Border News Agency
ဒါကာ၊ နိုဝင်ဘာ ၈။
ရိုဟင်ဂျာဒုက္ခသည်များအပေါ် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှ ငွေထုတ်စက်ဟုသာ မြင်နေသည်။ ဒုက္ခသည်များကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်ပြီး ငွေညစ်နေကြသည်။
ဒါကာရှိအာဏာပိုင်များအနေဖြင့် ရဲတပ်ဖွဲ့အားချက်ချင်းကိုင်တွယ်သင့်ပြီး ကျူးလွန်သူရဲတပ်ဖွဲ့ဝင်များ ပြစ်ဒဏ်ကင်းလွတ်နေမှုကို အဆုံးသတ်သင့်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် APBn ရဲတပ်ဖွဲ့အပေါ် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်သင့်သည်ဟု Fortify Rights(အခွင့်အရေးခံတပ်) အဖွဲ့က ၂၀၂၃ခု နှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ အခက်အခဲ
ဒုစရိုက်မှုများ၊ ရာဇဝတ်မှုများအား ဒုက္ခသည်စခန်းအတွင်းတွင် ထိထိရောက်ရောက်ကိုင်တွယ်မှုမရှိသည်မှာလူအင်အား၊ ငွေကြေး၊ အထောက်အကူပစ္စည်းများမလုံလောက်မှုကြောင့်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အကြောင်းပြချက်ပေးသည်။
လက်ရှိနိုင်ငံတကာအဖွဲ့အစည်းများမှ ထုတ်ပြန်သောအစီရင်ခံစာ မှတ်တမ်းများအရ ဒုက္ခသည်ခြောက်ရာကျော်တွင် APBn ရဲတပ်ဖွဲ့ဝင်တဦးရှိသည်ဟုဆိုထားသည်။ အချိုးနှုန်းထား (၁:၆၀၀) ဖြစ်သည်။ ရဲလုပ်ငန်းသဘောသဘာဝအရနေရာဒေသတခု၏ မြေပြင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး အခြေအနေကိုလိုက်၍အချိုးအစားသတ်မှတ်မှုမှာမတူညီချေ။
ကုလသမဂ္ဂ၏သာမန်ပျဉ်းမျှသတ်မှတ်နှုန်းမှာ လူဦးရေ ၂၂၀ တွင် ရဲအလုပ်လုပ်သူ ၄ ဦးနှုန်းဖြစ်သည်။ အချိုးအရ (၄:၂၂၀) ဖြစ်သည်။
သို့သော်ထိုအချိုးနှုန်းသည် ဆိုခဲ့သည့်အတိုင်းအခြေအနေအရမူသေမဟုတ်ပေ။ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအားကောင်းလှသော အမေရိကန်၊ ကနေဒါ၊ ဥရောပအနောက်အုပ်စုနိုင်ငံများတွင် လူဦးရေ ၁၀၀၀ အတွက် ရဲအလုပ်လုပ်သူ (၁.၅)ဦး သို့မဟုတ် ၃ဦး သာရှိသည်။
သို့သော် အမေရိကန်၏လူဝင်လူထွက် လူသွားလူလာများကာ ရာဇဝတ်မှုများ ဖြစ်တတ်သော နယူးယောခ့်၊ချီကာကို စသည့်မြို့ကြီးများနှင့် ဒုစရိုက်ရာဇ ာဝတ်နယ်မြေဒေသများတွင်တော့ ရဲလု ပ်ငန်းလုပ်သူအရေအတွက်တိုးချထားရသည်။
ရဲလုပ်ငန်းသဘောသဘာဝအရ မြေပြင်တွင် လိုက်လျောညီထွေရှိမှုကို သုံးသပ်ရာတွင် တရားဥပဒေစိုးမိုးရေးအား ကောင်း၍ တည်ငြိမ်သောနေရာများအတွက်(၁:၄၀၀)သည်လုံလောက်သည်ဟု နိုင်ငံတကာလုပ်ထုံးလုပ်နည်းများက သတ်မှတ်သည်။
အကယ်၍ နေရာဒေသတခုသည် လုံခြုံရေးအရဆိုးဝါးနေပါက (၁:၅၀) သို့မဟု တ်(၁:၇၅)လောက်ထိတော့ လိုအပ်သည်ဟု နိုင်ငံတကာ အတွေ့အကြုံရှိသူများက အကြုံပြထားသည်။ (၁:၆၀၀) သည် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရှိ ရဲလုပ်ငန်းဝန်ဆောင်မှုအချိုးဖြစ်သည်။
အကယ်၍ ဒုက္ခသည်စခန်းတွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းတည် ငြိမ်နေလျှင် ထိုအချိုးသည် ပိုလျံနေသည်ဟုဆိုရမည်ဖြစ်သည်။
သို့သော် ဘင်္ဂလားဒုက္ခသည်စခန်းသည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်း တည်ငြိမ်သော ရပ်ဝန်းမဟုတ်ပေ။ ဆိုးဝါးနေသောရပ်ဝန်းသာဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများကဘင်္ဂလားဒေ့ရှ်၏ အကြောင်းပြချက်တခုတည်းအပေါ်တွင် ပြဿနာအား ဗဟိုပြုမထားချေ။
ဒုက္ခသည်စခန်းအတွင်း ရာဇဝတ်မှုများကို အကဲဖြတ်ရာတွင် ဘင်္ဂလားအစိုးရ ၏စီမံခန့်ခွဲမှုနှင့်မူဝါဒဖြစ်စဉ်ကိုပါခြုံငုံ သုံးသပ်လာကြသည်။
ဒုက္ခသည်စခန်းအတွင်း ပြစ်မှုကြီးများကို CiCက APBnရဲတပ်ဖွဲ့ထံ လွဲပြောင်းရသည်။ APBn ကတဆင့်သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကို လွှဲပြောင်းပေးသည်။
ဤအခြေအနေတွင်ပင် အဆင့်က ကြန့်ကြာနေတော့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏မူဝါဒက ရိုဟင်ဂျာဒုက္ခသည်များကို အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာဝန်ဆောင်မှုများကို ကန့်သတ်ထား သည်။
ထိုကန့်သတ်ချက်မှာ ဒုက္ခသည်စခန်းအတွင်းအကြမ်းပတမ်းရာဇဝတ်မှုများ၊ ဒုစရိုက်မှုများ များပြားလာခြင်း၏ အဓိကအချက်အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများက ရှူမြင်သည်။
ဒုက္ခသည်စခန်း၏အခြေအနေသည်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များအတွက် ကိုင်တွယ်ရန်ခက်ခဲနေသောအုပ်စုများနှင့် ရင်ဆိုင်နေရသည်ဟူသော ရှူမြင်မှုထက် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ဖိဖိစီးစီးမဆောင်ရွက်၍ ဖြစ်နေသည် ဟူသောအမြင်က အားကောင်းနေသည်။
APBn ရဲတပ်ဖွဲ့
ဒုက္ခသည်စခန်းရှိ APBn ရဲတပ်ဖွဲ့ဝင်တချို့ ပြုကျင့်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများ၏မှတ်တမ်းများတွင် အကောင်းဘက်တွင် သိပ်မရှိပေ။ Fortify Rights အဖွဲ့က တော့ ၂၀၂၃ ခုနှစ်ထုတ်ပြန်ချက်ထဲ ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။
အချိုသောရိုဟင်ဂျာဒုက္ခသည်များက APBn ရဲတပ်ဖွဲ့နှင့်လက်နက်ကိုင်အုပ်စုများ၊ ဒုစရိုက်ရာဇဝတ်ဂိုဏ်းများကြားတွင် အပြန်အလှန်နားလည်မှုယူထားကြသည်ဟုပင် ကောက်ချက်ချလာကြောင်း Human Rights Watch အဖွဲ့က ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖော်ပြထားသည်။
နေခင်းကြောင်တောင်ပင် APBn တပ်ဖွဲ့ဝင်များရှိရာနေရာနှင့်မလှမ်းမကမ်းတွင် ပစ်ခတ်တိုက်ခိုက်မှုများရှိနေသော် လည်း APBn တပ်ဖွဲ့ဝင်များက မြန်မြန်ဆန်ဆန်အရေးယူမှုမှမရှိခဲ့ပေ။
အပြစ်မရှိသူအရပ်သားများကိုသာဖမ်း ဆီးသည်။ ကျူးလွန်သူများကိုမဖမ်း။ ကျူးလွန်သူများကို နောက်တဖန်ထိုသို့ ပြုလုပ်ရန် လိုင်စင်ပေးထားသလို ဖြစ်နေသည်ဟု နိုင်ငံတကာအကူအညီပေးရေးစေတနာ့ဝန်ထမ်းတဦး၏ထွက်ဆိုချက်ကို Human Rights Watch အဖွဲ့မှ ၂၀၂၃ခုနှစ်၊ဇူလှိုင်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်။
၂၀၂၅ ခု နှစ်၊ မတ်လ ၁၇ ရက်
၂၀၂၅ခုနှစ်၊ မတ်လ ၁၇ ရက် နေ့တွင် အာဆာခေါင်းဆောင်အတာအူလာ အဘူအမ်မားဂျွန်နန်နီ (Ataullah Abu Ammar Jununi)အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူအဖွဲ့ဝင်များတွင် အချို့က ဒါကာမြို့အနီးနေထိုင်ပြီးအချို့က ကော့ဘဇားဒုက္ခသည်စခန်းများတွင်နေထိုင်သူများဖြစ်သ ည်။
နယ်စပ်ဖြတ်ကျော်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ခြိမ်းခြောက်မှု၊ ငွေညှစ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ထင်ရှားသော ရိုဟင်ဂျာခေါင်းဆောင်မူဟစ်ဘူလာအားလုပ်ကြံမှု၊ ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးအရာရှိ ရီဇွမ်ရုရှဒီသတ်ဖြတ်ခံရမှုစသည့်စွပ်စွဲချက်များဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် Fortify Rights အဖွဲ့က ARSA၊RSO လက်ရှိအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ဟောင်းများကျူးလွန်ခဲ့သောစစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်တရားရုံး ICCအပါအဝင် တရားမျှတမှုယန္တယားများနှင့်ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။
နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဥပ ဒေအရာရှိချုပ်က အာဆာကျူးလွန်မှုများနှင့်ပတ်သက်၍တရားရုံးက စောင့်ကြည့်နေသည်ဟု ၂၀၁၉ခုနှစ်တွင် ပြော ထားကြောင်း Fortify Rightsက ထောက်ပြထားသည်။
အကြောက်တရားရာသီဥတု
၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် အာဆာဖမ်းဆီးမှုကိုခံရသော အသက် ၂၃ နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည်တဦးက သူ့၏အဖြစ်အပျက်ကို ပြောပြထားသ ည်။
ပထမ သူ့၏ ခြေထောက်ကို ဓားဖြင့် ခုတ်ပိုင်းခဲ့ကြောင်း၊ သူအနေဖြင့် အရိုးနှင့်ဓားထိသံကို ကြားနေရကြောင်း၊ သူ့အားလွှတ်ပေးရန်တောင်းပန်သော်လည်း NGOsများနှင့် အာဏာပိုင်များကို သတင်းပေးသည့်အတွက် အသတ်ခံရမည်ဟု ပြန်ပြောခံရကြောင်း၊ သူ၏ ခန္ဓာကိုယ်အား တနာရီခွဲအကြာထိ ခုတ်ပိုင်းနေကြကြောင်း၊ သူ၏ လက်ကိုလည်း တံတောင်ဆစ်အထက်မှဖြတ်ပစ်ခဲ့ကြောင့်၊ သူကိုသေပြီဟုထင်ကာထားပစ်ခဲ့၍သာ အသက်ရှင်နေခဲ့ကြောင့်စသဖြင့် Fortify Rightsအဖွဲ့က အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာတွင် အဖျက်အမှောင့်များပြုလုပ်နေသည့် ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများသည် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်နီးပါးရနေကြောင်း၊ စစ်ရာဇဝတ်မှုများသည် လက်နက်ကိုင်ပဋိပက္ခနယ်မြေတွင်သာ ရုတ်ချည်းဖြစ်လာတတ်သော်လည်း စစ်ပွဲနယ်မြေမဟုတ်သည့် ဘင်္ဂလားဒေ့ရှ်မြေတွင် ပေါ်ပေါက်နေသော ရာဇဝတ်မှုများမှာ မြန်မာစစ်ပွဲများနှင့်တိုက်ရိုက်ဆက်စပ်နေကာ စစ်ရာဇဝတ်မှုများဖြစ်နေကြော င်း၊ခိုင်မာသောတရားမျှတမှုရရန်အတွ က် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရသည် နိုင်ငံတကာတရားမျှတမှုယန္တယားများနှင့်ပူးပေါင်းဆောင်ရွက်သင့်ကြောင်းကို Fortify Rights က ဆိုထားသည်။
ရှိတ်ဟာဇီနာလက်ထက်တွင် ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများ ဘင်္ဂလားဒေ့ရှ်နယ်မြေထဲတွင်မရှိဟုသာ တတွင်တွင် ငြင်းဆိုထားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ လက်ထက်တွင် မိုဟာမတ်ယူနွတ်စ်ကိုယ်တိုင်က ဒုက္ခသည်စခန်းများတွင် ပြည်သူစစ်လှုပ်ရှားမှုအချို့၊ မူးယစ်ဆေးဝါးနှင့်အကြမ်းဖက်မှုအချို့ရှိနေသည်ဟု ၂၀၂၅ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ပြောထားကြောင်း၊ ARSA နှင့်RSO သ ည် ဒုက္ခသည်များကို ဖမ်းဆီးကာ မြန်မာဘက်တွင် စစ်ပွဲတိုက်ရန် ဖိအားပေးနေကြောင်း Fortify Rights အစီရင်ခံစာက ဆိုထားသည်။
၂၀၂၂ခု နှစ်၊အောက်တိုလာလ ၂၂ ရက်နေ့တွင် မက်ဒရေဆာကျောင်းတကျောင်းကို ARSA က တိုက်ခိုက်ကာ လူခြောက်ယောက်ကိုသတ်ဖြတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးသတင်းရင်းမြစ်က ဆိုထားသည်။
ထိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှအဆိုပါ မက်ဒရေဆာကျောင်းအနီးတဝိုက် ကင်းလှည့်နေသော်လည်း ARSA ကိုဟန့်တားနိုင်မှုမရှိပေ။
ARSA က ရဲတပ်ဖွဲ့ဝင်တွေရှိနေတုန်း ထမင်းဝအောင်စားထားရန်နှင့် ရဲတပ်ဖွဲ့ဝင်များ ထွက်သွားသည်နှင့် သေဖို့သာပြင်ထားရန် ကြိမ်းဝါးထားကြောင်းကို အဆိုပါဖြစ်စဉ်တွင် အသက်မသေဘဲကျန် ခဲ့သူတဦးကဆိုသည်ဟု Fortify Rights အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ်မှုများက ဒုက္ခသည်စခန်းအတွင်းအပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေပြီးထိုအခြေအနေက ဒုက္ခသည်စခန်းရှိနေထိုင်သူတိုင်းအတွက် အကြောက်တရားလွှမ်းမိုးမှုကိုဖြစ်စေသည်ဟု Fortify Rights က ထောက်ပြထားသည်။
ထိုသို့အကြောက်တရားကြီးစိုးနေမှုအား ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)၏ ရိုဟင်ဂျာနှင့်မြန်မာနိုင်ငံလူနည်းစု င်းရင်းသားအရေးအဆင့်မြင့်အစည်းအဝေး ကျင်းပမည့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် မတိုင်မှီ အခင်းအကျင်းတွင် တွေ့ရသည်။
UNGA နှစ်ပတ်လည်အစည်းအဝေးအား စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ စက်တင်ဘာလ ၂၆ ရက်နေ့တွင် မိုဟာမတ်ယူနွတ်စ်က ရခိုင်ပြည်နိုင်ငံရေးအဖြေရှာရန် တောင်းဆိုသောမိန့်ခွန်းကို ပြောခဲ့သည်။
ထိုမိန့်ခွန်းတွင် စက်တင်ဘာလ ၃၀ရက် တွင်ကျင်းပမည့် အဆင့်မြင့်ဆွေးနွေးအပေါ် သူ့အနေဖြင့်မျှော်လင့်ထားကြောင်းကို မိုဟာမတ်ယူနွတ်စ်က ဆိုခဲ့သည်။
စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒုက္ခ သည်စခန်း၌ လူထုဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြသည်။
ဤသို့တရားမျှတမှုအတွက် နိုင်ငံတ ကာ၏ အရေးစိုက်မှုကိုရရန် ပြင်ဆင်နေချိန်တွင် ဆန္ဒပြကြွေးကြော်သံများ၌ “အာရကန်ဆလေးဘရေးရှင်းအာမီ ဂျီနာဘတ်”ဟူသော အသံမျိုးက ထွက်လာတော့သည်။
ထိုအသံအတွက်မသိနားမလည်သော ကလေးသူငယ်များကိုပင် ဆန္ဒပြပွဲတွင် အသုံးချထားသည်။
ထိုလက်ချက်မှာဒုက္ခသည်စခန်းထဲရှိ ဂိုဏ်းကူးဂုန်းဆင်းအုပ်စုများ၏ လက်စပင်ဖြစ်သည်။
ထိုအုပ်စုများ ဒုက္ခသည်စခန်းထဲတွင် လက်တံရှည်နေဆဲ ခလောက်ဆန်နေဆဲဖြစ်သည်ကို ပေါ်လွင်နေသော အထောက်အထားများလည်း ဖြစ်သည်။
ARSA၊RSO အစရှိသော လက်နက်ကိုင်အုပ်စုများ၏ အကြမ်းဖက်မှု၊သတ်ဖြတ်မှုများကို ရပ်တန့်ရန်လိုသည်။ ကျူးလွန်သူများကို ပြန်လည်တာဝန်ယူမှုရှိအောင် ကိုင်တွယ်ရန်လိုသည်။
ထိုအတွက် အလှူရှင်နိုင်ငံများအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအား ဖိအားပေးသင့်သည်ဟု Fortify Rights က ဆန်းစစ်ထားသည်။
ဆက်လက်ဖော်ပြပါမည်။
Sources…
- https://www.fortifyrights.org/bgd-inv-2025-03-18/
- https://www.fortifyrights.org/bgd-inv-2023-08-10/
- https://www.hrw.org/news/2023/07/13/bangladesh-spiraling-violence-against-rohingya-refugees
- https://www.hrw.org/news/2023/01/17/bangladesh-rampant-police-abuse-rohingya-refugees
- https://africacheck.org/infofinder/explore-facts/what-recommended-police-population-ratio-0?hl=en-GB
- https://africacheck.org/fact-checks/spotchecks/still-no-un-recommended-police-population-ratio-ghost-statistic-cited-again?hl=en-GB






