Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

လိုသျှမ်ပါ သို့မဟုတ် တောင်ပိုင်းသား – နိဂုံး

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၂၀။

တပ်စွမ်းနိုင်သမျှနီပေါဘက်ကကြိုးစားခဲ့သော်လည်းဒုက္ခသည်များပြန်ပို့ရေးမှာ အခြေအနေမကောင်းတော့ပေ။

ဤသို့ဖြင့် နီပေါအနေဖြင့် ဒုက္ခသည်များအား တတိယနိုင်ငံတခုတွင် နေရာချထားနိုင်ရန် ပြင်ဆင်လာရသည်။

အမေရိကန်၊ကနေဒါ၊ဩစတေးလျ စသည့်နိုင်ငံများပါဝင်သည့် ရှစ်နိုင်ငံအုပ်စုမှဒုက္ခသည်များကို လက်ခံပေးသည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ဘူတန် ဒုက္ခသည် ၁၁၃,၅၀၀ ကျော်အား နိုင်ငံအသီးသီးတွင် နေရာချထားမှုက ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နေရာချထားရေး ၏အကြီးဆုံးဖြစ်စဉ်များတွင်တခုအပါ အဝင်ဖြစ်သည်။

နီပေါအရှေ့ပိုင်းဒုက္ခသည် စခန်းများတွင် ဒုက္ခသည် ၆၃၆၅ ယောက်ကျန်နေသေးသည်။

တတိယနိုင်ငံများက လက်ခံပေးမှုက ဒုက္ခသည်ထောင်ပေါင်းများစွာအတွက် အသက်ရှူပေါက်တခုဖြစ်သော်လည်း ဤသည်ကပင် ဘူတန်၏ လူမျိုးတခုတည်း(Homogenisation Project) မူဝါဒကို ကြေကွဲစရာ အရှုံးပေးမှုလည်း ဖြစ်သည်။

ဒုက္ခသည်များနေရပ်ပြန်ရေး ငြင်းပယ်ခံနေရဆဲဖြစ်သည်။

နိုင်ငံတခု၏တူးတူးခါးခါးငြင်းပယ်နေမှု(intransigence)ကို မျက်နှာချင်းဆိုင်နေရသော ဒီပလိုမေစီအကန့်အသတ်အောက်တွင် ဇာတ်နာနေရမှုက အလီလီ ဖြစ်သည်။

ဘူတန်၏နိုင်ငံတကာသို့ ပို့ကုန်က အင်

မတန်အောင်မြင်ပေသည်။

တနိုင်ငံလုံး အသားတင်ကုန်ထုတ်လုပ် မှု(GDP)မဟုတ်၊ တနိုင်ငံလုံးပျော်ရွင်ရေးအညွှန်းကိန်း(Gross National Happiness- GNH)ဖြစ်သည်။

GNH အဆုံးအမက စီးပွားရေးတိုးတက်မှုထက် ဘဝတွင် ကောင်းကောင်းနေ ထိုင်ရေးကို ဖော်ကျူးသည်။

ဤဖော်ကျူးချက်က အနောက်ကမ္ဘာ ၏စိတ်ကူးစိတ်သန်းနှင့်မူဝါဒချမှတ်သူများထိပင် ဖမ်းစားနိုင်ခဲ့သည်။

အေးချမ်းငြိမ်သက်လှသော စိတ်အေး ချမ်းဖွယ်ဟိမဝန္တာတောင်တန်းပေါ်က ဘုရင့်နိုင်ငံငယ်လေးဆိုသည့် ပုံရိပ်ကို တရေးတယူပြုစုပျိုးထောင်ယူသည်။

ဤပုံရိပ်ဖြင့် ဘူတန်လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်ယူသည်။

တမျိုးသားလုံးပျော်ရွင်ရေး(GNH)က ပေါ်လွင်ထင်ရှားလွန်းလှသည်။ ထိုပေါ် လွင်ထင်ရှားမှုက လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ခိုင်မာလာသည်နှင့်အမျှ ပြိုကျနေသည်။

ပျော်ရွင်မှုတွင် ချန်ပီယံဆုယူထားသော ဘုရင့်နိုင်ငံတွင် လူ့အခွင့်အရေးအုပ်စုများကို ညှင်းပန်းနိုပ်စက်မှု၊ အတင်းအကျပ်ဝန်ခံခိုင်းမှု(Coerced Confessions)များရှိနေသည်။အပြင်းအထန်အရေးယူအပြစ်ပေးသည့်ဥပဒေပုံစံ(Draconian Laws)ကို အတိုက် အခံများအားနှိပ်ကွပ်ရာ၌ အသုံးချနေသည်။

၁၉၉၂ ခုနှစ်၊ဘူတန်အမျိုးသားလုံခြုံ ရေးဥပဒေတွင် ဘုရင်၊ နိုင်ငံနှင့်လူထုကို ဆန့်ကျင်မှုအား သစ္စာဖောက်မှုအဖြစ် အဓိပ္ပါယ်ဖွင့်ထားသည်။ဖွင့်ထားပုံက ဝိုးတိုးဝါးတား၊လိုရာဆွဲ၍ရအောင်လုပ်ထားသော(Vague Definitions)မျိုးဖြစ်သည်။

ထိုဥပဒေက နိုင်ငံရေးသဘောထားကွဲ လွဲသူများနှင့်လိုသျှမ်ပါများကို ဖိနှိပ်သည့်လက်နက်တခုလည်း ဖြစ်သည်။

ဤကဲ့သို့အချက်များအား နိုင်ငံတကာက မျက်စိကွက်ကျော်ကြည့်သွားသည်။ ဂရုမစိုက်ခဲ့ကြပေ။အိန္ဒိယအပါအဝင် ပါဝါရှိသောနိုင်ငံများကလည်း လျစ် လျူရှူနေခဲ့သည်။

၁၉၉၀ ပြည့်လွန်ကာလများတွင် ဘူတန်ကျူးလွန်ခဲ့သောလူမျိုးစုရှင်းလင်းရေး(Ethnic Cleansing)အတွက် ရှင်းလင်းသော သတင်းစကားကို အိန္ဒိယသည် မပြောပေ။

ဤသို့ဖြင့် ပြစ်ဒဏ်ကင်းလွတ်မှုရှိနေခဲ့သည်။ဘုရင်စနစ်က လုံးဝအပြစ်အနာမရှိ(Unscathed)ပဲ ပေါ်ထွက်လာခဲ့သ ည့်သဘောပင်။

ဘုရင်စနစ်ကို လွှမ်းခြုံပြီးကြည့်လိုက်လျှင် မှေးမိန်မှု(Tarnished)မရှိ၊ ထွန်းပြောင်မှု(Burnished)သာရှိနေသလို ဖြစ်နေသည်။

သမိုင်းအရ ပြစ်ဒဏ်ကင်းလွတ်နေမှုက ယခုပဲ့တင်ထပ်လာနေခဲ့ပြီဖြစ်သည်။ရာဂူးပတိဆုဘေဒီ(Raghu Pati Subedi) ကိစ္စပြီးနောက် မိမိသိမြင်ယုံကြည်ရာကြောင့် နိုင်ငံရေးအကျဉ်းသားဒါဇင်နှင့်ချီ၍ထောင်သွင်းအကျဉ်းချထားမှုက ဆက်တိုက်ရှိနေသည်။

ကျင့်ဝတ်အရလွှဲနေသောပုံစံ(Form of complicity)ဘက်ကို ရောက်လာသည့်တိုင် နိုင်ငံတကာအသိုင်းအဝန်းက GNH မူဝါဒကို ပြန်လည်စိန်ခေါ်ထောက်ပြရန် တွန့်ဆုတ်နေကြဆဲဖြစ်သည်။

လူသိများသူ ဆိုရှယ်အင်ဖလူယင်ဆာ တယောက်အပေါ် ဖမ်းဆီးတရားစွဲနေမှုက ဒီဂျစ်တယ်ခေတ်အတွက် ဖိနှိပ်မည့် အကွက်ဟောင်းက အသင့်ဖြစ်နေကြော င်းကို ပြနေသည်။အသက်အရွယ် ၄၀ နှစ်ရှိနေသော ရာဂူးပတိဆုဘေဒီ (Raghu Pati Subedi)ကား နမူနာတခုဖြစ်သည်။

သူက “The Don of Asia” ဖေ့ဘုတ်အကောင့်ကို ထည်ထောင်သူဖြစ်သည်။ သူ့တွင် ဖော်လိုဝါက ၇၈၀၀၀ ရထားသည်။ သူဖေ့ဘုတ်က အစိုးရပိုင် မီဒီယာများကို ကျော်တက်သွားသည်။ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု၊ လာဘ်ပေးလာဘ်ယူ၊GMC စီမံကိန်း တို့ကို သတင်းအချက်အလက်ဆန်ဆန် တင်ပြလိုက်၊ သူ့အမြင်ကို တင်ပြလိုက်၊ သရော်စာပုံစံ တင်ဆက်လိုက် ပုံစံလုပ်နေခဲ့သည်။

ဤသို့ မီဒီယာပေါ်တွင် တက်ကြွလှုပ်ရှားသူဆန်ဆန် ဖြစ်နေမှုကို ဘူတန်အာဏာပိုင်များက သည်းမခံနိုင်ပေ။

သူက ၂၀၂၅ခု နှစ်အစောပိုင်းတွင် အဖ မ်းခံလိုက်ရသည်။တရားစွဲခံရပြီးထော င် ၂၄ နှစ်ချခံလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် စိတ်ကူးယဉ်မြို့တော်စီမံကိန်း(GMC)ကို သွားဝေဖန် ဆန်းစစ်လိုက်၍ ဖြစ်သည်။စိတ်ကူးယ ဉ်မြို့တော်စီမံကိန်း(GMC)ဆိုသည်ကလည်း ဘုရင်ဂျစ်မီခီဆာနမ်ဂျီလ်ဝမ်ချောက်( King Jigme Khesar Namgyel Wangchuck)၏ လမ်းညွှန်ကြီးကြပ်ချက်ဖြင့် ဆောင်ရွက်သော စီမံကိန်းဖြစ်သည်။

ထိုဘုရင်ဂျင်မီခေဆာနမ်ဂျီလ်ဝမ်ချော က်ကလည်း နီပေါနိုင်ငံတွင် မွေးဖွားသော ဘူတန်လူမျိုးဖြစ်သည်။

ရှိရှိသမျှကို စွန့်ကာလွတ်မြောက်ရာဆီ (Leaving everything behind to escape oppression)

ဘူတန်ဒုက္ခသည်ဂျမ်ဂါရမ်လမ်မီတာရီ (Gangaram Lamitare)အတွက် အဆို ပါ စိတ်ကူးယဉ်မြို့တော်စီမံကိန်းက ခါးသီးလွန်းလှသော အကျပ်အတည်း (Bitter Irony)ပင်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှုအတွက် သူတို့ဘိုးဘွားပိုင်မြေအား စတေးလိုက်ရပြီဖြစ်သည် ။ဂျမ်ဂါရမ်က မြေလေးဧကပိုင်ခဲ့သည်။
သူ၏လေးဧကမှာ ယခုတော့ GMC စီမံ ကိန်း၏နိုင်ငံတကာလေဆိပ်ဖြစ်နေပြီ။

၁၉၉၀ ခုနှစ်အတွင်း ညတညတွင် ဂျမ်ဂါရမ်ရွာသားများ ရွာကိုစွန့်ထွက်ပြေးကြသည်။

သူတို့၏ပိုင်ဆိုင်မှုဟူသမျှထားရစ်ခဲ့ကာဖိနှိပ်မှုမှလွတ်မြောက်မည့်နေရာကိုပြေး ကြသည်။

လက်ရှိတွင် ဘူတန်ဘုရင်နှင့်အစိုးရအ ဖွဲ့ကဂျမ်ဂါရမ်တို့၏မြေများအား(land vacant)မြေလွတ်၊ပိုင်သူမရှိသောမြေဟု ခေါ်လိုက်ကြသည်။

တချိန်က ပိုင်ဆိုင်သူ ဂျမ်ဂါရမ်များကိုလည်း မောင်းထုတ်လိုက်ပြီဖြစ်သည်။

ဤသည်ကား ဘူတန်အတွက် အကျိုး ဖြစ်ထွန်းခဲ့သောနိုင်ငံတကာထောက်ခံမှုကို ပြန်လည်ဆန်းစစ်ရန်အချက်ပေးနေသော ခေါင်းလောင်းသံ ဖြစ်သည်။

ကုလသမဂ္ဂက အသံပို၍ကျယ်ကျယ်လောင်လောင် ထုတ်ပေးလာသည်။ လွန်ခဲ့သောနှစ်အတွင်း ကုလသမဂ္ဂမတရားဖမ်းဆီးချုပ်နှောင်ခံရသူများလုပ်ငန်းအဖွဲ့ (WGAD)က ဘူတန်တွင် နိုင်ငံရေး အကျဉ်းသားများကို မတရားဖမ်းဆီးချုပ်နှောင်မှုများရှိနေပြီး ထိုလုပ်ရပ်များသည် နိုင်ငံတကာဥပဒေနှင့်မကိုက်ညီဟု ဆိုသည်။

၂၀၂၅ ခုနှစ်၊ဧပြီလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးပညာရှင်ခြောက်ဦးပါသောအဖွဲ့သည် ညှင်းပန်းနှိပ်စက်မှု၊တ ရားခွင်တွင် လွတ်လပ်စွာချေပခွင့်မရမှု၊ ဘူတန်ဥပဒေမူဘောင်၏ပြည်သူလူထုကို ပိတ်ဆို့မှု(Chilling effect of legal framework)များနှင့်ပတ်သက်၍စိုးရိမ်စရာကောင်းသည့်(Raised Grave Concerns)ဖြစ်နေသည်ဟုဆိုထားသ ည်။

ဤအချက်များကိုသည် ဟိဂ်တွင်အခြေစိုက်ထားသော Hague-based Global Campaign for the Release of Political Prisoners in Bhutan (GCRPPB)ဘူတန်နိုင်ငံရေးအကျဉ်း သားလွတ်မြောက်ကမ္ဘာလုံးဆိုင်ရာက မ်ပိန်းဖော်ဆောင်ရေးအဖွဲ့က ကုလမှ မပြောခင်ကပင် ပြောထားပြီးသားဖြစ်သည်။

နယ်စပ်ဆိုင်ရာလုပ်ငန်းစဉ်(Broader Shifts)

ကုလသမဂ္ဂနှင့်နိုင်ငံတကာလူ့အခွင့်အရေးစိစစ်မှု(Human Rights Scrutiny) က နယ်နိမိတ်ဆိုင်ရာလုပ်ငန်းစဉ်များကို ရောင်ပြန်ဟပ်နေသည်။

ဘူတန်၏နိုင်ငံတကာဆက်ဆံရေးတွင် အဓိက ပါတနာဖြစ်သည့် EU ဘက်တွင် ဆန်းစစ်စရာရှိသော ရပ်တည်ချက်က ရှိနေသည်။

ဘူတန်သည် တရုတ်ပြည်တိဘက်နှင့် နီးကပ်သည်မဟုတ်လော။တရုတ်ကိုနှစ်သိမ့်ရန် အလိုငှာ EU က ဘူတန်နှင့်ကုန် သွယ်မှု ပေါ်လစီတွင် လက်နက်မှလွှဲ၍ အရာခပ်သိမ်း(Everything But Arms trade scheme)မူကရှိသည်။

ဤအချက်ကပင် ဘူတန်အတွက် ကောင်းခြင်း၏မဟာအကျိုးအမြတ် (lucrative benefits)ကို ဖြစ်စေသေးသည်။

EU စျေးကွက်၌ လွတ်လပ်သောကုန်သွယ်မှု(Tariff-free)အခွင့်အရေးက ရှိသည်။

ဤအခွင့်အရေးသည်ပင် EU ၏မူဝါဒ၌ ဖွံ့ဖြိုးဆဲနိုင်ငံတခုသည် လူ့အခွင့်အရေးကို လေးစားလိုက်နာမှု (contingent on respect for human rights)ရှိပါမှ ရရှိမည့် အခွင့်အရေးလည်းဖြစ်သည်။

EU ၏ခိုင်မာသောအထောက်အပံ (substantial leverage)ကို ဘူတန်အတွက် အသင့်ပြင်ထားသည်။ အကူအညီများပေးရန် အသင့်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဧပြီတွင် EU ပါလီမာန်အမတ်များက ဘူတန်တွင် နိုင်ငံရေးအ ကျဉ်းသားအားလုံးကို လွတ်ပေးရန် တောင်းဆိုထားသည်။

EU ၏မုန့်ချိုတဖက် တုတ်တဖက် ဗျူဟာက ဘူတန်ကို မည်မျှအထိ ရွေ့စေမည်တော့မသိ။ကုန်သွယ်ကြမည်။ပါတနာအဖြစ်ရှိနေမည် သို့သော် လူ့အခွင့်အ ရေးနှင့်ကွာရှင်းပြတ်စဲနေ၍တော့မရ ဟူ ၍ EU ကတော့ မောင်းနေသည်။

ဤအနေအထားကို ကြည့်ရင်း Human Rights Watch က မီနက်ရှီ ဂမ်ဂူလီ (Meenakshi Ganguly)က EU ကဲ့သို့ ဘူတန်၏ ရင်းနှီးမြုပ်နှံ့သူ ပါတနာများက ဘူတန်တွင် လူ့အခွင့်အရေးကို လေး စားမှုနှင့်နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးမှုကို မြင်လိုသည်ဟု ဆိုသည်။

ဘူတန်ကတော့ လမ်းဆုံလမ်းခွတွင် ရောက်နေပြီ။ကမ္ဘာလုံးဆိုင်ရာ စီးပွား ရေးအဝိုင်းအဝန်းထဲဝင်လိုရန် အားထ က်သန်မှုက လူ့အခွင့်အရေးအမှောင်ပိ တ်နေမှုတွင် ခလုပ်တိုက်နေသည်။

တလောကလုံး၏ ဂမ္ဘီရထွက်ရပ်ပေါက် ဝိဇ္ဇာ ဇော်ဂျီများထွက်ရပ်ပေါက်ကြီးလာစုရာ ရှမ်ဂရီလာ(Shangri- La) ဒဏ္ဍာရီတွင် နေမည်လော သို့မဟုတ် လူ့အခွင့်အရေးကို လေးစားသည့် ဘုရင်နိုင်ငံတခုအဖြစ် ကမ္ဘာကြီးကို အလုပ်အ ကျွေးပြုမည်လော့။

နီပေါရှိ ဂျင်ဇီများ အောင်ပွဲခံနေမှုက ဘူတန်အတွက် လုံလောက်သောသင်ခန်း စာဖြစ်သည်။

နီပေါဂျင်ဇီများ လမ်းမပေါ်ထွက်လာရသည့် အကြောင်းရင်းခံမှာ လူမှုကွန်ရ က်မီဒီယာ ၂၆ ခုကို နီပေါ်အစိုးရက ပိ တ်ပစ်လိုက်သော ကိစ္စဖြစ်သည်ကိုလ ည်း ဘူတန် မမေ့ဖို့လိုသည်။

ဂျင်ဇီများ လမ်းပေါ်ထွက်လာပြီး နော က် ထောက်ခံလှပါသည်ဆိုကုန်သော နိုင်ငံရေးကရိယာပုံသွင် (Pro- establishment political apparatus) များပြုတ်ကျ (topple)ဖြစ်သွားသည်။ အဖြေကရှင်းလွန်းလှပါသည်။

မည်၍မည်မျှပင် ဆိုရှယ်မီဒီယာနှင့် အင်ဖလူယင်ဆာများကို ဖမ်းသည်၊ဖိနှိပ်သည်ဆိုအုံးတော့၊ ဒီဂျစ်တယ်နည်းပညာနှင့် ထုတည်ကြီးသော မိုဘိုင်းလိုက်ဇေးရှင်း ခေတ်ကြီးတွင် အာဏာရှင်များ၏ ဖမ်းဆီးနှိပ်ကွပ်နည်းဗျူဟာက အာမခံချက်သိပ်မရှိပေ။

ဘူတန်၏ ဒီမိုကရေစီ ပထမမျိုးဆက် ဒေဗီဘက်တာလာမီတရီ (Devi Bhakta Lamitare)က ၂၀၂၂ ခုနှစ်တွင် အိန္ဒိယ ၌ ကွယ်လွန်သွားသည်ကမှန်သည်။

သို့သော် သူ၏ အသံများက မသေ၊ ပဲ့တင်ထပ်ကျယ်လောင်နေဆဲဖြစ်သည်။

သူ၏ ၁၉၇၀ ခုနှစ်တွင် ထုတ်ဝေခဲ့သောဒန်ကင်ဒိုဘူတန်(Dankindo Bhutan) တွင် ဘုရင်စနစ်ကို နိမိတ်ဖတ်ဟောကိ န်းထုတ်ထားသည် မဟုတ်လော။

သူက ဘုရင်စနစ်က လူထုကို ဖိနှိပ်သည်။

ထိုသို့ ဖိနှိပ်ခြင်းကြောင့် လူထုကို လွတ် မြောက်ရေးလမ်းကြောင်းကို တွန်းပို့သ ည်ဟု ဆိုထားခဲ့သည်။

သူမသေမှီ ဘူတန်မီဒီယာလူ့အဖွဲ့အစ ည်း(Bhutan Media Society)ကို ပြန်လ ည်ဖျက်သိမ်းခဲ့သည်။

၂၀၂၂ခု နှစ်၊ဒီဇင်ဘာလ၌ ဟာရဒ်ဝါ (Haridar)ရှိ ဂင်္ဂါမြစ်ကမ်းတွင် သူ့စာ အုပ်နှင့်ပတ်သက်၍ အင်တာဗျူးလုပ်ခဲ့သည်။

သူက ဘူတန်၏ ဒီမိုကရေစီနှင့်ပတ်သ က်၍အချက်သုံးခုကို ပြောခဲ့သည်။

သူက အိန္ဒိယတွင်ဖြစ်နေသောနိုင်ငံရေးအပြောင်းအလဲက ဘူတန်ကို သူ့အလို လိုရိုက်ခတ်နေသည်ဟုဆိုသည်။

ဤအချက်သည် ဘူတန်၏အာဏာရှင် စနစ်ကို ထိုးနှက်သော လျိုမြောင်တခုဖြစ်သည်။

ဒုတိယထိုးနှက်နိုင်သောလျိုမြောင်က တောင်အာရှ၏ ဒီမိုကရေစီ ချန်ပီယံဖြစ်နေသော အိန္ဒိယကို ဘူတန်အရေးနှင့်ပတ်သက်၍အပြင်းအထန်ဖိအားပေးခြင်းဖြစ်သည်။

တတိယက ကမ္ဘာလုံးဆိုင်ရာ မူဝါဒတိုက်ပွဲများကို အနောက်နိုင်ငံများတွင်ရောက်နေသောဘူတန်များက ဖော်ဆောင်ခြင်းဖြစ်သည်။

ပြည်သူလူထုတိုင်းတွင် သူ့တို့၏ အုပ် ချုပ်သူကို သူတို့ဖာသာ ရွေးချယ်ခွင့်ရှိသည် ဆိုသော စံနှုန်းကို အိန္ဒိယသည် လက်ကိုင်ထား ကျင့်သုံးနေသည်။

အိန္ဒိယသည် ကမ္ဘာတွင် ဧရိယာအကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်သည်။

ဘူတန်ပြည်သူများက ဘူတန်၏ အုပ် ချုပ်သူကို သူတို့စိတ်ကြိုက်ရွေးချယ်ခွင့်ကို အိန္ဒိယသည် ဆက်လက်၍ လျစ်လျးမရှူသင့်တော့ဟု သူက ဆိုခဲ့သည်။

ဘိနုတ်ဒန်ဂဲလ် (Binod Dhungel)
နီပေါနိုင်ငံဆိုင်ရာတာဝန်ခံ
နယ်စည်းမခြား သတင်းထောက်အဖွဲ့

ကိုးကား

  • https://nepalitimes.com/opinion/labour-mobility/living-and-leaving
  • https://en.wikipedia.org/wiki/Lhotshampa
PrevPreviousကရင်အမျိုးသားနှစ်သစ်ကူးနေ့
Next၈၇ နှစ်မြောက် မြန်မာနိုင်ငံကျောင်းသားများနေ့ ကျင်းပNext
Previous Post

ကရင်အမျိုးသားနှစ်သစ်ကူးနေ့

Next Post

၈၇ နှစ်မြောက် မြန်မာနိုင်ငံကျောင်းသားများနေ့ ကျင်းပ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

တော်လှန်ရေးအကျိုးမပျက်စေဘဲ ဖြေရှင်းဖို့ ဒူဝါလရှီးလတိုက်တွန်း

March 18, 2026

ကချင်ကိုယ်စားလှယ် Jeng Phang နော်တောင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာ

March 18, 2026
Photo - Papular News

ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာ

March 18, 2026

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

March 18, 2026

နောင်ခိုင်မှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ဖမ်းမိ

တော်လှန်ရေးအကျိုးမပျက်စေဘဲ ဖြေရှင်းဖို့ ဒူဝါလရှီးလတိုက်တွန်း

ကချင်ကိုယ်စားလှယ် Jeng Phang နော်တောင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာ

ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာ

သက်ငယ်မုဒိန်းမှုကျူးလွန်သတ်ဖြတ်သူကို ဘူးသီးတောင်အကျဉ်းထောင်ပို့

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

Releated Post

ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

နောင်ခိုင်မှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ဖမ်းမိ

March 18, 2026

တော်လှန်ရေးအကျိုးမပျက်စေဘဲ ဖြေရှင်းဖို့ ဒူဝါလရှီးလတိုက်တွန်း

March 18, 2026

ကချင်ကိုယ်စားလှယ် Jeng Phang နော်တောင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာ

March 18, 2026
Photo - Papular News

ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာ

March 18, 2026
(ဓာတ်ပုံ-အောင်သုခကျေးရွာ/BNA)

သက်ငယ်မုဒိန်းမှုကျူးလွန်သတ်ဖြတ်သူကို ဘူးသီးတောင်အကျဉ်းထောင်ပို့

March 18, 2026

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

March 18, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page