Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး

“အကူအညီက လာမယ့်နှစ်မှာတော့ မြေဆီ၊ မြေဩဇာတွေ၊ ထွန်ယက်မယ့်ကိရိယာတွေရရင် ကျွန်တော်တို့လယ်သမားတွေ လက်တွန်းစက်တွေ အများဆုံးသင့်လျှော်ပါတယ်။”

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
ကျောက်တော်၊ ဇန်နဝါရီ ၅။

အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေမှာ တောင်သူလယ်သမားတွေဟာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ လိုအပ်ချက်တွေအများကြီးရှိနေကြတယ်လို့ ဆိုကြပါတယ်။

ကျောက်တော်မြို့နယ်က လယ်သမားကြီးဦးကျော်သောင်းကို Border News Agency က တွေ့ဆုံမေးထားပါတယ်။

“စပါးလေးကလေးသိန်း၊ ပေါ်ဆန်းမွှေးက ခြောက်သိန်းခွဲတော့ရှိတယ်။ ဘယ်လိုပြေမလဲလယ်သမားတွေ အရမ်ရှုံးပါတယ်။ လယ်သမားတွေမှာက ထွန်ခဝါးတရာကိုတသိန်းခွဲ၊ မြေဆီခတအိတ်ကိုနှစ်သိန်းကျော် ပြီးတော့ရိတ်သိမ်းခ ရိတ်သိမ်းခလည်းဝါးတရာကို တသိန်း၊ တသိန်းခွဲ လယ်ခပြောင်းခဆိုတော့ လယ်သမားတွေ အရမ်းရှုံးပါတယ်။”

“လယ်တဧက ဒီနှစ်တော့စပါး ၈၀ လောက်ပဲရပါတယ်။ ဘာလို့လဲဆိုတော့ မြေဆီမထည့်နိုင်၊ အရင်ကဆိုမြေဆီကိုပြည့်ပြည့်ဝဝ ထည့်နိုင်တယ်။ အခုမြေဆီကစျေးများတယ်။ စပါးကစျေးမရတော့ လိုသလောက်မကြဲနိုင်ဘူး။ အဲဒါကြောင့် စပါးလျော့ကြပါတယ်။ မနှစ်ကတော့ ဝါးတရာလောက်မှာ တရာ့ငါးဆယ်လောက်ရပါတယ်။ အထွက်နှုန်းမကောင်းတာကတော့ မိုးလေးဝသမမှန်တာကလည်းတမျိုး။ ပြီးတော့ မြေဆီမကြဲတာကလည်းတမျိုး မြေဆီလုံလောက်အောင်မကြဲနိုင်ဘူး။ မြေဆီဆက်သွယ်လို့လည်းမရ၊ ရတော့လည်း လယ်သမားတွေ စျေးမပေးနိုင်။ အရင်နှစ်တွေကငါးအိတ်ကြဲလို့ရှိရင် ဒီနှစ်ကတော့ နှစ်အိတ်၊ တအိတ်ပဲကြဲနိုင်တယ်။”

“စပါးစျေးမကောင်းတာကတော့ ဘယ်လိုပြောမလဲ နိုင်ငံခြားတွေကအဆက်သွယ်မရလို့ မကောင်းလို့ထင်ရပါတယ်။ ပြီးတော့ ကိုယ့်ပြည်တွင်းမှာက ကိုယ်လုပ်တဲ့စပါးဆန်တွေကို စားလို့မကုန်ပါဘူး။ အဲဒီတော့နိုင်ငံခြားကို တင်ပို့ရောင်းချလို့မရတော့ ရောင်းလို့ကရောင်းမထွက်ဘူး။ အဲဒါတွေကိုရောင်းလို့မထွက်၊ တန်ဖိုးမဟုတ်ဘဲ ဖြစ်သလိုရောင်းစားရတာပါ။ ဆန်သေးတတောင်းကိုဆိုရင် တသောင်းနှစ်ထောင်၊ ဆန်ကြီးတတောင်းဆိုရင်တသောင်းခွဲ၊ ငါးတသိုက်ကိုလည်းတသောင်းခွဲဆိုတော့ ဆန်တတောင်းက ငါးတသိုက်လောက်နဲ့မျှနေတယ်။”

“လယ်သမားတွေမှာကွာခြားမှုကတော့ ဒီစစ်မဖြစ်ခင်ကတော့ လယ်သမားတွေ အဆင်ပြေကြပါတယ်။ ဒီစစ်ဖြစ်တဲ့အတောအတွင်းမှာ လယ်သမားတွေ အခက်ခဲပေါင်းစုံကို ရင်ဆိုင်ရပါတယ်။ ဘာလို့လဲဆိုတော့ လယ်ယာတွေကိုပြည့်ပြည့်ဝဝ မထွန်နိုင်တာကတမျိုး၊ မြေဆီ၊ မြေဩဇာမကြဲနိုင်တာကတမျိုး၊ ကိုယ့်မှာကျွဲနွားမရှိရင် စက်နဲ့ငှါးပြီးထွန်ရင်လည်း အလွန့်အလွန် ဝါးတရာကို နှစ်သိန်းသုံးသိန်းပေးရပါတယ်။ ထွန်ယက်ခက…။ ရိတ်ဖို့ထိဆို တသိန်းခွဲဆိုရင် အဲဒီမှာသတ်သတ်လေးသိန်းငါးသိန်းဖြစ်သွားတယ်။ ဒီလိုအခက်ခဲပေါင်းစုံကို ဖြေရှင်းနေရပါတယ်။”

“စစ်ဖြစ်ကာလမှာတော့ ဖြစ်ရင်လည်းဖြစ်။ စစ်ပြေငြိမ်းသွားတဲ့အချိန်မှာတော့ လယ်သမားတွေအနေနဲ့လည်း ရသင့်ရထိုက်တဲ့အခွင့်ရေးကို လိုချင်ပါတယ်။ အရင်လို လယ်သမားတွေ စိုက်ပျိုးရေးစာရိတ်ချေးငွေတွေလည်း လိုချင်ပါတယ်။ အရင်တုန်းကဆိုရင် လယ်သမားတွေ မိုးဦးကျဆိုရင် စိုက်ပျိုးရေးချေး ငွေတွေလည်းရပါတယ်။ အခုစစ်ဖြစ်တဲ့အချိန်ကနေ အဲဒါလည်းမရတော့ဘူးဆိုတော့…။ လယ်သမားတွေ အကြွေးနဲ့ အတိုးတွေနဲ့ယူပြီး စိုက်ရတာတွေ၊ ပြီးတော့နွေရာသီရောက်လာတော့ စပါးကိုရောင်းချလို့လိုက်လို့မမှီ စပါးကစျေးမရှိ အဲဒီလိုအခက်အခဲတွေကြုံရပါတယ်။”

“အကူညီကတော့ လာမယ့်နှစ်မှာတော့ မြေဆီ၊ မြေဩဇာတွေ၊ ထွန်ယက်မယ့်ကိရိယာတွေရရင်တော့ ကျွန်တော်တို့လယ်သမားတွေ လက်တွန်းစက်တွေ အများဆုံးသင့်လျှော်ပါတယ်။ လက်တွန်းစက်တွေလိုအပ်ပါတယ်။ ရမယ်ဆိုရင်လိုချင်ပါတယ်။ လက်နဲ့လယ်ထွန်စက်ပါလေ။”

“လက်ရှိမှာတော့ အခုဒီရာသီအတွက်တွက်တော့မလိုတော့ပါဘူး။ မိုးဦးကျမှာဆိုတော့ကာ မိုးဦးမှာဆို ထွန်ယက်ဖို့ကိရိယာတွေ လိုအပ်ပါတယ်။ ပြီးတော့ စပါးစျေးကိုလည်း ဒီနှစ်ထက်ပိုပြီးနောက်နှစ်တွေမှာ ရစေချင်ပါတယ်။ ဒီနှစ်လိုမျိုးဆိုရင် လယ်သမားတွေအားလုံး လယ်အလုပ်ပြုတ်သွားမယ့် အခြေအနေကိုရောက်နေပါတယ်။ ဘာလို့လဲဆိုတော့ စပါးစျေးကမကောင်း စာရိတ်တွေကလည်းများလာတာနဲ့ လယ်သမားတွေအားလုံး အရှုံးလက္ခာဏာပဲပေါ်နေပါတယ်။”

“အဲဒီတော့ ဒီနှစ်တော့ မရရင်လည်းနေပါစေတော့ နောက်နှစ်မှာတော့ အနည်းဆုံးပေါ်ဆန်းမွေးတရာဆိုရင် တရာ ဆယ်သိန်းအောက် အောက်ဆုံး၊ ဆယ်သိန်းလောက်အဆင့်ကို လိုချင်ပါတယ်။ စပါးသေးတွေ ရှစ်သိန်းလောက်ခန့်ဆိုတော့ကာ လယ်သမားတွေအတွက် အဆင်ပြေမယ်လို့ထင်ပါတယ်။”

“ကျွန်တော်တို့တွေ ဒီလိုစိုက်ပျိုးရေးချေးငွေမရတာတွေ မြေဩဇာတွေစျေးများလာတာတွေနဲ့ဆိုတော့ နောက်မိုးဦးကျမှာဆိုရင် လယ်သမားတိုင်းက လယ်ယာမြေတွေကိုလျော့ပေါ့ပြီးတော့ ကိုယ့်မိမိတို့မိသားစုစားဝတ်နေရေးလောက် ဝါးသုံးရာဆိုသုံးရာနဲ့စားရရင် သုံးရာလောက်ပဲထွန်မယ်။ စပါးနှစ်ရာစားရတဲ့လူမှာ ဝါးနှစ်ရာပဲထွန်ဖို့ အခြေနေဖြစ်သွားပါတယ်။”

“လယ်သမားတွေ လယ်ယာလုပ်ဖို့ဆိုရင် အရမ်းကိုစိတ်ကုန်သွားပါပြီ။ အရှုံးကောင်းကောင်းဖြစ်တော့ အရှုံးပေါ်တော့ အရှုံးမခံနိုင်တော့ဘူး။ တနှစ်မဟုတ် နှစ်နှစ်မဟုတ်တော့။ အဲဒီတွက်ကြောင့် လယ်ယာမြေတွေကိုအားလုံး လျော့လို့လုပ်ကိုင်ဖို့ပဲ ဖြစ်နေကြပါတ ယ်။”

“လယ်ယာမြေတွေဟာ မြုန်းစနစ်ဖြစ်သွားမယ်။ ဒီလိုစပါးစျေးအဆင်မပြေတာနဲ့ဆိုရင် အဲဒီတွက်ကြောင့် ရနိုင်ရင်တော့လယ်သမားတွေလိုအပ်နေတဲ့ အကူညီတွေကို တောင်းခံချင်ပါတယ်။”

“နောက်ထပ်ကတော့ မလိုတော့ပါဘူး။ ဘာလိုလဲဆိုရင် မလိုဘူးဆိုတာက အတိုင်းထက်အလွန် အခွင့်ရေးတောင်းရင် ပေးနိုင်မှာလည်းမဟုတ်ဘူးဆိုတော့ ဒီမြေဆီ၊ မြေဩဇာ၊ ထွန်ယက်ဖို့ကိရိယာလေးတွေလောက်ဆိုရင်လည်း စပါးစျေးကိုမြှင့်တင်ပေးရင်တော့ လယ်သမားတွေတွက် အဆင်ပြေဖို့ထင်ပါတယ်။”

PrevPreviousကမ္ဘာထိထိုးဖောက်ချင်နေတဲ့ အာရက္ခဒေသက မြေအိုးတွေ
Next“ကမ္ဘာကိုတောင်ရောက်စေချင်ပါတယ်။ ဖြစ်စေချင်တဲ့ဆန္ဒကတော့…။”Next
Previous Post

ကမ္ဘာထိထိုးဖောက်ချင်နေတဲ့ အာရက္ခဒေသက မြေအိုးတွေ

Next Post

“ကမ္ဘာကိုတောင်ရောက်စေချင်ပါတယ်။ ဖြစ်စေချင်တဲ့ဆန္ဒကတော့…။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့်သစ္စာခံမှု – ၂

January 9, 2026

“ကမ္ဘာကိုတောင်ရောက်စေချင်ပါတယ်။ ဖြစ်စေချင်တဲ့ဆန္ဒကတော့…။”

January 4, 2026

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့် သစ္စာခံမှု – ၁

January 3, 2026

ဘိုတီးယား – နိဂုံး

January 1, 2026

ရွှေရေကြည်သပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြ

မူးမြို့နယ်ကိုစစ်ကော်မရှင်တပ်ကြောင်းအရပ်သားလေးဦးသေဆုံး

အာရက္ခဒေသက ဖရဲစိုက်တောင်သူတွေ ရောင်းချမယ့်စျေးကွက်လိုအပ်နေ

အိုင်စီဂျေကြားနာမှုမှာ စစ်ကော်မရှင်လျှောက်လဲချက်ပေးမယ်

​ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ ဒရုန်းမွမ်းမံသင်တန်းဆင်းပွဲ

“ကျနော်တို့မှာစျေးကွက်မရှိပါ။ ကျနော်တို့ဒါကိုဘယ်လိုရောင်းရမလဲ။ ဖရဲသီးစျေးကွက်ရှိရင် ကျနော်တို့သုံးထောင်နဲ့လဲရောင်းနိုင်ပါတယ်…။”

Releated Post

ဓာတ်ပုံ-အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု

ရွှေရေကြည်သပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြ

January 10, 2026

မူးမြို့နယ်ကိုစစ်ကော်မရှင်တပ်ကြောင်းအရပ်သားလေးဦးသေဆုံး

January 10, 2026

အာရက္ခဒေသက ဖရဲစိုက်တောင်သူတွေ ရောင်းချမယ့်စျေးကွက်လိုအပ်နေ

January 10, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

အိုင်စီဂျေကြားနာမှုမှာ စစ်ကော်မရှင်လျှောက်လဲချက်ပေးမယ်

January 10, 2026
ဓာတ်ပုံ-ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း

​ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ ဒရုန်းမွမ်းမံသင်တန်းဆင်းပွဲ

January 10, 2026

“ကျနော်တို့မှာစျေးကွက်မရှိပါ။ ကျနော်တို့ဒါကိုဘယ်လိုရောင်းရမလဲ။ ဖရဲသီးစျေးကွက်ရှိရင် ကျနော်တို့သုံးထောင်နဲ့လဲရောင်းနိုင်ပါတယ်…။”

January 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page