Border News Agency
မောင်တော၊ ဒီဇင်ဘာ ၉။
ရုပ်ပိုင်းဆိုင်ရာနှင့်ဒီဂျစ်တယ်ပိုင်းဆိုင် ရာတိုက်ခိုက်မှု (Physical and digital attacks)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ၂၀၂၆ ခုနှစ်၊ ရွေးကောက်ပွဲအတွင်းတိုက်ခိုက်ခံရမှာကို သတင်းထောက်တွေ စိုးရိမ်နေကြပါတယ်။
ခရိုင်နယ်မြေ ၁၉ ခုက သတင်းထောက် ၂၀၁ ဦးကို သဘောထားအမြင်မေးမြန်းတဲ့အခါမှာ ဖြေဆိုသူ ၈၉ ရာခိုင်နှုန်းက ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး တိုက်ခိုက်ခံရမှာကို စိုးရိမ်တယ်လို့ ပြောကြပါတယ်။
အဲဒီအထဲက အမျိုးသမီးသတင်းထောက် ၅၀ ရာခိုင်နှုန်းကတော့ စော်ကားခံရမှာကို စိုးရိမ်ပြီး နယ်ခြားအမျိုးသမီးသတင်းထောက် ၄၀ ရာခိုင်နှုန်းက လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရမှာကို စိုးရိမ်တယ်လို့ ဆိုကြပါတယ်။
သတင်းထောက် ၇၅ ရာခိုင်နှုန်းက မဟုတ်မမှန်သတင်းတွေနဲ့ အလုပ်ရုံးခန်းတွေလုပ်ကြံတိုက်ခိုက်ခံရမှာကို စိုးရိမ်သလို ၆၅ ရာခိုင်နှုန်းကတော့ သူတို့အချက်အလက်တွေ အဟက်ခံရမှာကို စိုးရိမ်တယ်လို့ ဆိုကြပါတယ်။
အဲဒီပါစစ်တမ်းမှာ သတင်းထောက်တွေအတွက် ဘေးကင်းလုံခြုံတဲ့အခြေအနေကို ဖန်တီးပေးဖို့၊လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုတွေကာကွယ်ပေးဖို့နဲ့ သတင်းလုပ်ငန်းခွင်ရဲ့ လုပ်ထုံးလုပ်နည်းတွေ ရှင်းရှင်းလင်းလင်းထုတ်ပြန်ဖို့ကို တောင်းဆိုထားကြပါတယ်။
သတင်းထောက်တွေအပေါ် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနဲ့ ဒီဂျစ်တယ်ပေါ်မှခြိမ်းခြောက်မှုတွေမြင့်မားလာတယ်လို့ စစ်တမ်းက သတိပေးထားပါတယ်။
အဲဒီအထဲမှာ အမျိုးသမီးသတင်းထောက်တွေပိုပြီး အခက်အခဲတွေကိုရင်ဆိုင်ရနိုင်ခြေရှိပါတယ်။
“ခြိမ်းခြောက်မှုကမြင့်ဆုံး၊ ကြိုတင်ပြင်ဆင်ထားမှုအနည်းဆုံး၊ ၂၀၂၆ ရွေးကောက်ပွဲမှာ ဂျာနယ်လစ်တွေ ဘေးကင်းရေး” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပပါတယ်။
အဲဒီအမျိုးသမီးသတင်းထောက်တွေကတော့ ဒီလိုတိုက်ခိုက်မှုတွေကြောင့် အလုပ်အကိုင်တွေဆုံးရှုံးမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ဘယ်သူက သတင်းထောက်တွေကို ခြိမ်းခြောက်တာလဲ
သတင်းထောက်တွေကို တိုက်ခိုက်မှုလ က်သည်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ နိုင်ငံရေးပါတီတွေနဲ့ထောက်ခံသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးသတင်းထောက်တွေနဲ့ ဒေသဆိုင်ရာသတင်းထောက်တွေကတော့ တရားဥပဒေစိုးမိုးရေးတာဝန်ကိုယူထားရတဲ့အုပ်စုတွေဟာလည်း သတင်းထောက်တွေကို ဒုက္ခလိုက်ပေးနေတယ်လို့ ဆိုကြပါတယ်။
နောက်ပြီး ဘာသာရေးအစွန်းရောက်အုပ်စုတွေကလည်း သတင်းထောက်တွေအတွက် အန္တရာယ်ဖြစ်စေသူတွေလို့ ဆိုကြပါတယ်။
ခြုံငုံပြီးပြောရရင်
- ၁။ လူထုရဲ့နိုင်ငံရေးရေချိန်(political labelling)
- ၂။ လူထုရဲ့မီဒီယာအပေါ် အယုံအကြ ည်နည်းမှု(public distrust of media)
- ၃။ အစွန်းရောက်မှု(extremism)
- ၄။ အုပ်စုလိုက်အကြမ်းဖက်မှု(mob violence)
- ၅။ ဥပဒေစိုးမိုးရေးအားနည်းမှု(weak law enforcement)
- ၆။ သတင်းတင်ပြသူတွေကို ပစ်မှတ်ထားပြီးရည်ရွယ်ချက်ရှိရှိသတင်းမှားဖြန့်ဝေမှု(targeted disinformation against reporters)တွေဟာ ရွေးကော က်ပွဲကာလအတွင်း သတင်းထောက်တွေအပေါ် တိုက်ခိုက်ခံရမှုအတွက် အခြေခံအချက်တွေ ဖြစ်တယ်လို့ဆိုပါတယ်။
နောက်ဆုတ် ကျဉ်းမြောင်းလာရတဲ့လွ တ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် (shrinking space for free speech)
“လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်လား(expression)၊လွတ်လပ်စွာ အသရေဖျက်ပုတ်ခတ်ခွင့်လား (defamation)မသဲကွဲကြတော့”
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်က တက်ကြွတဲ့အမျိုးသမီးတွေအပေါ် အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်မှုနဲ့ ပုတ်ခတ်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ကျောင်းသားသမဂ္ဂအမျိုးသမီးခေါင်းဆောင်တွေဟာလည်း အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်ပုတ်ခတ်ဝေဖန်မှုကို ခံနေကြရပါတယ်။
အဲဒီအပေါ်မှာ တဖက်လှည့်နဲ့ နိုင်ငံရေးအရအသုံးချမှုတွေလည်း ရှိနေတယ်ပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့က ဒါကာတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဗဟို) (DUCSU) ဒုဥက္ကဋ္ဌအဘူဆာဒခ်ကာရမ် (Abu Sadik Kayem)က ဒါကာမက္ထရိုပိုလီတန်ထောက်လှမ်းရေး(DB)မှာ သမဂ္ဂအမျိုးသမီးခေါင်းဆောင်တွေကို ခြိမ်း ခြောက်ပုတ်ခတ်ဝေဖန်တဲ့သတင်းစာမျှက်နှာနဲ့အကောင့်ကိုးခုကို တိုင်ကြားခဲ့ပါတယ်။
အဲဒီလိုတိုင်ကြားမှုဟာ သမရိုးကျအခြေအနေတော့ မဟုတ်ပါဘူး။
အမျိုးသမီးတွေ အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်၊ အသရေဖျက်ခံရတာအတွက် ပြန်လည်တရားမျှတမှုရလိုမှုဟာ ရိုးရှင်းတဲ့ရပ်တည်ချက်လည်းမဟုတ်ပါဘူး။
နောက်ကွယ်မှာ ရည်ရွယ်ချက်တွေပါနေပါတယ်။
အဲဒီတရားစွဲဲတဲ့စာရင်းမှာ ဒါကာတက္က သိုလ်ကျောင်းသားသမဂ္ဂ (DUCSU)ရဲ့ဌာနခွဲ သတင်းစာမျှက်နှာတွေလည်းပါနေသလို နိုင်ငံရေးအရ သရော်စာတွေ၊ ဝေဖန်ချက်တွေကို ဘက်မလိုက်ဘဲရေးတင်နေတဲ့ဝက်ဆိုက်ဒ်တွေ ပါဝင်နေလို့ပါ။
အဲဒီလို ကိုယ့်အချင်းချင်းဝေဖန်မှုကိုရော့၊ဘက်မလိုက်ဝေဖန်မှုတွေကိုပါ တရားစွဲတဲ့အပေါ်မှာ ဝေဖန်မှုမြင့်တက်နေပါတယ်။
ဒီဇင်ဘာလ၆ ရက်နေ့ဆွေးနွေးပွဲမှာ သရော်စာ၊ ကာတွန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြပါတယ်။
ရွေးကောက်ပွဲတဖြေးဖြေးနီးကပ်လာတာနဲ့အမျှ ဘင်္ဂလားဒေ့ရှ်မှာ လွတ်လပ်စွာထုတ်ဖော်ခွင့်ကျဉ်းမြောင်းလာနေပါတယ်။
နိုင်ငံရေးအခင်းအကျင်းတွေကို သရော်ချက်တွေ၊ ကာတွန်းတွေဟာ ထိန်းကျောင်းတည့်မတ်မှုဖြစ်ပြီး ဒါဟာအသရေဖျက်ပုတ်ခတ်တာနဲ့သဘောတရားချင်းကွာပါတယ်။
နိုင်ငံရေးအခြေအနေတွေကို ဝေဖန်ထောက်ပြသရော်မှုတွေဟာ အသရေဖျက်မှုအဖြစ် ခေါင်းစဉ်တပ်ပြီး တရားစွဲဆိုမှုတွေ ရှိနေပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောကြားမှုအ ပေါ် “တရားစွဲဆိုတိုက်ခိုက်တာ (harassing lawsuit)” မြင့်တက်လာနေပါတယ်။
အဲဒီလိုလုပ်ရပ်ဟာ လွတ်လပ်စွာထုတ် ဖော်ပြောကြားခွင့်အပေါ် “နိုင်ငံအာဏာနဲ့ တရားစွဲမှု(selective application of state power)” လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေ ဝေဖန်ကြပါတယ်။
နိုင်ငံ့အာဏာကိုရယူဖို့အတွက် ရွေး ကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီအ သီးသီးအပေါ် ဝေဖန်ထောက်ပြမှုတွေ ရှိနေပြီး ဒီအပေါ်မှာ တရားပြန်လည်စွဲ ဆိုမှုတွေလည်း ရှိနေပါတယ်။
“အဲဒီလို ဝေဖန်မှုမေးခွန်းထုတ်မှုကို မခံနိုင်ဘဲ တရားစွဲနေကြသူတွေဟာကိုယ့်အတွေးနဲ့ ကိုယ်လိပ်ပြာမလုံဖြစ်နေပြီး တခြားသူတွေကို လိုက်လံဖိနှိပ်နေတာပါ။ အားကောင်းတဲ့မေးခွန်းတွေနဲ့ သူတို့ကို မေးခွန်းထုတ်လာတဲ့အခါ ပြဿနာလာရှာတယ်လို့သူတို့ကထင်နေတယ်။ ပြီးရင် သူတို့ကို အသရေဖျက်တယ်ဆိုပြီး တရားပြန်စွဲကြတယ်။ ဒီလိုနိုင်ငံရဲ့ အာဏာကိုသုံးပြီး တရားပြန်စွဲနေမှုဟာလွတ်လပ်စွာထုတ်ဖော်မှုအတွက် အန္တ ရာယ်ပါပဲ။ကိုယ့်ရဲ့ သဘောထားအမြင်ကိုပြန်ပေးတာ(feedback machanism)ဟာ ထိရောက်တဲ့စနစ်ပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်လူ့အဖွဲ့အစ ည်းက ဒါကိုလျစ်လျူရှူနေကြတယ်။ တကယ်လို့ ခင်ဗျားဟာ မေးခွန်းထုတ်ခွင့်ကိုပယ်ချနေရင် ခင်ဗျားကိုယ်တိုင် ဆိုးဝါးတဲ့စနစ်တခုကို ဖန်တီးနေတာပဲ” လို့ဓာတ်ပုံသတင်းထောက်ရှဟိဒူလ် အာလမ်(Shahidul Alam)က ပြောပါတယ်။
အီယာကီ (E-Yarki) ဝက်ဆိုက်ဟာ သရော်စာတွေကို ခဏခဏရေးတင်တဲ့ဝက်ဆိုက်ပါ။
ဒါကာတက္ကသိုလ်ကျောင်းသား ခေါင်းဆောင်တချို့ရဲ့ ဆောင်ရွက်ပုံတွေကို သရော်စာရေးတဲ့အခါ တရားစွဲခံရပါတယ်။
အဲဒီလိုတရားစွဲဆိုခံရတာအပေါ် ဝေဖန်ချက်တွေများလာတဲ့အခါ တရားစွဲခံရသူစာရင်းထဲက အီယာကီဝက်ဆိုက်ကို ပြန်လည် ဖယ်ရှားလိုက်ပါတယ်။
အဲဒီလိုသရော်ချက်တွေ၊ဝေဖန်ချက်တွေကို တရားစွဲတဲ့အခါ အစိုးရရဲ့ ခွင့်ပြုချက်လိုနေပါတယ်။
အဲဒါကြောင့်လည်း နိုင်ငံအာဏာကို အသုံးပြုပြီးတရားစွဲတယ်လို့ ဝေဖန်ခံနေရတာပါ။
ပြီးရင် ဒီလိုဝေဖန်ခံရ၊ ထောက်ပြခံရလို့ တရားစွဲနေကြသူတွေဟာလည်းတချိန်ထဲမှာ ဒီမိုကရေစီကိုတောင်းဆိုနေသူ တွေ ဖြစ်နေပါတယ်။
စနစ်ဟောင်းကို မကြိုက်လို့ ဒီမိုကရေစီတောင်းဆိုသူတွေက ဝေဖန်မှုတွေကို သည်းမခံနိုင်ဖြစ်နေတာဟာ ကောင်းတဲ့နိုင်ငံရေးလက္ခဏာမဟုတ်ဘူးပါဘူး။
“ဒီလိုကိစ္စတွေမှာ ပြည်ထဲရေးရုံးကို သွားတယ်။ ထောက်လှမ်းရေး(DB)ရုံးကို သွားတယ်။ ဆွေးနွေးတယ်။ ပြီးရင်အမှုဖွင့်တယ်။ အဲဒါပုံမှန်လုပ်ထုံးလုပ်နည်းလိုဖြစ်နေပြီ။ နေပါအုံး။ ဘယ်သူက ဒါမျိုးလုပ်ရမယ်လို့ ပြောထားလို့လဲ။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။ လူတွေဟာ တရားစွဲဆိုမှုတွေနဲ့ အကျပ်ရိုက်နေကြပြီ။ ပွစိပွစိ ပြောလာကြပြီ။ အဲဒီလိုပွစိပွစီပြောတဲ့သူတွေဟာလည်းတရားရုံးရောက်၊ ထောင်ကိုရောက်ထပ်ဖြစ်ကြမှာလား။ သရော်စာရေးသူတွေနဲ့ ကာတွန်းဆရာတွေကို သည်းမခံနိုင်လို့ တရားစွဲတဲ့သူတွေက သူတို့ဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်မယ်လို့ ပြောနေကြတယ်။ ဒါပေမယ့်လုပ်နေကြတာက စနစ်ဟောင်းအကျင့်ဟောင်းထဲက ပုံစံတွေနဲ့ကိုယ့်မကြိုက်လို့ တော်လှန်ခဲ့တဲ့စနစ်တွေ၊ ဥပဒေတွေကိုသုံးပြီး တခြားသူတွေကို ကိုယ်တိုင်ကနှိပ်ကွပ်နေကြပြီ။ ဒီလိုပုံနဲ့ ဒီမိုကရေစီကို သွားမှာလား” လို့ တရားလွတ်တော်ချုပ်ရှေ့နေ ဘာရစ်စတာဆာရာဟူစိန်( Barrister Sara Hossain)က ဆိုပါတယ်။
သူမက ဆက်ပြီး အီယာကီ (E-Yarki) အပေါ်တရားစွဲပြီး စာရင်းထဲက ပြန်ဖျက်ပေးလိုက်တာနဲ့ ပတ်သက်လို့ “ဒါက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။ ကျွန်မကိုယ်တိုင်ရှေ့နေတယောက်ပါ။ ဒါပေမယ့် ဒီကိစ္စမှာ ဥပဒေကြောင်းအရ လုပ်ပုံကိုင်ပုံတွေကို နားမလည်နိုင်တော့ဘူး။ ဒါကာတက္ကသိုလ်ကျောင်းသားတွေက ဒီလို ပရိုစီဂျာတွေကို ပြဌာန်းလိုက်တာလား။ ဒီလိုဆိုရင် ထောင်ချီနေတဲ့တလွဲစွပ်စွဲအမှုဖွင့်တာတွေကိုကောဖျက်ပေးမှာလား။” လို့ ဥပဒေကြောင်းအရ တလွှဲဖြစ်နေပုံတွေကို ဝေဖန်ပါတယ်။
ဟန်ကိုယ်ဖို့နဲ့နှမ်းဖြူးမှု (hypocrisy)
စစ်ပြန်တယောက်လည်းဖြစ်ပြီး ကာတွန်းလည်းရေးဆွဲတဲ့အာရှန်ဟာဘီဘ် (Ashan Habib)က “ကျုပ်တို့တွေအနားမှာ ပြဿနာတွေက ဝိုင်းဝိုင်းလည်နေတာပဲဗျ။ ဒါပေမယ့် ပေါက်ကရကောလဟလ တွေအမှန်ဖြစ်လာတဲ့အခါကျုပ်လည်း ရယ်မိပါတယ်။ အီ – ယာကီ ဝက်ဆိုက်ကို တရားစွဲတာကို အပြင်းအထန်ကန့်ကွက်ဆန့်ကျင်ပါတယ်။ ကျုပ်တို့ကနိုင်ငံရေးအရကျန်းမာတဲ့လူသားဆန်တဲ့လူ့အဖွဲ့အစည်းကိုလိုချင်တာပါ။” လို့ ပြောပါတယ်။
စာရေးဆရာနဲ့စည်းရုံးရေးမှုဖြစ်သူ ဖိရိုဇ်အာမက် (Firoz Ahmed)က “နိုင်ငံရေးအရပုံရိပ်ဖော်ဖို့နဲ့ နှမ်းဖြူးဖို့ (hypocrisy)အထာ” တွေနဲ့ အမျိုးသမီးအရေးဆိုပြီးလုပ်နေတဲ့သူတွေကို ခုလိုဝေဖန်ပါတယ်။
“အမျိုးသမီးတွေကို အွန်လိုင်းမှာ ဆိုးဆိုးဝါးဝါးတိုက်ခိုက်ခဲ့ဖူးကြတဲ့သူတွေက ခုတော့ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ဆိုပြီး အမှုတွေဖွင့်တ ရားတွေစွဲနေကြပြီ။ သူတို့အုပ်စုထဲက အမျိုးသမီးတွေကမှ အမျိုးသမီးပဲ။ သူတို့အုပ်စုထဲကမဟုတ်တဲ့အမျိုးသမီးတွေကတော့ လူမဟုတ်တာ ကျနေတာပဲ”
သူက ဆက်ပြီး “ကျေးလက်ဘာအူလ်သီချင်းသည်(Baul Singers) တွေကို တိုက်ခိုက်နေတာကိုသာ ကြည့်တော့၊ ဘာအူလ် သီချင်းတွေက သူတို့ထုံးစံအတိုင်းပဲလေ။ တယောက်ကို တယောက် သရော်မယ်။ နောက်ပြောင်မယ်။ ပြီးရင်း အဆုံးသတ်မှာ အပြန်အလှန်လှိုက်လှဲနုတ်ဆက်ပွေ့ဖက်သွားကြမယ်။ အဲဒီလိုသည်းခံမှုမျိုးလူလတ်တန်းစားပညာတတ်တွေမှာ မရှိတော့ပါဘူး။” လို့ ဝေဖန်ပါတယ်။
ထင်ရှားတဲ့ကာတွန်းဆရာမီဟီဒီဟာကီ (Mehedi Haque)က “သည်းခံမှုဆိုတာ ပညာတတ်ရဲ့ လက္ခဏာပါ။ အသိဥာဏ်နည်းတဲ့သူတွေကတော့ ကာတွန်းတွေ၊ သရော်စာတွေကိုပြန်တိုက်ခိုက်ကြတော့တာပဲ။ ဒီမိုကရေစီနဲ့ယဥ်ကျေးမှု မြင့်မားတဲ့လူ့အဖွဲ့အစည်းကို ဦးတည်နေတာ ဟုတ်မဟုတ် ဘယ်လို အချက်တွေညွှန်ပြနေမလဲ။ နိုင်ငံတခုရဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေက သူတို့အပေါ် ဝေဖန်မှုတွေ၊သရော်မှုတွေကို ဘယ်လောက်ထိ သဘောထားကြီးကြီးနဲ့ သက်တောင့်သက်သာနဲ့ ကိုင်တွယ်ပြမလဲဆိုတဲ့အချက်တွေနဲ့ညွှန်ပြနိုင်ပါတယ်။” လို့ ဝေဖန်ပါတယ်။
ဒါကာတက္ကသိုလ်ကျောင်းသားတွေရဲ့ တရားစွဲမှုအပေါ် ဝေဖန်ချက်တွေများနေရတဲ့အကြောင်းရင်းက နိုင်ငံရေးသရော်စာတွေတင်နေတဲ့အီယာကီ (E-Yarki)ဝက်ဆိုက်ရဲ့ သရော်စာကဏ္ဍအယ်ဒီတာဟာ အမျိုးသမီးဖြစ်နေလို့ပါပဲ။
အီယာကီရဲ့ သရော်စာကဏ္ဍအယ်ဒီတာ အမျိုးသမီးဖြစ်သူရှိမုနာဆာရ် (Shimu Naser)က သူမတို့ ဝက်ဆိုက်တိုင်ကြားခံရတာနဲ့ ပတ်သက်လို့ ခုလိုပြောပါတယ်။
“ဒီတိုင်ကြားချက်က လူပုဂ္ဂိုလ်၊ ပါတီတခုခုရဲ့ဆုံးဖြတ်ချက်အရသရော်စာရေးသူတွေကို တရားစွဲတာမဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂရဲ့ ဒုဥက္ကဋ္ဌလုပ်ပုံက သူတို့ သမဂ္ဂကအမျိုးသမီးတွေကို ထိခိုက်အောင်လုပ်ထားတဲ့ကိစ္စတွေကို စုပြီးအစိုးရကို တင်ပြတဲ့သဘောပေါ့။ ဒါဟာ အဖွဲ့အစည်းတခုရဲ့ဆန္ဒအရ တဖက်သတ်ဆန်ဆန် အပေါ်စီးဆန်ဆန်သတိပေးမှုပါပဲ။ အစိုးရက သဘောထားမှတ် ချက်ပေးပြီးတဲ့နောက်မှာသရော်စာရေးသူအုပ်စုကို တရားစွဲဖို့အမှုတွဲကို တည် ဆောက်နေပါတယ်။” လို ပြောပါတယ်။
ဒါတွေက နတ်မြစ်တဘက်ကမ်းရှိ ဘင်္ဂလားဒေ့ရှ်က သတင်းလွတ်လပ်မှုအခြေအနေတွေပါ။
ရခိုင်ဒေသထဲက သတင်းလွတ်လပ်မှုအခြေအနေတွေက ဘယ်လိုရှိနေပါသလဲ။
ဘင်္ဂလားဒေ့ရှ်မှာ သတင်းထောက်တွေကိုတိုက်ခိုက်မှုအမျိုးမျိုးရဲ့ ၉၀ ရာခိုင်နှုန်းဟာ နိုင်ငံရေးပါတီတွေနဲ့ ထောက်ခံသူတွေဆီက လာတာလို့ဆိုကြပါတယ်။
နိုင်ငံရေးအုပ်စုအသီးသီးဟာ သူတို့အပေါ် ဝေဖန်မှုတွေကို သည်းခံမှုမရှိဘူးဆိုတာကို ပြနေပါတယ်။
ရခိုင်သတင်းလွတ်လပ်မှုအခြေအနေ
ရခိုင်အခြေအနေက ဘင်္ဂလားဒေ့ရှ်နဲ့ ထပ်တူမကျပေမယ့် နိုင်ငံရေးအဝိုင်းအဝန်းထဲကသူတွေ၊ အုပ်ချုပ်ရေးအဝိုင်းအဝန်းထဲကသူတွေဟာ သူ့တို့အပေါ် ဝေဖန်မှုတွေ၊ ထောက်ပြမှုတွေကို အဖွဲ့အစည်းထဲအချင်းချင်းဖြစ်စေ။ အပြင်က သူဖြစ်စေ တူးတူးခါးခါး ဖြစ်နေကြဆဲပါ။
ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေးအင်အားစုတွေလိုပဲ ရခိုင်မှာလည်း နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအဝိုင်းအဝန်းက သူတွေဟာ နိုင်ငံရေးအရဝေဖန်သူတွေအပေါ် သည်းခံလိုစိတ်နည်းကြပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ စနစ်ဟောင်းကို တွန်းလှန်ခဲ့သူတွေကိုယ်တိုင်က စနစ်ဟောင်းရဲ့အမှုအကျင့်တွေကို လိုက်လုပ်နေကြတယ်လို့ တရားလွတ်တော်ချုပ်ရှေ့နေ ဘာရစ်စတာဆာရာဟူစိန်(Barrister Sara Hossain)ပြောခဲ့သလိုပါပဲ။
ရခိုင်မှာလည်း ပြောရေးဆိုခွင့်မရှိတဲ့ဖိနှိပ်တဲ့စနစ်ဟောင်းကို ရင်ဆိုင်တိုက်ပွဲဝင်နေသူတွေကိုယ်တိုင်က စနစ်ဟောင်းရဲ့အမှုအကျင့်တွေရှိလာပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာတော့ နိုင်ငံရေးတည် ငြိမ်မှုတစုံတရာရှိနေလို့ ဒီလိုပြဿနာတွေကို ကျင့်ဝတ်ပိုင်းအရ အပြန်အလှန်ထိန်းကျောင်းမှုစနစ်အားကောင်းနေပေမယ့် ရခိုင်မှာတော့ အပြန်အလှန်ထိန်း ကျောင်းမှုအားမကောင်းပါဘူး။
ဘင်္ဂလားဒေ့ရှ်မှာ ကျောင်းသားအုပ်စုတွေဟာ အပြောင်းအလဲကို ဦးဆောင်ခဲ့ပြီးကြားဖြတ်အစိုးရနဲ့လူထုမျက်နှာသာ ပေးမှုအောက်မှာ ရှိနေပါတယ်။
အဲဒီလိုနိုင်ငံရေးအရ မျက်နှာသာပေးခံရတဲ့ဖွဲ့အစည်းက သူတို့အပေါ် ဝေဖန်ထောက်ပြမှုတွေကို စော်ကားမှုတံဆိပ်ကပ်ပြီး တရားစွဲမယ်လို့ ပြောလာတဲ့ခါ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေက “နိုင်ငံအာ ဏာနဲ့လွတ်လပ်စွာထုတ်ဖော်ခွင့်အပေါ် တရားစွဲမှု” အဖြစ်ပြန်လည်ထောက်ပြ နိုင်ပါတယ်။
ရခိုင်မှာတော့ နိုင်ငံရေး၊ အုပ်ချုပ်ရေး ထဲမှာပါဝင်ပတ်သက်နေသူတွေကိုယ်တိုင် “လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ပိတ်ပင်ထား” ပေမယ့် ဒီအပေါ်မှာ တရားနည်းလမ်းတကျ ပြန်လည်ဝေဖန်ဆန်း စစ်ထောက်ပြမှုမရှိသလောက်နည်းပါတယ်။
ရခိုင်မှာ စစ်ပွဲကာလဆိုတဲ့အချက်အောက်မှာ အုပ်ချုပ်ရေး၊ တည်ဆောက်ရေးနယ်ပယ်အပေါ် ဆန်းစစ်ဝေဖန်ခွင့်နဲ့ လူထုအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ဟာ ပိတ်ပင်ခံထားရဆဲပါ။
ဘင်္ဂလားဒေ့ရှ်မှာ ဝေဖန်ထောက်ပြမှုတွေကို “အသရေဖျက်မှု၊ အမျိုးသမီးတွေအပေါ် တိုက်ခိုက်မှု” အဖြစ်လမ်း ကြောင်းလွှဲပုံဖော်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောကြားမှုကို ပိတ်ပင်ဖို့ ကြိုးစားကြပါတယ်။
ရခိုင်မှာတော့ “လူထုဘေးကင်းလုံခြုံရေး၊ စစ်ရေးအချက်အလက်မပေါက်ကြားရေး” ဆိုတဲ့အချက်ကို ကိုင်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုပိတ်ပင်နေကြပါတယ်။
နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအဝိုင်းအဝန်းက လူတွေဆောင်ရွက်ပုံတွေအပေါ် မတူညီတဲ့ရှူဒေါင့်ကဝေဖန်တဲ့သူတွေဟာ “ဒလန်တံဆိပ်၊သစ္စာဖောက်တံဆိပ်” ကပ်ခံရနိုင်ပါတယ်။
သာမန်လူတွေအတွက် သွေးရိုးသားရိုး ဖုန်းဆက်ရင်တောင် မသင်္ကာဖြစ်ပြီး စစ်လားဆေးလားလုပ်ခံရတဲ့ဖြစ်စဉ်တွေ ရှိနေပါတယ်။
နိုင်ငံရေး၊ လူမှုရေးနဲ့မီဒီယာတွေမှာ တက်ကြွစွာပါဝင်နေကြတဲ့ အမျိုးသမီးတွေကို ခြိမ်းခြောက်စော်ကားမှုတွေဟာ နှစ်ဖက်စလုံးမှာ ရှိနေဆဲပါ။
စာရေးဆရာနဲ့စည်းရုံးရေးမှုဖြစ်သူ ဖိရိုဇ်အာမက်( Firoz Ahmed)ပြောသွားသလို “သူတို့အုပ်စုထဲက အမျိုးသမီးတွေကမှ အမျိုးသမီးပဲ။ သူတို့အုပ်စုထဲက မဟုတ်တဲ့အမျိုးသမီးတွေကတော့ လူမဟုတ်တာ ကျနေတာပါပဲ။” ဆိုတဲ့အတိုင်းပါပဲ။
လုပ်ပိုင်ခွင့်အာဏာပါဝါရှိတဲ့သူတွေ အကြိုက် ပြောဆိုနေထိုင်ကြတဲ့အမျိုးသမီးလက်တဆုတ်စာအတွက်(hypocrisy)ရုပ်ပြလှဖို့၊ အသုံးချဖို့အတွက် အကာအကွယ်အနည်းငယ်ရကြပေမယ့် တ ခြားအမျိုးသမီးတွေအဖို့ကတော့ ကျား/မညီမျှခွင့်ဆိုတာ ဝေးနေဆဲပါပဲ။
ဘင်္ဂလားဒေ့ရှ်မှာတော့ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကြိုးစားနေပါတယ်။
မူဝါဒတွေ၊ ဥပဒေတွေနဲ့ဖြေရှင်းဖို့အတွက် ပြင်ဆင်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်မီဒီယာသမားတွေ ပြောသလို နိုင်ငံရေးအရရင့်ကျက်ပြီး ယဉ်ကျေးမှုမြင့်မားတဲ့လူမှုအဖွဲ့အစည်းကို စိုင်းပြင်းနေကြပါတယ်။
အဲဒီအပြောင်းအလဲမှာ ဦးဆောင်သူ နေရာကပါခဲ့တဲ့ကျောင်းသားတွေနဲ့ ပညာတတ်လူလတ်တန်းစားတွေ နိုင်ငံရေးသည်းခံမှုနည်းပါးနေတာကို ဝေဖန်ပြန်ထိန်းကျောင်းဖို့ ကြိုးစားနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ခရီးရှည်ကို အကြာကြီးဖြတ်သန်းရအုံးမှာပါ။
ရခိုင်လည်းခရီးရှည်ဟာ ကြာမှာပါပဲ။
ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်ကြား ကွာခြားချက်မှာ ဘင်္ဂလားဒေ့ရှ်ဟာအရှိန်ရနေပေမယ့် ရခိုင်မှာတော့ ခြေလှမ်းတောင်မလှမ်းရသေးပါဘူး။
ကိုးကား…





