Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့်သစ္စာခံမှု – ၂

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
18
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၉ ။

လက်နက်ကိုင်တပ်ဖွဲ့တခုသည် လူ့အသိုက်အဝန်းတခုအား အန္တရာယ်ပေးလာသည့်အရာများကို ကာကွယ်ရန်အတွက် ထိုလူ့အသိုက်အဝန်းက တရားဝင်အကြမ်းဖက်ကြမ်းကြုတ်ခွင့်ကိုပေးအပ်ခံထားရသူများဖြစ်သည်။

သို့ဖြစ်၍ “လူထုအပေါ်တွင် ကြမ်းကြုတ်ရက်စက်မှုမပြုရန် မည်သို့ ပြုလုပ်ကြမည်နည်း။” ဟူသောအချက်သည် လက်နက်ကိုင်တပ်ဖွဲ့တခုအား မည်သို့တည်ဆောက်လည်ပတ်စေမည်နည်း ဟူသောအချက်ကိုစဉ်းစားသောအခါ အမြဲတန်းထည့်သွင်းလာရခြင်းဖြစ်သည်။

အမေရိကန်စစ်တပ် “တပ်ရင်းအကြပ်ကြီးချုပ်ဂျွန်ခရင်ရှော (Command Sgt. Maj. John Crenshaw)၊ဒုတိယတပ်ရင်း(2nd Battalion)၊တတိယအထူးတပ်ဖွဲ့အုပ်စု(လေထီး) 3rd Special Forces Group (Airborne))က ခုလိုဆိုခဲ့သည်။

၎င်းကလက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးအတွက်သစ္စာခံမှု(LOYALTY)၊ တာဝန်(DUTY)၊ ရိုသေလေးစားမှု(RESPECT)၊အတ္တကင်းမှု(SELFLESS SERVICE)၊အလေးအမြတ်ထား(HONOR)၊အရည် အချင်းပြည့်ဝမှု(INTEGRITY)၊ ပုဂ္ဂလိဂရဲစွမ်းသတ္တိ(PERSONAL COURAGE) များအပေါ် သဘောအပြည့်အဝပေါက်ရန်လိုသည်ဟု ဆိုသည်။

ဂျွန်ခရင်ရှော(John Crenshaw)က လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးအတွက် သစ္စာခံမှု(LOYALTY)ကို ဖော်ညွှန်းရာတွင် ပထမအရေးကြီးဆုံးအချက်အား “နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ” အပေါ်ယုံကြည်စိတ်ထားမှု(True Faith)နှင့် သစ္စာခံမှု(Allenlgiance)” ထားရမည်ဟု ဆိုသည်။

ပြီးမှသာ အမေရိကန်တပ်မတော် (Army)မိမိ၏တပ်ဖွဲ့နှင့် အခြားတပ်ဖွဲ့ဝင်များအပေါ် သစ္စာစောင့်သိရမည်ဟုဆိုသည်။ ဂျွန်ခရင်ရှောက အမေရိကန်စစ်ဘက်တွင်သင်တန်းပေးနေခဲ့သူဖြစ်သည်။

သူ့၏လက်ချာထဲတွင်ပင် ပရော်ဖက်ရှင်နယ်လက်နက်ကိုင်တပ်ဖွဲ့တခု၏ စိတ်နေစိတ်ထားသည် ပါဝင်နေသည်။

အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးအတွက် “အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ယုံကြည်သက်ဝင်မှုနှင့် သစ္စာစောင့်သိမှုရှိခြင်းက ပထမဆုံးဦးစားပေးအချက်ဖြစ်သည်။ ကျန်အချက်များက ထိုအချက်၏ နောက်တွင်သာရှိသည်။

ဤတွင်မေးခွန်းတခုကပေါ်လာသည်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်အဘယ်နည်း။ အမေရိကန်ဖွဲ့စည်း ပုံအခြေခံဥပဒေတွင်မည်သည့်ပြဋ္ဌာန်းချက်များပါသနည်းဆိုသည့် မေးခွန်းများပေါ်လာသည်။

ဤမေးခွန်းများကို နားလည်မှသာ “လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦး၏ပထမအရေးကြီးဆုံးဖြစ်သောဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ယုံကြည်သက်ဝင်မှုနှင့် သစ္စာစောင့်သိမှုရှိခြင်း”ကို နားလည်လာမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည်အမေရိကန်လူ့အဖွဲ့အစည်း၏လူမှုပဋိညာဉ်ဖြစ်သည်။

ထိုလူမှုပဋိညာဉ်တွင်အမေရိကန်လူ့အဖွဲ့အစည်းသာယာဝပြော ငြိမ်းချမ်းစေရန် အမေရိကန်လူထုအချင်းချင်းကြားတွင်အပြန်အလှန်စောင့်ထိန်းရမည့်အချက်များပါသည်။

ထိုစောင့်ထိန်းရမည့်အချက်များတွင်တပါးသူ၏ အခွင့်အရေးနှင့် လွတ်လပ်မှုအားမထိခိုက်စေရန် မိမိကိုယ်ကိုယ်စောင့်စည်းရမှုလည်ပါသည်။

မိမိတွင်လည်း တပါးသူကဲ့သို့အခွင့်အရေးရှိသည်ကို ယုံကြည်မှုကပါသည်။ ပြည်သူနှင့်အစိုးရများကြားတွင်လည်းကောင်း၊ ပြည်သူနှင့်ဥပဒေပြုရေး၊ တရားစီရင်ရေးများကြားတွင်လည်းကောင်းအပြန်အလှန်စောင့်စည်းရမည့် ပဋိညာဉ်များပါသည်။

အစိုးရ၊ ဥပဒေပြုရေး၊ တရာစီရင်းရေးစသည့်မဏ္ဍိုင်များအချင်းချင်းကြားတွင် အပြန်အလှန်စောင့်စည်းရမည့်ပဋိညာဉ်များပါသည်။

ထိုသို့စောင့်စည်းခြင်း၏ မသလရည်ရွယ်ချက်သည် အမေရိကန်လူ့အဖွဲ့အစည်းသာယာဝပြောငြိမ်းချမ်းစေရန်အတွက်ဖြစ်သည်။

တနည်းအားဖြင့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်သာယာဝပြော လွတ်လပ်အေးချမ်းသော လူ့ဘောင်တခုဖြစ်လာစေရန် အမေရိကန်ပြည်သူလူထုအချင်းချင်းကြားတွင် စောင့်စည်းလိုက်နာရန် အမေရိကန်ပြည်သူလူထုကိုယ်တိုင်က အတည်ပြုပေးထားသော လူမှုပဋိညာဉ်ဖြစ်သည်။

အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးအတွက် ထိုလူမှုပဋိညာဉ်ကို ယုံကြည်သက်ဝင်မှုနှင့်သစ္စာခံမှုရှိရမည်ဖြစ်သည်။

ဤအချက်သည် အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးအတွက် ကနဦးအရေးကြီးသောသစ္စာခံမှုဖြစ်သည်။

ဆိုလိုသည်က အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုယုံကြည်သက်ဝင်သစ္စာခံလိုက်သည်နှင့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌားန်းထားသောဒီမိုကရေစီ၊ လူ့အခွင့်အရေးတန်ဖိုးများကိုပါ ကာကွယ်စောင့်ရှောက်ရန် သစ္စာခံလိုက်ရပြီဖြစ်သည်။

အမေရိကန်လူ့အဖွဲ့အစည်းထဲရှိပြည်သူ လူထု အချင်းချင်းကြားတွင် တန်းတူညီ မျှစွာပဋိညာဉ်ပြုထားသောအချက်များရှိနေသောကြောင့်သာ အမေရိကန်နိုင်ငံဆိုသည့် အဖွဲ့အစည်းတခုရှိနေခြင်းဖြစ်သည်။

ပြည်သူလူထု၏အမြင့်ဆုံးအချုပ်အခြာအာဏာကိုပုံဖော်ထားသော ပဋိညာဉ်အားစောင့်ရှောက်ကာကွယ်ခြင်းသည် ပဋိညာဉ်ပိုင်ရှင်ပြည်သူလူထု၏အခွင့်အရေးကိုပါ တပါတည်းကာကွယ်စောင့်ရှောက်သကဲ့သို့ဖြစ်နေပြီဖြစ်သည်။

ဤသို့ဆိုပါက လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးသည် အထက်အမိန့်ကိုနာခံစရာမလိုတော့ဘူးလား။ အထက်အမိန့်ကို မနာခံလျှင် လက်နက်ကိုင်တပ်ဖွဲ့တခုသည် ပုံပျက်သွားနိုင်သည်မဟုတ်လားဟု အမိန့်အာဏာကို အဆီယစ်နေသောသူများဘက်က ဝူးဝူးဝါးဝါးတူးတူးခါးခါးကန့်ကွက်လာစရာရှိသည်။

ထိုသို့ဆိုပါလျှင်”လက်နက်ကိုင်တပ်ဖွဲ့အားတည်ထောင်ရသည့်မူလရည်ရွယ်က အဘယ်နည်းဟုသာ ထိုဝူးဝူးဝါးဝါးတူးတူးခါးခါးများကို ပြန်မေးခွန်းထုတ်ရပေလိမ့်မည်။

“ပြည်သူလူထုအားကာကွယ်ရန်အတွာက်”၊”ပြည်သူလူထုအဖိနှိပ်ခံဘဝမှလွ တ်မြောက်ရေးအတွက်”၊”လွတ်လပ်အေးချမ်းသာယာသောလူဘောင်တခုအတွက်” ဆိုသော မူလဟစ်ကြွေးသံများ၏တန်ဖိုးကား ဘယ်သို့ရောက်ကုန်သနည်းဟု ထိုဝူးဝူးဝါးဝါးတူးတူးခါးခါးများကို မေးခွန်းထုတ်ရပေလိမ့်မည်။

မည်သို့သော အခြေအနေတွင် ရှိနေသည်ဖြစ်စေ… “လက်နက်ကိုင်တပ်ဖွဲ့တခုသည် လူ့အသိုက်အဝန်းတခုအားအန္တရာယ်ပေးလာသည့်အရာများကို ကာကွယ်ရန်အတွက် ထိုလူ့အသိုက်အဝန်းက တရားဝင်အကြမ်းဖက်ကြမ်းကြုတ်ခွင့်ကိုပေးအပ်ခံထားရသူများဖြစ်သည်။

သို့ဖြစ်၍ “လူထုအပေါ်တွင် ကြမ်းကြုတ်ရက်စက်မှုမပြုရန် မည်သို့ ပြုလုပ်ကြမည်နည်း” ဟူသော အချက်သည် လက်နက်ကိုင်တပ်ဖွဲ့တခုအား မည်သို့တည်ဆောက်လည်ပတ်စေမည်နည်း ဟူသောအချက်ကိုစဉ်းစားသောအခါ အမြဲတန်းထည့်သွင်းထားရသည်။

ထိုအချက်အပေါ်တွင် မေးခွန်းထုတ်မှု၊ ဆန်းစစ်မှုမရှိပါက ထိုလူ့အဖွဲ့အစည်းအတွက် စစ်ဘောင်သွင်းခံရမည့်အန္တ ရာယ်က ရှိနေသည်။

မည်သို့အခြေအနေတွင် ရှိနေသည်ဖြစ်စေ….

လက်နက်ကိုင်တပ်ဖွဲ့တခု၏လုပ်ပိုင်ခွင့်အာဏာ၏ မူလပိုင်ရှင်သည် ပြည်သူလူထုသာဖြစ်သည်ဆိုသောအချက်ကိုအမြဲတန်းနိုးဆွနေရမည်ဖြစ်သည်။

ဤသို့နိုးဆွမှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့တခုသည် အရည်အသွေးညံဖျင်းသွားနိုင်မည်ဟုထင်နေလျှင် လက်ရှိအမေရိကန်အပါအဝင်ဖွံ့ဖြိုးတိုးတက်နေသော လူ့အဖွဲ့အစည်းများရှိလက်နက်ကိုင်တပ်ဖွဲ့များကို “ပြည်သူလူထု၊နိုင်ငံနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို သစ္စာစောင့်သိရမည်ဟူသောသွန်သင်ချက်ကအမြဲရှိနေသည် မဟုတ်လား။

ထိုသွန်သင်ချက်ကြောင့် ထိုလူ့အဖွဲ့အစည်းများတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပရော်ဖက်ရှင်နယ်အရည်အသွေးများသည် ကျဆင်းသွားပါသလား။

သို့မဟုတ် ပို၍လူထု၏လေးစားမှုကိုရကာ အရည်အသွေးတိုးတက်နေသည်ကို မမြင်ပါ၏လောဟုသာ ပြန်ချေပရမည်ဖြစ်သည်။

မည်သို့အခြေအနေတွင်ရှိနေသည်ဖြစ်စေ…။

လက်နက်ကိုင်တပ်ဖွဲ့ဟူသည် တပါးသူ၏ အသက်နှင့်ခန္ဓာကို ကြွေလွင့်နိုင်သောလက်နက်ကို ကိုင်ဆောင်ခွင့်ရထားသူများဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့တခု၏တာဝန်မှာ လူထုကိုကာကွယ်ရန်ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့တခုသည်မည်သူကိုသစ္စာခံရမည်နည်းဟုဆိုလျှင် “လူထုကိုသာ သစ္စာခံရမည်” ဖြစ်သည်။

ဤအချက်က လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလုံးကို လွမ်းခြုံထားသောသဘောတရားဖြစ်သည်။

ထိုလွမ်းခြုံမှုက လက်နက်ကိုင်တပ်ဖွဲ့တခု၏အဖွဲ့ဝင်တိုင်း တဦးချင်းအပေါ် သက်ရောက်သည်။

သို့သော်မည်မျှပင် သဘောတရားသက်ရောက်ပါစေ။

လက်တွေမြေပြင်၌ကားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဝင်များ၏ အသိစိတ်တွင်တော့ထိုသဘောတရားကမှိန်ဖျော့လွန်းလှသည်။

တပ်ဖွဲ့ဝင်တဦး၏အသိစိတ်အပေါ်တွင် တာဝန်ဆိုသည်နှင့် “အထက်အမိန့်အားနာခံရမည်” ဆိုသည့် ရိုက်သွင်းချက်သာ ဇောင်းထကြသည်။

လက်နက်ကိုင်တပ်ဖွဲ့တခု၏နဂိုမူရင်းအနှစ်သာရကို အလေးအနက်မထားဘဲ ”အထက်အမိန့်အားနာခံရမည်” ဆိုသည့် ရိုက်သွင်းချက်က အန္တရာယ်များလှသည်။

တပ်ဖွဲ့ဝင်များအပေါ် ညီနောင်စိတ်ထား ရှိရမည်။ မိမိတပ်ဖွဲ့အပေါ်သစ္စာရှိရမည် ဆိုသည့်အချက်များက အပြင်ပန်းက ကြည့်လျှင် အပြစ်ဆိုစရာမရှိပေ။

သို့သော် မိမိတပ်ဖွဲ့အပေါ်သစ္စာရှိရမည် ဆိုသောအချက်၌ တပ်ဖွဲ့အပေါ် လွမ်းမိုးနေသူက ထိုတပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်နေသည်မဟုတ်လား။

ထိုအခါတပ်ဖွဲ့အပေါ်သစ္စာရှိရမည်ဆိုသောသဘောတရားအပေါ် တပ်ဖွဲ့ခေါင်းဆောင်အပေါ် သစ္စာရှိရမည်ဆိုသော အချက်ကသာ ပို၍လွှမ်းမိုးသွားတော့သည်။

ထိုသို့လွှမ်းမိုးသွားပါက “ပြည်သူလူထုအားကာကွယ်ရန်” ဆိုသည့်ရပ်တည်ချက်ထက် မိမိတပ်ဖွဲ၏ ခေါင်းဆောင်ပြောသည့်အတိုင်းလုပ်ရန်ဆိုသည့် သဘောဘက်ကို ရောက်သွားတော့သည်။

လက်နက်ကိုင်တပ်ဖွဲ့၏ သဘောသဘာဝအရ “ကိုယ်ကျိုးစွန့်ရမှု” သည် ရှိသည်။ ထိုအချက်သက်သက်ဖြင့်ပြည်သူလူထု၏လေးစားမှုကိုရလာသည်မဟုတ်ချေ။

“ပြည်သူလူထုကို ကာကွယ်ရန်အတွက် ကိုယ်ကျိုးစွန့်ရသည်ဆိုပါမှ ပြည်သူလူထု၏ လေးစားမှုကတားဆီး၍မရဘဲ ထွက်ပေါ်လာမည်ဖြစ်သည်။

ပြည်သူလူထု၏သဘောသဘာဝနှင့် လက်နက်ကိုင်တပ်ဖွဲ့၏သဘောသဘာဝမတူပေ။

သို့ရာတွင် ပြည်သူလူထုထံတွင် လက်နက်ကိုင်တပ်ဖွဲ့တခုသည် မြစ်ဖြားခံရသည်ဆိုသည့်အချက်ကိုလည်းငြင်း၍မရချေ။

ထိုအခြေအနေနှစ်ရပ်အောက်တွင် ပြည်သူလူထုအတွက် ပြည်သူလူထု၏ မူရင်းသဘောသဘာဝအားကောင်းစေရန်နှင့် လက်နက်ကိုင်တပ်ဖွဲအတွက် လက်နက်ကိုင်တပ်ဖွဲ့၏မူရင်းသဘောသ ဘာဝအားကောင်းစေရန်ဟူသော လမ်းကြောင်းနှစ်ခုစလုံးကို အဖွင့်သဘောအညနေဖြင့်သာစဉ်းစားထားရသည်။

တပါးသူ၏အသက်နှင့်ခန္ဓာကို ကြွေလွင့်နိုင်သောလက်နက်ကို ကိုင်ဆောင်ခွင့်ရထားသူများနှင့် မူလပိုင်ရှင်ဖြစ်သော်လည်း လက်နက်မရှိသောပြည်သူလူ ထုကြားရှိ ပဋိညာဉ်သည် အရပ်ဘက်စစ်ဘက်ဆက်ဆံရေးပဋိညာဉ်ဖြစ်သည်။

အရပ်ဘက်စစ်ဘက်ဆက်ဆံရေး၏ အမြင့်ဆုံသတ်မှတ်ချက်မှာစစ်ဘက်သည် အရပ်ဘက်၏ထိန်းချုပ်မှုအမိန့်ကို နာခံရမည်ဖြစ်သည်။

ဤသို့ဆိုပါလျှင်စစ်အုပ်ချုပ်ရေးသဘောသဘာဝက ဘယ်လိုလဲဟု မေးစရာရှိသည်။

စစ်အုပ်ချုပ်ရေး၏မူလရည်ရွယ်ချက်မှာ “အမြန်ဆုံးတည်ငြိမ်မှုရရှိရန်” (Order & Stability)နှင့် ရန်သူ့အန္တရာယ်အားနှိမ်နင်းရန်ဖြစ်သည်။

ထိုမူလရည်ရွယ်ချက်ဖြစ်သော အမြန်ဆုံးတည်ငြိမ်မှုရရှိရန်၊ ရန်သူ့အန္တရာယ်အား နှိမ်နှင်းနိုင်ရန်ဆိုသည့်အချက်ကို ကြည့်ပါက “အချိန်ကာလသတ်မှတ် ပြဋ္ဌာန်းချက်” ရှိနေရသည်။

ဆိုလိုချင်သည်က “မည်သည့်အချိန် မည်သည့်ကာလအတွင်း တည်ငြိမ်အောင်ဆောင်ရွက်မည်။ အန္တရာယ်အား နှိမ်နှင်းမည်ဟူသော သတ်မှတ်ချက်သည် ပါနေရသည်။

“အမြန်ဆုံး” ဟူသောအချက်သည် အချိန်ကာလသတ်မှတ်ချက်ဖြစ်သည်။

စစ်အုပ်ချုပ်ရေးဟူသည် အရပ်ဘက်အုပ်ချုပ်ရေးပြန်လည်ထူထောင်လည် ပတ်နိုင်ရန်အလို့ငှာ ဗရမ်းပတာထိန်းမနိုင်သိမ်းမရဖြစ်နေသောအခြေအနေတခုအောက်တွင် စီမံခန့်ခွဲနိုင်ရန် စစ်ဘက်အား အာဏာပေးအပ်မှုဆိုသည်ထက်လုပ်ပိုင်ခွင့်တာဝန်ပေးအပ်မှုသဘောဖြစ်သည်။

ဗရမ်းပတာအခြေအနေတခုအား အရပ်ဘက်အုပ်ချုပ်ရေးပြန်လည်သက်ဝင်နိုင်ရန်ကြားအတွက်လိုအပ်ပါက အသုံးပြုရသည့်စီမံခန့်ခွဲမှုဖြစ်သည်။

ဆက်ရန်…

PrevPreviousမြိုင်မြို့နယ်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ နေအိမ်အချို့ပျက်စီး
Nextပဲခူးတိုင်းမြို့နယ်သုံးခုက စစ်ကော်မရှင်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေသိမ်းပိုက်Next
Previous Post

မြိုင်မြို့နယ်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ နေအိမ်အချို့ပျက်စီး

Next Post

ပဲခူးတိုင်းမြို့နယ်သုံးခုက စစ်ကော်မရှင်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ရေသယံဇာတထိန်းသိမ်းရေးစည်းကမ်း အာက္ခအစိုးရထုတ်

January 9, 2026

မင်းလှမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်နှစ်ဆယ်ဦးသေဆုံး

January 9, 2026
ဓာတ်ပုံ- အမှတ်၂ စစ်ဆင်ရေးနယ်မြေ

​ပဲခူးတိုင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

January 9, 2026
ဓာတ်ပုံ - ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့၊

ငပလီလေကြောင်းတိုက်ခိုက်ခံရလို့သေဆုံးသွားသူတွေကိုတရားနာအမျှပေး

January 9, 2026

ရေသယံဇာတထိန်းသိမ်းရေးစည်းကမ်း အာက္ခအစိုးရထုတ်

မင်းလှမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်နှစ်ဆယ်ဦးသေဆုံး

​ပဲခူးတိုင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

ငပလီလေကြောင်းတိုက်ခိုက်ခံရလို့သေဆုံးသွားသူတွေကိုတရားနာအမျှပေး

ပခုက္ကူမြို့နယ်ရှိကျေးရွာနဲ့ မြို့ပေါ် နေအိမ်တွေကိုစစ်ကော်မရှင်တပ်မီးရှို့

နွားထိုးကြီးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြားသေဆုံး

Releated Post

ရေသယံဇာတထိန်းသိမ်းရေးစည်းကမ်း အာက္ခအစိုးရထုတ်

January 9, 2026

မင်းလှမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်နှစ်ဆယ်ဦးသေဆုံး

January 9, 2026
ဓာတ်ပုံ- အမှတ်၂ စစ်ဆင်ရေးနယ်မြေ

​ပဲခူးတိုင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

January 9, 2026
ဓာတ်ပုံ - ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့၊

ငပလီလေကြောင်းတိုက်ခိုက်ခံရလို့သေဆုံးသွားသူတွေကိုတရားနာအမျှပေး

January 9, 2026
Photo - We love Myaing

ပခုက္ကူမြို့နယ်ရှိကျေးရွာနဲ့ မြို့ပေါ် နေအိမ်တွေကိုစစ်ကော်မရှင်တပ်မီးရှို့

January 9, 2026

နွားထိုးကြီးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြားသေဆုံး

January 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page