Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး လူ့အခွင့်အရေး

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာအလည်ရပ်စေဖို့ – ၇

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ နိုဝင်ဘာ ၁၀ ။

ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများနှင့် သာမန်ရိုဟင်ဂျာလူထုအားခွဲခြားရန်လိုအပ်နေသေးသည်။ သာမန်အရပ်သားလူထုတိုင်းသည် ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုတိုင်းကို ထောက်ခံသည်တော့မဟုတ်ပေ။ ဒုက္ခသည်စခန်းရှိနှင့် ရခိုင်ရှိသာမန်အရပ်သူ၊အရပ်သားများအပေါ်တွင် ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများက အကြောက်တရားဖြင့် ဖြန့်ကျက်မှုရှိနေသည်။

လာခြင်းမကောင်းသည့်အာဆာ

ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာ ထွက်ပြီးနောက်တနေ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာ့စစ်တပ်လက်အောက်ခံစခန်းငယ် ၃၀ ခန့်အား တပြိုင်နက်တိုက်ခိုက်ခဲ့သည်။

ယင်းမတိုင်ခင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် Harakah al-Yaqin(ဟာရခါ အဲလ်ယာကင်)ယုံကြည်သူများလှုပ်ရှားမှုအဖွဲ့အမည်အောက်က မြန်မာစစ်တပ်လက်အောက်ခံနယ်ခြားစောင့်စခန်းများကို တိုက်ခိုက်ခဲ့ဖူးသေးသည်။

၂၀၁၇ ခုနှစ်တိုက်ခိုက်မှုက အာဆာအပေါ် နိုင်ငံတကာမျက်နှာစာတွင် လာခြင်းမကောင်းတော့ပေ။ နိုင်ငံတကာအသိုင်းအဝန်းတခုလုံးက အာဆာအပေါ် ရှုတ်ချခဲ့သည်။

ထိုအချိန်ကာလက နိုင်ငံတကာ၏ထုတ်ပြန်ချက်များကိုကြည့်လျှင် မြန်မာစစ်တပ်၏ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကိုရှုတ်ချသကဲ့သို့ အာဆာ၏လုပ်ရပ်ကိုလည်း ရှုတ်ချကြသည်။

မြန်မာစစ်တပ်နှင့် အာဆာ၏လုပ်ရပ်အပေါ် နိုင်ငံတကာမှ ရှုတ်ချမှုများ

တူရကီ၊ အီးယူ၊ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်စသည့်နိုင်ငံများပါဝင်သော နိုင်ငံ ၂၀ မှသံတမန်များက ရခိုင်သို့ လေ့လာရေးသွားခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ရခိုင်သံတမန်ခရီးစဉ်နှင့် ပတ်သက်၍ ကြေညာချက်များထုတ်ခဲ့ကြသည်။

ထိုထုတ်ပြန်ချက်တွင် အာဆာ၏လုပ် ရပ်အပေါ် ရှုတ်ချထားကြသည်။ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတကာထုတ်ပြန်ချက်များ၌ အာဆီယံဥက္ကဋ္ဌ၏ စက်တင်ဘာ လ ၂၄ ရက်နေ့၊ ကြေညာချက်တွင် လည်းကောင်း၊ OIC ၏ ဩဂုတ်လ ၂၉ ရက်နေ့ထုတ်ပြန်ချက်တွင်လည်းကောင်း၊ ကုလလုံခြုံရေးကောင်စီ(UNSC) ဥက္ကဋ္ဌ၏နိုဝင်ဘာလ ၆ ရက်နေ့ထုတ်ပြန်ချက်တွင်လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်တွင်လည်းကောင်း အာဆာ၏လုပ်ရပ်အပေါ် ရှုတ်ချထားကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူလည်း စက်တင်ဘာလ ၁၂ ရက်တွင် ရခိုင်ကအကြမ်းဖက်မှုတိုင်းကို ရှုတ်ချသည်ဟု ဆိုခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၂၈ ရက်နေ့ထုတ်ပြန်ချက်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၂၇ ရက်နေ့ထုတ်ပြန်ချက်တွင်လည်း အာဆာလုပ်ရပ်ကို ရှုတ်ချထားသည်။

UNSC ဥက္ကဋ္ဌ၏ နိုဝင်ဘာလ ၆ ရက်နေ့ကြေညာချက်မတိုင်မီ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်မှ ရခိုင်အခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကောင် စီကို အစီရင်ခံခဲ့သည်။

ထိုကဲ့သို့အစီရင်ခံရန် တောင်းဆိုသော နိုင်ငံများထဲတွင် အီဂျစ်၊ ပြင်သစ်၊ ကာဇက်စတန်၊ ဆွီဒင်၊ ဆီနီဂေါ၊ ဗြိတိန်နှင့် အမေရိကန်ပါဝင်ပြီးထိုအစီရင်ခံစာတွင်လည်း အာဆာ၏လုပ်ရပ်ကို ရှုတ်ချထားကြသည်။

၂၀၁၇ ခုနှစ်၊ဩဂုတ်လ ၂၅ရက်နေ့ အာဆာတိုက်ခိုက်မှုအပေါ် နိုင်ငံတကာမှ ရှုတ်ချရခြင်းမှာ ကိုဖီအာနန်အစီရင်ခံထွက်လာသည့် အချိန်မျိုးတွင် တိုက်ခိုက်ခြင်းကြောင့်လည်း ဖြစ်သည်။ ထိုအချိန်က ကိုဖီအာနန်ကော်မရှင်၏အစီရင်ခံစာအား ရခိုင်ပြဿနာအဖြေကို ဦးတည်ထားသည့်ချဉ်းကပ်မှုအဖြစ် နိုင်ငံတကာက ရှူမြင်ထားကြပြီးထိုအစီရင်ခံစာအား နိုင်ငံတကာလက်ခံကြသည်။

ဤအချိန်ထိ မြန်မာစစ်တပ်အသာစီးအခြေအနေတွင် ရှိနေသေးသော်လည်း နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးလုပ်သည့်အခါ သာမန်အရပ်သားကိုပါ ရောကြိတ်တော့သည်။

မည်မျှပင်အာဆာတံဆိပ်တုံးထုပါစေ။ အစ္စလမ်ဘာသာဝင်အရပ်သားတဦးသ ည် အာဆာဖြစ်မသွားချေ။အာဆာ၏ အဖျက်အမှောင့်လုပ်ရပ်ကို တိုက်ဖျက်ကာ အရပ်သူအရပ်သားများ၏ဘေးက င်းလုံခြုံရေးကို ခွဲခြားမှုမရှိဘဲ ဆောင် ရွက်ရမည့် လက်နက်တပ်ဖွဲ့၏ဂုဏ်သိက္ခာနှင့်ပရိုဖက်ရှင်နယ်ဆန်မှု မြန်မာစစ်တပ်၌ ပျောက်ဆုံးနေခဲ့သည်။

ဤသို့ဖြင့် ဂျီနိုဆိုက်တရားခံဘဝကျရောက်သွားတော့သည်။ ဤအချက်အပေါ်တွင်တော့ အာရက္ခတပ်တော်(AA)လည် သင်ခန်းစာအလေးအနက်ယူသင့်သည်။

ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများအနေဖြင့် အရပ်သူ၊ အရပ်သားများအပေါ် အကြောက်တရားဖြင့် ဖိထားရန် မည်၍မည်မျှ ကြိုးစားနေသည်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂအဆင့်မြင့်ဆွေးနွေးပွဲကို ရည်စူးသည့်ဆန္ဒပြပွဲ၌ “အာရကန်ဆလေးဘရေးရှင်းအာမီ ဂျီနာဘတ်” ဟူသော အသံမျိုးက ထွက်လာသေးသည်ကို ကြည့်လျှင်မြင်နိုင်သည်။

ထိုအကြောက်တရား၏ရိုက်ခတ်မှုအောက်တွင်ရှိနေသော ကြိုးဆွဲရာ ကနေရသည့် သာမန်အရပ်သားများ၏ အခြေအနေကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတွင် အာဆာနှင့် အရပ်သူ၊ အရပ်သားအား ခွဲခြားခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်ခဲ့၍ ကမ္ဘာ့ရာဇာဝတ်ကောင်ဘဝသက်ဆင်းနေရသည်။

အာရက္ခတပ်တော်သည် နိုင်ငံသားစစ်ပွဲဆိုင်ရာစံနှုန်းများနှင့် လူသားချင်းစာနာမှုစံနှုန်းများကို ကိုင်စွဲထားသည့်အခြေခံစိတ်နေစိတ်ထားရှိသော အဖွဲ့အစည်းဖြစ်သည်ဟု ကိုယ့်ကိုယ်ကို အမြဲထုတ် ဖော်ပြောနေသည်။

ဤသို့ထုတ်ဖော်မှုက မည်သို့ပင်ဆိုစေ အရပ်သူ၊ အရပ်သားထဲတွင်လည်းကောင်း၊ နိုင်ငံတကာအဝိုင်းအဝန်းတွင်လည်းကောင်း ကောင်းသောမျှော်လင့်ချက်ကို ထားခံနေရမှုက ရှိနေသည်။

“ကမ္ဘာပေါ်ရှိအခြားသော ပရိုဖက်ရှင်နယ်လက်နက်ကိုင်တပ်ဖွဲ့ များတွင်လည်း ပြောရလျှင် တပ်ဖွဲ့ဝင်ကြားတွင် စည်းကမ်းချိုးဖောက်မှုအနည်းငယ်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထိုသို့ဖြစ်လာပါက ပြင်းပြင်းထန်ထန်ကိုင်တွယ်အရေးယူကြောင်း၊မိမိတို့တပ်ဖွဲ့ဝင်များ ချိုးဖောက်ကျူးလွန်မှုများရှိသည်ဟု ခိုင်မာသော သက်သေအထောက်အထားများရှိပါက မိမိတို့အားအကြောင်း ကြားရန် အချိန်မရွေးကြိုဆိုပါကြောင်း” ကို အာရက္ခတပ်တော်၊တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

နိုင်ငံတကာရှိ သဘောတရားအရ အထိုင်ကျနေသော လက်နက်ကိုင်တပ်ဖွဲ့များတွင်ပင် စည်းမျဥ်းစည်းကမ်းချိုးဖောက်မှု၊ လုပ်ရင်းကိုင်ရင် စည်းမျဉ်းစည်း ကမ်းမှ သွယ်ဖယ်သွားတတ်မှုသည် ရှိနေတတ်သည်မှာ အထူးအဆန်းတော့မဟုတ်ပေ။

ပရိုဖက်ရှင်နယ်ပီသရန် ကျင့်ဝတ်ကိုထိန်းသိမ်းနေသော လက်နက်ကိုင်တပ်ဖွဲ့များက ထိုသို့ဖြစ်ရပ်များကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖြေရှင်းလေ့ရှိသည်။

ဥပမာ – Human Rights Watch အဖွဲ့၏ ၂၀၂၃ခု နစ်၊ဇွန်နဝါရီလ ၁ ရက်နေ့ ထုတ်အစီရင်ခံစာအားကြည့်ပါ။

“ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်အထူးလက်နက်ကိုင်ရဲတပ်ဖွဲ့ (APBn)၏ ညှင်းပန်းနှိပ်စက်မှုများအားအွန်လှိုင်းတွင် ဖော်ပြသူဒုက္ခသည်များမှာပစ်မှတ်ထားခံနေရသည်။ ဆာယဒ်ဟူစိန် (လုံခြုံရေးအရအမည်လွဲထား) သည် နိုင်ငံတကာအဖွဲ့အစည်းတခုတွင် ကျန်းမာရေးစေတနာ့ဝန်ထမ်းဖြစ်ပြီး သာမန်အရပ်သား သတင်းထောက်အဖြစ်လည်း လုပ်ကိုင်နေသူဖြစ်သည်။

၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် APBn ရဲတပ်ဖွဲ့ဝင် ၃၀ ဖမ်းဆီးသွားခဲ့သည်။ဖမ်းရသည့်အ ကြောင်းရင်းမှာ APBn တပ်ဖွဲ့ဝင်များက အပစ်မရှိသော အရပ်သားဒုက္ခသည်များကို ဒုက္ခပေးနေသည်ကို အွန်လှိုင်းပေါ်တင်လိုက်သောကြောင့်ဖြစ်သည်။

APBn တပ်ဖွဲ့ဝင်များက သူအား လွှတ်ပေးစေလိုလျှင် မိန်းကလေးကညာပျိုတဦးအား ရှာပေးရမည်။ သို့မဟုတ် တာကာငွေ ငါးသောင်းပေးရမည်ဟု ဆိုသည်။ မပေးနိုင်သောအခါ သူအား ရာဘ ဆေးပြားများဖြင့် အတင်းအကျပ်ဓာတ်ပုံရိုက်ကာ အူကီးယားရဲဌာနသို့ ပို့လိုက်သည်”

ထိုသဘောတရားအရ အထိုင်ကျနေသော လက်နက်ကိုင်တပ်ဖွဲ့များတွင်ပင် စည်းမျဥ်းစည်းကမ်းချိုးဖောက်မှု၊လုပ်ရင်းကိုင်ရင် စည်းမျဉ်းစည်းကမ်းမှသွယ်ဖယ်သွားတတ်မှုသည် ရှိနေတတ်သ ည်ဆိုသောအချက်အတွက် ဤဥပမာမှာအလွန်မြင်သာသည်။

ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံအဆင့်အင်စတီကျူးရှင်းမျိုးတွင်ပင် ထိုသို့ရှိတတ်သည်။ ရှိ၍လည်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များမှ ဖိအားပေးသောဒဏ်ကို ခံရသည်။

ထိုသို့ဖိအားပေးနေတိုင်း APBn တပ်ဖွဲ့ သည်ကျင့်ဝတ်နှင့်ပရိုဖက်ရှင်နယ်ဆန်မှု ပျက်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ APBnအား ပို၍ လေးစားစရာဖြစ်စေရန် ဖိအားပေးလာရခြင်းဖြစ်သည်။

အာရက္ခတပ်တော်အပေါ် လူ့အခွင့်အရေးကို အလေးထားရန်နှင့်တာဝန်ယူမှုရှိရန် နိုင်ငံတကာအဖွဲ့အစည်းများမှ တောင်းဆိုဖိအားပေးနေခြင်းသည်လည်း ထိုသဘောတရားအတိုင်းဖြစ်သည်။

ထိုကိစ္စမျိုးတွင် တာဝန်ယူကိုင်တွယ်ရန်အာရက္ခတပ်တော်သည် APBn လောက် logistic နှင့် အထောက်အပံပိုင်းတွင် အားမကောင်းသေးချေ။ အထောက်အပံအားကောင်းသော APBn ပင်လျှင် သဘောသဘာဝအရ နိုင်ငံတကာအဖွဲ့အ စည်းများ၏စောင့်ကြည့်သတိပေးမှုကို လိုအပ်နေဆဲဖြစ်သည်ဆိုလျှင် အာရက္ခတပ်တော်အနေဖြင့် ပို၍ပင်လိုအပ်နေမည်ဖြစ်သည်။

“ကျင့်ဝတ်ဖောက်ဖျက်မှုမှအခွင့်အရေးရနေသောသူများကတော့ APBn တွင်ဖြစ်စေ။ အာရက္ခတပ်တော်တွင်ဖြစ်စေ ပရိုဖက်ရှင်နယ်ပီသသော ပြုပြင်ပြောင်းလဲမှုများကိုကြိုက်မည်မဟုတ်ချေ။”

ထိုသူများမကြိုက်၍ မပြုပြင်၊ မပြောင်းလဲဟု ဆိုလျှင် APBn ပင်ဖြစ်စေ။ အာရက္ခတပ်တော်ပင်ဖြစ်စေ အဖွဲ့အစည်းအပေါ် ယုံကြည်မှုက ထိခိုက်လာမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင်တော့ အရပ်သူ၊ အရပ်သားများနှင့်ဒုက္ခသည်များ၏ လူ့အခွင့်အရေးကို အလေးထားသော လုံခြုံရေးဆိုင်ရာမူဝါဒ၊ အစီအမံမျိုးရှိလာရန် ဘင်္ဂလားဒေ့ရှ်၏ စစ်ဘက်ဆိုင်ရာ အင်စတီကျူးရှင်းများနှင့်အာရက္ခတပ်တော်အပေါ်တွင် နိုင်ငံတကာအဖွဲ့အစည်းများက ဖိအားများ၊တောင်းဆိုချက်များ၊တိုက်တွန်းချက်များက အမြဲရှိနေမည့်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျင့်ဝတ်နှင့် ပရိုဖက်ရှင်နယ်ကို လက်ကိုင်ထားနိုင်မည့်အုပ်စုများဟု မျှော်လင့်ချက်ကြောင့် ဖြစ်သည်။

ရိုဟင်ဂျာများ၏ တရားမျှတမှုအတွက်အာရက္ခတက်တော်သည် အဓိကသော့ချောင်းဖြစ်လာနိုင်သည်ဟု Arab News ၏ ၂၀၂၄ခု နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ဆောင်းပါးတွင်ဖော်ပြထားသည်။

ထိုဆောင်းပါးရှင်သည် ဝါရှင်တန်ဒီးစီအ ခြေစိုက် Newlines Institute ၏ မူဝါဒနှင့်မဟာဗျူဟာဆိုင်ရာဒါရိုက်တာ ဒေါက်တာအာဇမ်အီဘရာဟင်(Dr Azeem Ibrahim)ဖြစ်သည်။

“လက်ရှိရခိုင်တွင် အေအေအနေဖြင့် ဩဇာအာဏာဖြန့်ကျက်ထားသည်။ မြန်မာစစ်တပ်နှင့်မတူသည်က ရိုဟင်ဂျာများနှင့်ယှဉ်တွဲနေထိုင်ရန် စိတ်ဆန္ဒရှိမှုကို ဖော်ပြထားသည်။ အေအေခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေဖြင့် ဘေးကင်းလုံခြုံနေရပ်ပြန်နိုင်ရေးနှင့် ရခိုင်လူ့အသိုင်းအဝန်းထဲတွင် ပြန်လည်ပေါင်းစည်းနိုင်ရန်ထောက်ခံမှုကို အရိပ်အမြွက်ပြထားသည်။နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ဤအနေအထားကို အမိအရအသုံးချသင့်သည်။ အစိုးရများ၊NGOများနှင့်ဘက်စုံချဉ်းကပ်နိုင်သော အင်စတီကျူရှင်းများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့်အေအေကြားတွင် အဓိပ္ပါယ်ရှိသောတွေ့ဆုံမှုများ ဖြစ်လာရန် ထောက်ခံမှုများ ပေးသင့်သည်။” ဟု သူက အကြံပြုထားသည်။


ကိုးကား…

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် သံတမန်ခရီးစဉ်

  • https://www.international.gc.ca/media/aff/news-communiques/2017/10/Diplomatic_Trip-Rakhine-Visite_Diplomatique.aspx?lang=eng

၂၀၁၇ ခုနှစ်၊စက်တင်ဘာလ ၂၄ ရက် အာဆီယံဥက္ကဋ္ဌကြေညာချက်

  • https://asean.org/asean-chairmans-statement-on-the-humanitarian-situation-in-rakhine-state/

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ OICမှကုလ UNSC ထံတောင်းဆိုချက်

  • https://www.oic-oci.org/topic/?t_id=14719&t_ref=6966&lan=en

၂၀၁၇ ခုနှစ်၊နိုဝင်ဘာလ ၆ ရက် UNSC ဥက္ကဋ္ဌ၏ကြေညာချက်

  • https://press.un.org/en/2017/sc13055.doc.htm
  • https://www.securitycouncilreport.org/monthly-forecast/2017-12/myanmar.php?hl=en-GB

၂၀၁၇ခုနှစ်၊စက်တင်ဘာလ ၇ ရက် အိန္ဒိယရပ်တည်ချက်

  • https://edition.cnn.com/2017/09/06/asia/modi-india-myanmar-rohingya

၂၀၁၇ ခုနှစ်၊စက်တင်ဘာလ ၁၂ ရက် တရုတ်ရပ်တည်ချက်

  • https://thediplomat.com/2017/09/on-rohingya-issue-both-china-and-india-back-myanmar-government/?hl=en-GB

၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၈ ရက်၊ ရုရှား ရပ်တည်ချက်

  • https://www.mid.ru/en/foreign_policy/news/1551332/

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ တူရကီရပ်တည်ချက်

  • https://www.aa.com.tr/en/turkey/turkey-condemns-attacks-in-myanmar-s-rakhine-state/894517

Sources…

  • https://thediplomat.com/2024/09/arakan-army-commander-in-chief-twan-mrat-naing-on-the-future-of-rakhine-state/
  • https://www.thenewhumanitarian.org/interview/2024/05/29/arakan-army-responds-rohingya-abuse-accusations-myanmarmyanmar
  • https://www-arabnews-com.cdn.ampproject.org/v/s/www.arabnews.com/node/2582398/amp
  • https://www-arabnews-com.cdn.ampproject.org/v/s/www.arabnews.com/node/2585950/amp
  • https://www.hrw.org/news/2023/01/17/bangladesh-rampant-police-abuse-rohingya-refugees
PrevPreviousရာသီဥတုပြောင်းလဲမှုဒဏ်ကို အာရက္ခတောင်သူတွေ ကြုံတွေ့နေကြရ
Nextပေါက်က ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးကိုဖမ်းမိNext
Previous Post

ရာသီဥတုပြောင်းလဲမှုဒဏ်ကို အာရက္ခတောင်သူတွေ ကြုံတွေ့နေကြရ

Next Post

ပေါက်က ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးကိုဖမ်းမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025
ဓာတ်ပုံ - ကရင်နီပြည်လူငယ်များသမဂ္ဂက

လွိုင်ကော်မှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်

December 5, 2025

ဘင်္ဂလားဒေ့ရှ်မှာအမျိုးသမီးငယ်တွေအွန်လိုင်းပေါ်စော်ကားခံရမှုအရှိန်မြင့်တက်လာ

December 5, 2025

အပြင်မထွက်အသံတိတ်သပိတ်ကို ဒီဇင်ဘာလဆယ်ရက်နေ့မှာပြုလုပ်မယ်

December 5, 2025

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

December 6, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page