Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး မြောက်ဦးခရိုင် မသန်စွမ်း အာရက္ခဒေသ

အာရက္ခဒေသက မသန်စွမ်းတွေနိုင်ငံ တကာအကူအညီတွေ ဘာကြောင့်လို အပ်နေကြတာလဲ

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
34
VIEWS
Share on FacebookShare on Twitter

နတ်သျှင်မေရေးပါတယ်။

Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၃။

(ဓာတ်ပုံ – မြေပုံမြို့နယ်က မြေမြုပ်မိုင်းနင်းမိလို့ခြေထောက်တဖက်ပြတ်သွားသူမဖြိုးဖြိုးစံ / BNA)

အာရက္ခဒေသကမသန်စွမ်းတွေ

အာရက္ခတပ်တော်(AA)ပါဝင်တဲ့ ညီနော င်မဟာမိတ်သုံးဖွဲ့ဟာ ၂၀၂၃ ခုနှစ်က ”၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခဲ့ကြပါတယ်။

အဲဒီစစ်ဆင်ရေးမှာ အာရက္ခတပ်တော် (AA)ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအ​ဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို ဖွဲ့ထားပြီး အာရက္ခပြည်သူတွေကိုကျန်း မာရေးစောင့်ရှောက်မှုတွေပေးနေပါတယ်။

ဒါပေမယ့် မြေမြုပ်မိုင်းနဲ့စစ်ကျန်လက် နက်အန္တရာယ်တွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေအပါအဝင် မသန်စွမ်းသူတွေအတွက်ပြန်လည်သန်စွမ်းရေးအထောက်အကူပြုပစ္စည်းတွေ တပ်ဆင်ပေးနိုင်တာတွေ၊ မသန်စွမ်းသူတွေအတွက် သီးသန့်ကူညီဆောင်ရွက်ပေးတာတွေမရှိသေးဘူးလို့ ရခိုင်မသန်စွမ်းသူများအဖွဲ့က ဆိုကြပါတယ်။

စစ်ပွဲစတင်ကတည်းက စစ်​​ကောင်စီဟာ ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့တားမြစ်ထားသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးတွေကိုလည်း တားဆီးကန့်သတ်ထားတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ ကျန်းမာရေးဆိုင်ရာနေရာတွေကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်
ထားပါတယ်။

အဲဒါကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေတိုးလာသလို အရေးပေါ်ဆေးဝါးကုသခွင့်အပြည့်အဝမရရှိကြတော့တာမို့ သေဆုံးနေကြပါတယ်။

စစ်ပွဲတွေကြောင့်မသန်စွမ်းသူဦးရေတိုးပွားလာမှု

အာဏာသိမ်းစစ်တပ်ကပစ်ခတ်လို့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လထိ ရခိုင်မှာ အသက် ၁၈ နှစ်အောက်ကလေးစုစုပေါင်း ၁၈၄ ဦးသေဆုံးကာ ၄၇၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီအထဲမှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၀၂ ဦးသေဆုံးခဲ့သလို ၂၁၃ ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်

အဲဒီအပြင် မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်တွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူတွေ၊ မသန်စွမ်းသူတွေဟာ သူတို့ရဲ့နေ့စဥ်လူမှုဘဝမှာ အခက်အခဲစိန်ခေါ်မှုတွေအများကြီးရှိနေတယ်လို့ မသန်စွမ်းသူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – မြန်မာပြည်တွင်းစစ်မှာ အာဏာသိမ်းစစ်တပ်အသုံးပြုနေတဲ့မြေမြုပ်မိုင်းတွေ / AA)

မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်အန္တရာယ်

အာရက္ခဒေသတောတောင်တွေကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ပြည်သူတွေဟာ မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကြား အသက်စွန့်ပြီးစားဝတ်နေရေးအတွက်ရုံးကန်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုရုံးကန်နေကြရချိန်မှာမြေမြုပ်မိုင်းနင်းမိလို့ အသက်ဆုံးရှုံးတာတွေ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်သွားသူတွေအများကြီးရှိနေကြတယ်လို့ မြေမြုပ်မိုင်းကြောင့် ခြေထောက်တဖက်ဆုံးရှုံးလိုက်ရတဲ့အမျိုးသမီးငယ်တဦးက ဆိုကြတယ်။

“မိုင်းကိုလည်းနင်မိထားပါပြီ။ ဟင်းလည်းခူးပြီးပါပြီ။တီးတီးတီး… မြည်တာနဲ့ ကျမကြောက်လို့ထွက်ပြေးတာမှာဖြစ်တာပါ။ မိုင်းနင်တယ်ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုသိပါတယ်။ ပေါက်သွားပြီဆိုတာလည်းသိပါတယ်။ ပြတ်သွားတဲ့ ခြေထောက်က အထက်ကိုတက်သွားပါတယ်။ ကျမကိုယ့်ခြေထောက်မထင်လို့ခြေတဖက်အပိုင်းနဲ့ ပြေးပါသေးတယ်။ နောက်တဖက်ကို လှမ်းတာနဲ့လဲကျသွားတာပါ။” လို့ သူမက Border News Agency ကို ပြောပါတယ်။

(ဓာတ်ပုံ – မောင်တောမြို့နယ်၊ သုံးမိုင်၊ သီဟိုဋ်ခြံမှာ မြေမြုပ်မိုင်းနင်မိလို့ခြေထောက်တဖက်ပြတ်သွားတဲ့မြိုကျောင်းသား / BNA)

အဲဒါကြောင့်စစ်ဘေးရှောင်တွေအပါအဝင်အရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ်စခန်းချခဲ့တဲ့နေရာတွေ၊ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့တောတောင်တွေမှာ အသက်အန္တရာယ်ရှိနေတာကိုသိနေကြပေမယ့် ဟင်းရှာ၊ ငါးရှာရင်းသေဆုံးဒဏ်ရာရသူတွေလည်း အများကြီးရှိနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

ကိုယ်လက်အင်္ဂါဆုံးရှုံးမှုနဲ့ နေ့စဉ်ဘဝ စိန်ခေါ်မှုများ

အဲဒီလိုအခက်အခဲတွေကြားက မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ရင်းမြေမြုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့သူတွေအတွက် ပြန်လည်သန်စွမ်းရေးအထောက်အကူ​ပြုပစ္စည်းတွေ လိုအပ်နေကြတယ်လို့ မောင်တောမြို့နယ်မှမြေမြုပ်မိုင်းကြောင့် ခြေထောက်တဖက်ဆုံးရှုံးလိုက်ရတဲ့ အသက်နှစ်ဆယ်ကျော်အရွယ်မောင်သန်းစိန်က ဆိုပါတယ်။

“ဖြစ်တာက အလုပ်လုပ်ရင်းဖြစ်သွားတာပါ။ ခုကမိုင်းနင်းမိတော့ဘာမှလုပ်မရတော့ဘူး။ နေရတာတော်တော်ခက်ခဲပါတယ်။ စစ်ရှောင်လာပြီး သူများရွာမှာနေရတာ။ သူများရွာမှာအလုပ်လုပ်တယ်။ နောက်ပြီးအိမ်ပြန်လာတယ်။ အဲဒီအချိန်မှာမိုင်းကနင်းမိတာပါ။ ခုကအရင်ကနဲ့မတူတော့ဘူး။ ကိုယ်အလုပ်မလုပ်ရရင်မစားရတော့ဘူး။ အလုပ်လုပ်ပါတယ်။ အိမ်မှာဆန်တွေဘာတွေဝယ်တယ်။ သူများဆီမှာအငှားလိုက်တယ်။ တောထဲမှာမျှစ်တွေခူးတယ်။ ဝါးတွေခုတ်တယ်။ အခက်အခဲကတော့ တော်တော်များပါတယ်။ အရင်လိုအလုပ်တွေပြန်လုပ်ဖို့ ခြေတုတဖက်လိုချင်တယ်။” လို့ သူက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသမှာ မသန်စွမ်းသူတွေအတွက် ပြန်လည်သန်စွမ်းရေးအထောက်အကူပြုပစ္စည်းတွေ၊ စိတ်ပိုင်းဆိုင်ရာကုစားမှုတွေအပါအဝင် ကူညီထောက်ပံ့မှုတွေ မရှိသလောက်နည်းပါးနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

စစ်ပွဲစတင်ပြီးနောက် စစ်ရေးပဋိပက္ခအတွင်းမှာ မသန်စွမ်းဖြစ်သွားသူတထောင်နီးပါးထိရှိလာပြီး အများစုဟာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေဖြစ်ကြတယ်လို့ မသန်စွမ်းသူတွေအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – အလုပ်လုပ်နေရင်းမြေမြုပ်မိုင်းနင်းမိလို့ ခြေထောက်တဖက်ဖြတ်လိုက်ရတဲ့မောင်တောမြို့နယ်မှမြိုလူငယ်တဦး / BNA)

အဲဒီကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေထဲက ငွေကြေးတတ်နိုင်သူတချို့ဟာ ခြေတု၊ လက်တု၊ ချိုင်းထောက်စတဲ့ အကူပစ္စည်းတွေ ဝယ်ယူနိုင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အကူပစ္စည်းတွေကို ဝယ်ယူမရနိုင်တာတွေလည်း ကြုံနေ​ကြရတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် ပဋိပက္ခဒဏ်ကိုအများဆုံးခံစားခဲ့ကြရတဲ့ မသန်စွမ်းတွေအတွက် ကျန်းမာရေး၊ စားနပ်ရိက္ခာနဲ့အခြေခံလိုအပ်ချက်တွေကိုဖြည်းဆည်းပေးနိုင်ဖို့ နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီတွေပေးဖို့လို အပ်နေတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ရဲ့​ရေရှည်စီမံကိန်းနဲ့ မူဝါဒ

အာရက္ခတပ်တော်ဟာ မြို့နယ်အများစုကိုသိမ်းပိုက်ထိန်းချုပ်ထားပေမယ့်တခြားနိုင်ငံတွေကတရားဝင်အသိမှတ်မပြုသေးတာတွေကြောင့် ပြည်သူတွေတရားဝင်သွားရောက်ဆေးကုသဖို့အခက်အခဲတွေရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအကူအညီတွေကိုထိထိရောက်ရောက်ပေးအပ်နိုင်ဖို့အတွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေနဲ့ ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့အစည်းတွေကြားပူးပေါင်းဆောင်ရွက်မှုတွေလည်းလိုအပ်နေတယ်လို့ နိုင်ငံတကာပဋိပက္ခတွေစောင့်ကြည့်လေ့လာရေးအဖွဲဲ့က ဆိုပါတယ်။

နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီတွေကို နိုင်ငံ ရေးအရကန့်သတ်ထားတာမျိုးမဟုတ်ဘဲဘေးကင်းလုံခြုံစွာရောက်ရှိအောင် ပို့ဖို့၊ လိုအပ်နေတဲ့ပြည်သူအားလုံးကိုဆောင်ပေးနိုင်ဖို့အတွက်နှစ်ဖက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေအရေးကြီးတယ်လို့ နိုင်ငံတကာပဋိပက္ခတွေစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

(ဓာတ်ပုံ – စစ်တပ်ပစ်ခတ်လို့ခြေထောက်တဖက်ပြတ်သွားသူတဦး စစ်တွေမြို့မှာခြေတုတပ်ပြီးနောက်တွေ့ရပုံ / BNA)

အဲဒီအပြင် ခြေလက်အင်္ဂါဆုံးရှုံးသွားသူတွေအတွက် ခြေတု၊ လက်တုထုတ် လုပ်ပေးတာနဲ့ ပြုပြင်ထိန်းသိမ်းမှုသင်တန်းတွေအတွက် ရေရှည်စီမံကိန်းတွေချမှတ်အကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်နေကြသူတွေက ဆို​ကြပါတယ်။

​ဒီလို အခြေအနေတွေကြောင့် အာရက္ခဒေသက မသန်စွမ်းသူတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေဟာ နိုင်ငံတကာအကူအညီတွေကို အရေးတကြီးလိုအပ်နေတယ်လို့ မသန်စွမ်းသူတွေအရေးဆောင်ရွက်နေ့ကသူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – နိုင်ငံတကာအကူအညီတွေလိုအပ်နေတဲ့ကျောက်တော်မြို့နယ်မှမသန်စွမ်းတဦး / BNA)

​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ မသန်စွမ်းတွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာတဲ့ မူဝါဒတွေ ထုတ်ပြန်ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ မသန်စွမ်းသူတွေအရေးဆောင်ရွက်နေကြသူတွေကဆိုကြပါတယ်။

ဒါဟာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအတွင်း လွတ်လပ်စွာဝင်ရောက်ပြီး လူမျိုး၊ဘာသာမခွဲခြားဘဲ အကူအညီလိုအပ်နေကြသူအားလုံးကို နိုင်ငံတကာလူ သားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးစေလိုတာ ဖြစ်ပါတယ်။

​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မသန်စွမ်းသူတွေအတွက် အကာအကွယ်အကူအညီတွေပေးနိုင်ဖို့ ဥပဒေတွေ၊ မူဝါဒတွေချမှတ်အကောင်အထည်ဖော်ပေးဖို့ မသန်စွမ်းသူတွေ၊ မသန်စွမ်းသူတွေအရေးဆောင်ရွက်နေကြသူတွေ တောင်းဆိုနေကြပါတယ်။

PrevPreviousမြန်မာဟာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်နေ
Nextမြန်မာဟာကမ္ဘာ့မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်မှုအများဆုံးဖြစ်နေNext
Previous Post

မြန်မာဟာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်နေ

Next Post

မြန်မာဟာကမ္ဘာ့မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်မှုအများဆုံးဖြစ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ကွတ်ခိုင်ဒေသစစ်ရေးပဋိပက္ခအတွက် TNLA မှာ တာဝန်ရှိတယ်လို့ MNDAA ဆို

March 14, 2026
Photo - KNU

စစ်တပ်ရဲ့ တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တိုက်ခိုက်သိမ်း

March 14, 2026

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

March 14, 2026

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရုံတင်မကဘဲပဋိပက္ခဇာစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ဆို

March 14, 2026

​ကွတ်ခိုင်ဒေသစစ်ရေးပဋိပက္ခအတွက် TNLA မှာ တာဝန်ရှိတယ်လို့ MNDAA ဆို

စစ်တပ်ရဲ့ တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တိုက်ခိုက်သိမ်း

မြန်မာအမျိုးသမီးဆယ်သန်းကျော်အကူအညီတွေ အရေးပေါ်လိုအပ်နေ

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရုံတင်မကဘဲပဋိပက္ခဇာစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ဆို

အရှေ့အလယ်ပိုင်းသို့အမေရိကန် နာဗီတပ်ဖွဲ့ဝင် ၂,၅၀၀ နဲ့ သင်္ဘောအုပ်စုစေလွှတ်

Releated Post

​ကွတ်ခိုင်ဒေသစစ်ရေးပဋိပက္ခအတွက် TNLA မှာ တာဝန်ရှိတယ်လို့ MNDAA ဆို

March 14, 2026
Photo - KNU

စစ်တပ်ရဲ့ တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တိုက်ခိုက်သိမ်း

March 14, 2026

မြန်မာအမျိုးသမီးဆယ်သန်းကျော်အကူအညီတွေ အရေးပေါ်လိုအပ်နေ

March 14, 2026

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

March 14, 2026

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရုံတင်မကဘဲပဋိပက္ခဇာစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ဆို

March 14, 2026

အရှေ့အလယ်ပိုင်းသို့အမေရိကန် နာဗီတပ်ဖွဲ့ဝင် ၂,၅၀၀ နဲ့ သင်္ဘောအုပ်စုစေလွှတ်

March 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page