Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး

အမေရိကန်ကလူကုန်ကူးခံရမှုအစီရင် ခံပြီးနောက်ပိုင်း ဘင်္ဂလား​ဒေ့ရှ်မှာ ဖမ်းဆီးပြ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ အောက်တိုဘာ ၃၁။

ဘင်္ဂလားဒေ့ရှ်ဒိုင်ငံရဲ့လူကုန်ကူးခံရမှု အစီရင်ခံစာ(TIP)ကို အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှပြီးခဲ့တဲ့စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ ၂၀၂၄ ခုနှစ်အ တွင်း ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူကုန်ကူးခံမှုတွေနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြမှုတွေပါပါတယ်။

အဲဒီအစီရင်ခံစာထွက်လာပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အာဏာပိုင်တွေဟာ လူကုန်ကူးခံရမှုတွေကို တိုက်ဖျက်မှုတချို့ရှိလာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအာဏာပိုင်တွေဟာအောက်တိုလာလထဲမှာ လူကုန်ကူးခံရသူ ၁၀၉ ဦး ကယ်တင်ထားနိုင်တယ်လို့ဆိုပါတယ်။

အဲဒီအစီရင်ခံစာထွက်လာပြီးနောက်ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်နဲ့ရေတပ်ဟာ အောက်တိုဘာလ ၃ ရက်နေ့က ဘဟာရ်ခြဟာရာတောင်ကုန်းတဝို က်မှာ ရိုဟင်ဂျာ ၃၉ ဦးကို လူကုန်ကူးသူတွေလက်ထဲက ကယ်ခဲ့ပါတယ်။

အဲဒီနောက်ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဟာ အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ ရိုဟင်ဂျာတွေအပါအဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၄ ဦးကိုကယ်ခဲ့သလို အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရိုဟင်ဂျာ ၂၆ ဦးကို ကယ်ခဲ့ပါတယ်။

အဲဒီရိုဟင်ဂျာအမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအဝင် ဘင်္ဂလား​ဒေ့ရှ်အာဏာပိုင်တွေ ကယ်တင်လိုက်သူ ၁၀၉ ဦးရှိပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းထဲက လူကုန်ကူးမှုတွေထဲမှာ ရာဇဝတ်ဂိုဏ်းတွေ၊ ရိုဟင်ဂျာလက်နက်ကိုင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အာဏာပိုင်တချို့ပါဝင်ပတ်သက်နေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေ ထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် လူကုန်ကူးခံရသူတွေကို ကယ်တင်ရာမှာ လူကုန်ကူးသမားတွေကို ဖမ်းဆီးရမိအပြစ်ပေးအရေးယူမှုတွေ အားနည်းနေဆဲပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ TIPအစီရင်ခံစာမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ လူကုန်ကူးမှုတွေလျော့ကျသွားအောင် အားထုတ်မှုမရှိဘူးလို့ ဆို ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဥပေဒ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ရေပြင်နဲ့ပင်လယ်ပြင်ဇုန်နယ်နိမိတ်ဥပဒေပြင်ဆင်ချက် ၂၀၂၁ ခုနှစ် (Territorial Waters and Maritime Zones (Amendment) Act, 2021) ပုဒ်မ ၁၀ အရ ပင်လယ်ပြင်ထဲမှာ လူကုန်ကူးမှုဖြစ်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၂၀၁၂ခုနှစ်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအက်ဥပဒေအရ အရေးယူရမ ယ်လို့ ဆိုပါတယ်။

ပင်လယ်ရေကြောင်းမှ လူကုန်ကူးမှုကို ပုဒ်မ ၁၀ မှာ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

“၁၀။ ပင်လယ်ရေကြောင်းမှလူကုန်ကူးခြင်း။

ပင်လယ်ရေကြောင်းမှလူကုန်ကူးမှုဖြစ်ပွားပါက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အက်ဥပဒေ၊ ၂၀၁၂ ခုနှစ် (၂၀၁၂ ခုနှစ်၊အက်ဥပဒေအမှတ် ၃)ရဲ့ပြဋ္ဌာန်းချက်တွေအကျိုးသက်ရောက်စေရမယ်လို့ ဆိုထားပါတယ်။

ရှင်းလင်းချက်

(လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအက် ဥပဒေ၊ ၂၀၁၂ ခုနှစ်၊ အက်ဥပဒေအမှတ် ၃) မှာ မည်သို့ပင်ပါရှိစေကာမူ၊ ဤပုဒဒ်မ၏ ရည်ရွယ်ချက်အတွက် ပင်လယ်ရေကြောင်းမှလူကုန်ကူးခြင်းဆိုသည်မှာ၊ “လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရန်၊ နှောင့်ယှက်ရန်နဲ့လုပ်အားခေါင်းပုံဖြတ်ရန်” ဟူသော ရည်ရွယ်ချက်များဖြင့်၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်း သို့မဟုတ် အခြားပုံစံဖြင့်
“နိုင်အထက်ပြုခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ စည်းရုံးခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ အကြမ်းဖက်ခြင်း၊ အာဏာအလွဲသုံးစားပြုခြင်း သို့မဟုတ် အားနည်းချက်ကို အခွင့်ကောင်းယူခြင်း သို့မဟုတ် အခြားသူတဦးအပေါ် ထိန်းချုပ်မှုရှိသူ၏ သဘောတူညီချက်ရရှိစေရန်အတွက် ငွေပေးချေမှုများ သို့မဟုတ် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်များကို ပေးအပ်ခြင်း သို့မဟုတ် လက်ခံခြင်း ဟူသည့် နည်းလမ်းများဖြင့်၊ လူတဦးအား စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း၊ လဲလှယ်ခြင်း၊နှင်ထုတ်ခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း၊အတင်းအကျပ် ပြည့်တန်ဆာပြုလုပ်စေခြင်း သို့မဟုတ် ကျွန်ပြုခြင်း၊ပြန်ပေးဆွဲခြင်း၊ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် တခြား တရားမဝင်လုပ်ရပ်တခုခုတွင် ပါဝင်ပတ်သက်စေခြင်းများကို ဆိုလိုသည်။” လို့ ဖော်ပြထားပါတယ်။

အဲဒီဥပဒေပုဒ်မ ၂၄ နဲ့ ၂၅ မှာ ပြစ်မှုပြစ်ဒဏ်တွေနဲ့ပတ်သက်လို့လည်းဖော်ပြထားပါတယ်။

ပုဒ်မ ၂၄။ ပင်လယ်ပြင်မှာပင်လယ်ဓား ပြမှု၊လက်နက်ကိုင်ဓားပြမှု၊ရေကြောင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ခိုးမှုအတွက် ပြစ်ဒဏ်။

  • (၁) မည်သူမဆို ပင်လယ်ဓားပြမှု သို့မဟုတ် ရေကြောင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ပါက တသက်တကျွန်းထိ ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ပြီးထို့အပြင် ခုံရုံးသည် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သောသင်္ဘော သို့မဟုတ် ပစ္စည်းကို ပြန်လည်ပေးအပ်စေရန်နဲ့သိမ်းဆည်းရန်အမိန့်ချမှတ်နိုင်သည်” လို့ဆိုပါတယ်။
  • (၂) မည်သူမဆို ပင်လယ်ဓားပြမှု သို့မဟုတ် ရေကြောင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြံစည်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ပြုလုပ်ပါက ၁၄ နှစ်ထိ ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ပြီး ဒဏ်ငွေလည်း ချမှတ်နိုင်သည်” လို့ဆိုပါတယ်။
  • (၃) မည်သူမဆို ပင်လယ်ပြင်မှာ လက်နက်ကိုင်ဓားပြမှု ကျူးလွန်ပါက ၁၀(ဆယ်)နှစ်ထိ ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ပြီးဒဏ်ငွေလည်း ချမှတ်နိုင်သည်” လို့ဆိုပါတယ်။
  • (၄) မည်သူမဆို ခိုးမှုကျူးလွန်ပါက ၃ (သုံး)နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေဖြင့်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြင့်ဖြစ်စေချမှတ်ခံရမည်” လို့ဆိုပါတယ်။
  • (၅) မည်သူမဆို ဓားစာခံဖမ်းဆီးခြင်း၊ ပင်လယ်ဓားပြမှု၊ရေကြောင်းဆိုင်ရာ အကြမ်းဖက်မှုနှင့်ပင်လယ်ရေကြောင်း သွားလာမှု၏ဘေးအန္တရာယ်ကင်းရှင်းရေးကို ဆန့်ကျင်သောအခြားပြစ်မှုများ နှင့်သက်ဆိုင်သည့် နယ်ကျော်၍စနစ် တကျကျူးလွန်သော ရာဇဝတ်မှုလုပ် ရပ်တစုံတရာကို ကျူးလွန်ပါက (၂၀ ) နှစ်ထိ ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်ပြီး ၅ (ငါး)နှစ်အောက် မနည်းရ၊ သို့မ ဟုတ် တကာ ၁၀ (ဆယ်) ကုဋေအောက်မနည်းသော ဒဏ်ငွေချမှတ်ခံရမည်ဖြစ်ပြီး တကာ ၄၀ ကုဋေထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြင့် ဖြစ်စေ ချမှတ်ခံရမည်” လို့ဆိုပါတယ်။

ပုဒ်မ ၂၅။ ပုဒ်မ၂၄ အရ ပြစ်မှုကျူးလွန်စဉ် သေဆုံးမှုဖြစ်စေခြင်းအတွက် ပြစ်ဒဏ်။

ဤအက်ဥပဒေ၏ ပုဒ်မ၂၄ အရပြစ်မှု သို့မဟုတ် ပြစ်မှုကြံစည်မှုကျူးလွန်စဉ်တွင် မည်သူမဆို သေဆုံးမှု ဖြစ်စေပါက၊ထိုသူအား ရာဇသတ်ကြီး၊၁၈၆၀ ခုနှစ်(၁၈၆၀ ခုနှစ်၊အက်ဥပဒေ အမှတ် XLV)တွင် သေဆုံးမှုဖြစ်စေခြင်း သို့မ ဟုတ် သေဆုံးမှုဖြစ်စေရန် ကြံစည်ခြင်းအတွက် သတ်မှတ်ထားသော ပြဋ္ဌာန်းချက်များအရ အပြစ်ပေးခံရမည်” လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၂၀၁၂ ခုနှစ် လူကုန်ကူးမှုl တားဆီးနှိမ်နင်းရေးအက်ဥပဒေပုဒ်မ ၃ မှာတော့ လူကုန်ကူးမှုကို ခုလိုဖွင့်ဆိုထားပါတယ်။

(၁) “လူကုန်ကူးမှု” အဓိပ္ပာယ်

(၁) “လူကုန်ကူးမှု” ဆိုသည်မှာ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်အတွင်း သို့မဟုတ် အပြင်ဘ က်သို့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် သို့မဟုတ် ဖိနှိပ်ရန်၊အလုပ်သမား အမြ တ်ထုတ်ရန် သို့မဟုတ် အခြားသောပုံစံမျိုးစုံဖြင့် အမြတ်ထုတ်ရန် သို့မဟုတ် ဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်း၊ စုဆောင်းခြင်း သို့မဟုတ် လက်ခံခြင်း၊ နှင်ထုတ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊ ပို့ဆောင်ခြင်း သို့မဟုတ် ချုပ်နှောင်ထားခြင်း သို့မဟုတ် ခိုလှုံခွင့်ပေးခြင်းများကို အောက်ပါနည်းလမ်းများ တခုခုဖြင့် ပြုလုပ်ခြင်းဖြစ်သည်” လို့ဆိုထားပါတယ်။

  • (က) ခြိမ်းခြောက်ခြင်း သို့မဟုတ် အင် အားသုံးခြင်း၊သို့မဟုတ်
  • (ခ) လှည့်ဖြားခြင်း၊သို့မဟုတ် ထိုသူ၏ လူမှု-စီးပွားရေး၊ပတ်ဝန်းကျင်ဆိုင်ရာ သို့မဟုတ် အခြားသောနစ်နာလွယ်မှုအ ခြေအနေ(vulnerability)များကို အလွှဲ သုံးစားပြုခြင်း၊သို့မဟုတ်
  • (ဂ) ထိုသူအား ထိန်းချုပ်ထားသော ပုဂ္ဂို လ်၏ ခွင့်ပြုချက်ကို ရယူရန် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်များကို ပေး အပ်ခြင်း သို့မဟုတ် လက်ခံခြင်း။

(၂) ကလေးသူငယ် သားကောင်များအ တွက် အထူးသတ်မှတ်ချက်။

(၂)လူကုန်ကူးခံရသူသည် ကလေးသူ ငယ်ဖြစ်ပါက၊ပုဒ်မခွဲ (၁)၊အပိုဒ် (က)မှ (ဂ)တွင် ဖော်ပြထားသည့် ပြစ်မှုကျူး လွန်သည့် နည်းလမ်းများ တခုခုကို အ သုံးပြုသည်ဖြစ်စေ၊မအသုံးပြုသည်ဖြစ်စေအရေးမကြီးပေ။(ဆိုလိုသည်မှာ ကလေးဖြစ်နေသည်နှင့် လူကုန်ကူးမှု မြောက်သည်။)လို့ ဖွင့်ဆိုထားပါတယ်။

ရှင်းလင်းချက် (Explanation)

ဤပုဒ်မ၏ ရည်ရွယ်ချက်များအတွက်၊ မည်သည့်ပုဂ္ဂိုလ်မဆို အခြားသူတဦးအား လှည့်ဖြား၍ မကောင်းသော ရည် ရွယ်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်နိမိတ်အတွင်း သို့မဟုတ် အပြင်ဘက်သို့ အလုပ် သို့မဟုတ် ဝန်ဆောင်မှုအညတွက် ရွှေ့ပြောင်းရန်၊ ရွှေ့လာရန် သို့မဟုတ် ပြည်ပသို့ ရွှေ့ပြောင်းသွားရန် သွေးဆောင်ခြင်း သို့မဟုတ် အကူအညီပေးခြင်း ပြုလုပ်ပါက၊ ထိုသူသည် ယင်း ဂ္ဂိုလ်ကို ပုဒ်မ ၂၊ ပုဒ်မခွဲ (၁၅)တွင် ဖော်ပြထားသည့်အတိုင်း အစေခံကျွန်ကဲ့သို့ အမြတ်ထုတ်ခံရသည့် အလုပ်သမား အခြေအနေမျိုး သို့မဟုတ် အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်းမျိုး သို့မဟုတ် အခြားသောဖိနှိပ်မှု၊အမြတ်ထုတ်မှု ပုံစံများသို့ ရောက်ရှိစေမည်ကို သိလျက်နှင့် ပြုလုပ်ပါက၊ ထိုပြုလုပ်မှုသည် ပုဒ်မခွဲ(၁)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် “လူကုန်ကူးမှု” အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါဝင်သော အပြုအမူအဖြစ် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်” လို့လည်းဆိုပါတယ်။

ပုဒ်မ (၂) ထဲမှာ

အပိုဒ် (၁၀)အရ “လူကုန်ကူးမှုခံရသူ” သို့မဟုတ် “သားကောင်” ဆိုသည်မှာ ဤအက်ဥပဒေအရ လူကုန်ကူးမှုကျူးလွန်ခြင်းခံရသော ပုဂ္ဂိုလ်ကို ဆိုလိုပြီး၊ ထိုသူ၏ဥပဒေအရ အုပ်ထိန်းသူများ နှင့်အမွေဆက်ခံသူများကိုပါ ပါဝင်သ ည်” လို့ဆိုပါတယ်။

အပိုဒ် (၁၁)အရ

“လိမ်လည်မှု” ဆိုသည်မှာ အခြားသူများကို အလိုတူသည်ဖြစ်စေ၊ ပေါ့ဆသည်ဖြစ်စေ၊ မည်သည့် စကားလုံး၊ အပြုအမူ၊ စာချုပ်စာတမ်း သို့မဟုတ် စာရွက်စာတမ်းဖြင့်မဆို အမှန်တရား သို့မဟုတ် ဥပဒေနှင့်ပတ်သက်၍ လိမ်လည်ခြင်း သို့မဟုတ် သွေးဆောင်ခြင်းနှင့်လိမ်လည်သူ သို့မဟုတ် အခြားသူတဦး၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍လှည့်ဖြားခြင်း ကို ဆိုလိုသည်။

ထို့ပြင် ၁၈၇၂ ခုနှစ်၊ စာချုပ်ဥပဒေ (Act No. 9 of 1872)၊ ပုဒ်မ ၁၇ တွင် သုံးနှုန်းထားသော “လိမ်လည်မှု” အသုံးအနှုန်း၏အဓိပ္ပာယ်ကိုပါ ထည့်သွင်းစဉ်းစားသည် လို့ဆိုပါတယ်။

အပိုဒ်(၁၆)အရ “ဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်း” ဆိုသည်မှာ မည်သည့်နိုင်ငံသားဖြစ်စေ၊ မည်သည့်နေရာတွင် ရှိစေကာမူ၊ လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော အဖွဲ့အစည်း ကို ဆိုလိုပြီး ယင်းအဖွဲ့အစည်းသည် သတ်မှတ်ထားသော ကာလတခုအတွက် တည်ရှိကာ၊ အဖွဲ့ဝင်များသည် ဤအက်ဥပဒေအောက်ရှိ ပြစ်မှုများကို ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်” လို့ဆိုပါတယ်။

အပိုဒ်(၁၇)အရ “သဘောတူညီချက်” ဆိုသည်မှာ ပုဂ္ဂိုလ်တဦး၏ လွတ်လပ်စွာ၊သတိရှိစွာ ပေးအပ်ထားသော သဘောတူညီချက် ကို ဆိုလိုပြီး ယင်းသ ဘောတူညီချက်သည် ထိုသူ၏ အား နည်းသော အခြေအနေ (arising out of his or her weak position)မှ ဖြစ်ပေါ် လာသောလွှမ်းမိုးခြင်းခံရခြင်း မရှိသည့် အခြေအနေဖြစ်သည်” လို့ ဆိုပါတ ယ်။

ဘင်္ဂလားအစိုးရမူဝါဒ

ဥပဒေအရဘယ်သူမဆို (နိုင်ငံသား ဟုတ်ဟုတ်၊ မဟုတ်ဟုတ်)အကာအကွယ်ကိုပေးထားပေမယ့်ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မူဝါဒထဲမှာ ရိုဟင်ဂျာတွေကို တရားရုံးရဲ့ ဝန်ဆောင်မှုကိုရယူခွင့်က ပိတ်ပင်ခံထားရဆဲပါ။

နှစ်စဉ်ပွင့်လင်းရာသီရောက်လာရင် ဘင်္ဂလားပင်လယ်အော်မှာ ရိုဟင်ဂျာတွေဟာ(Boat People)အဖြစ် အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေကို ထွက်ခွာနေကြပြီး ပင်လယ်ပြင်ထဲမှာ ဘေးအန္တာရယ်ကျရောက်မှု၊နှိပ်စက်ခံရမှု၊ အသက်ဆုံးရှုံးမှုတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။

အဲဒီ(Boat People)ဖြစ်စဉ်တွေမှာလည်း ရာဇဝတ်မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ လက်နက်ကိုင်အုပ်စုတွေ ပါဝင်ပတ်နေတယ်လို့ ဆိုကြပါတယ်။

Sources…

  • https://bdnews24.com/bangladesh/ea1d03273d57
  • https://rohingyakhobor.com/39-rohingya-trafficking-victims-rescued-in-teknaf-hills/
  • https://www-dhakatribune-com.cdn.ampproject.org/v/s/www.dhakatribune.com/amp/bangladesh/nation/395152/26-rohingya-rescued-from-malaysia-boundbound

Territorial Waters and Maritime Zones (Amendment) Act, 2021

  • http://bdlaws.minlaw.gov.bd/act-print-1394/section-print-50714.html
PrevPreviousမောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်
Nextမိုးကုတ်ဗျူဟာနဲ့အတူ ပြန်တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင်တွေကိုဖိတ်ခေါ်Next
Previous Post

မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

Next Post

မိုးကုတ်ဗျူဟာနဲ့အတူ ပြန်တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင်တွေကိုဖိတ်ခေါ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - Ye Guerrilla Force No.8001 Battalions Medical Teams

ရာမညမွန်တပ်တော်ရဲ့ရှေ့ဦးသူနာပြုစုနည်းသင်တန်း

March 11, 2026

အမ်းရှိစစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အကျည်သား နှစ်ရာခန့်သေဆုံး

March 11, 2026

​အီရန်ဒုံးကျည်ကို အစ္စရေးစစ်တပ်ကြားဖြတ်ပစ်ချရာမှ အပျက်အစီးတွေလူနေရပ်ကွက်ကျရောက်

March 11, 2026

နီပေါရွေးကောက်ပွဲမှာ ရာစထရိယဆွာတန်တရပါတီဦးဆောင်နေ

March 11, 2026

​မဲဆောက်ရှိအထည်ချုပ်စက်ရုံတွေမှာ အထောက်အထားမဲ့မြန်မာလုပ်သား ၃၀ ကျော်ဖမ်းဆီးခံရ

ရာမညမွန်တပ်တော်ရဲ့ရှေ့ဦးသူနာပြုစုနည်းသင်တန်း

ညောင်လေးပင်မှာ စစ်ကော်မရှင်တပ်ကြောင့် ဒဏ်ရာရလာတဲ့အရပ်သားတွေကို ပကဖမှဆေးကုပေး

အမ်းရှိစစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အကျည်သား နှစ်ရာခန့်သေဆုံး

မဲဆောက်မှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာ ၃ ဦးဖမ်းဆီးခံရ

​အီရန်ဒုံးကျည်ကို အစ္စရေးစစ်တပ်ကြားဖြတ်ပစ်ချရာမှ အပျက်အစီးတွေလူနေရပ်ကွက်ကျရောက်

Releated Post

Photo-Thai PBS

​မဲဆောက်ရှိအထည်ချုပ်စက်ရုံတွေမှာ အထောက်အထားမဲ့မြန်မာလုပ်သား ၃၀ ကျော်ဖမ်းဆီးခံရ

March 11, 2026
Photo - Ye Guerrilla Force No.8001 Battalions Medical Teams

ရာမညမွန်တပ်တော်ရဲ့ရှေ့ဦးသူနာပြုစုနည်းသင်တန်း

March 11, 2026

ညောင်လေးပင်မှာ စစ်ကော်မရှင်တပ်ကြောင့် ဒဏ်ရာရလာတဲ့အရပ်သားတွေကို ပကဖမှဆေးကုပေး

March 11, 2026

အမ်းရှိစစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အကျည်သား နှစ်ရာခန့်သေဆုံး

March 11, 2026
ဓာတ်ပုံ-တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန

မဲဆောက်မှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာ ၃ ဦးဖမ်းဆီးခံရ

March 11, 2026

​အီရန်ဒုံးကျည်ကို အစ္စရေးစစ်တပ်ကြားဖြတ်ပစ်ချရာမှ အပျက်အစီးတွေလူနေရပ်ကွက်ကျရောက်

March 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page