Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး သတင်း

ရိုဟင်ဂျာအရေးအပေါ် စစ်ဖက်ရေးရာအမြင်

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
35
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ အောက်တိုဘာ ၉။

ပြဿနာတခုအားဖြေရှင်းရန်ပထမဆုံးအဆင့်မှာ ထိုပြဿနာအကြောင်းကို နားလည်ရန်လိုသည်။

ပုံမှန်အားဖြင့် ပြဿနာဖြစ်လာလျှင် ပြ ဿနာအားနားလည်ရန်ကြိုးစားမှုထက် ပြဿနာအတွက် အချိန်နှင့်အရင်းအမြစ်များကိုသာ သုံးပစ်ရင်းအချိန်ကုန်လိုက်တတ်သည်။

ပညာတတ်အဝိုင်းအဝန်းကြား ရိုဟင်ဂျာဆိုင်ရာမူဝါဒများကို ချမှတ်ရာတွင် အားလုံးပါဝင်စေချင်သည့် စိတ်ဆန္ဒကိုသာ အခြေခံ၍ပြောနေတတ်ကြသည်။

ဤဆောင်းပါးက ထိုသို့အားလုံးပါဝင်စေချင်သည့် မူဝါဒအတွက် စစ်ရေးဆိုင်ရာအမြင်ရှုဒေါင့်ကို တင်ပြပါမည်။

ရိုဟင်ဂျာကိစ္စသည် မြန်မာနိုင်၏လူမှုရေးဆိုင်ရာကိစ္စသာဖြစ်သည်။

ဤလူမှုရေးဆိုင်ရာကိစ္စရပ်အပေါ် နိုင်ငံရေးအရဖြေရှင်းရမည့်အစား မြန်မာသည် စစ်ပုံသွင်းလိုက်သည်။

ဆိုလိုချင်သည်က ရိုဟင်ဂျာဆိုသည့် လူမှုပြဿနာကို စစ်သွေးစစ်မာန်ဖြင့် ဖြေရှင်းရန် အာသီသရှိနေခဲ့သည်။

လက်ရှိတွင် ရိုဟင်ဂျာများနှင့်ပတ်သက်၍ မြန်မာ၏ယဉ်ကျေးမှုလက္ခဏာဘက်မှာရှိနေသော မဟာဗျူဟာကို နားလည်ထားရန်လည်းလိုလာသည်။

(က) မြန်မာ့လူ့အဖွဲ့အစည်းသည် လူမျိုးစုသရုပ်လက္ခဏာကို အခြေခံသည်။

မြန်မာအစိုးရအဆက်ဆက်သည် အဆို ပါလူမျိုးစုအားလုံးအပေါ် ကိုယ်စားပြုနိုင်မှုမရှိနိုင်ခဲ့ပေ။

အသီးသီးရှိနေသောလူမျိုးစုများတွင် အားလုံးအပေါ်လွမ်းခြုံသော အမျိုး သားရေးက ပုံမပေါ်ခဲ့ဘဲ ကိုယ့်လူမျိုးစုအဝိုင်းအဝန်းထဲတွင်သာ ပိုမိုစည်းလုံးနေကြသည်။

ထိုသို့တနိုင်ငံလုံးအပေါ်လွမ်းခြုံသည့် အမျိုးသားရေးအယူအဆကသာ အားနည်းလျှင်နည်းမည်။ ကိုယ့်လူမျိုးစုအဝိုင်းအဝန်းထဲတွင်သာ ပို၍စည်းကပ်ချင်လျှင်စည်းကပ်မည်။ တူသည်က ထိုသို့ဖြစ်နေသော မြန်မာ့လူ့အဖွဲ့အစည်းသည် ပါဝါအမာလှိုင်း။ စစ်ရေးပါဝါကိုသာ အရိုအသေပြုကြသည်က တူကြသည်။

အားလုံးသောလူမျိုးစုနီးပါးလောက်တွ င် ကိုယ်စီကိုယ်စီလက်နက်ကိုင်တပ်ဖွဲ့ရှိကြသည်။

မကြာခဏဆိုသလို မတူကွဲပြားခြားနားမှုများကို ပါဝါအမာလှိုင်းဖြင့်သာ ဖြေရှ င်းရန် လက်ယဉ်နေကြသည်။

အငြိမ်ပါဝါစက်ဝန်းထဲတွင်တော့ ဆုံးဖြတ်ချက်ချနိုင်မည့်ခုံပေါ်တွင် နေရာများရှိနေသည်။

ထိုနေရာများတွင် ဘာသာရေးအုပ်စုများလည်းပါဝင်နေသည်။ဆုံးဖြတ်ချက်များအပေါ် ဘာသာရေးအုပ်စုများက လွမ်းမိုးမှုရှိသည်။

(ခ) ရိုဟင်ဂျာများနှင့်ပတ်သက်၍ ဖြစ်ပျက်နေသောမြန်မာ့လူ့အဖွဲ့အစည်း၏ တွေးရိုးတွေးစဉ် လုပ်ရိုးလုပ်စဉ်ပုံစံ ယဉ်ကျေးမှုဗျူဟာသည် အထက်တွင်ဖော်ပြခဲ့သောအချက်များနှင့်သက်ဆိုင်သည်။

မြန်မာ့လူ့အဖွဲ့အစည်း၏အမြင်တွင် ရိုဟင်ဂျာသည် မြန်မာအတွက် လူမျိုးစုမဟုတ်။

၎င်းတို့သည် မကြာခင်က ဝင်ရောက်လာသူများဟုထင်မြင်သည်။

ထိုသို့လက်မခံမှုက ရိုဟင်ဂျာများအတွ က် ခက်ခဲကြမ်းသောအခြေအနေများကို ပေါ်ပေါက်လာတော့သည်။

ရိုဟင်ဂျာများ၏ မိမိလူ့အဝိုင်းအဝန်းအတွင်း လက်ထပ်မှုပုံစံက လူဦးရေအချိုးအစားကို မြင့်မားလာစေသည်။

ဤအချက်အပေါ်  မြန်မာ့လူ့အဖွဲ့အစည်း၏ဘာသာရေးအုပ်စုများက ဘင်္ဂလားဒေ့ရှ်ကို ရည်ညွှန်းသည့်အနောက်အရပ်ကလာသော အစ္စလာမ်မစ်လိုက်ဇေးရှင်းအဖြစ် ဝါဒဖြန့်စရာဖြစ်လာသည်။

ရိုဟင်ဂျာများ၏လူဦးရေးအချိုးအစားတိုးပွားမှုသည် သရုပ်လက္ခဏာတခုကို စုစည်းနေမှုအဖြစ်ရှုမြင်လာကြသည်။

ဤရှုမြင်မှုက မြန်မာလူ့အဖွဲ့အစည်းအတွက် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုကို ဖြစ်စေသည်။

ဤအချက်က ရိုဟင်ဂျာများ မြန်မာပြည်မှကင်းစင်ရေးအား စစ်ရေးရှုဒေါင့်ဖြင့်ပြုရမည်ဟု မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ယေဘူယျအမြင်ကိုသော်လည်း ကောင်း၊မြန်မာစစ်တပ်၏အဓိကအမြင်အဖြစ်ရှိနေမှုကိုသော်လည်းကောင်းမြင် သာစေသည်။

စစ်ရေးပုံသဏ္ဍာန်ပြုမှုဖြင့် မြန်မာစစ်တပ်က ထိုအခြေအနေအား အဆုံးသတ်နိုင်မည်ဟုထင်ကြဟန်ရှိသည်။

၂၀၁၇ ခုနှစ်မှစ၍ ခုထိ ရိုဟင်ဂျာများ၏ ဒုက္ခသည် ဤအချက်ကြောင့်ဖြစ် သည်။

လက်ရှိပြဿနာအား ဗိုလ်ချုပ်၏သမီးတဦးနှင့်ဗိုလ်ချုပ်တဦးမှဖန်တီးခဲ့သည်။

ယခုမူကား ရိုဟင်ဂျာကိစ္စသည် ဗိုလ်ချု ပ်နှစ်ဦးထံတွင် မူတည်နေပြန်သည်။

ထိုနှစ်ဦးကား အာရက္ခတပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မြန်မာစစ်တပ်ဗိုလ်ချုပ်မင်းအောင်လှိုင်ဖြစ်သည်။

အာရက္ခတပ်တော်သည် မြန်မာစစ်တပ်၏ မှန်တချက်ကဲ့သို့ဖြစ်လာသည်။

မြန်မာစစ်တပ်သည်ကား ခေတ်သစ် မြန်မာနိုင်ငံကို မဖွဲ့စည်းခင်ကပင် ပေါ်ထားသည်။

ထို့ကြောင့် ထိုအချိန်ကပင် ယခုထိ နိုင်ငံရေးထဲတွင် လွမ်းမိုးမှုရှိသည်။

အာရက္ခတပ်တော်သည်လည်းသူ၏နိုင် ငံရေးအဖွဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)လို မဖွဲ့စည်းမှီကပင် ပေါ်လာသည်။

သို့ဖြစ်၍ နိုင်ငံရေးထဲတွင် လွှမ်းမိုးမှုရှိသည်

အချုပ်အားဖြင့် အဆိုပါစစ်ဘက်အင်စတီကျူးရှင်းနှစ်ခုစလုံးသည် နိုင်ငံရေးတွင်ပါ လွှမ်းမိုးမှုရှိသည်။

နိုင်ငံရေးနယ်ပယ်မှ ဆုံးဖြတ်ချက်အား အဆိုပါ အဖွဲအစည်းနှစ်ခုစလုံးနာခံသ ည်ဆိုခြင်းထက် အဆိုပါအဖွဲ့အစည်းများ၏ဆုံးဖြတ်ချက်ကို ၎င်းတို့၏ နိုင်ငံ ရေးအခင်းအကျင်းက နာခံနေရခြင်းကပိုများသည်။

စစ်ဘက်စိုးမိုးမှုလွှမ်းမိုးသော နိုင်ငံရေးအခြေအနေအောက်ရှိ စစ်တပ်တခုသည် အချိန်ကာလများကိုကျော်ဖြတ်ပြီးနောက် ရက်စက်ကြမ်းကြုတ်မှုဆီကိုရောက်ရှိလာသည်။

ဤအချက်ကို ပြန်လည်အမှတ်ရစေနိုင်ကောင်း၏။မြန်မာစစ်တပ်(တပ်မ တော်)သည်ကား အဆိုပါရက်စက်ကြ မ်းကြုတ်မှုတွင် ဆိုဖွယ်ရာခြွင်းချက်မရှိ ထိပ်ခေါင်အထိ။ 

ခြွင်းချက်အဖြစ် အာရက္ခတပ်တော်ကိုကော ရှူမြင်၍ရတန်ကောင်းပါမည်လော့။

ရက်စက်ကြမ်းကြုတ်သောစစ်တပ်တခုသည် ရက်စက်သောအခြားစစ်တပ်ကိုသာ အပြန်အလှန်လေးစားကြသည်။ အပြန်အလှန်ရှိန်ကြသည်။ဥပမာ- အီရန်နှင့်အစ္စရေးကိုနမူနာအဖြစ်ကြည့်နိုင်သ ည်။

အစောပိုင်းဖော်ပြချက်များအရရိုဟင်ဂျာများအပေါ် အကြပ်အတည်းဆိုက်စေသည်ထိ မြန်မာစစ်တပ်၏ပုံဖော်မှုတွင် အချက်ငါးချက်ရှိသည်။

ထိုအချက်ငါးချက်စလုံးကို မြန်မာစစ် တပ်ကပုံဖော်ခဲ့သည်။

ခြောက်ချက်မြောက်ကဒေသတွင်းပထ ဝီဝင်နိုင်ငံရေး ကစားကွင်းတွင်ဝင်ပါနေသောဇာတ်ကောင်များကြောင့် ပေါ်လာခြင်းဖြစ်သည်။

(၁) စစ်ဆင်ရေးပုံဖော်ခြင်း။

၂၀၁၁ခုနှစ်မှစတင်ကာ ဗိုလ်ချုပ်မင်းအောင်လှိုင် ကာကွယ်ရေးတွင် အကြီး အမှူးဖြစ်လာပြီးနောက် မပြီးပြတ်သေးသော လုပ်ငန်းစဉ်များ ရှိသည်ဟု ပြော
ခဲ့သည်။

ထိုအချိန်မှစ၍ ရိုဟင်ဂျာနှင့်မူဆလင်ဆန့်ကျင်ရေးကိစ္စရပ်များအား သတင်းမှားဖြန့်ခြင်း၊ဝါဒဖြန့်ချီခြင်း၊မီဒီယာလှု ပ်ရှားမှုများပြုခြင်းအပါအဝင် ၉၆၉ လှု ပ်ရှားမှုများ မြင့်တက်ခဲ့သည်။

ထိုဖြစ်စဉ်များအားလုံးက အဆုံးသတ်တွင် စစ်တပ်အနေဖြင့် စစ်ဆင်ရေးပုံဖော်ရန် အထောက်အကူပေးသော အ နေအထားတရပ်ကို ဖြစ်လာစေခဲ့သည်။

(ခ)တင်ကူးကြိုတင်စစ်ဆင်ရေး။

အဓိကစစ်ဆင်ရေးတခုကို အားဖြည့်ရန် တကြိမ်စီတကြိမ်စီ အကြိမ်ပေါင်းမန ည်း ကြိုတင်လှုပ်ရှားမှုများရှိသည်။

ထိုတကြိမ်စီတကြိမ်စီ အခါပေါင်းများစွာက အဓိကစစ်ဆင်ရေးအတွက် အ ထောက်အကူဖြစ်စေသည်။

၂၀၁၆ခုနှစ်အတွင်း လက်နက်ကိုင်ဆူပူမှုကို ရှင်းလင်းရေးအမည်တပ်သောမယူတောင်တန်းတွင် စစ်ဆင်ရေးသည်လည်း ထိုနည်းအတိုင်းဖြစ်သည်။

ရိုဟင်ဂျာကိုးသောင်းခန့်ကို ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာစေခဲ့သည်။

ဤအခြေအနေတွင် နိုင်ငံတကာအသို င်းအဝန်း၏တုန့်ပြန်မှုကို ယေဘုယျဆ န်ဆန်သာ လေ့လာလိုပြီး ဘင်္ဂလားဒေ့ရှ်၏တုန့်ပြန်မှုကို အသေးစိတ်လေ့လာရမည်ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝန်းသည်လည်း ဒါကာ၏ နိုင်ငံရေး၊သံတမန်ရေးနှင့်စစ်ရေးဆိုင်ရာအရ ပြန်လည်ရင်ဆိုင်လိုစိ တ်တွင် အားနည်းချက်များရှိနေခြင်းကို တွက်ချက်ပုံမှားကာ နားမလည်ခဲ့ပေ။

(ဂ) အဓိကစစ်ဆင်ရေး။

၂၀၁၇အတွင်းတွင် ပြုလုပ်သောအဓိ ကစစ်ဆင်ရေးတွင် လူမျိုးတုန်းသတ်ဖြ တ်မှု၊လူမျိုးရေးသန့်စင်မှုများထိဖြစ်ခဲ့
ပြီးရိုဟင်ဂျာ ၁.၁သန်းခန့်ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတော့သည်။

(ဃ) လက်စသိမ်းခြင်း။

လက်ရှိတွင်တော့ အာရက္ခတပ်တော်သ ည်ကျန်ရှိနေသောရိုဟင်ဂျာများကို နှင်ထုတ်နေသည်။

နှင်ထုတ်ပုံက တနိုင်တပိုင် အသုတ်လို က်အသုတ်လိုက် နှင်ထုတ်နေခြင်းဖြစ်သည်။

ရိုဟင်ဂျာကင်းစင်သော ရခိုင်ပြည်ဖြစ်သည်ထိ နိုင်ငံရေးရည်ရွယ်ချက်ပါနေသည်။

(င) ပဋိပက္ခအားအဆုံးသတ်ခြင်း။

ဤအပိုင်းတွင်တော့ အရပ်ဘက်နိုင်ငံ ရေးအာဏာအား ပြန်တည်ဆောက်မှုနှင့်အရပ်သားအုပ်ချုပ်ရေးအားအထိုင်ချခြင်းပါဝင်သည်။

ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်တွင် ရိုဟင်ဂျာများ၏မြေအား ရခိုင်အသိုင်း အဝိုင်းထံဖြန့်ဝေပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏မြေယာနှင့်ဆိုင်သောပြ
ဋ္ဌာန်းချက်များတွင် မီးလောင်ပြာကျသွားသောနေရာများနှင့်လူမနေတော့သည့်နေရာလွတ်များသည် လူ/ကယ်/ပြန် ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အောက်သို့ ရောက်သွားသည်။

တချိန်ချိန် ရိုဟင်ဂျာများမိမိရပ်ရွာသို့ပြန်နိုင်ခဲ့သော် မိမိမြေအားပြန်တောင်းရမည့်ကီစ္စသည် ဥပဒေကြောင်းအရ တိုက်ပွဲဝင်ရအုံးမည်ဖြစ်သည်။

(ဆ) ဒေသတွင်းပထဝီဝင်နိုင်ငံရေး။

ဤအချက်ကတော့ မြန်မာစစ်တပ်လုပ် ဆောင်သည့်အပိုင်းမဟုတ်ပေ။

ပထဝီဝင်နိုင်ငံရေးအရ နိုင်ငံတကာအဆင့်၊ဒေသတွင်းနိုင်ငံများအဆင့်နှင့်ရေခံမြေခံနယ်မြေအဆင့်များတွင် INGO များနှင့် NGOများက ပုံဖော်လာသည့် အပိုင်းဖြစ်သည်။

၎င်းတို့က ရိုဟင်ဂျာကိစ္စအား ဘင်္ဂလားဒေ့ရှ်လူ့အဖွဲ့အစည်းထဲသို့ အကျိုးအမြတ်အတွက် တွန်းပို့နေကြသည်။

ဤသို့ဆိုပါလျှင် ဘင်္ဂလားလူ့အဖွဲ့ အစည်းအတွက် မည်သည့်အမြင်၊မည်သည့်ရွေးချယ်မှုကို မဟာဗျူဟာမြောက် ကိုင်စွဲသင့်သနည်း။

သံတမန်ရေး၊နိုင်ငံရေး၊စစ်ရေးစသည့်ရွေးချယ်မှုများက စားပွဲဝိုင်းပေါ်တွင်ရှိသည်။

ထိုအရေးများထဲတွင် စစ်ရေးအပေါ် ဘင်္ဂလားဒေ့ရှ်ရော့၊ နိုင်ငံတကာကပါ ဘယ်သူမှဆန္ဒမရှိကြ။

ပို၍ရှင်းအောင်ဆိုရပါလျှင် ရိုဟင်ဂျာအရေးအတွက် စစ်ရေးပုံဖော်ရန် ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင် စွမ်းဆောင်ရည်ကွာဟချက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်လူ့အဖွဲ့အစည်းသည်လ ည်း ထိုကဲ့သို့စစ်ရေးဖြင့် ဖြေရှင်းမည့် ယဉ်ကျေးမှုနှင့်အကျွမ်းမဝင်ကြ။

အကျွမ်းလည်းဝင်လာစရာလည်းမရှိသ လို ဘင်္ဂလားဒေ့ရှ်စစ်တပ်၏စွမ်းဆောင်ရည်ကွာဟမှုမှာလည်း အချိန်တိုအတွ င်း ဖြည့်ဆည်းနိုင်စရာလည်းမရှိပေ။

အကယ်၍ ဘင်္ဂလားဒေ့ရှ်အတွက် စစ်ရေးသည် ရွေးချယ်စရာဟု ပြောကြလျှင် ဤအချက်သည် မြန်မာနှင့်စစ်မ က်ဖြစ်ရမည်ဟူသော အဓိပ္ပါယ်ဖွင့်ဆို
ချက်မျိုးတော့မဟုတ်ပေ။

ဤအချက်၏ အဓိပ္ပါယ်မှာ မူလရည် ရွယ်ချက်သည် စစ်ပွဲကိုရှောင်လွဲရန်၊ စစ်ပွဲကိုရပ်တန့်ရန်နှင့်လူမဆန်သော ညှင်းပန်းနှိပ်စက်မှုများကိုရပ်တန့်ရန်သာဖြစ်သည်။ (မြန်မာသည် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ဝေဟင်ထဲသို့ ၁၉ ကြိမ်ထက်မနည်းဝင်ရောက်ချိုးဖောက်မှုရှိခဲ့သည်။ အနည်းငယ်သောအကြိမ်ရေများအတွက် တာဝန်ယူ၊ တာဝန်ခံမှုမှလွှတ်ခဲ့သည်။ ထိုသို့ရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် အရေးဆိုနေမှုကရှိနေသည်။)

လက်ခံနိုင်လောက်သော ဟန့်တားမှုအား အထက်ဖော်ပြပါအပိုဒ် (ဃ)တွင် “ဖြစ်ပွားနေမှု (လက်စသိမ်းခြင်း) မျိုး “ ကို ရပ်တန့်စေရန်အတွက်အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါလိမ့်မည်။

ဤအချက်သည် ဘင်္ဂလားဒေ့ရှ်အနေဖြင့် စစ်ရေးရွေးချယ်မဟုတ်ဘဲ ဆောင်ရွက်နိုင်သည်။

သို့သော် နယ်ပါယ်တိုင်းရှုဒေါင့်တိုင်းအ တွက်လိုအပ်သော စွမ်းဆောင်ရည်များ ကွင်းဆက်လိုက်ဖြင့် ဆောင်ရွက်နိုင်ရန်လိုသည်။

အကယ်၍ စစ်ရေးသည်ရွေးချယ်စရာများထဲမှတခုဆိုလျှင်ထိုကဲ့သို့ဆိုနေသူ များအနေဖြင့် မြန်မာဘက်အခြမ်းတွင် ဖြစ်နေသော စစ်ရေးပဋိပက္ခအပေါ် မည်သို့ရှူမြင်ပါသနည်း။ 

သို့မဟုတ် စိတ်ရှည်စွာ မဟာဗျူဟာမြောက်အခြေအနေကို စောင့်ကြည်နေမှုသည်အကျိုးရှိသည်ဆိုလျှင်တောင် ထိုအနေအထားကို မနှစ်မြို။

သို့ဖြစ်၍  မြန်မာ၏စစ်ဘက်အင်စတီကျူးရှင်းများထံ သတင်းစကားပေးပို့စေချင်သည်ဆိုလျှင် ထိုပေးပို့စေချင်သည့်သတင်းစကားတွင် မည်သည့်အ ချက်များပါသင့်သည်သနည်း။

အဆိုပါအချက်များကိုလည်းထိုသို့ အရေးဆိုနေသူများကချပြပေးသင့်သည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် မည်သို့ပင်ဖြစ်စေ မိမိသဘောထားကိုတော့ ဆုံးဖြတ် ချက်ချရမည်ဖြစ်သည်။

ထိုဆုံးဖြတ်ချက်အတွက် သက်ရောက်လာမည့်အရာများရှိနေမည်။အားတက်စရာများလည်းရှိနေမည်။လှုပ်ရှားဆော င်ရွက်စရာများလည်းရှိနေမည်။

ထိုရှိနေမည့်အရာများသည် အာရက္ခတ ပ်တော်(AA)၊မြန်မာစစ်တပ်၊မြန်မာလူ့ အဖွဲ့အစည်းဆိုသည့် အဓိကအစိတ်အ ပိုင်းသုံးရပ်နှင့် ဆက်စပ်နေမည်ဖြစ်သ ည်။

“ဘင်္ဂလားဒေ့ရှ်အနေဖြင့် ထိုအစိတ်အပိုင်းသုံးရပ်နှင့်ဆက်စပ်နေသည့်ရွေးချယ်မှုကို လိုလည်းလိုအပ်နေသည်။”

ထိုအစိတ်အပိုင်းသုံးရပ်လုံးအပေါ် ရှင်း လင်းသော နိုင်ငံရေးသတင်းစကားတခုတော့ ပါးရမည်ဖြစ်သည်။

မြန်မာလူ့အဖွဲ့စည်းနှင့်အာရက္ခတပ်တော်အနေဖြင့် အချက် (ဃ)ပါ လက်စသိမ်းခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်လိုအပ်ကြောင်း သတင်းစကားပါးရမည်ဖြစ်သည်။

အကယ်၍ လက်စသိမ်းခြင်းအား ဆက်လက်ဖော်ဆောင်နေပါက ပြန်လည်သက်ရောက်လာမည့် အကျိုးတရားသည် လက်စသိမ်းခြင်းမှ ရရှိသည့်ရလဒ်ထက် ပို၍ကြီးမားမည်ကိုလည်း သတင်း စကားပါရမည်ဖြစ်သည်။

လက်ရှိအခင်းအကျင်းတွင် ရခိုင်လူထု အဝိုင်းအဝန်းသည် ယေဘုယျအားဖြင့် ဖယ်ကျဉ်ထားခံနေရသည်။

အာရက္ခတပ်တော်သည်လည်း အဓိကအားဖြင့် ဖယ်ကျဉ်ထားခံနေရသည်။

ရခိုင်လူထုသည်လည်းကောင်း၊ အာရက္ခတပ်တော်သည်လည်းကောင်းအရင်းအမြစ်ချို့တဲ့သောစီမံခန့်ခွဲမှုအောက်တွင် အခက်အခဲနှင့် ဒုက္ခများကို ရင်ဆိုင်နေရသည်။

“အကယ်၍အချက်(ဃ)ပါ လက်စသိမ်းခြင်းကို ရပ်တန့်ပါက ရခိုင်လူထုနှင့် အေအေအတွက်အသက်ရှုရှောင်စေသည့် အရင်းအမြစ်များ၊ လူသားချင်းစာနာထောက်ထားမှုများက ဘင်္ဂလားဒေ့ရှ်ဘက်ကမှ ပိုမိုရောက်လာနိုင်သည်။”

ပရော်ဖက်ဆာအီမ်တီယဇ်အာမတ် (Professor Imtiaz Ahmed)အဆိုအရ မာရှယ်စီမံကိန်းအငယ်စား ( miniMarshall Plan)စီမံကိန်းတခုသည် နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများရှိ မိတ်ဘက်များနှင့်ပူးပေါင်းဖော်ဆောင်ပါက အလုပ်ဖြစ်လာစရာရှိသည်။

ထိုစီမံကိန်းတွင် စီးပွားရေးဆိုင်ရာအ တားအဆီးများမှလွတ်မြောက်ကြခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်ကောင်းမွန်သောလူမှုဘဝအတွက် အကောင်အထည်ဖော်ခြ င်းများပါဝင်သည်။

ထိုစီမံကိန်းမျိုးကသာ ဘင်္ဂလားဒေရှ်- အိန္ဒိယ-မြန်မာ သုံးပွင့်ဆိုင်နယ်စပ်နေရာများမှ ပြည်သူလူထုအတွက်အဆင်ပြေအကျိုးဖြစ်ထွန်းမည်ဖြစ်သည်။

ဤကဲ့သို့ စီမံကိန်းမျိုးက ပဋိပက္ခရပ်ဝ န်းရှိ ပြည်သူလူထုများအတွက် တဦးနှင့်တဦးပြန်လည်ပေါင်းစည်းရန်လည်းအထောက်အကူဖြစ်လာမည်ဖြစ်သည်။

Daily Sun သတင်းစာတွင်ဖော်ပြထားသော Mohammad Mahfuzur Rahman ၏ Understanding the Rohingya Issue: Military Dimension ဆောင်းပါးအား ဘာသာပြန်ဖြစ်သည်။)

ဆောင်းပါး မူရင်းလင့် – https://www.daily-sun.com/post/831370

PrevPreviousရေဖြူမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ့်သုံးဦးသေဆုံး
Nextမိုးမိတ်မြို့နယ်မှာ လေကြောင်းတိုက် ခိုက်ခံရလို့ ကလေးနှစ်ဦးအပါအဝင်ခုနှစ်ဦးသေဆုံးNext
Previous Post

ရေဖြူမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ့်သုံးဦးသေဆုံး

Next Post

မိုးမိတ်မြို့နယ်မှာ လေကြောင်းတိုက် ခိုက်ခံရလို့ ကလေးနှစ်ဦးအပါအဝင်ခုနှစ်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page