မခံစားစေချင်” လို့ သူမက ဆိုပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ မိုင်းနဲ့စစ်ကျန်လက်နက်တွေကို တတ်နိုင်သလောက် ရှင်းလင်း၊ ဖယ်ရှားနေပေမယ့် စက်ကိရိယာတွေလုံလော က်ပြည့်စုံမှုမရှိတာကြောင့် အပြည့်အ၀ ရှင်းလင်းပေးနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

“အဓိကစိန်ခေါ်မှုအခက်အခဲတွေက တော့ မိုင်းရှင်းရေးအတွက် လိုအပ်တဲ့ခေတ်မီစက်ကိရိယာတွေအလုံအလော က်မရှိတာပဲဖြစ်ပါတယ်။” လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

အဲဒါကြောင့် မိုင်းရှင်းလင်းရေးအထော က်အကူပြုပစ္စည်းကိရိယာတွေကို အိမ်နီးချင်းနိုင်ငံတွေ၊နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အကူအညီပေးနိုင်ရင်တော့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ဒီထက်ပိုပြီးတော့ အရှိန်အဟုန်မြင့် လုပ်ဆောင်ပေးနိုင်မယ်လို့ သူက ဆိုပါတယ်။

အာရက္ခဒေသမှာ မသန်စွမ်းသူတွေအတွက် ပြန်လည်သန်စွမ်းရေးအထောင်အကူပြုပစ္စည်းတွေ၊ စိတ်ပိုင်းဆိုင်ရာကု စားမှုတွေအပါအဝင်ကူညီထောက်ပံ့မှုတွေ မရှိသလောက်နည်းပါးနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ ပြန်လည်သန်စွမ်းရေးအတွက်မူဝါဒတွေချမှတ်ပြီး နိုင်ငံတကာကို အကူအညီတောင်းဆောင်ရွက်ပေးသင့်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် စစ်ရေးပဋိပက္ခအတွင်းမှာ မသန်စွမ်းဖြစ်သွားသူတထောင်နီးပါးထိရှိလာပြီး အများစုဟာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေဖြစ်ကြတယ်လို့ မသန်စွမ်းသူတွေအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။

အဲဒီကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေထဲက ငွေကြေးတတ်နိုင်သူတချို့ဟာ ခြေတု၊ လက်တု၊ ချိုင်းထောက်စတဲ့ အကူပစ္စည်းတွေ ဝယ်ယူနိုင်ပေမယ့် လမ်း ပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အကူပစ္စည်းတွေကို ဝယ်ယူမရနိုင်တာတွေလည်း ကြုံနေ​ကြရတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် ပဋိပက္ခဒဏ်ကိုအများဆုံးခံစားခဲ့ကြရတဲ့ မသန်စွမ်းတွေအတွက်ကျန်းမာရေး၊ စားနပ်ရိက္ခာနဲ့အခြေခံလို အပ်ချက်တွေကိုဖြည်းဆည်းပေးနိုင်ဖို့နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီတွေပေးဖို့လိုအပ်နေတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ မြို့နယ်အများစုကိုသိမ်းပိုက်ထိန်းချုပ်ထားပေမယ့်တခြားနိုင်ငံတွေကတရားဝင်အသိမှတ်မပြုသေးတာတွေကြောင့် ပြည်သူတွေတရားဝင်သွားရောက်ဆေးကုသဖို့အခက်အခဲတွေရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအကူအညီတွေကိုထိထိရောက်ရောက်ပေးအပ်နိုင်ဖို့အတွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေနဲ့ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့အစည်းတွေကြားပူးပေါင်းဆောင်ရွက်မှုတွေလည်းလိုအပ်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီတွေကို နိုင်ငံ ရေးအရကန့်သတ်ထားတာမျိုးမဟုတ်ဘဲဘေးကင်းလုံခြုံစွာရောက်ရှိအောင် ပို့ဖို့၊ လိုအပ်နေတဲ့ပြည်သူအားလုံးကိုဆောင်ပေးနိုင်ဖို့အတွက်နှစ်ဖက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေအရေးကြီးတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအပြင် ခြေလက်အင်္ဂါဆုံးရှုံးသွားသူတွေအတွက် ခြေတု၊လက်တုထုတ် လုပ်ပေးတာနဲ့ပြုပြင်ထိန်းသိမ်းမှုသင်တန်းတွေအတွက်ရေရှည်စီမံကိန်းတွေချမှတ်အကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်လို့ မသန်စွမ်းအရေးဆောင်ရွ က်နေကြသူတွေက ဆို​ကြပါတယ်။

​အာရက္ခဒေသက မသန်စွမ်းသူတွေအ တွက် နိုင်ငံတကာအကူအညီတွေလိုအ ပ်နေကြတာ​မို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ ပွင့်လင်းမြင်သာတဲ့မူဝါဒတွေ ထုတ်ပြန်လက်ခံဆောင်ရွက်ပေးစေချင်တယ်လို့ ပြည်သူတွေတောင်းဆိုနေကြပါတော့တယ်။

PrevPreviousမောင်တောမှာ မြေမြုပ်မိုင်းနင်းမိလို့ မြိုလူငယ်တဦးညာဘက်ခြေထောက်ပြတ်သွား
Nextမြို့ပြတော်လှန်ရေးတပ်ဦးရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာသင်တန်းNext
Previous Post

မောင်တောမှာ မြေမြုပ်မိုင်းနင်းမိလို့ မြိုလူငယ်တဦးညာဘက်ခြေထောက်ပြတ်သွား

Next Post

မြို့ပြတော်လှန်ရေးတပ်ဦးရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာသင်တန်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

March 11, 2026

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

March 11, 2026

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

March 11, 2026

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘောတိုက်ခိုက်ခံရပြီး သင်္ဘောသား ၃ ဦးပျောက်ဆုံးနေ

Releated Post

ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

March 11, 2026

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

March 11, 2026

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

March 11, 2026

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

March 11, 2026

ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘောတိုက်ခိုက်ခံရပြီး သင်္ဘောသား ၃ ဦးပျောက်ဆုံးနေ

March 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page