Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ဆောင်းပါး နိုင်ငံရေး သတင်း

ကျင်နာ၊ မိန့်ကျားလားနှင့် ဘက်စည်းခြားခြင်း

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ အောက်တိုဘာ ၁၄။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးယောင်ဝမ်၏ကော့စ်ဘဇားအစည်းအဝေးတွင်ဆွေးနွေးချက်…။

ပြီးခဲ့သည့်ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကုလသမဂ္ဂအထွေထွေညီ လာခံအတွက်ကျင်းပခဲ့သောရိုဟင်ဂျာအရေး Stakeholder နိုင်ငံတကာညီ လာခံဆွေးနွေးပွဲ၌ ကဏ္ဍအလိုက်ဆွေး နွေးမှုများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင် ရာတရုတ်သံအမတ်ကြီးလည်းတက်ရောက်ဆွေးနွေးခဲ့သည်။

ထိုဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာသံအမတ်ကြီးမစ္စတာယောင်ဝမ် (Yao Wen)၏ ပြောကြားချက်အချို့ကို ဘင်္ဂလားဒေ့ရှ်သတင်းဌာနများလည်း ဖော်ပြခဲ့ကြသည်။

ထိုဖော်ပြချက်များကို အနှစ်ချုပ်ပါက အောက်ပါအချက်များကို တွေ့ရသည်။

  • ၁။ ရခိုင်တွင် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခြင်း၊
  • ၂။ နေရပ်ပြန်ရေးသည်သာ ရေရှည်တ ည်တံ့မည့်တခုတည်းသောဖြေရှင်းချ က်ဖြစ်ကြောင်း အလေးထားပြောကြားခြင်း၊
  • ၃။ တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာကြား တွေ့ဆုံဆွေးနွေးရေးနှင့် နေရပ်ပြန်ရေးကို အားပေးကူညီရာတွင် ရှေ့တန်းမှပါဝင်ခဲ့ကြောင်း ဖော်ပြခြင်း၊
  • ၄။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်ဘင်္ဂလားဒေ့ရှ်-မြန်မာသဘောတူညီချ က်ကိုလေးစားပြီး ထောက်ပံ့ကူညီမှုများ တိုးမြှင့်ရန်တောင်းဆိုခြင်း၊

သံအမတ်ကြီးဝမ်ယောင်၏ပြောကြားချက်များတွင် အသေးစိတ်အချက်များကိုကြည့်ပါက စိတ်ဝင်စားစရာအချက်များကိုလည်းထပ်တွေ့ရသည်။

သံအမတ်ကြီးက…

  • ၁။ ဘင်္ဂလားဒေ့ရှ်အတွက် ဝန်ထုတ်ဝန် ပိုးဖြစ်နေခြင်း။
  • ၂။ နိုငျငံတကာအသိုငျးအဝနျးမှဘငျ်ဂလားဒေ့ရှ်ကို ထောက်ခံရန်လိုခြင်း။
  • ၃။ ပဋိပက္ခ၏ Stateholderအချို့က ကန့်ကွက်နေပါစေ ဘင်္ဂလားဒေ့ရှ်နှင့်မြန် မာသည် နေရပ်ပြန်ရေးကို ကိုင်စွဲသင့်ခြင်း။
  • ၄။ နေရပ်ပြန်ရေးအတွက် သက်ဆိုင်သူ များအားလုံး ဘုံသဘောထားတခုကို တည်ဆောက်သင့်ခြင်း။
  • ၅။ နေရပ်ပြန်ရေးအစီအစဉ်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာကြားတိုက်ရို က်ဆွေးနွေးချက်သာဖြစ်သင့်ခြင်း။
  • ၆။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာသဘောတူညီချက်ကို လေးစားခြင်း၊ ယုံကြည်မှုပေးခြင်း၊ မတူကွဲပြားချက်များကြားအဖြေကိုရှာနိုင်ရန် ထောက်ပံ့ကူညီမှုများ တိုးမြှင့်ရန်လိုခြင်း။
  • ၇။ ရခိုင်ပြည်တွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုခြင်း။
  • ၈။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ အကြပ်အတည်းသည် ကြာ​​မြင့်လာပါက ပဋိပက္ခအသစ်တခုကို ဦးတည်နေနိုင်ခြင်း။” စသည့်အချက်များကို မီးမောင်းထိုးပြထားသည်။

မစ္စတာယောင်ဝမ်က အပစ်အခတ်ရပ်စဲခြင်းနှင့်ပတ်သက်၍ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်ကြားတွင် တရုတ်အနေဖြင့် ဝင်ရောက်ညှိနှိုင်းပေးမှုများရှိနေသော်လည်း ဖြစ်ပေါ်နေသောပဋိပ က္ခများက နေရပ်ပြန်ရေးကို ရပ်တန့်နေစေကြောင်းပြောခဲ့ပြီး အပစ်အခတ်ရပ်စဲရန်လည်း တောင်းဆိုခဲ့သည်။

QIMN နေရပ်ပြန်ရေးသဘောထား

တရုတ်အနေဖြင့် နေရပ်ပြန်ရေးနှင့်ပတ် သက်၍အတိတ်ကာလက တရုတ်- မြန် မာ -ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံ သဘောတူချက်ရရှိခဲ့ကြောင်းဆိုသည်။

၂၀၂၃ ခုနှစ်၊ဧပြီလတွင် ထိုသဘောတူညီချက်နှင့်ပတ်သက်၍အချိန်သတ်မှ တ်ချက်မူဘောင်ကို ဒုဝန်ကြီးများအဆင့်ဆွေးနွေးခဲ့ကြပြီး ၂၀၂၃ ခုနှစ်အကုန်ပိုင်းတွင် ရိုဟင်ဂျာအရေအတွက်ငါး
ထောင်မှခြောင်ထောင်ထိ ပြန်လည်နေ ရာချထားရမည်ဖြစ်သော်လည်း ထိုအစီအစဉ်ရပ်တန့်သွားရကြောင်းပြောခဲ့သည်။

(ဘင်္ဂလားဒေ့ရှ်နှင့်ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါက တရုတ်ရပ်တည်ချက်အား အရိပ်အမြွက်ပြောကြားမှု)

ရခိုင်မှနေရပ်စွန့်ခွာသူများသည် ဘင်္ဂလားဒေ့ရှ်အတွက်ဝန်ထုတ်ဝန်ပိုးကို ဖြစ် လာစေပြီး လူမှုတည်ငြိမ်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးမှုများကို ထိခိုက်စေသည့်အပြင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်ကြားဆက်ဆံရေးနှင့် ဒေသတွင်းနိုင်ငံများ၏ငြိ မ်းချမ်းရေးကိုလည်းထိခိုက်စေကြောင်း ပြောကြားခဲ့သည်။

သို့ဖြစ်၍နိုင်ငံတကာအသိုင်းအဝန်းအ နေဖြင့် ဘင်္ဂလားဒေ့ရှ်အပေါ် ပိုမိုထော က်ခံပေးရန်လိုအပ်ကြောင်းကိုလည်း ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် နေ ထိုင်ရှင်သန်မှုအကြပ်အတည်းများက နောက်ထပ်ပဋိပက္ခအသစ်ဆီကိုဦးတ ည်လာနိုင်ပြီးနိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာ
ထောက်ထားမှုဆိုင်ရာအကူအညီများပေးရန်လိုအပ်ကြောင်းလည်း ပြောခဲ့သ ည်။

ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ်၏ အဆိုပြုချက် ၇ ချက်…။

ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ် (Professor Muhammad Yunus) က ၂၀၂၅ခုနှစ်၊စက်တင်ဘာလတွင် ကုလ သမဂ္ဂအထွေထွေညီလာခံ(UNGA) ရိုဟင်ဂျာအရေးအဆင့်မြင့်ညီလာခံ (High-Level Conference on the Situation of the Rohingya Muslims and Other Minorities in Myanmar) တွင် အဆိုပြုချက် ၇ ချက်ကိုတင်ပြခဲ့သည်။

၁။ နေရပ်ပြန်ရေးအတွက် လက်တွေ့ကျသည့်လမ်းပြမြေပုံ ရေးဆွဲချမှတ်ခြင်း၊

ရခိုင်ကို ကျိုးကြောင်းဆီလျော်စွာ တ ည်ငြိမ်မှုရရှိရေးနှင့်ချိတ်ဆက်၍ရိုဟင်ဂျာများဘေးကင်းလုံခြုံပြီးဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက်တိကျလက်တွေ့ကျသည့် လမ်းပြမြေပုံကို ဖန်တီးရန်၊

၂။ အကြမ်းဖက်မှုရပ်တန့်ရန်နှင့်နေရပ်ပြန်ရေးစတင်ရန် ထိရောက်စွာဖိအားပေးခြင်း၊

ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်စေရန်မြန်မာအာ ဏာပိုင်များ(နှင့်အာရက္ခတပ်တော်)အ ပေါ် ထိရောက်သော ဖိအားပေးမှုများ ပြုလုပ်ရန်၊

မကြာသေးမီက ဘင်္ဂလားဒေ့ရှ်သို့ ရော က်ရှိလာသူများနှင့်မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာရသူများ(IDPs) မှစတင်၍ ရေရှည်တည်တံ့သောနေရပ်ပြန်ရေးလုပ်ငန်းစဉ်ကိုစတင်ရန်၊

၃။ ရခိုင်ပြည်တည်ငြိမ်ရေးအတွက်အ ကူအညီနှင့်အရပ်သားများ စောင့်ကြည့်မှုတပ်ဖြန့်ခြင်း၊

  • ရခိုင်ပြည်တည်ငြိမ်ရေးအတွက် နိုင်ငံတကာအထောက်အပံ့များကိုစုစည်းရန်၊
  • တည်ငြိမ်ရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်ရန်နှင့်ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ရန် နိုင်ငံတကာမှအရပ်သားများကိုနေရာချထားရန်၊

၄။ ယုံကြည်မှုတည်ဆောက်ရေးနှင့်ပေါ င်းစည်းရေးကိုပံ့ပိုးခြင်း၊

  • ရိုဟင်ဂျာများ ၎င်းတို့၏နေရပ်သို့ ပြန်လာသည့်အခါ ရခိုင်လူ့အဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးတွင် ရေရှည်တည်တံ့စွာ ပေါင်းစည်းနိုင်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ အစီအမံများကို ပံ့ပိုးကူညီရန်၊

၅။ ပူးတွဲတုံ့ပြန်ရေးအစီအစဉ်(JRP)အ တွက် ရန်ပုံငွေအပြည့်အဝစုဆောင်းခြ င်း၊

  • ရန်ပုံငွေပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသော ပူးတွဲတုံ့ပြန်ရေးအစီအစဉ်(JRP) တွင် ဖော်ပြထားသည့် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များအတွက် ရန်ပုံငွေအပြည့်အဝရရှိစေရန်အလှူရှင်များ၏ထည့်ဝင်ငွေများကို စုစည်းဆောင်ရွက်ရန်၊

၆။ တာဝန်ယူမှု၊တာဝန်ခံမှုနှင့်နစ်နာမှုပြ န်လည်ကုစားရေးဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်ခြင်း၊

  • ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ယူမှု၊တာဝန်ခံမှုနှင့်နစ်နာမှု ပြန် လည်ကုစားရေးဆိုင်ရာ တရားမျှတမှုကို ဆက်လက်ဖော်ဆောင်ရန်၊

၇။ မူးယစ်ဆေးဝါးစီးပွားရေးကို ဖျက် သိမ်းပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ခြင်း၊

ဒေသတွင်းငြိမ်းချမ်းရေး၊လုံခြုံရေးနှင့် ဘင်္ဂလားဒေ့ရှ်၏လူမှုရေးတည်ဆောက်ပုံကို ထိခိုက်စေသောမူးယစ်ဆေးဝါးစီးပွားရေးကို ဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ(လူကုန်ကူးမှုကဲ့သို့သော)ကို တိုက်ဖျက်ရန်။

ဤတွင် တရုတ်သံအမတ်ကြီးယောင်ဝမ်က”ရခိုင်ပြည်မှနေရပ်စွန့်ခွာသူများသည်ဘင်္ဂလားဒေ့ရှ်အတွက် ဝန်ထုတ်ဝန်ပိုးကိုဖြစ်လာစေပြီးလူမှုတည်ငြိမ်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးမှုများကို ထိခို က်စေသည့်အပြင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်ကြား ဆက်ဆံရေးနှင့်ဒေသတွင်းနိုင်ငံများ၏ငြိမ်းချမ်းရေးကိုလည်း ထိ ခိုက်စေသည်ဟူသော ပြောကြားမှုနှင့် မိုဟာမက်ယူနွတ်စ်၏ယုံကြည်မှုတည်ဆောက်ရေးနှင့် ပေါင်းစည်းရေးကို ပံ့ပိုးခြင်းဆိုသည့်အဆိုပြုချက်ကို နှိုင်းယှဉ်ကြည့်လိုပေသည်။

နှစ်ဦးစလုံးက ရခိုင်ပြည်၏ တည်ငြိမ်ရေးအရေးကြီးမှုကို လက်ခံသည်။

ရခိုင်လူ့အဖွဲ့အစည်းနှင့်ရိုဟင်ဂျာလူ့အ ဖွဲ့အစည်းကြား သဟဇာတကျမှုမှာ လိုအပ်ချက်ဆိုသည့်ရှုဒေါင့်အပေါ်တွင်လ ည်း တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်အတွက် လက်ခံနိုင်မည့် စည်းလည်းဖြစ်သည်။

ဤအချက်အကောင်အထည်ပေါ်ဖြစ် ထွန်းလာလျှင်လည်း ရခိုင်ပြည်အတွက် ပိုကောင်းမွန်လိမ့်မည်။

ULA/AA အနေဖြင့် ထိုလူ့အဖွဲ့အစည်းနှစ်ခုကြား သဟဇာတကျမှုကို အလေး ထားကြောင်းကို ဖော်ပြနေမှုလည်းရှိသည်။

အောက်ခြေ၌ လူ့အခွင့်အရေးချိုးဖောက်မှု၊ မလေးစားမှုများလည်းရှိနေသည်။

ULA/AAအနေဖြင့် ထိန်းချုပ်နိုင်သောဒေသများတွင် လူ့အခွင့်အရေးကို လေးစားသည့် ပုံရိပ်ကောင်းများကို ဖော်ပြရန်လည်းလိုသည်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရှိ လူထုရင်ဆိုင်နေရသော အကြပ်အတည်းများ၊ အခက်အခဲများအပေါ်တွင် နားလ ည်စာနာမှုကိုလည်း ဖော်ပြနိုင်ရန်လိုပေသည်။

ဒုက္ခသည်စခန်းရှိ တရားလက်လွတ်ပြုခံရသူများ၊ရာဇဝတ်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်နိုင်ရန်အားထုတ်သည့် သတင်းစကားများကို ပါးပေးသင့်သည်။

ထိုအချက်ကို ဖော်ပြရန် ULA/AAနှင့် ရခိုင်လူမှုအသိုင်းအဝိုင်းသည်လည်း ယခုအချိန်ထိ လစ်ဟာနေဆဲဖြစ်သည်။ (ဤအချက်သည် လူထုကိုချဥ်းကပ်မှုဖြစ်ပြီး အာဏာပိုင်အချင်းချင်းဆက် ဆံရေးနှင့်မရောထွေးသင့်ချေ။)

အာရက္ခအဓိပ္ပါယ်သည်ရခိုင်ပြည်ရှိ လူမှုအသိုင်းအဝန်းအားလုံးကို ရည်ညွှန်းသည်ဟု ဖွင့်ဆိုလျှင် ထိုလူမှုအသိုင်းအဝန်းများ၏လူ့အခွင့်အရေးကို တတ်နိုင်သည့်ဘက်ကအကောင်အထည်ဖော်ပြနေခြင်းသည်လည်း အခြားတဖက်တွင် အကြမ်းဖက်မှုနှင့် အကြမ်းဖက်အဖွဲ့များကို အင်အားလျော့လာစေမည်ဖြစ်သည်။

ရခိုင်ပြည်ရှိလူမှုအသိုင်းအဝန်းများကြားတင်းမာမှုဖြစ်နေလျှင် အထိခိုက်ဆုံးမှာ ရခိုင်ပြည်သာဖြစ်နေမည်ဖြစ်သ ည်။

ရခိုင်ပြည်၏လက်ရှိအခင်းအကျင်းများတွင် ပြည်တွင်းရေးကိုကျော်၍ ဒေသတွင်းနိုင်ငံများထိ ရိုက်ခတ်မှုရှိနေသောအခင်းအကျင်းများလည်း ဖြစ်နေခဲ့ပြီးဆိုသည်ကိုလည်းသတိပြုသင့်သ ည်။

သို့ဖြစ်၍ ရခိုင်ပြည်၏လူမှုအသိုင်းအဝန်းထဲရှိအစိတ်အပိုင်းများကြားအပြန်အလှန်ဘက်စည်းခြားအမုန်းတရားများစေမည့်လုပ်ရပ်များကိုလည်းဘက်အ သီးသီးက ရှောင်ရှားသင့်သည်။

“ကျင်နာ”( চীন)ဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်စကားဖြင့် တရုတ်ကို ခေါ်သောအမ ည်ဖြစ်သည်။

“မိန့်ကျားလား”(​孟加拉 (Mèngjiālā)) ဆိုသည်မှာ တရုတ်က ဘင်္ဂလားဒေ့ရှ် ကိုခေါ်သောအမည်ဖြစ်သည်။

ကျင်နာနှင့်မိန့်ကျားလား အချင်းချင်း အဆင်ပြေလျှက် ကောင်းပါ၏။

သူတို့အချင်းချင်း ကျင်နာ၊မိန့်ကျားလား ပိုမိုခိုင်မြဲနေလျှင်လည်း ဝမ်းမြော က်ရမည်ကိစ္စသာဖြစ်ပေသည်။

သို့ရာတွင် အခက်အခဲမျိုးစုံအောက်တွင်ရပ်တည်နေရသော ရခိုင်ပြည်၏ လူမှုအသိုင်းအဝန်းအစိတ်အပိုင်းများကြားတွင်အမုန်းတရားများလာပြီး အ ချင်းချင်းနာကျင်စရာများဖြင့်ကျင်နာကာ အချင်းချင်းအပြန်အလှန်အစိမ်းလိုက်ဝါးစားမည့် မိန့်ကျားလားတော့ မဖြစ်စေချင်ပေ။

ကိုးကား…

  • https://www.bayofbengalpost.com/news/yunus_proposes_7_point_plan_un_rohingya_repatriation?hl=en-GB
  • https://www.bssnews.net/news-flash/317065?hl=en-GB
  • https://bayofbengalpost.com/news/china_rohingya_repatriation_envoy?hl=en-GB
PrevPreviousနတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ
Nextလွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံးNext
Previous Post

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

Next Post

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025
(ဓာတ်ပုံ - အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့နတ်ရေကန်ဗျူဟာကုန်းကြီးမှကမ္ဘာ့လုံးအထိုင်ကာကင်းစခန်းကြီး / AA)

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

October 13, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

ကျင်နာ၊ မိန့်ကျားလားနှင့် ဘက်စည်းခြားခြင်း

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

Releated Post

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

ကျင်နာ၊ မိန့်ကျားလားနှင့် ဘက်စည်းခြားခြင်း

October 14, 2025
(ဓာတ်ပုံ - အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့နတ်ရေကန်ဗျူဟာကုန်းကြီးမှကမ္ဘာ့လုံးအထိုင်ကာကင်းစခန်းကြီး / AA)

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

October 13, 2025

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

October 13, 2025

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

October 13, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page