Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး နိုင်ငံရေး

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုတွေကြောင့် အခက်တွေ့နေ

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ ဒီဇင်ဘာ ၁၀ ။

တောင်အာရှဒေသတွင်းနိုင်ငံများဆိုင် ရာကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများတိုက်ဖျက်ရေး(UNODC)ရဲ့ ကိုယ်စားလှယ်အသစ်အဖြစ် ခရစ်စတန်ဟဲလ်ဂျ် (Kristian Hlge)ကို ခန့်အပ်လိုက်ပါတယ်။

တောင်အာရှဆိုင်ရာ UNODC ရုံးဟာ နယူးဒေလီမှာ အခြေစိုက်ပါတယ်။

ခရစ်စတန်ဟဲလ်ဂျ်ဟာ ဒါကာကို ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးအမ်ဒီတိုဟဒ်ဟူစိန်(Md Touhid Hossain)ကို သူရဲ့ခန့်အပ်လွှာ (Letter of Credence)ပေးအပ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေ ဒီဇင်ဘာလ ၉ ရက်နေ့က ဖော်ပြထားပါတယ်။

တောင်အာရှဒေသတွင်းနိုင်ငံများဆိုင် ရာကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ရာဇဝ တ်မှုများတိုက်ဖျက်ရေး(UNODC)ရဲ့ အသစ်ရောက်ရှိလာတဲ့ခရစ်စတန်ဟဲလ်ဂျ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံ ပေးအရာရှိကို သူရဲ့ လုပ်ငန်းစဉ်တွေအကြောင်းရှင်းပြခဲ့ပါတယ်။

တောင်အာရှဆိုင်ရာ UNODC ရုံးက

  • ၁။ မူးယစ်ဆေးဝါးကုန်ကူးမှု (Drug trafficking)
  • ၂။ လူကုန်ကူးမှု (Human trafficking)
  • ၃။ အဂတိတရားနဲ့ လာဘ်ပေးလာဘ်ယူ လုပ်မှု(Corruption)
  • ၄။ အကြမ်းဖက်မှု(Terrorism)
  • ၅။ အခြား ရာဇဝတ်မှုဆန်တဲ့ ဒုစရိုက်မှု (other transnational organized crimes) တွေကို တိုက်ဖျက်ရာမှာ ဘင်္ဂလားဒေရှ့်နဲ့ ပူးပေါင်းဆောင်ရွက္မယ့် လုပ်ငန်းစဉ်တွေရှိလာမှာပါ။

ဘင်္ဂလားဒေ့ရှ်အကြံပေးအရာရှိက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ UNODC ရဲ့ရုံးဌာနတခုတည်ထောင်ဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါမှ ပိုပြီး မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်တဲ့အခါအခါ ပိုပြီးအားကောင်းနိုင်မယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးဆိုရင် အကျိုးရလဒ်က ပိုရှိမယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုတွေရှိနေတာဟာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးကို ထိခိုက်နေတယ်လို့ ဘင်္ဂလားဒေ့​ရှ်နိုင်ငံ ခြားရေးအကြံပေးက UNODC ကိုယ်စားလှယ်ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အပေါ်ဖိအား

အမေရိကန်အစိုးရက နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအစီရင်ခံ စာကို International Narcotics Control Strategy Report (INCSR)နှစ်စဉ်ထုတ်ပြန်ပါတယ်။

INCSR အစီရင်ခံစာကို နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာဗြူရို(Bureau of International Narcotics and Law Enforcement Affairs (INL))က ထုတ်ပြန်ရပါတယ်။

INL က အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာနအောက်မှာရှိပါတယ်။

အဲဒီအစီရင်ခံစာကို အပိုင်းနှစ်ခုခွဲပြီး ထုတ်ပြန်ပါတယ်။

  • Volume I: မူးယစ်ဆေးဝါးနဲ့ဓာတုပစ္စ ည်းထိန်းချုပ်မှု(Drug and Chemical Control)နဲ့ * Volume II: ငွေကြေးခဝါချမှု(Money Laundering and Financial Crimes)ဆိုပြီးပါ။

Volume I: မူးယစ်ဆေးဝါးနဲ့ဓာတုပစ္စ ည်းထိန်းချုပ်မှု(Drug and Chemical Control)မှာ…

ဘင်္ဂလားဒေ့ရှ်ဟာ မူးယစ်ဆေးဝါးဖြတ်သန်းရာအဓိကနိုင်ငံ(Drug Transit Country)လို့ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှ(ရွှေတြဂံ)နဲ့တခြားနေရာတွေမှ ဆေးခြောက်၊ ဘိန်းဖြူနဲ့မက်သမ်ဖက်တမင်း(စိတ်ကြွဆေး)တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သန်းနေတ ယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ(ရခိုင်နဲ့ချင်းပြည်)က ရေလ မ်း/ကုန်းလမ်းကတဆင့် Yaba (မက်သမ်ဖက်တမင်း)နဲ့ မူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုအများဆုံးဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း မူးယစ်ဆေး ဝါးသုံးစွဲသူများပြားလာနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ထုတ်လုပ်/ဖြတ်သန်းရာ နှစ်မျိုးစလုံးရှိတဲ့အဓိကနိုင်ငံ(Major Drug Transit and Illicit Drug Producing Country)ထဲမှာပါနေပါတယ်။

အာဖဂန်နစ္စတန်၊ပါကစ္စတန်ပါဝင်တဲ့ ရွှေလခြမ်း(Golden Crescent)နဲ့ မြန်မာပါဝင်တဲ့ ရွှေတြီဂံ(Golden Triangle) ဒေသနှစ်ခုကြားမှာတည်ရှိတဲ့အတွက် အဓိကဖြတ်သန်းရာလမ်းကြောင်းဖြစ်နေပါတယ်။

အိန္ဒိယရဲ့ဆေးဝါးထုတ်လုပ်မှုမှာ မူးယ စ်ဆေးဝါးနဲ့ပတ်သက်လို့ အလွှဲသုံးစားလုပ်တာတွေ ရှိနေပါတယ်။

ကြီးမားတဲ့ဆေးဝါးနဲ့ဓာတုဗေဒလုပ်င န်းတွေအတွက်မူးယစ်ဆေးဝါးထုတ်လု ပ်ရန်လိုအပ်တဲ့ဓာတုပစ္စည်းတွေ (Precursor Chemicals)တွေကို သို လှောင်တာတွေရှိပြီးအဲဒီတဆင့်လာဘ်ပေးလာဘ်ယူအဂတိမှုတွေကြောင့်ယိုစိ မ့်မှုနဲ့အလွဲသုံးစားလုပ်တွေဟာရှိနေပါတယ်။

မြန်မာကလည်း အဓိကထုတ်လုပ်သူ (Major Illicit Drug Producing Country)စာရင်းထဲမှာပါဝင်ပါတယ်။

ဘိန်းနဲ့မက်သမ်ဖက်တမင်း(စိတ်ကြွ ဆေး)အပါအဝင် ဖန်တီးပြုလုပ်ထားတဲ့မူးယစ်ဆေးဝါးတွေ(Synthetic Drugs) ကို အကြီးစားထုတ်လုပ်ရာနိုင်ငံဖြစ်နေပါတယ်။

ရွှေကြီဂံဒေသဟာ ဗဟိုချက်ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုနောက် ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့တရားမဝင် ဖြန့်ဖြူးမှုတွေ သိသိသာသာမြင့်တက်လာပြီးအိန္ဒိယနဲ့တရုတ်မှ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာအရေးကြီးလိုအပ်တဲ့ဓာတုပစ္စည်းတွေစိမ့်ဝင်နေပါတယ်။

  • Volume II: ငွေကြေးခဝါချမှု (Money Laundering and Financial Crimes)နဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အစီရင်ခံစာမှာ

၁။ မြန်မာ (Burma)

အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံကို စိုးရိမ်ဖွယ်ရာငွေကြေးခဝါချမှုဆိုင်ရာဒေသ(Jurisdiction of Primary Concern)လို့ သတ်မှတ်ထားပါတယ်။

မူးယစ်ဆေးဝါး၊တရားမဝင် ရွှေတူးဖော်ရေး၊သစ်တောထွက်ပစ္စည်းနဲ့ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု၊လောင်းကစားတွေနဲ့ဆက်စပ်ပြီး ငွေကြေးခဝါချမှုတွေအလွန်မြင့်မားနေပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဘဏ္ဍာရေးဆိုင်ရာစုံစမ်းစစ်ဆေးရေး ယူနစ် (Financial Intelligence Unit – FIU)အပါအဝင်အဖွဲ့အစည်းတွေရဲ့စွမ်းရည်သိသိသာသာလျော့ကျသွားပါတ ယ်။

မြန်မာဟာ ၂၀၂၂ ခုနှစ်ကပင် FATF ရဲ့ အန္တရာယ်တွေစာရင်း (High-Risk Jurisdiction or Blacklist)မှာပါဝင်နေဆဲဖြစ်ပါတယ်။

ငွေကြေးခဝါချမှုနဲ့အကြမ်းဖက်မှုတွေမမှာငွေကြေးထောက်ပံ့တာတွေတိုက်ဖျ က်ဖို့ ပျက်ကွက်နေပါတယ်။

ဥပဒေမဲ့လောင်းကစားရုံတွေနဲ့ငွေပေး ချေမှုစနစ်တွေမှာဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုမှုမြင့်တက်နေပြီလို့ ဆိုပါတ ယ်။

၂။ ဘင်္ဂလားဒေ့ရှ်(Bangladesh)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စိုးရိမ်ဖွယ်ရာ ငွေကြေးခဝါချမှုဆိုင်ရာဒေသအဖြစ် (Jurisdiction of Primary Concern) သတ်မှတ်ထားပါတယ်။

အဂတိလိုက်စားမှု၊ ပြည်ပသို့ တရားမဝင်ငွေလွှဲပြောင်းမှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုမှရရှိတဲ့ငွေကြေးခဝါချမှု အန္တရာယ်မြင့်မားနေပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေရဲ့လွှဲပြောင်းငွေတွေ(Remittances)အတွက် တရား မဝင် Hundi၊Hawalaငွေလွှဲစနစ်တွေကိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေမှုက ဘဏ္ဍာရေးစနစ်ပြင်ပမှာ ငွေလည်ပတ်နေပါတယ်။

အာဏာပိုင်တွေဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေ၊ တရားစွဲဆိုမှုတွေ တိုးလုပ်ပေမယ့် ကြီးမားတဲ့အမှုတွေကို တရားရုံးမှာဆက်စစ်ဆေးဖို့နှောင့်နှေးမှုတွေရှိနေဆဲပါ။

ဘင်္ဂလားဒေ့ရှ်ဟာ FATF ရဲ့တိုးတက်မှုစောင့်ကြည့်စာရင်း(Grey List)က လွတ်ဖို့အတွက်ကြိုးစားလာရပေမယ့် မဟာဗျူဟာမြောက်ချို့ယွင်းချက်တွေကို ဖြည့်ဆည်းရန်ဆက်လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

၃။ အိန္ဒိယ (India)

အိန္ဒိယနိုင်ငံကို စိုးရိမ်ဖွယ်ရာ ငွေကြေးခဝါချမှုဆိုင်ရာဒေသအဖြစ် (Jurisdiction of Primary Concern) သတ်မှတ်ထားပါတယ်။

ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ နယ်စပ်ဖြတ်ကျော်ငွေကြေးလည်ပတ်မှု ပမာဏတွေများပြားနေတာက ငွေကြေးခဝါချမှုအန္တရာယ်ကို ပိုဖြစ်စေပါတယ်။

အိန္ဒိယနိုင်ငံထဲက ငွေကြေးခဝါချမှုတွေမှာ အဂတိလိုက်စားမှု၊ အခွန်ရှောင်တိမ်းမှု၊ဘဏ္ဍာရေးလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ တရားမဝင်ရွှေကူးသန်းရောင်းဝယ်မှုနဲ့ အကြမ်းဖက်မှုအတွက်ငွေကြေးထောက်ပံ့မှုက အဓိကလမ်း ကြောင်းဖြစ်နေပါတယ်။

အိန္ဒိယက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတွေကို အကောင်အထည်ဖော်နေပါတယ်။

ငွေကြေးထောက်လှမ်းရေးဌာန(FIU)က သတင်းအချက်အလက်တွေကိုပုံမှန်ရ ယူနေပါတယ်။

ဒစ်ဂျစ်တယ်ပိုင်ဆိုင်တွေ၊ ဝန်ဆောင်မှုတွေမှာစည်းမျဉ်းသတ်မှတ်မှုတွေရှိလာဖို့ လုပ်ဆောင်နေပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာပါ အချက်တွေကိုကြည့်ရင်…

၁။ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနဲ့အိန္ဒိယကြားမှာရှိနေပါတယ်။

အိန္ဒိယနဲ့မြန်မာဟာ မူးယစ်ဆေးအဓိ ကထုတ်လုပ်သူတွေထဲမှာရှိနေပါတယ်။

၂။ ဘင်္ဂလားဒေ့ရှ်ရော မြန်မာပါ မူးယစ်ဆေးဝါး၊ မသာမာတဲ့ငွေကြေးတွေကို ခဝါချဖို့အတွက် အကောင်းဆုံးရေခံမြေခံတွေဖြစ်နေပါတယ်။

၃။ အိန္ဒိယက အွန်လိုင်းပိုင်ဆိုင်မှုကို ဥပဒေကြောင်းအရ ကိုင်တွယ်ဖို့ထိ ရှေ့ကို ရောက်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကတော့ အဲဒီအဆင့်ကိုမရောက်သေးပါဘူး။ မရောက်သေးရင်တောင် ဘင်္ဂလားဒေ့ရှ်က ရုန်းထွက်အား မြန်မာထက်ပိုကောင်းပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ အွန်လိုင်းက မူးယစ်ဆေးဝါးနဲ့ ငွေကြေးမသမာမှုတွေကို ကိုင်တွယ်ဖို့၊ အွန်လိုင်းက သားကောင်ရှာဖွေမှုတွေကို တိုက်ဖျက်ဖို့အတွက် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာနေပါတယ်။

၄။မြန်မာနိုင်ငံ(ရခိုင်နဲ့ချင်းပြည်)မှ ရေလမ်း/ကုန်းလမ်းကတဆင့် Yaba (မက်သမ်ဖက်တမင်း)နဲ့ မူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုအများဆုံးဖြစ်ပါတယ်။

အဲဒီအခြေအနေတွေဟာ ဒေသတွင်းမှာ မူးယစ်ဆေးဝါးကိစ္စနဲ့ရာဇဝတ်မှုတွေရှိနေတယ်။

အဲဒီအချက်တွေက ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို ထိခိုက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်က ထုတ်ပြောလာပါတယ်။

နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့(International Narcotics Control Board – INCB)မှာလည်း အွန်လှိုင်းကိုအသုံးပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက်ဖို့ ဘင်္ဂလားဒေ့ရှ်အဆိုပြုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း မူးယစ်ဆေးဝါးဖမ်းမိတဲ့သတင်းတွေကိုမကြာခဏတင်နေပါတယ်။

အဲဒီအခြေအနေကတော့ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်သန်းမယ့် မူးယစ်ဆေးဝါးကွန် ရက်ဟာ အမဲလိုက်ခံရမယ့်အချိန်နီးကပ်လာနေပြီလို့ အချက်ပြနေပါပြီ။

ကိုးကား…

  • https://www.tbsnews.net/bangladesh/dhaka-seeks-stronger-ties-unodc-1305646
  • https://www.state.gov/2025-international-narcotics-control-strategy-report
  • https://www.state.gov/2024-international-narcotics-control-strategy-report
  • https://www.tbsnews.net/bangladesh/bangladesh-proposes-global-digital-centre-combat-online-drug-trade-1303366
PrevPreviousတီးတိန်မြို့မှအသံတိတ်သပိတ်
Nextအာရက္ခဒေသမှာ နှစ်နှစ်အတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သား ၁၀၀၅ ဦးသေဆုံးNext
Previous Post

တီးတိန်မြို့မှအသံတိတ်သပိတ်

Next Post

အာရက္ခဒေသမှာ နှစ်နှစ်အတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သား ၁၀၀၅ ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

March 13, 2026

အီရန်စစ်ပွဲရပ်တန့်ရေး တောင်ကိုရီးယားမှာဆန္ဒပြ

March 13, 2026

​တေဟီရန်လေဆိပ်ရှိ အီရန်ဆီဖြည့်လေယာဉ်ကို အမေရိကန်နဲ့ အစ္စရေးတိုက်ခိုက်

March 13, 2026

ပါရှန်းပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောတိုက်ခိုက်ခံရပြီး အိန္ဒိယသင်္ဘောသားတဦး သေဆုံး

March 13, 2026

​တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ BWM အဖွဲ့တိုက်ခိုက်

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

အီရန်စစ်ပွဲရပ်တန့်ရေး တောင်ကိုရီးယားမှာဆန္ဒပြ

စစ်ခေါင်းဆောင်လေတပ်အတွက် လေယာဉ်နဲ့ရဟတ်ယာဉ်သစ်တွေထပ်ဖြည့်

​တေဟီရန်လေဆိပ်ရှိ အီရန်ဆီဖြည့်လေယာဉ်ကို အမေရိကန်နဲ့ အစ္စရေးတိုက်ခိုက်

ပါရှန်းပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောတိုက်ခိုက်ခံရပြီး အိန္ဒိယသင်္ဘောသားတဦး သေဆုံး

Releated Post

​တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ BWM အဖွဲ့တိုက်ခိုက်

March 13, 2026

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

March 13, 2026

အီရန်စစ်ပွဲရပ်တန့်ရေး တောင်ကိုရီးယားမှာဆန္ဒပြ

March 13, 2026

စစ်ခေါင်းဆောင်လေတပ်အတွက် လေယာဉ်နဲ့ရဟတ်ယာဉ်သစ်တွေထပ်ဖြည့်

March 13, 2026

​တေဟီရန်လေဆိပ်ရှိ အီရန်ဆီဖြည့်လေယာဉ်ကို အမေရိကန်နဲ့ အစ္စရေးတိုက်ခိုက်

March 13, 2026

ပါရှန်းပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောတိုက်ခိုက်ခံရပြီး အိန္ဒိယသင်္ဘောသားတဦး သေဆုံး

March 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page