Border News Agency
ဒါကာ၊ နိုဝင်ဘာ ၁၅။
Zero Tolerance
ဘင်္ဂလားဒေ့ရှ်အနေဖြင့်ရှိုတ်ဟာဇီနာ လက်ထက် ၂၀၁၈ခုနှစ်၊ဇူလိုင်လ ၁၅ ရက်တွင် အိန္ဒိယပြည်ထဲရေးဝန်ကြီးရာဂျ်နတ်သ်ဆင်းဂ်ကို ဂတိစကားတခွန်းပြောဖူးသည်။ မည်သည့်နိုင်ငံ၏ပြည်သူလူထုကိုဖြစ်စေ၊မည်သည့်နိုင်ငံကိုဖြစ်စေ၊ ဆန့်ကျင်အကြမ်းဖက်နေသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို ဘင်္ဂလားဒေ့ရှ်၏နယ်မြေတွင် ခြေချခွင့်ပေးမည်မဟုတ်။ ထိုသို့ပြုလုပ်မည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကိုလည်း ဘင်္ဂလားဒေ့ရှ်သည် သည်းမခံ(Zero Tolerance)မူဝါဒကျင့်သုံးသည်ဟု ဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာဇီနာ၏ရိုဟင်ဂျာဆိုင်ရာမူငါးချက်
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဇီနာသည် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သော ၇၂ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)၌ ရိုဟင်ဂျာအရေးအမြဲတမ်းဖြေရှင်းနိုင်ရန်အတွက် မူငါးချက်ပါအ ဆိုပြုချက်ကို တင်သွင်းခဲ့သည်။
ထိုမူငါးချက်မှာ အောက်ပါအတိုင်း ဖြစ်သည်…။
၁။ အကြမ်းဖက်မှုချက်ချင်းရပ်စဲရေးနှင့်လူမျိုးသုဉ်းသတ်ဖြတ်မှုအဆုံးသတ်ရေး။
- မြန်မာနိုင်ငံ၊ ရခိုင်ပြည်တွင် အကြမ်းဖက်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများကို ချွင်းချက်မရှိ၊ ချက်ချင်းနှင့် ထာဝရ ရပ်တန့်ရမည်။
၂။ အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ရေး။
- ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံသို့ အချက်အလက်ရှာဖွေရေးအဖွဲ့ (Fact-Finding Mission) ကို ချက်ချင်းစေလွှတ်ရမည်။
၃။ အရပ်သားများ ကာကွယ်စောင့်ရှောက်ရေးနှင့် ”လုံခြုံစိတ်ချရသောဇုန်” များ ဖန်တီးရေး။
- ဘာသာ၊ လူမျိုးမခွဲခြားဘဲ အရပ်သားအားလုံးကို မြန်မာနိုင်ငံတွင် ကာကွယ်စောင့်ရှောက်ရမည်။ ထိုသို့လုပ်ဆောင်ရန်အတွက် ကုလသမဂ္ဂ၏ ကြီးကြပ်မှုအောက်တွင် မြန်မာနိုင်ငံအတွင်း၌ “လုံခြုံစိတ်ချရသောဇုန်များ” (Safe Zones)ကို ဖန်တီးထားရှိနိုင်သည်။
၄။ ရိုဟင်ဂျာများရေရှည်ပြန်လည်ဝင်ရောက်ရေး။
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအကျပ် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းလာခဲ့ရသော ရိုဟင်ဂျာများအားလုံး ၎င်းတို့၏ နေအိမ်များဖြစ်သော မြန်မာနိုင်ငံသို့ ရေရှည်တည်တံ့သောပြန်လည်ဝင်ရောက်ရေးကို အာမခံပေးရမည်။
၅။ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာ အကောင်အထည်ဖော်ရေး။
- ကိုဖီအာနန်ကော်မရှင် (Kofi Annan Commission)အစီရင်ခံစာမှအကြံပြုချက်များကို ချွင်းချက်မရှိ၊ချက်ချင်းနှင့်အပြည့်အစုံအကောင်အထည်ဖော်ရမည်။
ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၅ ခုနှစ်၊စ က်တင်ဘာလ ၃၀ ရက်နေ့ပြုလုပ်ခဲ့သော “ရိုဟင်ဂျာမွတ်စလင်များနှင့်မြန် မာနိုင်ငံရှိ အခြားလူနည်းစုများ အခြေ အနေဆိုင်ရာအဆင့်မြင့်ညီလာခံ” (High-Level Conference on the Situation of the Rohingya Muslims and Other Minorities in Myanmar) ဖွင့်ပွဲတွင် မိုဟာမတ်ယူနွတ်စ်၏မူ ၇ – ချက်နှင့်ဟာဇီနာ၏ မူ ၅ ချက်တွင် တူညီသည့်အချက်များရှိသည်။
ဘင်္ဂလားဒေရှ်နှင့် မြန်မာနှစ်နိုင်ငံကြား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် အာဆာအပေါ် ဘုံရန်သူအဖြစ်ကိုင်တွယ်ရန် သဘောတူညီချက်ရခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ဆိုခဲ့သည်။
ထိုအပြင်ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနယ် ခြားစောင့်တပ်ကြား ၂၀၂၂ ခုနှစ်တွင်အကြမ်းဖက်အဖွဲ့အစည်းများ(အာဆာနှင့်အာရက္ခတပ်တော်(AA)ကို ရည်ညွှန်း)အား ပူးတွဲတိုက်ဖျက်ရန် သဘောတူညီခဲ့ကြသည်။
Multilatral Approches
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏နိုင်ငံခြားရေးပေါ် လစီကိုကြည့်ပါက အိမ်နီးချင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင်တည် ဆောက်မည်။ သံခင်းတမန်ခင်းမျက်နှာစာတွင် အိမ်နီးချင်းများ၏ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်မှုမရှိ။ မြေပြင်အနေအထားတွင် အခြေအနေအရ Multilateral Approches ကို ကျင့်သုံးရန်လိုပါက ကျင့်သုံးသည်။
မြန်မာနှင့်ပတ်သက်လျှင်တော့ အိမ်နီးချင်းတိုင်းက မြေပြင်တွင် Multilateral Approches ကို ကျင့်သုံးကြသည်သာများသည်။သို့သော် ၂၀၁၇ ခုနှစ်၊ အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်ထဲခိုဝင်သည့် ရိုဟင်ဂျာဂျီနိုဆိုက်ဖြစ်စဉ် နောက်ပိုင်းတွင်တော့ ဘင်္ဂလားဒေ့ရှ်သည် မြန်မာအပေါ် ဖိအားပေးသည့် မူဝါဒကို အခြေအနေကို ကြည့်၍ ကျင့်သုံးလာရသည်။
ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ဖြစ်ပျက်နေသော အကြမ်းဖက်မှုများ၊သွေး ထွက်သံယိုမှုများသည် ဘင်္ဂလားဒေရှ့်နယ်မြေထဲတွင်ဖြစ်နေသည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ လာဘ်ပေးလာဘ်ယူ အဂတိတရားများနှင့်သက်ဆိုင်နေသည်။ နယ်စပ်တလျှောက်နှင်ရခိုင်ပြည်၏မြို့နယ်အများစုကို အာရက္ခတပ်တော်သိမ်းပိုက်ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်အနေဖြင့် အာရက္ခတပ်တော်
နှင့်ထိတွေ့ဆက်ဆံလာရသည်။ ရိုဟင်ဂျာအရေးဖြေရှင်းရန် အာရက္ခတပ်တော်နှင့်လည်းထိတွေ့ဆက်ဆံသင့်သည်ဟု အကြံပြုချက်က ရှိလာသည်။
ပွတ်တိုက်မှုများ
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရှိ အကြမ်းဖက်လက်နက်ကိုင်အုပ်စုများအပေါ် အရေးယူမှုအားနည်းခြင်းအတွက် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များအပေါ် နိုင်ငံတကာအဖွဲ့အစည်းများမှဖိအားပေးလာသည်။
ထို့အတူ အာရက္ခဒေသအတွင်းလူ့အခွင့်အရေးအပေါ် လေးစားမှုမရှိခြင်းအတွက်လည်း အာရက္ခတပ်တော်အပေါ်တွင်နိုင်ငံတကာအဖွဲ့အစည်းများမှ ဖိအားပေးလာကြသည်။
ဤအခြေအနေတွင်.အာရက္ခတပ်တော်နှင့် ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင်တပ်ဖွဲ့ အင်စတီကျူးရှင်းများကြားတွင် ပွတ်တိုက်မှုများပေါ်လာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၂၅ခုနှစ်၊စက် တင်ဘာလ ၁၅ ရက်နေ့တွင် အရေးကြီးအခြေခံကုန်ဖြစ်သည့် ဆန်၊ မြေဩဇာ၊ ဆေးဝါးကို အာရက္ခတပ်တော်အနေဖြင့် အစုအဖွဲ့များစုဖွဲ့ကာ ရခိုင်ဘက်သို့ မှောင်ခိုသယ်ယူနေပြီးမူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်သို့ အာရက္ခတပ်တော်တင်သွင်းနေသကဲ့သို့ ရိုဟင်ဂျာများသည် ကုန်ကိုသယ်ယူပို့ဆောင်သူ များဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြောသည်။
အာရက္ခတပ်တော်ကလည်း စက်တင် ဘာလ ၁၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်စွပ်စွဲခဲ့သည်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲတွင် ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်များကို ထောက်ပံနေသောအကျင့်ပျက်အရာရှိများကိုအ ရေးယူသင့်ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် အာရက္ခတပ်တော်ထု တ်ပြန်ခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းကလည်းစောင့်ကြည့်ပေးကြဖို့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အာရက္ခတပ်တော်တောင်းဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ပြေလည်ရာနည်းလမ်းဖြင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် တိုက် တွန်းခဲ့သည်။
အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များသည်နိုဝင်ဘာလ ၅ ရက်နေ့တွင် သုညနယ် စပ်မျဉ်းစည်းကိုကျော်လာပြီး ပစ်ခတ်ခဲ့၍ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်စခန်းကို ကျည်တစ်ထိမှန်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်က ဆိုသည်။
အာရက္ခတပ်တော်ကလည်း ထိုနေ့တွင်ပင်ငြင်းဆန်ကာ ဘင်္ဂလားဒေ့ရှ်ဘက်ကအာရက္ခတပ်တော်စခန်းကို ပစ်ခတ်ခဲ့သည်ဟု ဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဘက်က နိုဝင်ဘာလ ၇ ရက်နေ့တွင် အာရက္ခတပ်တော်က ဝါဒဖြန့်သတင်းမှားဖြန့်ချီသည်ဟုဆို ပြန် လည်တုန့်ပြန်ခဲ့သည်။
ထိုသို့ ပွတ်တိုက်မှုများကိုလေ့လာကြည့်ပါက မူးယစ်ဆေးဝါးကိစ္စရပ်အပေါ်အ ပြန်အလှန်စွပ်စွဲချက်များရှိနေသည်ကိုတွေ့ရသည်။
ဘင်္ဂလားဒေ့ရှ်ဘက်အဆိုအရ အာရက္ခဒေသကမူးယစ်ဆေးတင်သွင်းကာ ကု န်ပစ္စည်းများ တရားမဝင်ခိုးထုတ်နေမှုများကာကွယ်နေခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ရိုဟင်ဂျာလက်နက်ကိုင်များကိုထောက်ပံနေသည်ဟုသော စွပ် စွဲချက်ဖြင့် အာရက္ခတပ်တော်ကပုံဖျက်ရန်လုပ်နေသည်ဟု ဆိုထားသည်။
အာရက္ခတပ်တော်ဘက် တုန့်ပြန်မှုမှာဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အရာရှိအ ချို့သည် ရိုဟင်ဂျာလက်နက်ကိုင်များကို ထောက်ပံ့နေပြီး အာရက္ခတပ်တော်က နယ်စပ်ကို ထိန်းချုပ်လိုက်သောအခါ မူးယစ်ဆေးဝါးလမ်းကြောင်းများ ပျောက်သွားသဖြင့် မကြေနပ်ဖြစ်နေ သည်ဟု ဆိုထားသည်။
ထိုနှစ်ဘက်စွပ်စွဲချက်များအား အနှစ်ချုပ်ကြည့်ပါက “မူးယစ်ဆေးဝါးကိစ္စနှင့်ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်အုပ်စုများ” ဆိုသည့် အချက်နှစ်ခုကို တွေ့နေရသည်။
ဤသို့ဆိုပါလျှင် အဆိုပါမူးယစ်ဆေး ဝါးနှင့်ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်အုပ်စုများအပါ် နှစ်ဖက်စလုံးသည် Zero Tolerance မူကို ကိုင်စွဲကာ ပူးပေါင်းဆောင်ရွက်မှုအတွက်ကမ်းလှမ်းချက်များကို မပြုလုပ်နိုင်ကြပြီးလားဟု မေးစရာရှိလာသည်။
ဆက်ရန်…
Sources…
Zero Tolerance
၂၀၁၇ ခုနှစ်အတွင်းအာဆာကိုအားဘုံရန်သူအဖြစ်ထားမည်ဟု ဘင်္ဂလားဒေ့ရှ်ဆို။
၂၀၂၂ခုနှစ်အတွင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု။
၂၀၂၅ ခုနှစ်အတွင်းအပြန်အလှန် စွပ်စွဲမှုများ။






