Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၁။
လက်ရှိနီပေါနိုင်ငံရေးအခြေအနေတွင် နိုင်ငံရေးပါတီများထောင်နေကြပါ၏။ နိုင်ငံရေးအတွေးအခေါ်တခုကိုပင် မချပြဘဲ ပါတီများကိုအလျင်စလိုထူထောင်နေမှုက နိုင်ငံရေးဩဇာနှင့်ရေရှည်ခံမှုမရှိနိုင်ဟု Napali Times သတင်းစာက ဆိုထားသည်။
တနင်္ဂနွေနေ့မတိုင်မှီ ရွေးကောက်ပွဲကော်မရှင်ထံစီးပွားရေးသမားများ၊ သံအမတ်ဟောင်းများ၊ အင်ဂျင်နီယာများ၊ ပညာရှင်များ စိုင်းပြင်းမှတ်ပုံတင်နေကြသည်။
ကြာသပတေးနေ့ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီသစ်ငါးခုမှတ်ပုံတင်ပြီးပြီဖြစ်သည်။
နောက်ထက် အသစ်နှစ်ဆယ်တပါတီမှတ်ပုံတင်လုပ်ငန်းစဉ်များကို ဖြတ်သန်းနေဆဲဖြစ်သည်။ ကန့်လန့်ကာနောက်ကွယ်တွင်တော့ ပါတီသစ်များက ပြယုဂ်ကောင်းမည့်သူများကို ရှာနေကြသည်။ပါတီထဲဝင်ရန် ဆွယ်နေကြသည်။ ပါတီဟောင်းများကတော့ ကွဲအက်နေကြသည်။ ပါတီသစ်ပြန်လည်ထူထောင်ရန် စည်းရုံးနေကြသည်။
ထိုအခြေအနေမျိုးကပင် လူများ နိုင်ငံရေးပါတီတွေထောင်လာအောင် စိတ်အားထက်သန်မှုကို ဖြစ်စေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ အင်ဒရာအဒီကာရိက သုံးသပ်သည်။
သို့ရာတွင် လူသိများခြင်းပုံရိပ်ရှိခြင်းဖြင့် ရွေးကောက်ပွဲနိုင်ပြီး နိုင်ငံရေးတွင် အောင်မြင်လိမ့်မည်ဟု ပြော၍မရကြောင်း သူမက ပြောသည်။
လက်ရှိနီပေါနိုင်ငံရေးအခြေအနေ၏ အပြင်ကိုရောက်နေသူများက နီပေါကွန်ဂရက်ပါတီ(NC)နှင့် မက္စ်-လီနင်ဝါဒီ (UML)ဖြစ်သည်။
ထိုပါတီနှစ်ခုက စက်တင်ဘာ ဂျင်ဇီ ဆန္ဒပြပွဲပြီးနောက် ဖြုတ်ချခံရသော ဝေဒနာကို ခံစားနေကြဆဲပင်ဖြစ်သည်။ ထိုပါတီခေါင်းစဉ်အောက်က ဆိုးဆိုး ဝါးဝါးရှုံးနှိမ့်မည်ထင်မှတ်ထား၍ မည်သူမှ ရွေးကောက်ပွဲကို မဝင်လိုကြချေ။
ဝန်ကြီးချုပ်ဟောင်းကေပီအိုလီ (KP Oli)ကတော့ နာကျင်ပုံမပေါက်၊နိုင်ငံ ရေး အရေခွံထူသည်။ ရွေးကောက်ပွဲဝင်ကာ ပါလီမန်ထဲပြန်ထိုင်လိုပုံရသည်
နိုင်ငံရေးမှအနားယူပြီဟု ကြေညာထားပြီနောက် စင်ကာပူ၌နှလုံးအစားထိုးကုသမှုခံထားသော နီပေါကွန်ဂရက်အဖွဲ့ဝင်ရှာဗဟာဒူရ်ဒီယူဘာ(Sher Bahadur Deuba)က ပါလီမန်တွင် နေရာပြန်ဝင်ယူမည်ဟု လေသံပစ်နေသည်။
ပါတီနှင့်ခေါင်းဆောင်များအနေဖြင့် စက်တင်ဘာလ ၈ ရက်နေ့တွင် လူများသေကြေဒဏ်ရာရမှုအပေါ် နောင်တသံ ဝေဂလည်းရပုံ မပေါ်သေးပေ။
၎င်းတို့၏ အရည်အချင်းညံဖျင်းမှုနှင့် အဂတိတရားများဖြင့် ဆယ်စုနှစ်များထိ အုပ်ချုပ်မှုအပေါ် လူထုက ဆန့်ကျင်လာသည့်အကြောင်းတရားကိုလည်း နားလည်ပုံမပေါ်သေးချေ။
မှတ်ပုံတင်ရန်လုပ်ငန်းစဉ်များကို ဖြတ် သန်းနေသောပါတီများထဲတွင် ဂျင်ဇီလူ ငယ်အုပ်စုများနှင့်စက်တင်ဘာလဆန့်ကျင်မှုအတွင်း သေဆုံးခဲ့ရသော မိသား စုဝင်များပါဝင်နေသည်။
ထိုပါတီများထဲတွင် သိသာထင်ရှားဆုံးမှာ ဂါတိရှိလ်လောတန်တရစ်ခ်ပါတီ ( Gatishil Loktantrik Party)ဖြစ်ပြီး ဗုဒ္ဓလေကြောင်းလိုင်းတည်ထောင်သူ ဘီရင်ဒရာဘစ္စနက် (Birendra Basnet) က ထောက်ပံပေးထားကာ လူမှုရေးပ ညာရှင်ဒိနရှ်ပရာဆိုင်း(Dinesh Prasai) က ဦးဆောင်နေသည်။ဒါရန် မေယာရ် ဟာရ်ခါဆမ်ပန် ရှရမ်ဆမ်စကရိတ်တိ ပါတီ (Dharan Mayor Harka Sampangs Shram Sanskriti Party) သည်လည်း မှတ်ပုံတင်ထားပြီး ဖြစ်သည်။
လက်ရှိကြားဖြတ်အစိုးရအဖွဲ့အတွင်းရှိ စွမ်းအင်နှင့်အခြေခံအဆောက်အအုံဆို င်ရာဝန်ကြီးကာလ်မန် ဂီဆင် (Kulman Ghising)က အုဂျာလိုနီပဲလ် (Ujyalo Nepal)ပါတီကို ကျားကန်ပေးထားသ ည်။အုဂျာလိုနီပဲလ်ပါတီတွင် အနုတ်ကုမာရ်ဥပဒယျယ (Anup Kumar Upadhyaya)က ခေါင်းဆောင်ဖြစ်သည်။ ဂီဆင်ကား သူ၏ နိုင်ငံရေးရည်မှန်း ချက်အတွက် အရှက်တရားက နည်းလှသည်။
ရွေးကောက်ပွဲပင် မရောက်သေး အစိုးရဖွဲ့ရန်အထိ စိတ်ကူးနေသည်။(RSP)ပါ တီမှရာဘိလမ္မိချ်ဟနီစ် (Rabi Lamichhanes)ကို ကမ်းလှမ်းမှုပြုသည်။
သို့သော် ဆွေးနွေးပွဲမအောင်မြင်ပေ။ (RSP)ပါတီဝင်အမတ်ဟောင်းဆုမာန ရှရီစသ(Sumana Shrestha)က ဂီဆင်နှင့်ပူးပေါင်းရန်ထောက်ခံသည်။သို့ သော် အစိုးရအဖွဲ့တွင် ပါရန်အတွက်တွန့်ဆုတ်နေသည်။
လျှပ်စစ်အာဏာပိုင်အား ရာထူးမှဖြုတ်ပစ်လိုက်ပြီးနောက်တွင် ဂီဆင်အား လူထောက်ခံမှုရှိနေသည်။အခုတော့ ဂီဆင်လည်း အပြောအဆိုမလွတ်တော့ပေ။ဝန်ကြီးရာထူးကိုဆက်ကိုင်ထားပြီး ရွေး ကောက်ပွဲဝင်ရန် ပြင်ဆင်နေမှုအား လူဝေဖန်စရာဖြစ်နေပြီ။
အုဂျာလိုပါတီကမမျှော်လင့်ဘဲအခြားသော ပြဿနာကို သွားထိသည်။ဂျင်ဇီတက်ကြွလှုပ်ရှားသူတာရှိလာဇုမ် (Tashi Lhazom)အား ဝန်ကြီးတနေရာပေးရန်လက်ရှိဝန်ကြီးချုပ်ရှူရှိလာကာရ်ကိ(Sushila Karki)က ရည်စူးသော်လည်း နီပေါလူမျိုးဟုတ်/မဟုတ် ကိစ္စဖြင့် အဆင်မပြေဖြစ်ပြီးနောက် တာရှိလာဇုမ်မှ သူမသည် အုဂျာလို ပါတီဝင် မဟု တ်ဟု ပြောဆိုထားသည်။
အုဂျာလိုပါတီ၏ ဗဟိုကော်မတီစာရင်းတွင် ယခင်က သူမအမည်ပါထားသည်။ အခြားပါတီဝင်တဦးကလည်း သူသည် အုဂျာလိုပါတီထဲတွင်ပါမည်မဟုတ်ဟုဆိုသည် အဘယ်ကြောင့်ဆိုသော အုဂျာလိုပါတီအား နိုင်ငံရေးယဉ်ကျေး မှုနည်းသည့်အတွက် ဖြစ်သည်ဟုဆိုသည်။
နီပေါလူမျိုးတိုင်း နောက်ခံအသိုင်းအဝ န်းနှင့်အလုပ်အကိုင်အခြေအနေက တဆင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းသ စ်တွင် ပါဝင်ရန် စိတ်ပြင်းပြမှုရှိနေကြသည့်တိုင် ထိုပုဂ္ဂိုလ်များ၏ပါတီဖွဲ့စ ည်းပုံ၊မူဝါဒအတွေးအခေါ်နှင့် ရွေးကောက်ပွဲဆိုင်ရာ ဖြတ်သန်းမည့်ပုံစံအပေါ်တွင်တော သံသယဖြစ်စရာရှိနေပါ၏။
လျင်မြန်စွာ ပါတီထောင်ပြီး နိုင်ငံရေးအတွေးအခေါ်အယူအဆပိုင်း မပါမှုက နိုင်ငံရေးဩဇာနှင့် ရေရှည်ခံမှုကို ရှိမည်မဟုတ်ပေ။ ဥပမာအားဖြင့် RSP ပါတီ သည် ၂၀၂၂ခု နှစ် ရွေးကောက်ပွဲမတိုင်ခင်က ထူထောင်ခဲ့သည်။
၂၀၂၂ ခုနှစ်ရွေးကောက်ပွဲတွင် ပါလီမန်၌ နံပါတ်လေး အဆင့်အင်အားကြီးပါတီဖြစ်လာသည်။ ထိုအရှိန်အဟုန်က ယခုဆုံးရှုံးနေပြီ။ပါတီခေါင်းဆောင်က ထောင်ထဲ ရောက်နေသည်။
RSP ကဲ့သို့ပါတီများသည် ရွေးကောက် ပွဲပြီးနောက်တွင် အပြုသဘောဆောင်သောလုပ်ရပ်များကိုလုပ်ခဲ့သော်လည်း ရှင်းလင်းပြတ်သားသော နိုင်ငံရေးလ မ်းပြမြေပုံနှင့်ပါတီ၏ ဖွဲ့စည်းပုံမှာ ရှင်း ရှင်းလင်းလင်းမရှိကြောင်းအဒီကာရိ ကဆိုသည်။
ပါတီထူထောင်ရန် လွယ်ပါသည်။ အမှန်အကန်လုပ်ရမည့်အလုပ်က အင်စတီကျူးရှင်းတရပ်အဖြစ်တည်ဆောက်ယူရခြင်းဖြစ်သည်။ ထိုသို့တည်ဆောက်မှုကခက်ခဲသောအပိုင်းလည်းဖြစ်သည်။
မျှော်လင့်ချက်များမြင့်မားလာခြင်းနှင့် လူငယ်များပါဝင်နိုင်ရန် အားထုတ်ခြင်းဆိုသည့် လုပ်ငန်းစဉ်သည် မဲရုံရွက်ဖျင်တဲတွင်မှ ဆောင်ရွက်ရသည်မဟုတ် မဲပြားပေါ်တွင် ဆောင်ရွက်ရသည့်ကိစ္စဖြစ်သည်။
ဂျင်ဇီများခေါင်းဆောင်သောပါတီတ ချို့ရွေးကောက်ပွဲကော်မရှင်၌ ပါတီထောင်ရန် လျှောက်ထားလာခဲ့သည်။ ရာစတရိယပါရိဝါတမ်ပါတီ( Rastriya Pariwartan Party)နှင့်ရာစတရိယဂျင်ဇီပါတီ နီပေါ( Rastriya GenZ Party Nepal)သည် ထိုအထဲတွင်ပါဝင်သည်။ ကျန်ပါတီများကား အသက် ၄၀ ကျော်၊ အသက် ၇၀ ကျော် ပုဂ္ဂိုလ်များက ဦးဆောင်နေသည်။
လေ့လာဆန်းစစ်သူများက နိုင်ငံရေးတွင် လူငယ်သွေးသစ်များအပေါ်မျှော်လင့်ချက်ထားရမည့်အစား နီပေါတော် တော်များများက အတွေအကြုံရှိသူအ ပေါ်တွင်သာ ယုံကြည်မှုကပိုရှိနေသည်ဟု ဆိုကြသည်။အထောက်အထားအ ဖြစ်ပြရလျှင် စက်တင်ဘာတော်လှန် ရေးပြီးနောက် ကေပီအိုလီ(K P Oli) နေ ရာအားဆက်ခံရန် ဂျင်ဇီများကိုယ်တိုင် ရှူရှီလာကာရ်ကီကို ရွေးချယ်ခဲ့ကြသ ည်။
ဤအချက်ကပင် နီပေါလူငယ်များအ နေဖြင့် နိုင်ငံရေးအတွေ့အကြုံမရှိဘဲ ပါ တီများကို ဦးဆောင်ရန် ခက်ခဲနေအုံးမ ည်ဖြစ်သည်။လုံလောက်သောလူထုယုံ ကြည်မှုကိုရပြီး မဲရရန်အတွက် ပို၍ပင် ခက်ခဲနိုင်သည်ဟု အဓိကာရိကဆိုသ ည်။
အတွေအကြုံရှိသောနိုင်ငံရေးသမားများက ကွဲပြဲနေကြဆဲ၊မဟာမိတ်အသ စ်များဖွဲ့နေကြဆဲဖြစ်သည်။ရီရှမ်ချော င်ဒရီ(Resham Chaudhary)က နာဂါရိ က်အန္မုက်တိပါတီ( Nagarik Unmukti Party )မှနုတ်ထွက်ကာ ပါတီသစ်ထော င်နေသည်။
ကုန်ခဲ့သည်ရက်သတ္တပတ်ကပုစဖကမ်မဲလ်ဒါဟဲလ်စ်မော်ဝါဒီစင်တာ ( Puspha Kamal Dahals Maoist Centre)နှင့်မာဒေဗ့်ကုမာရ်နီပေါယူနီဖိုင်းဆိုရှယ်လစ်( Madhav Kumar Nepals Unified Socialists)ကဲ့သို့ လ က်ဝဲယိမ်းပါတီငယ်များပေါ်ထွက်လာပြီး နီပေါလီကွန်မြူနစ်ပါတီ(Nepali Communist Party – NCP)ကို ဖွဲ့စည်းရန်ပြင်ဆင်ကြပြန်သည်။နိုင်ငံရေးအခဲ မကြေသည့် UML အဖွဲ့ဝင်ဟောင်းဘင် ရာဝဲလ်(Bhim Rawal)က NCP ကို လာရောက်ပူးပေါင်းသည်။အခြားတဖက်တွင်ဂျနာဒမ်ရှာမ(Janardan Sharma) ကဒဟဲလ်(Dahal)နှင့်အတူ နုတ်ထွက်လိုက်ပြီး သီးခြားရပ်တည်နေပြန်သည်။
နိုင်ငံရေးပါတီများဖြစ်သော NC၊ UML နှင့် NCPသည် ၎င်းတို့လုပ်ရပ်များကို သင်ခန်းစာယူနေသည်ဟု လက္ခဏာအရိပ်အမြွက်အနည်းငယ်ပြခဲ့နိုင်လျှင် ပြန်လည်၍ ရွက်သစ်ဝေလာနိုင်သေးသည်။
၎င်းတို့တွင် မတ်လ ၅ ရက်နေ့ ပြုလုပ်မည့်ရွေးကောက်ပွဲအတွက်ပါတီနှင့်ထောက်ခံသူများက ရှိနေဆဲဖြစ်သည်။
အဆုံးသတ်တရက်တွင်တော့ နီပေါလူ့ အဖွဲ့အစည်းသည် ပါတီစွဲသန်သော လူ့အဖွဲ့အစည်းအဖြစ် ကျန်နေခဲ့နိုင်သည်ဟု အဒိကာရိကဆိုသည်။သူမက ဆက် ၍နိုင်ငံရေးပါတီအသစ်များနှင့်လူကြို က်များသော ကိုယ်စားလှယ်များကလ ည်းခေါင်းဆောင်ဟောင်းများကိုအခ က်တွေ့စေနိုင်သည်။နိုင်ငံရေးပါတီများ နေမှုက ထိုခေါင်းဆောင်ဟောင်းများ၏ ခိုင်မာသော မဲကို ပြန့်ကြဲနေလိမ့်မည်ဟု မှတ်ချက်ပြုထားသည်။
မူရင်း…
Illustration: SUBHAS RAI






