Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး

အိုဘယ့်ရယ်တဲ့သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သောသင်ခန်းစာ – ၅

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၈။

တာလီဘန်အုပ်ချုပ်ရေး(၁၉၉၆မှ ၂၀၀၁)ထိ

ဆိုဗီယက်များဆုတ်ခွာအပြီး အာဖဂန်ကွန်မြူနစ်အစိုးရကို မူဂျာဟေဒင်များကတိုက်သည်။ ကွန်မြူနစ်အစိုးရပြိုကျသည်။

ထိုအခါမူဂျာဟေဒင်အချင်းချင်းတိုက်ကြပြန်သည်။အဓိကတိုက်ခိုက်ခဲ့သည့် မူဂျာဟေဒင်အဖွဲ့များနှင့်လူမျိုးစုများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ တာဂျစ်လူမျိုးများ(Jamiat-e Islami)

အာမက်မရကာဆဒ်နဲ့ဘူရ်ဟာနုဒ်ဒင်ရဗ္ဗာနီ(Burhanuddin Rabbani)ဦးဆောင်ပြီး ကဘူးလ်မြို့ကို ထိန်းချုပ်ဖို့ကြိုးစားခဲ့သည်။

၂။ ပါက်ရှ်တွန်လူမျိုးများ(Hezb-e Islami)

ဂူလ်ဘူဒ်ဒင်ဟက်က်မာတီယာ (Gulbuddin Hekmatyar)ဦးဆောင်ပြီး ကဘူးလ်ကို ဝိုင်းရံတိုက်ခိုက်ခဲ့သည့် အဓိကပြိုင်ဘက်အဖွဲ့ ဖြစ်သည်။

၃။ ဥဇ္ဇဘက်လူမျိုးများ (Junbish-e Milli)

ဗိုလ်ချုပ်ကြီးအဗ္ဗဒူလ်ရာရှစ်ဒိုစတန်ဦး ဆောင်တဲ့တပ်ဖွဲ့ဖြစ်ပြီး မြောက်ပိုင်းဒေသကို ထိန်းချုပ်ထားသည်။

၄။ ဟာဇရာလူမျိုးများ (Hezb-e Wahdat)

ရှီးယားမွတ်စလင်အဖွဲ့ဖြစ်ပြီး အလယ်ပိုင်းဒေသများတွင် အခြေစိုက်သည်။

ထိုအဖွဲ့များသည် တဖွဲ့နှင့်တဖွဲ့မဟာမိတ်ဖွဲ့လိုက် ပြန်ကွဲကာ အချင်းချင်းပြန်တိုက်လိုက်ဖြင့် ကဘူးလ်မြို့ထဲ၌ ခက်ခဲကြမ်းတမ်းသောတိုက်ပွဲများကို အဆက်မပြတ်တိုက်နေကြတော့သည်။

အဆိုပါတိုက်ပွဲများက ပြည်သူထောင်နဲ့ချီသေဆုံးခဲ့ကာ မြို့တော်တခုလုံးအပျက်အစီးများခဲ့သည်။

လူမျိုးစုခေါင်းဆောင်များကြား အဆုံးမသတ်နိုင်သော တိုက်ပွဲများကြောင့် အာဖဂန်ပြည်သူလူထုသည် မတည်ငြိမ်မှုနှင့်စစ်ပွဲများကို ငြီးငွေ့လာတော့သည်။

အာဖဂန်လူထုအနေဖြင့် သွေးထွက်သံ ယိုပဋိပက္ခများကြား အဆံကျွတ်ဖုတ်လိုက်ဖုတ်လိုက်သာရှိတော့သည်။

အစ္စလာမ်အဆုံးအမနှင့်တိုင်းပြည်အားငြိမ်းချမ်းအောင်လုပ်မည်ဟူသော တာလီဘန်တို့ကြွေးကြော်ချက်က အာဖဂန်လူထုအတွက် မျှော်လင့်ချက်ဖြစ်လာသည်မှာ အဆန်းတော့မဟုတ်ပေ။

ဤကြွေးကြော်ချက်က အာဖဂန်လူထုပင်မဟုတ် ကမ္ဘာကြီးကလည်း ဟုတ်လိမ့်နိုးနိုးဖြင့် စောင့်ကြည့်ခဲ့ကြသည်။

မူဂျာဟေဒင်အုပ်စုများထဲတွင်လည်း အာဖဂန်အားငြိမ်းချမ်းတည်ငြိမ်စေချင်သော ပုဂ္ဂိုလ်များတော့ရှိပါသည်။

ထိုမူဂျာဟေဒင်များက ကွဲပြဲနေသော အုပ်စုများကြားတွင် နိုင်ငံရေးသဘော တူညီချက်၊ အာဏာခွဲဝေမှုသဘောတူညီချက်များရအောင် ကြိုးစားခဲ့ကြသေးသည်။

ယုတ်အစွအဆုံးတာလီဘန်ဖြစ်လာမည့် ပုဂ္ဂိုလ်များ၊ အုပ်စုများကိုလည်း ဆွေးနွေးခဲ့သေးသည်။

အာဖဂန်ပြဿနာကို ပြန်သွားရလျှင် အာဖဂန်နိုင်ငံရေး ရေခံမြေခံသည် လူမျိုးရေးအားပြိုင်မှုရှိသည်။လူမျိုးစုများက ကိုယ်ပိုင်အုပ်ချုပ်ရေးကိုလိုချင်သည်။

ထိုအချက်အပေါ် လူများစုပါက်ရှ်တွန်များက တိုင်းပြည်ပြိုကွဲမည်ကိုစိုးသည်။ သို့ဖြင့်၍ ဗဟိုချုပ်ကိုင်မှုကို ထားလိုသည်။

အာဖဂန်၏အုပ်စုအသီးသီးတွင် ကိုယ့်အုပ်စု၊ကိုယ့်အဖွဲ့၊ ကိုယ့်နေရာ၊ ကိုယ့်အကျိုးစီးပွားဆိုသော အတ္တဗဟိုပြုမှုကရှိသည်။

ကျန်အုပ်စုများ၊လူမျိုးစုအဖွဲ့များတွင်လည်း ထိုအမြင်ရှိသော်လည်း အာဏာကိုချုပ်ကိုင်သောအုပ်စုများတွင်တော့ ပုဂ္ဂိုလ်ရေးအားပြိုင်မှုများက ပို၍မြင် သာထင်သာသည်။

သူ့ဖက် ကိုယ်ဖက်မျှတသော လူမှုပဋိ ညာဉ်တရပ်က အာဖဂန်လူဘောင်တွင် ပေါ်လာရန်ခက်ခဲနေခဲ့သည်။

အာဖဂန်အုပ်စုများ၏ ငြိမ်းချမ်းရေးဆို သည်က ငါအုပ်စု၏ဦးဆောင်မှုကို နာခံဟူသော မျဉ်းပေါ်တွင်သာရှိနေသည်။

နိုင်ငံရေးဖြစ်စဉ်အား လူထုသဘောဆန္ဒဖြင့်ဆုံးဖြတ်မည်ဆိုခြင်းထက် စစ်အင်အားဖြင့်ဆုံးဖြတ်မည်ဆိုသောအမြင်က ရှေ့ကိုပိုရောက်နေသည်။ အင်အား ကြီးသူက သဘောထားကြီးရမည်ဟုသော ဖြစ်စဉ်မျိုးကမပါပေ။

မူဂျာဟေဒင်အုပ်စုအချို့၏ မူနိုင်ငံရေးသဘောတူညီချက်အတွက် ကြိုးပမ်းမှုများသည် ထိုအချက်များကြားတွင် မအောင်မြင်ခဲ့ပေ။

တာလီဘန်များက မူဂျာဟေဒင်အုပ်စုများကို တိုက်၍အာဖဂန်နယ်မြေတော်တော်များများကို အုပ်ချုပ်လာသောအခါ တာလီဘန်များရင်ဆိုင်ရသော ပြဿနာမှာ ယခင်အာဖဂန်အုပ်ချုပ်သူများရင်ဆိုင်ခဲ့ရသောပြဿနာသာဖြစ် သည်။

တာလီဘန်များ အာဖဂန်ကို ထိန်းချုပ်ထားစဉ်ကာလ(၁၉၉၆ – ၂၀၀၁)ခုနှစ်များတွင် နိုင်ငံမြောက်ပိုင်းရှိ မူဂျာဟေဒင်ဟောင်းလူမျိုးစုများ၏လက်နက်ကိုင်တွန်းလှန်မှုကို ရင်ဆိုင်နေခဲ့ရသည်။

ထိုလူမျိုးစုလက်နက်ကိုင်များက နော က်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ဖြစ်လာသည်။

ယင်းမြောက်ပိုင်းမဟာမိတ်များနှင့်တာ လီဘန်ကြားတွင် ငြိမ်းချမ်းရေးဆွေး နွေးပွဲများ၊နိုင်ငံတကာကြားဝင်မှုများမရှိခဲ့သလားဆိုပါလျှင် ရှိခဲ့ပါသည်။ ရှိခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ကိုယ့်အထိုင်တွင် အင်အားကြီးရေး

လူဗီဇအရပြိုင်ဆိုင်မှုတိုင်းတွင်ကိုယ်အ သာစီးရရန်သာ ကြိုးစားကြသည်။ အသာစီးရရန်အတွက် ရှိသမျှအရင်းအမြစ်များကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေအသုံးချသည်။

ဤသို့ဖြင့် အာဖဂန်လူထုသည် ပဋိပက္ခကြားတွင် အရင်းအမြစ်များကို လက်နက်ပါဝါရှိသော အုပ်စုအသီးသီးကို ဆ က်သနေရသည်။တာလီဘန်များသည်လည်း မိမိတို့အင်အားကြီးရေးကို ရသမျှအရင်းအမြစ်များဖြင့် အသုံးချကြသ ည်။

ဤတွင် တာလီဘန်များ၏ နိုင်ငံရေးအထိုင်က အစ္စလာမ်အဆုံးအမအောက်က လူ့အဖွဲ့အစည်းထူထောင်မှုဖြစ်သည်။

ထိုသို့ထူထောင်မှု၏ ပြယုဂ်အဖြစ်လည်း ကိုယ့်ကိုကိုယ်ပုံဖော်လိုသည်။အစ္စ လာမ်အဆုံးအမနှင့်မညီမှုကို ၎င်းတို့တွင် တိုက်ဖျက်ရန်တာဝန်ရှိသည်ဟု ယူဆသည်။

ဤတွင်ပြဿနာက အစ္စလာမ်အဆုံးအ မနှင့်ညီ၏၊မညီ၏ကို မည်သို့ဆုံးဖြတ်သနည်းဆိုသည်က ပြဿနာဖြစ်လာသည်။

အနှစ်ချုပ်လျှင် ညီ၏။မညီ၏ကို ၎င်းတို့ဘာသာ ၎င်းတို့ဆုံးဖြတ်လာခြင်းဖြစ်သည်။

၎င်းတို့၏ဆုံးဖြတ်ချက်အား အစ္စလာမ်တရားနှင့်ညီ၏။ မညီ၏ကိုတော့ အာဖဂန်တွင်မည်သူမှ လာဝေမဖန်နှင့်ဟူ သော သဘောဖြစ်လာသည်။

၎င်းတို့ဖာသာ ဆုံးဖြတ်ထားသောညီ၏။ မညီ၏အချက်ဖြင့်ပင် အာဖဂန်လူထုကိုလည်း ဖိနှိပ်လာသည်။

ထိုပြင် တရုတ်ပြည်က ဝီဂါအရေးကိုလည်း မြောက်ထိုးပင့်ကော်လုပ်လာသည်။ ရှီယားအုပ်စု အီရန်ကိုလည်းအစ္စလမ်တရားနှင့်မညီဟုမြင်လာသည်။ ရုရှားရှိချေချင်ညာတို့ကိုလည်း မြောက်ပေးလာသည်။

ဗဟိုအာရှအိမ်နီးချင်း ဥဇ္ဇဘက်တွင်လည်း ဥဇ္ဇဘက်ကစ္စတန်အစ္စလာမ်လှုပ်ရှားမှု (Islamic Movement of Uzbekistan (IMU)ကို မြောက်ပေးသည်။

အဆိုပါ IMU က ဥဇ္ဇဘက်လောက်တွင်သာ လှုပ်ရှားသည်မဟုတ်။ တာဂျစ်ခ် (Tajik)၊ကာရ်ဂျဇ် (Kyrgyz)စသည့် ဗဟိုအာရှစတန်(stan)နိုင်ငံများထိ လှုပ်ခတ်အောင် လုပ်တော့သည်။

ဤသို့ဖြင့် တာလီဘန်၊အယ်လ်ကေဒါ (Al-Qaeda)နှင့် IMUသည် ပလူးသင့်ပနံသင့်ခဲ့သည်။

တာလီဘန်တို့ကား နောက်ဆုံး ၎င်းတို့ကို မြေတောင်​မြောက်ခဲ့သည့် ပါကစ္စတ န်ကိုပါတက်ခြောက်လာတော့သည်။

တေရစ်အီတာလီဘန်ပါကစ္စတန် (Tehrik-i-Taliban Pakistan – TTP) ကြောင့် ပါကစ္စတန်သည်လည်း ခေါင်းစားလာရပြီ။

ဝါဟာဘီပဲ့ကိုင်ရှင်ဆော်ဒီသည်လည်း အယ်လ်ကေဒါကြောင့် မျက်ခုံးလှုပ်လာရတော့သည်။

အမှန်က ဤအချက်များသည်တာလီဘန်များ မိမိအထိုင်ကို အင်အားကြီးအောင်လုပ်ရင်းလုပ်ရင်း ဘဝင်မြင့် ဇတ်ရှိန်တက် လက်လွန်လာသော ကိစ္စများဖြစ်သည်။ရလဒ်က ၎င်းတို့နှင့်ဆန့်ကျင်ဘက် မြောက်ပိုင်းမဟာမိတ်အုပ်စုများကို အဆိုပါ ရုရှား၊ တရုတ်၊အီရန်၊ ဆော်ဒီ၊ ဗဟိုအာရှနိုင်ငံများ၊ပါကစ္စတန်၊ အမေရိကန်နှင့်အနောက်အုပ်စုက အထောက်အပံ့များ ပိုပေးလာတော့သည်။

အမေရိကန်နှင့်ရုရှား၊ တရုတ်၊ အီရန်ဆို သည်မှာ အချင်းချင်းတည့်ကြသည်မဟုတ်၊ထိုအတူ အီရန်နှင့်ဆော်ဒီသည်လည်း အဆင်ပြေကြသည်မဟုတ်ပေ။

စက်တင်ဘာလ ၁၁ ရက်အကြမ်းဖက်မှုဖြစ်ပြီးနောက် အမေရိကန်တပ်ဖွဲ့များဝင်လာသောအခါ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ နိုင်ငံတကာထောက်ခံမှုကို ရနေခြင်း၏ရလဒ်မှာ မြောက်ပိုင်းမဟာမိ တ်များ တော်လွန်းလှ၍မဟုတ်ပေ။

တာလီဘန်မှာ မာန်ထဇောင်းကြွကာ အိ မ်နီးချင်းများကိုပင် လူမထင်သလိုလုပ်နေခဲ့၍ဖြစ်သည်။

၂၀၀၁ ခုနှစ်နောက်ပိုင်းကာလ

အမေရိကန်ဝင်လာပြီးနောက် တာလီဘန်များသည် နိုင်ငံ၏တောင်ဘက်သို့ ဆုတ်ခွာခဲ့ရသည်။

အမေရိကန်ကျောထောက်နောက်ခံပြုထားသော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များမှထိပ်ပိုင်းခေါင်းဆောင်များသည်လည်း အာဖဂန်အစိုးရအဖွဲ့တွင်နေရာယူလာခဲ့သည်။

ဤသို့ဆိုပါလျှင် အာဖဂန်ရှိလူမျိုးစုများ၊အာဖဂန်ပြည်သူများအတွက် မျှော်လင့်စရာ ထွက်ပေါက်ပေါ်လာခဲ့ပြီးလားဆိုလျှင်လည်း အဖြေက အားရစရာမကောင်းပေ။

၂၀၀၁ ခုနှစ်နောက်ပိုင်းကာလ အာဖဂန် ၏နိုင်ငံရေးအထိုင်ကိုကြည့်ပါက ဘာသာရေးကို အခြေမခံသော လောကီနိုင်ငံတော်တည်ထောင်ချင်သူများအုပ်စု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုသော လူမျိုး စုများ၊ ဘာသာရေးအုပ်စုများ ဟူ၍ရှိနေမည်ဖြစ်သည်။

ထိုအုပ်စုများကြားတွင် လူမှုပဋိညာဉ်တရပ်ဖြစ်ထွန်းမလာခဲ့ချေ။

၂၀၀၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလ

ဘွန်းသဘောတူညီချက်အရ မြောက်ပိုင်းမဟာမိတ်ထံမှတာဂျစ်ခ်လူမျိုး၊ဥဇ္ဇဘက်လူမျိုးနှင့်ဟာဇရာလူမျိုးခေါင်း ဆောင်များမှာဒုတိယသမ္မတ၊ကာကွယ် ရေးဝန်ကြီး၊နိုင်ငံခြားရေးဝန်ကြီးစသည့် ရာထူးများကို ရရှိလာခဲ့သည်။

ထိုပုံရိပ်က အာဖဂန်ရှိ လူမျိုးစုအားလုံးနီးပါးနှင့်နိုင်ငံရေးအုပ်စုများကို ကိုယ် စားပြုသော အစိုးရတရပ်ဖြစ်သည်ကို ပြသလိုရင်းဖြစ်သည်။

ပဋိညာဉ်မရှိခြင်း

လူမျိုးစုများကြားတွင် အားပြိုင်မှုများ၊ အပြန်အလှန်တိုက်ခိုက်မှုများက သမို င်းကြောင်းဆိုင်ရာပဋိပက္ခများအဖြစ်ရှိနေသည်။

တာလီဘန်များမပေါ်မှီ ၁၉၉၀ ပြည့်လွ န်အချိန်ကာလများက အာဖဂန်ပြည်တွ င်းစစ်မှာ မူဂျာဟေဒင်အုပ်စုဝင် လူမျိုး စုအချင်းချင်း စစ်ခေါင်းဆောင်အချင်း ချင်းတိုက်ခိုက်သောသမိုင်းကြောင်း၏ ဒဏ်ရာဒဏ်ချက်များက ပျောက်ပျာက်မသွားကြသေးပေ။

ထိုအချိန်ကဖြစ်ခဲ့သော သွေးထွက်သံ ယိုပဋိပက္ခများ၊ နက်ရှိုင်းသောရန်ငြိုးများ၊အမုန်းတရားများသည်အချိန်ကြာသည့်တိုင်အောင်ပပျောက်မသွားဘဲ ဆက်ရှိနေဆဲဖြစ်သည်။

အမေရိကန်များက ဤအခြေအနေမျိုးကြောင့် အားကောင်းသောဗဟိုအစိုးရတရပ်ဖြစ်လာရန်သာ အားပေးခဲ့သည်။

အသွင်စုံအလွှာစုံပါဝင်သော ဗဟိုအစိုး ရတရပ်…ရှေ့ဆက်လူမျိုးစုများ၏ဒေ သန္တရအာဏာခွဲဝေမှုများကို ထိုဗဟိုအ စိုးရကတာဝန်ယူ၍တဆင့်ချင်းအကော င်အထည်ဖော်မည်ဟူသော ရည်ရွယ်ချက်ပင်။

အာဖဂန်၏ဗဟိုချုပ်ကိုင်မှုနှင့်လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ရေးကျိမ်စာ

အာဖဂန်နိုင်ငံရေးတွင် မည်သည့်အုပ်စုမဆို နိုင်ငံ၏အာဏာကိုယူလိုက်ပါက ချက်ချင်းရင်ဆိုင်လိုက်ရသော ကျိမ်စာများရှိနေသည်။

ဗဟိုချုပ်ကိုင်မှုသည်လည်း ကျိမ်စာသင့်သည်။လူမျိုးစုများ၏ ကိုယ်ပိုင်အုပ် ချုပ်ရေးသည်လည်း ကျိမ်စာသင့်သည် ။အာဖဂန်၏လူမျိုးစုနိုင်ငံရေး အီလစ်အလွှာများတွင် ရှေ့နောက်မညီသောနိုင်ငံရေးအယူအဆသုံးခုရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

၁။ မိမိလူမျိုးစုနှင့်မိမိနယ်မြေအရေးအထိုင်၊

၂။ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား၊

၃။ ဗဟိုချုပ်ကိုင်မှုဟူ၍သုံးခုကို တွေ့ရသည်။

အမေရိကန်အပါအဝင် နိုင်ငံတကာက လက်တလောအနေအထားကို ထိန်းသိ မ်းရန်ဗဟိုချုပ်ကိုင်မှုအားကောင်းသောအစိုးရတရပ်ကို ပို၍မျက်နှာသာပေးထားသည်။

ဤတွင်အာဖဂန်နိုင်ငံရေးထုံးစံအတိုင်း ဗဟိုချုပ်ကိုင်မှုကျိမ်စာက မြောက်ပိုင်းမဟာမိတ်အုပ်စုများပါဝင်နေသော အာဖဂန်အစိုးရကို သင့်တော့သည်။

“ဗဟိုအာဏာ၏ဆွဲဆောင်မှုကားကဘူးလ်မှာရှိသော ဗဟိုအစိုးရကို ထိန်းချုပ်နိုင်လျှင် နိုင်ငံတကာအကူအညီများ၊ စစ်ရေးအင်အားများနှင့်နိုင်ငံရေးသိက္ခာကိုပါ တခါတည်းရရှိမည့်အခင်းအကျင်းက ရှိနေသည်။ ဤအချက်က လူမျိုးစုနယ်မြေတခုကို ထိန်းချုပ်ထားသည်ထက် ပိုမိုကြီးမားတဲ့အခွင့်အရေးဖြစ်နေသည်။”

ဤတွင် ဗဟိုအစိုးရအတွင်း လူမျိုးစုခေါင်းဆောင်များသည် အာဏာနှင့်အ ရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှုများ ပြင်းထန်လာတော့သည်။

ထိုသို့ကြိုးစားမှုတွင် မိမိလူမျိုးစုနယ် မြေအား ကိုယ်တိုင်အရင်ထိန်းချုပ်ထားသည်။

ထိုနောက် ဗဟိုအာဏာအတွက် အားပြိုင်ခြင်းဖြစ်သည်။

တဖွဲ့က အာဏာရလျှင် တခြားအဖွဲ့အ ပေါ်လွှမ်းမိုးဖို့ ကြိုးစားသည်။ရှုံးတဲ့အဖွဲ့ကလည်း အစိုးရအပေါ် မယုံကြည်ဘဲ သီးခြားစီရပ်တည်ပြန်သည်။

အာဖဂန်ဗဟိုအစိုးရအတွင်းအားပြိုင်မှု၏အခြေခံသည် မိမိနယ်မြေအား မိမိထိန်းချုပ်ထားနိုင်မှုကိုအခြေတည်ထားသလို ဖြစ်လာသည်။

ဤအချက် နိုင်ငံတော်ကို သစ္စာခံခြင်းထက် ကိုယ်ပိုင်လူမျိုးစု၊အနွယ်စု၊ဒေ သတွင် သစ္စာခံမှုကိုပိုလုပ်ဆောင်မှုကို ဖြစ်လာသည်။

ဤအနေအထားသည် တမျိုးသားလုံးဆိုင်ရာစည်းလုံးသော နိုင်ငံတော်အား တည်ထောင်ရန် အလွန်ခက်ခဲလာတော့ သည်။

လူမျိုးစုအချင်းချင်း ယုံကြည်မှုအား နည်းကာ ခေါင်းဆောင်များကြားအာ ဏာလွန်ဆွဲပွဲများဖြစ်နေမှုက ဗဟိုအစိုး ရကိုအားနည်းစေသည့်အပြင် စည်းလုံးသောစစ်တပ်တခု တည်ထောင်ရန်အ တွက်လည်း အဟန့်အတားဖြစ်လာခဲ့တော့သည်။

ခေါင်းဆောင်များ၏အမြင်(လက်တွေ့နိုင်ငံရေး)အရ မြောက်ပိုင်းမဟာမိတ်ခေါင်းဆောင်များမှာ နှစ်ပေါင်းများစွာ စစ်ပွဲတွေထဲတွင် နေထိုင်လာခဲ့ကြသူ များ ဖြစ်သည်။

၎င်းတို့၏နိုင်ငံရေးအဓိပ္ပါယ်သည် “အနို င်ရသူက အားလုံးကို သိမ်းပိုက်ခြင်း” (winner-takes-all)ဟူ၍သာရှူမြင်ထား ကြသည်။

ဤအမြင်ကို မိမိနယ်မြေ၌ မိမိတို့ထိန်း ချုပ်ထားခြင်းဆိုသည့် နိုင်ငံရေးအထိုင်ဖြင့် ပေါင်းစပ်ထားသည်။

ထိုနိုင်ငံရေးအထိုင်ဖြင့် ဗဟိုအစိုးရအဖွဲ့နေရာသို့ ဝင်တိုးအားပြိုင်သည်။

ဤသို့ဝင်တိုးအားပြိုင်နေမှုကြောင့် မိမိတို့လူမျိုးစုကိစ္စဆိုသည်မှာလည်းတဖြေးဖြေးဘေးရောက်လာကာ မိမိနေရာရရှိရေးက ရှေ့ကိုရောက်လာတော့သ ည်။

အကယ်၍ ဗဟိုအစိုးရထဲတွင် နေရာတစုံတရာရသွားပါက ထိုလူမျိုးစုခေါင်း ဆောင်သည် လူမျိုးစုများ၏အခြေခံနိုင်ငံရေးပြဿနာကို လစ်လျူရှူပြန်သည်။

အဘယ်ကြောင့်ဆိုသော်”ပြည်ထောင်စုစနစ်အားဖော်ဆောင်လိုက်ပါက မိမိ၏ လက်ရှိအာဏာနှင့်ဩဇာအရှိန်အဝါကို လျှော့ချရမည်ဆန္ဒမရှိ၍ ဖြစ်သည်။ သို့သော် ထိုဆန္ဒသည် ဗဟိုအစိုးရအဖွဲ့မှ ၎င်းအဖို့နေရာဖယ်ရသည့်အခါတွင်တော့ ပေါ်လာပြန်သည်။

သို့ဖြစ်၍ အာဖဂန်တွင် အစိုးရကဗဟိုအာဏာကို စုစည်းရန်ကြိုးစားတိုင်း ဒေသတွင်း အာဏာရှိသောလူမျိုးစုခေါင်း ဆောင်များက ခုခံကန့်ကွက်မှုသည် အ ဆန်းတော့မဟုတ်ပေ။

အဆိုပါလူမျိုးစုခေါင်းဆောင်များသ ည်လည်း ၎င်းတို့၏စစ်ရေးအာဏာနှင့် အုပ်ချုပ်ရေးဆိုင်ရာဩဇာအာဏာကို လက်လွှတ်ခံဖို့ ဆန္ဒမရှိပေ။

သို့ဖြစ်၍ ဗဟိုအစိုးရနှင့်လူမျိုးစုခေါင်းဆောင်များကြားတွင် အပြန်အလှန် ယုံကြည်မှုမရှိဘဲ အာဏာလုအားပြိုင်မှုများအမြဲဖြစ်ပေါ်နေခဲ့သည်။

အာဏာအီလစ်များကြားတွင် အပြန်အ လှန်ယုံကြည်မှုမရှိ၊အားပြိုင်နေသည်ဆိုပါလျှင် ဘာဖြစ်လာပါသနည်း။

အဖြေကရှင်းပါသည်။အားပြိုင်သည်အတွက် ကိုယ့်အင်အားများရန်သာကြိုး စားတော့သည်။ကိုယ့်အင်အားများရန်ကြိုးစားမှုတွင် တရားမျှတမှုနှင့်အမှန်တရားကို မျက်ကွယ်ပြုသည်။

ဤသို့ဖြင့် ဘက်လိုက်မှုက ရှိလာသည်။ လာဘ်စားမှု၊အကျင့်ပျက်မှုများကအစ ဉ်အလိုက်ထွန်းကားစည်ပင်လာသည်။ ကိုယ့်အုပ်စုကလူလုပ်လျှင် မှားလျှင်လ ည်မှန်ရမည်။ကိုယ့်အုပ်စုဖြစ်နေသောကြောင့်ကို လုံးဝမှားနေလျှင်တောင် မှားပုံမှားနည်းက မှန်သည်။

ထိုအခါ အာဏာနယ်ပယ်၏အပြင်ဘ က်တွင်ရှိနေသော လူထုအတွက်တော့ မှန်နေလျှင်လည်း မှားတော့သည်။

အမေရိကန်ကျောထောက်နောက်ခံပေးထားသော အာဖဂန်အစိုးရအဖွဲ့သည်လည်း အာဖဂန်လူထုအတွက် တရားမျှတမှုကိုမပေးနိုင်ဟု လူထုက မြင်လာတော့ သည်။

တာလီဘန်ရဲ့အင်အားစုစည်းနိုင်မှု

တာလီဘန်များသည် ၂၀၀၁ ခုနှစ်တွင် အပြီးအပိုင် မရှုံးနိမ့်သွားခြင်းတော့မဟု တ်။နိုင်ငံ၏တောင်ပိုင်းဘက်တွင် ကုတ်ကပ်ရပ်တည်နေကြသည်။

တဖက်တွင် အမေရိကန်ကျောထောက် နောက်ခံပြု အာဖဂန်အစိုးရအဖွဲ့တွင် အပြန်အလှန် အာဏာငန်းဖမ်းလျှက် တရားမျှတမှုကို မျက်ကွယ်ပြုလာသ ည်။

ထိုမျက်ကွယ်ပြုမှုဒဏ်ကို အခံရဆုံးက မရှိဆင်းရဲသားကျေးလက်နေလူတန်း စားများက ပိုခံရသည်။

တာလီဘန်များအနေဖြင့်ကျေးလက်ဒေသက ပြည်သူများအား လုံခြုံရေးနှင့် တရားစီရင်ရေးပုံစံတမျိုးကို ပေးနေနိုင်ခဲ့သည်။

အာဖဂန်အစိုးရ၏အကျင့်ပျက်ခြစားမှုများကြောင့် ဒဏ်ရာရနာကြင်စိတ်ပျက်နေသည့် ပြည်သူ့များမှာ တာလီဘန်များကို ထောက်ခံလာခဲ့ကြပြန်သည်။

ဤသို့ဖြင့် တာလီဘန်များ ကျေးလက်ဒေသများတွင် ပြန်လည်အင်အားစုစ ည်းပြီး ပျောက်ကြားစစ်ဆင်နွဲ့လာနိုင်ပြန်သည်။

ဤသို့ အမေရိကန်ကျောထောက်နောက်ခံပြုထားသော အာဖဂန်အစိုးရတွင် ဘက်လိုက်မှု၊ တရားမျှတမှုကို လစ်လျူပြုမှုများက နှစ်ပေါင်း၂၀ ကြာတွင်တော့ အာဖဂန်အစိုးရနှင့်စစ်တပ်ကို ယိုင်နဲ့ပျက်စီးစေခဲ့တော့သည်။

အမေရိကန်အတွက်လည်း အာဖဂန်သည်ဝန်ထုတ်ဝန်ပိုးဟု ရှူမြင်လာတော့သည်။

နောက်ဆုံး၌ကားတာလီဘန်များအတွက် လွယ်လင့်တကူအာဏာပြန်သိမ်းနိုင်သောအခြေအနေကို ဖန်တီးပေးသလို ဖြစ်သွားတော့သည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousမန်ဟုန်းကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ကိုးဦးသေဆုံး
Nextထီးခီးကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်တွေပျက်စီးNext
Previous Post

မန်ဟုန်းကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ကိုးဦးသေဆုံး

Next Post

ထီးခီးကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်တွေပျက်စီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

March 11, 2026

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

March 11, 2026

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

March 11, 2026

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘောတိုက်ခိုက်ခံရပြီး သင်္ဘောသား ၃ ဦးပျောက်ဆုံးနေ

Releated Post

ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

March 11, 2026

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

March 11, 2026

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

March 11, 2026

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

March 11, 2026

ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘောတိုက်ခိုက်ခံရပြီး သင်္ဘောသား ၃ ဦးပျောက်ဆုံးနေ

March 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page