Border News Agency
အီရန်၊ မတ် ၂၀။
တူရကီနိုင်ငံဟာ စက်မှုလူ့အဖွဲ့အစည်းအဖြစ် ကူးပြောင်းရာမှာ ဥရောပနိုင်ငံတွေနဲ့မတူဘဲ နိုင်ငံတော်က ဦးဆောင်တဲ့စနစ်(State-led Industrialization)နဲ့ အဓိကသွားခဲ့တာဖြစ်ပါတယ်။လွယ်လွ ယ်ပြောရရင်အထက်ကအောက်ကိုသွားတဲ့စနစ်နဲ့ဆောင်ရွက်ခဲ့တာပါ။
တန်ဇီမတ်ကာလ(Tanzimat Period) အော့တိုမန်ခေတ်နှောင်းပိုင်းတွေမှာ ပြု ပြင်ပြောင်းလဲမှုတွေကို တူရကီဟာ ဆောင်ရွက်လာရပါတယ်။မဆောင်ရွက်ရင်လည်း ဥရောပရဲ့စက်မှုထွန်းကားမှုကိုရင်ဆိုင်နိုင်တော့မှာမဟုတ်မှန်းတူရ ကီအုပ်ချုပ်သူဘုရင်နဲ့နန်းတော်က သဘောပေါက်လာပါတယ်။
တူရကီက သူရဲ့စစ်တပ်ကို ဥရောပစက္မှုနိုင်ငံတွေရဲ့ စစ်တပ်နဲ့ယှဉ်ရင်တူတူတန်တန်ဖြစ်ချင်ပါတယ်။
အဲဒီလိုနဲ့တူရကီမှာ စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းတွေ ပေါ်လာပါတယ်။
အဲဒီ စက်ရုံတွေက စစ်တပ်အတွက် လို အပ်တဲ့လက်နက်၊ယူနီဖောင်းနဲ့သင်္ဘော ကျင်းတွေကို စတင်တည်ဆောက်ပါတ ယ်။
တခြားအခြေခံအဆောက်အအုံလုပ်င န်းတွေ၊အထူးသဖြင့် ရထားလမ်းတွေ ဖောက်လုပ်ခဲ့ပေမယ့်နည်းပညာနဲ့ရင်း နှီးမြှုပ်နှံမှုအများစုဟာ နိုင်ငံခြားသား (အထူးသဖြင့် ဂျာမနီနဲ့ဗြိတိန်)တွေရဲ့ လက်ထဲမှာပဲရှိနေပါသေးတယ်။
မူစတာဖာ ကေမယ်လ် အာတာတပ် (Mustafa Kemal Atatrk)နဲ့နိုင်ငံတော်ဦးဆောင်စက်မှုစနစ်(၁၉၂၃ – ၁၉၃၈)
တူရကီဟာ အစ္စလာမ်ယဉ်ကျေးမှုထဲက ပီပြင်တဲ့ဒီမိုကရေစီနဲ့စက်မှုလူ့ဘောင်ကို ပြောင်းလဲရာမှာ မူစတာဖာကေမယ်လ် အာတာတပ်လိုပုဂ္ဂိုလ်မျိုးနေရာရလာတာလည်း ပါပါတယ်။
မုစတာဖာကေမယ်လ်အာတာတပ်လိုမျိုးပုဂ္ဂိုလ်တွေကို သမိုင်းပညာရှင်တွေကြားမှာ အငြင်းပွားစရာဖြစ်ပေမယ့် “ပြုပြင်ပြောင်းလဲရေးသမားအာဏာရှ င်”(Reformist Authoritarian/Autocrat)လို့ ခေါ်ဆိုရပါလိမ့်မယ်။
ဒါမှမဟုတ် ဒီမိုကရေစီကို အတင်းအဓမ္မပေးဖို့ကြိုးစားတဲ့အာဏာရှင် (Enlightened/Modernizing Autocrat) လို့လည်း ခေါ်ရမလားပါဘဲ။
လက်ရှိ အီရန်မှာဖြစ်ဖြစ် ကျန်တဲ့ဖိနှိပ်ခံနေရတဲ့အစ္စလာမ်ကမ္ဘာမှာပညာတတ်လူငယ်တွေလိုချင်နေတာလည်း မူစတာဖာကေမယ်လ်အာတာတပ်လိုပုဂ္ဂိုလ်မျိုးပါပဲ။
တူရကီသမ္မတနိုင်ငံထူထောင်ပြီးနောက်မှာတော့ မူစတာဖာ ကေမယ်လ် အာတာတပ်ဟာ”စီးပွားရေးအရလွတ်လပ်မှုမရှိရင်နိုင်ငံရေးလွတ်လပ်မှုဟာ မခိုင်မြဲဘူး ။”ဆိုတဲ့ ဝါဒကို ကိုင်စွဲခဲ့ပါတယ်။
တူရကီပုဂ္ဂလိကလုပ်ငန်းရှင်တွေမှာ ငွေ ကြေးမလုံလောက်တဲ့အတွက်အစိုးရက ပဲ စက်ရုံကြီးတွေကို တိုက်ရိုက်တည် ဆောက်တဲ့”နိုင်ငံတော်ကအရင်လုပ်ဝါ ဒ(Etatism)”ကို အာတာတပ်က အကောင်အထည်ဖော်ခဲ့ပါတယ်။
ပြီးရင်သူက ဆိုဗီယက်ယူနီယံရဲ့ ပုံစံကို နမူနာယူပြီး ငါးနှစ်တာစီးပွားရေးစီမံကိ န်း၊စက်မှုစီမံကိန်းတွေချမှတ်ကာ သ ကြား၊အထည်အလိပ်၊စက္ကူနဲ့သံမဏိစ က်ရုံတွေကို နိုင်ငံအနှံ့တည်ဆောက်ပါတယ်။
ဒါက ထုတ်ကုန်ရနိုင်တဲ့လူ့ဘောင်ကို တွန်းပို့တာလည်း ဖြစ်ပါတယ်။
စက်မှုလုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ဖို့ Smerbank နဲ့ Etibank တို့လို နိုင်ငံပိုင်ဘဏ်စနစ်တွေကို တည်ထောင်ခဲ့ပါတယ်။
မုစတာဖာ ကေမယ်လ် အာတာတပ် (Mustafa Kemal Atatrk)လုပ်ဆောင်ခဲ့တဲ့ လူမှုယဉ်ကျေးမှု ပြုပြင်ပြောင်းလဲမှုတွေဟာ အစ္စလာမ်ကမ္ဘာမှာ အစွန်းရော က်ဆုံးနဲ့အမြန်ဆန်ဆုံးပြုပြင်ပြောင်းလဲ မှုတွေလို့ ဆိုနိုင်ပါတယ်။
သူဟာ တူရကီကို “အရှေ့တိုင်းဆန်တဲ့ အင်ပါယာဟောင်း”ဘဝကနေ” အနောက်တိုင်းဆန်တဲ့ခေတ်မီနိုင်ငံ”ဖြစ်အောင်အင်တိုက်အားတိုက်ပြောင်းလဲခဲ့တာပါ။
ကယ်လီဖိတ်(Caliphate)စနစ်ကို ဖျက်သိမ်းမှု
အော့တိုမန်စူလတန်ဘုရင်တွေဟာ တကမ္ဘာလုံးကဆွန်နီမွတ်စလင်တွေရဲ့ခေါ င်းဆောင်”ကယ်လီဖာ”အဖြစ် ခံယူခဲ့ကြတာပါ။
၁၉၂၄ ခုနှစ်မှာ အာတာတပ်က ဒီစနစ်ကို လက်ရဲဇက်ရဲဖျက်သိမ်းလိုက်ပါတယ်။
အဲဒါဟာ ဘာသာရေးနဲ့နိုင်ငံရေးကို လုံးဝခွဲထုတ်လိုက်တဲ့ ပထမဆုံးခြေလှမ်းဖြ စ်ပြီး အစ္စလာမ်ကမ္ဘာတခုလုံးကိုတုန်လှု ပ်သွားစေခဲ့ပါတယ်။
အက္ခရာနဲ့ဘာသာစကားပြုပြင်ပြောင်းလဲမှု- (၁၉၂၈)ခုနှစ်
တူရကီလူမျိုးတွေရဲ့နေ့စဉ်ဘဝကို အကြီးမားဆုံးပြောင်းလဲပစ်လိုက်တဲ့အချ က်တခုလည်း ဖြစ်ပါတယ်။
အရင်က တူရကီစာကို အာရပ်အက္ခရာနဲ့ရေးခဲ့ရာကနေ အနောက်တိုင်းသုံးလ က်တင်အက္ခရာ(A,B,C…)နဲ့အတင်းပြော င်းရေးခိုင်းခဲ့ပါတယ်။
အဲဒီအချက်က လူထုစာတတ်မြောက်မှုကို မြန်ဆန်စေဖို့နဲ့အာရပ်ကမ္ဘာရဲ့ယဉ် ကျေးမှုဩဇာကမှခွဲထွက်ပြီးဥရောပနဲ့ ပိုမိုနီးစပ်သွားစေဖို့ဖြစ်ပါတယ်။
ဝတ်စားဆင်ယင်မှုနဲ့ဥပဒေရေးရာပြောင်းလဲမှု
အာတာတပ်ဟာ လူတွေရဲ့အတွေးအခေါ်ကို ပြောင်းလဲဖို့ အပြင်ပန်းပုံစံကိုပါ ပြောင်းလဲခဲ့ပါတယ်။
ရိုးရာဝတ်စုံဖြစ်တဲ့”Fez”(အနီရောင်ဦးထုပ်)ဝတ်ဆင်ခြင်းကို ပိတ်ပင်ခဲ့ပြီး အနောက်တိုင်းစတိုင်ဦးထုပ်တွေပဲဝတ်ခို င်းခဲ့ပါတယ်။
အရင်က တူရကီမှာ မျိုးရိုးအမည် မရှိကြပါဘူး။
၁၉၃၄ မှာ လူတိုင်း မျိုးရိုးအမည်တခုစီ မဖြစ်မနေယူခိုင်းခဲ့ပါတယ်။ (သူကိုယ်တိုင်လည်း အရင်က မျိုးရိုးနာမည်မရှိပါဘူး။
ဒါပေမယ့် သူ့ကိုသူ”အာတာတပ်” – တူ ရကီတို့ရဲ့ဖခင်ဆိုတဲ့အမည်ကို ယူခဲ့တာပါ)။
အစ္စလာမ်ဘာသာရေးဥပဒေ(Sharia) အစား ဆွစ်ဇာလန်နဲ့အီတလီဥပဒေတွေကို အခြေခံတဲ့ခေတ်မီတရားမဥပဒေတွေကို အသုံးပြုခဲ့ပါတယ်။
အမျိုးသမီးအခွင့်အရေး
အာတာတပ်ဟာ အမျိုးသမီးတွေကို လူ့ အဖွဲ့အစည်းရဲ့ရှေ့တန်းကို ထုတ်ပေးခဲ့ပါတယ်။
၁၉၃၄ ခုနှစ်မှာ တူရကီအမျိုးသမီးတွေကို မဲပေးပိုင်ခွင့်နဲ့အရွေးချယ်ခံပိုင်ခွင့် ပေးခဲ့ပါတယ်။
အဲဒါဟာ ပြင်သစ်နဲ့အီတလီတို့လိုဥရော ပနိုင်ငံတချို့ထက်တောင် စောနေတာ ဖြစ်ပါတယ်။
အဲဒီလို လက်ရဲဇက်ရဲပြုပြင်ပြောင်းလဲမှုတွေကြောင့် တူရကီဟာ ဆယ်စုနှစ်အ နည်းငယ်အတွင်းမှာပဲ လုံးဝဥရောပဆ န်တဲ့နိုင်ငံတခုဖြစ်သွားခဲ့ပါတယ်။
ဒါပေမယ့် ရိုးရာဘာသာရေးကိုအလေး ထားတဲ့ ကျေးလက်လူထုနဲ့ခေတ်မီလိုတဲ့မြို့ပြလူတန်းစားကြားမှာ ယဉ်ကျေး မှုကွဲပြားမှု(Cultural Divide)ကြီးတခု ပေါ်ပေါက်ခဲ့ပြီး အဲဒီပြဿနာက ဒီနေ့ခေတ်တူရကီနိုင်ငံရေးထိ သက်ရောက်မှုပြဿနာရှိနေဆဲဖြစ်ပါတယ်။
အဲဒီအချက်က တူရကီအတွက် အာတာတပ်ထားရစ်ခဲ့တဲ့ပြဿနာထုတ်ကြီးတခုပါပဲ။
ဘာပဲပြောပြော အာတာတပ် ဒီလိုလုပ်နေတာကို အားကျနေတာက အီရန်ရဲ့ ပညာတတ်လူလတ်တန်းစားနိုင်ငံရေးအလွှာပါပဲ။
အဲဒါကြောင့် အီရန်မှာ ဗိုလ်ချုပ်ရီဇာရှား(Reza Shah)တို့ အာဏာသိမ်းပြီး အာတာတပ်လိုလုပ်ဖို့ ကြိုးစားခဲ့တာပါ။
၁၉၂၀ ခုနှစ်ကျော်မှာ ရီဇာရှား Reza Shah က အာတာတပ်ကို အတုယူပြီး ဒီလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့အ တွက် သူ့ကိုသူ အီရန်ဘုရင် ရေဇာရှား ပါလဗီ(Reza Shah Pahlavi)အဖြစ်ကြေညာပါတယ်။
တူရကီက အာတာတပ်ကို သူ့ရဲ့စံပြပု ဂ္ဂိုလ်အဖြစ်သတ်မှတ်ပြီး အီရန်ကိုအ တင်းအဓမ္မခေတ်မီအောင်ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတော့တယ်။
အဲဒီလိုနဲ့အီရန်မှာ လက်ရှိနိုင်ငံရေးပြ ဿနာရဲ့ကောက်ကြောင်းတွေက ထင်ထင်ရှားရှားပေါ်လာပါတော့တယ်။
တူရကီနဲ့အီရန်နှိုင်းယှဉ်ချက်
ဘာသာရေးခေါင်းဆောင်တွေဩဇာ အာဏာ(Power of Clerics)
အဲဒါဟာ အီရန်အတွက် အကြီးမားဆုံး အဟန့်အတားပါ။ အာတာတပ်ဟာ တူရ ကီလွတ်လပ်ရေးတိုက်ပွဲမှာ အမျိုးသားသူရဲကောင်းဖြစ်ခဲ့လို့ ဘာသာရေးခေါ င်းဆောင်တွေကို နှိမ်နင်းဖို့ လူထုထော က်ခံမှုအပြည့်ရှိခဲ့ပါတယ်။ပြီးတော့ တူ ရကီက ဆွန်နီခေါင်းဆောင်တွေဟာ အ စိုးရလက်အောက်ခံဖြစ်ခဲ့ကြတာပါ။
အီရန်ရဲ့ရှီအာ(Shia)ဘာသာရေးခေါင်း ဆောင်တွေဟာ ဘုရင်နဲ့သီးခြားရပ်တ ည်ကြပြီး ဘဏ္ဍာရေးအရလည်းလွတ် လပ်ကြပါတယ်။
ရေဇာရှားက သူတို့ကို ဖိနှိပ်ဖို့ ကြိုးစားတဲ့အခါ သူတို့က လူထုနဲ့ပူးပေါင်းပြီးဘု ရင်ကို”အနောက်တိုင်းရဲ့ရုပ်သေး”လို့ စွပ်စွဲကာ ပြင်းပြင်းထန်ထန်ပြန်လည်တို က်ခိုက်ခဲ့ပါတော့တယ်။
စစ်တပ်ရဲ့သဘာဝ(Military Origin)
အာတာတပ်ဟာ တူရကီအော့တိုမန်စစ် တပ်ထဲက ခေတ်မီတဲ့အရာရှိငယ်တွေနဲ့အတူ တော်လှန်ရေးလုပ်ခဲ့တာပါ။ သူ့မှာ ခေတ်မီတဲ့အုပ်ချုပ်ရေးယန္တရားအဆင် သင့်ရှိနေပါတယ်။
ရေဇာရှားကတော့ ရုရှားတွေ လေ့ကျင့်ပေးထားတဲ့ Cossack Brigadeထဲက ထွက်လာသူပါ။ သူအာဏာရလာတဲ့အခါမှာ သူ့ကို အထောက်အပံ့ပေးမယ့်ခေ တ်မီပညာတတ်အဖွဲ့အစည်းမရှိသလော က်ပါပဲ။
အဲဒါကြောင့် သူဟာ ပြုပြင်ပြောင်းလဲရေးအတွက် စစ်တပ်ကိုပဲ အားကိုးပြီး အကြမ်းဖက်ဖိနှိပ်တဲ့နည်းလမ်းကို သုံးခဲ့ရပါတယ်။
အမျိုးသားရေးဝါဒ (Nationalism)
အာတာတပ်ဟာ “တူရကီလူမျိုး” ဆိုတဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်ပြီး ခေတ်မီအောင်လုပ်ခဲ့နိုင်ပါတယ်။
ဥပမာ – တူရကီစာ ပြောင်းသုံးခြင်းက လူထုကို စည်းရုံးနိုင်ခဲ့ပါတယ်။ရေဇာရှားကလည်းရှေးဟောင်းပါရှန်း(Persi an)ဂုဏ်သိက္ခာကို ပြန်ဖော်ထုတ်ခဲ့ပေမဲ့ အီရန်မှာက လူမျိုးစုပေါင်းစုံ(အာရပ်၊ ကဒ်၊လူရီစသည်ဖြင့်)ရှိနေတာကြောင့် ပါရှန်းဝါဒဟာ လူတိုင်းကို မစည်းရုံးနိုင်ခဲ့ပါဘူး။
နိုင်ငံခြားသားတွေရဲ့စွက်ဖက်မှု (Foreign Interference)
အီရန်ရဲ့အကြီးမားဆုံးကံဆိုးမှုကတော့ “ရေနံ” ရှိနေတာပါပဲ။
တူရကီမှာ ရေနံမရှိတဲ့အတွက် နိုင်ငံခြားအင်အားကြီးတွေက တူရကီရဲ့ပြည်တွ င်းရေးကို အီရန်လောက် စွက်ဖက်မှုမရှိခဲ့ပါဘူး။
အီရန်မှာတော့ ဗြိတိန်နဲ့ရုရှားက ရေနံနဲ့ နယ်မြေအတွက် ရေဇာရှားကို အမြဲတ မ်း ဖိအားပေးနေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဒုတိယကမ္ဘာစစ်အ တွင်းမှာ ရေဇာရှားကို ဗြိတိန်နဲ့ဆိုဗီယ က်ကပဲ နန်းချလိုက်ပါတော့တယ်။
စနစ်တည်ဆောက်သူနဲ့ပုဂ္ဂိုလ်ရေးအာဏာတည်ဆောက်သူ
အာတာတပ်ဟာ “စနစ်”(System)တခုကိုတည်ဆောက်ခဲ့ပြီး သူသေသွားတဲ့နောက်မှာတောင် တူရကီဟာ သူ့လမ်းကြောင်းအတိုင်းဆက်သွားနိုင်ခဲ့ပါတ ယ်။
ရေဇာရှားကတော့ “ပုဂ္ဂိုလ်ရေးအာဏာ “(Personal Dictatorship)ကိုပဲ တည် ဆောက်ခဲ့လို့ သူနန်းကျသွားတဲ့အခါ သူလုပ်ခဲ့တဲ့ပြုပြင်ပြောင်းလဲမှုတော်တော်များများဟာ အီရန်လူထုကြားမှာ အမြ စ်မတွယ်နိုင်ခဲ့ဘဲ နောက်ပိုင်းမှာ ၁၉၇၉ အစ္စလာမ်မစ်တော်လှန်ရေးဖြစ်ပေါ်လာဖို့အစပျိုးပေးသလိုဖြစ်ခဲ့ပါတယ်။
“ရေနံ” ဟာ ကောင်းချီးတခုထက် ကျိန် စာတခုလို ဖြစ်ခဲ့ပါတယ်။
အီရန်ရဲ့ နိုင်ငံရေး၊တော်လှန်ရေးနဲ့ဘုရ င်စနစ်ပြိုလဲမှုတွေအားလုံးရဲ့နောက်ကွယ်မှာ ရေနံနဲ့ဗြိတိန်အခန်းကဏ္ဍဟာ အ ဓိကနေရာမှာရှိနေပါတယ်။
အီရန်မှာ ရေနံမတွေ့ခင်ကတည်းက ဗြိတိန်စီးပွားရေးသမားဝီလျံနောခ့်ဒါစီ ( William Knox D’Arcy)ဟာ အီရန်ဘုရ င်ကာဂျာရှား(Qajar Shah)ဆီက အီရန်တနိုင်ငံလုံးရဲ့ရေနံတူးဖော်ခွင့်ကို နှစ်ပေါင်းခြောက်ဆယ်ကြာအပိုင်ယူခဲ့ပါတယ်။
အဲဒါကို အီရန်တွေက ၁၉၀၁ ခုနှစ်၊ ဒါစီ အခွင့်အရေး(The D’Arcy Concession)လို့ခေါ်ကြပါတယ်။
အဲဒီစာချုပ်အရ အီရန်အစိုးရဟာ အမြတ်ငွေရဲ့ ၁၆ ရာခိုင်နှုန်းပဲရပြီး ကျန်တာကို ဗြိတိန်က အကုန်ယူပါတယ်။
၁၉၀၈ ခုနှစ်မှာ ရေနံကို အမြောက်အ မြားတွေ့ရှိတဲ့အခါ ဗြိတိန်အစိုးရက ရှ ယ်ယာအများစုကို ဝယ်ယူလိုက်ပြီး အင်္ဂလို ပါရှန်းရေနံကုမ္ပဏီ Anglo-Persian Oil Company (APOC) ကို ထူထောင်ခဲ့ပါတယ်။
အဲဒါဟာ ဒီနေ့ခေတ် ဗြိတိသျှ ရေနံ BP (British Petroleum) ရဲ့ အစပါပဲ။
ရေဇာရှား (Reza Shah) အာဏာရလာတဲ့အခါမှာ ဗြိတိန်က ရေနံအမြတ်တွေ အဆမတန် ယူနေတာကို မကျေနပ်ပါဘူး။
၁၉၃၂ ခုနှစ်မှာ သူက ဒါစီစာချုပ်ကို မီးရှို့ဖျက်ဆီးလိုက်ပြီး စာချုပ်သစ်ချု ပ်ဖို့ ဗြိတိန်ကိုဖိအားပေးခဲ့ပါတယ်။
ဒါပေမယ့် ဗြိတိန်ရဲ့ရေတပ်အင်အားနဲ့ နိုင်ငံရေးဖိအားကြောင့် အီရန်ဟာအရ င်ထက်စာရင် အခြေအနေနည်းနည်းလေးပဲပိုကောင်းတဲ့စာချုပ်ကို ပြန်ချုပ်ခဲ့ရပါတယ်။
အဲဒါဟာ ရေဇာရှားအတွက်တော့ သိက္ခာကျစရာဖြစ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် ဖြစ်လာတဲ့အခါမှာ ရေ နံဟာ ဗြိတိန်စစ်တပ်အတွက် အသက် သွေးကြော ဖြစ်လာပါတယ်။
ရေဇာရှားဟာ ဂျာမနီနဲ့နီးစပ်တဲ့ဆက်ဆံရေးရှိနေတာကြောင့် ဗြိတိန်နဲ့ဆိုဗီယက်က အီရန်ကို ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။
အီရန်ရေနံကို ထိန်းချုပ်ဖို့နဲ့ဆိုဗီယက်စစ်တပ်ဆီ လက်နက်ထောက်ပံ့မယ့် လ မ်းကြောင်းကို အကာအကွယ်ပေးဖို့ပါ။
နောက်ဆုံးမှာ ရေဇာရှားကို နန်းချပြီး သူ့သားဖြစ်သူမိုဟာမက်ရီဇာပါလဗီ Mohammad Reza Pahlaviကို နန်းတ င်ခဲ့ပါတယ်။
အီရန်သမိုင်းမှာ အထင်ရှားဆုံးကတော့ ဝန်ကြီးချုပ် မိုဟာမက္ မိုစ်ဆာဒဂျ် ( Mohammad Mossadegh)ရဲ့ အခန်းကဏ္ဍပါ။
မိုဆာဒဂျ်က “အီရန်ရေနံဟာ အီရန်ပြည်သူတွေ ပိုင်ရမယ်။” ဆိုပြီး ရေနံလုပ်ငန်းအားလုံးကို ပြည်သူပိုင် (Nationalization)သိမ်းလိုက်ပါတယ်။
ဗြိတိန်က ဒါကို လက်မခံဘဲ အီရန်ရေနံကို ကမ္ဘာကမဝယ်အောင် ပိတ်ဆို့မှု (Embargo)လုပ်ပါတော့တယ်။
နောက်ဆုံးမှာတော့ ၁၉၅၃ ခုနှစ်မှာ ဗြိတိန်(MI6)နဲ့အမေရိကန်(CIA)ပူးပေါင်းပြီး မိုဆာဒဂျ်ကို အိုပရေးရှင်းအေဂျက္စ် (Operation Ajax)နဲ့အာဏာသိမ်းလိုက် ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် အီရန်ပြည်သူတွေကြားမှာ”အနောက်နိုင်ငံတွေဟာ ငါတို့ရဲ့ ဒီမိုကရေစီကို ဖျက်ဆီးပြီး ငါတို့သယံ ဇာတကို ခိုးယူနေသူတွေ”ဆိုတဲ့အမုန်းတရားကိန်းအောင်းသွားပါတယ်။
အဲဒါဟာ ၁၉၇၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်မစ်တော်လှန်ရေးရဲ့အဓိက အ ကြောင်းရင်းခံတခုဖြစ်လာခဲ့တာပါ။
၁၉၅၃ ခုနှစ်၊ဗြိတိန်နဲ့အမေရိကန် (CIA/MI6)ပူးပေါင်းပြီး ဝန်ကြီးချုပ်မိုစ်ဆာဒဂျ်ကိုအာဏာသိမ်းလိုက်တဲ့ ဖြစ်စဉ်ဟာ အီရန်ဘုရင်မိုဟာမက်ရီဇာပါလဗီအတွ က်တော့”အာဏာပြန်ရခြင်း”ဖြစ်ပေမယ့် အီရန်နိုင်ငံအတွက်တော့”အာဏာ ရှင်စနစ်ဆီပြန်လှည့်သွားတာ”ဖြစ်ပါတ ယ်။
အဲဒီအာဏာသိမ်းမှုအပြီးမှာ ဘုရင်ရဲ့ အုပ်ချုပ်ရေး ပြောင်းလဲသွားပါတယ်။
အာဏာမသိမ်းခင်က ဘုရင်ဟာဖွဲ့စည်း ပုံအခြေခံဥပဒေအရအကန့်အသတ်ရှိတဲ့(Constitutional Monarch)ဘုရင်တပါးဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၅၃ နောက်ပိုင်းမှာတော့ လွှတ်တော်(Majlis)ကို အမည်ခံသက် သက်ဖြစ်အောင်လုပ်လိုက်ပါတယ်။
အစိုးရအဖွဲ့၊စစ်တပ်နဲ့တရားရေးဌာနအားလုံးကို ဘုရင်ကပဲ တိုက်ရိုက်ထိန်း ချုပ်ထားတဲ့ အကြွင်းမဲ့အာဏာရှင် (Absolute Monarchy)စနစ်ကို ကျင့် သုံးလာပါတယ်။
ဘုရင်ရဲ့ အာဏာကို ကာကွယ်ဖို့နဲ့ အ တိုက်အခံတွေကို နှိမ်နင်းဖို့ အမေရိကန်နဲ့အစ္စရေးတို့ရဲ့အကူအညီနဲ့ SAVAK လို့ခေါ်တဲ့ အလွန်ရက်စက်တဲ့လျှို့ဝှက်ရဲ တပ်ဖွဲ့ကို ၁၉၅၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
နိုင်ငံရေးသမားတွေ၊ကျောင်းသားတွေ၊ ကွန်မြူနစ်တွေနဲ့ဘာသာရေးခေါင်း ဆောင်တွေအပေါ် ထောက်လှမ်းတာ၊ဖ မ်းဆီးတာ၊ညှဉ်းပန်းနှိပ်စက်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒါက ပြည်သူတွေကြားမှာ ဘုရင်အ ပေါ် အကြီးအကျယ်မုန်းတီးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အာဏာသိမ်းမှုမှာ အမေရိကန်က ကူညီခဲ့တာကြောင့် ဘုရင်ဟာ အမေရိကန်ရဲ့ အမာခံမဟာမိတ်ဖြစ်လာခဲ့ပါတယ်။
ရေနံကရတဲ့ ဝင်ငွေအမြောက်အမြားနဲ့ အမေရိကန်က ခေတ်မီလက်နက်တွေ အများအပြားဝယ်ယူခဲ့ပါတယ်။
၁၉၆၀ ပြည့်နှစ်မှာ White Revolution (အဖြူရောင်တော်လှန်ရေး)ဆိုပြီး ဘု ရင်ဟာမြေယာပြုပြင်ပြောင်းလဲရေး၊ ပညာရေးနဲ့အမျိုးသမီးအခွင့်အရေးတွေကို အတင်းအကျပ်ပြုလုပ်ခဲ့ပါတယ်။
အဲဒါတွေက အပေါ်ယံကြည့်ရင် ခေတ် မီသလိုရှိပေမယ့် ဘာသာရေးအဖွဲ့အ စည်းတွေကို ထိခိုက်စေတဲ့အတွက် အာယာတိုလာခိုမေနီ (Ayatollah Khomeini)လိုဘာသာရေးခေါင်းဆောင်တွေရဲ့ အကြီးအကျယ်ဆန့်ကျင်မှုကို ခံခဲ့ရပါတယ်။
ဘုရင်ရဲ့ ခေတ်မီရေးလုပ်ငန်းစဉ်တွေ (Modernization)ဟာ ပြည်သူအများစုရဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိဘဲ အမေရိကန်အကျိုးစီးပွားကိုသာ ဦးစားပေးနေတယ်လို့ ပြည်သူတွေက ခံယူလာကြပါတယ်။
ဆင်းရဲချမ်းသာ ကွာဟမှုမြင့်မားလာတာ၊ အကျင့်ပျက်ခြစားမှုများလာတာနဲ့ လွတ်လပ်စွာပြောဆိုခွင့်မရှိတာကြောင့် ၁၉၇၉ ခုနှစ်မှာတော့ အီရန်ပြည်သူတွေ အလုံးအရင်းနဲ့ထွက်လာပြီး အစ္စလာမ်မစ်တော်လှန်ရေးနဲ့ဘုရင်ကို နန်းချကာ အစ္စလာမ်မစ်သမ္မတနိုင်ငံ (Islamic Republic)ကို ထူထောင်ခဲ့ပါတယ်။
အီရန်စကားမှာ “Mostebed”(မိုစတီးဘဒ်)ဆိုတာ ဖိနှိပ်ချုပ်ချယ်သူအာဏာရှင်လို့ အဓိပ္ပါယ် ရပါတယ်။
အဲဒီမိုစတီးဘဒ်တွေက အီရန်ရဲ့ဒီမိုကရေစီကိုလိုချင်တဲ့အုပ်စုမှာရော ဘာသာရေးအုပ်စုမှာပါ ရှိလာပါတယ်။
အဲဒီတော့ အီရန်ဟာ ဝါဒတ်ညီညွှတ်မှုကိုရလိုက်ပြီးရင် မိုစတီးဘဒ်ဖိနှိပ်သူကို နေရာပေးလိုက်နဲ့ဖြစ်နေပါတယ်။
ဘုရင် မိုဟာမက် ရီဇာ ပါလဗီဟာ အီရန်ကို ခေတ်မီနိုင်ငံဖြစ်အောင် တည်ဆောက်ချင်ခဲ့သူပါ။
ဒါပေမယ့် သူ့အုပ်ချုပ်ရေးက အာဏာရှိတဲ့သူတွေက ချမ်းသာလာပြီး သာမန်လူထုက ဆင်းရဲနေပါတယ်။ဆင်းရဲချ မ်းသာကွာဟမှုမြင့်မားသွားပါတယ်။
အဲဒါက အုပ်ချုပ်ရေးစနစ်ထဲမှာအကျင့်ပျက်ခြစားမှုတွေရှိနေတယ်ဆိုတဲ့လက္ခဏာပါ။ အကျင့်ပျက်ခြစားမှုက ပွင့်လ င်းမြင်သာမှုကို ကြောက်လန့်ပါတယ်။
အဲဒီအခါ လူထုရဲ့လွတ်လပ်စွာပြောဆိုခွင့်ကို အကြောင်းအမျိုးမျိုးပြပြီးပိတ်ပင်ပါတော့တယ်။
SAVAK လို့ခေါ်တဲ့ အလွန်ရက်စက်တဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့ကို ၁၉၅၇ ခုနှစ်မှာ ဖွဲ့စည်းပြီး နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ၊ ကွန်မြူနစ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေအပေါ် ထောက်လှမ်းတာ၊ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပါတယ်။
အဲဒါက ပြည်သူတွေကြားမှာ ဘုရင်အ ပေါ် အကြီးအကျယ်မုန်းတီးမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။
သယံဇာတကျိမ်စာဟာ အီရန်အပေါ်သင့်နေပါတယ်။
ဒါပေမယ့် အဲဒီအချိန်တုန်းက အီရန်ဟာ ရေနံဆီက အကျိုးအမြတ်မခံစားရဘူးဆိုရင် တူရကီက အာတာတပ်အတွက်လည်း သယံဇာတဆိုတာအားကိုးလော က်စရာမရှိခဲ့ပါဘူး။
အာတာတပ်စက်ရုံတွေကို လုပ်ငန်းရှင်တွေ အရင်းအနှီးမရှိလို့ မထူထောင်နိူင်ရင် အစိုးရက ငွေစိုက်ပြီး ထူထောင်ပေးပါတယ်။
အာတာတပ်က ငါးနှစ်တာ စီးပွားရေးစီ မံကိန်း၊ စက်မှုစီမံကိန်းတွေ ချမှတ်ကာ သကြား၊ အထည်အလိပ်၊စက္ကူနဲ့သံမ ဏိစက်ရုံတွေကို နိုင်ငံအနှံ့တည်ဆော က်ပါတယ်။
အဲဒါက ထုတ်ကုန်ကို အခြေခံတဲ့စက်မှုလူ့ဘောင်တရပ်ကို ဖြစ်ပေါ်စေပါတယ်။ စက်မှုလူ့ဘောင်တရပ်ဟာ ဒီမိုကရေစီကို သွားဖို့အတွက် အခြေခံအရင်းအမြ စ်လည်းဖြစ်ပါတယ်။
တူရကီက အာတာတပ်ဟာလည်း”(မိုစတီးဘဒ်)”ဖိနှိပ်သူပါပဲ။
ဒါပေမယ့် သူက ဒီမိုကရေစီအတွက် လူ မှုအဆောက်အအုံနဲ့စက်မှုလူ့ဘောင်ကို လမ်းခင်းဖို့အတွက် ဖြစ်လာတဲ့မိုစတီးဘဒ်ပါ။
အီရန်ရင်ဆိုင်ရတဲ့နိုင်ငံရေးအကျပ်အ တည်းမျိုးကို တူရကီကလည်း အနည်းနဲ့အများဆိုသလို ရင်ဆိုင်ခဲ့ရတာပါပဲ။
လက်ရှိမှာတော့ အီရန်ဟာ စိုက်ပျိုးရေးသက်သက်စီးပွားရေးစနစ်က လွတ် မြောက်ပြီး စက်မှုအခြေခံ (Industrial Base)ကို တည်ဆောက်ထားနိုင်တဲ့နိုင်ငံဖြစ်နေပါပြီ။
ဒါပေမယ့် စီးပွားရေးဆိုင်ရာ ပြင်ပဖိ အားနဲ့နည်းပညာပိုင်းဆိုင်ရာပိတ်ဆို့မှုကြောင့်”ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံ”
(Developed Industrialized Nation) အဆင့်ကို အပြည့်အဝ မရောက်နိုင်သေးပါဘူး။
စက်မှုလူပ်ငန်းတွေနဲ့ရုန်းကန်နေရတဲ့အ နေအထားမျိုးမှာရှိနေတာပါ။
အီရန်ရဲ့စက်မှုလုပ်ငန်းကို အစပြုခဲ့သူတွေက ပါလာဗီမင်းဆက် နှစ်ခုပါပဲ။
ပါလဗီခေတ်(The Pahlavi Era)က ၁၉ ၂၅ ခုနှစ်က နေ ၁၉၇၉ ခုနှစ်ထိ)နှစ်ပေါင်း ၅၄ နှစ်ကြာခဲ့ပါတယ်။
ပါလဗီခေတ်ကာလ စက်မှုလုပ်ငန်းဟာ လူသားအရင်းအမြစ်ကိုပါ တိုးတက်လာစေတဲ့တူရကီလိုတော့မဟုတ်ပါဘူး။
သယံဇာတကိုသာ အခြေခံတဲ့စက်မှုလုပ်ငန်းပါပဲ။ ထုတ်ကုန်ကို အခြေခံတဲ့စက်မှုလုပ်ငန်းနဲ့ သယံဇာတကိုအခြေခံတဲ့ စက်မှုလုပ်ငန်းက လူသားအရင်းအမြစ်တိုးတက်မှုအပေါ် ကွာခြားပါသေးတယ် ။
အယာတိုလာခိုမေနီကပင် ခုချိန်ထိ ကာ လမှာတော့ ပါလဗီခေတ်ကလည်ပတ်ခဲ့တဲ့စက်မှုလုပ်ငန်းတွေကို ကိုယ့်အားကို ယ်ကိုး( Self-reliant)ပုံစံမျိုးနဲ့ ထိန်းသိ မ်းထားရတဲ့ကာလတွေပါ။
အီရန်ရဲ့ ခေတ်မှီဖွံ့ဖြိုးရေးဝါဒီတွေနဲ့ ဘာသာရေးအလွှာကြားမှာ အားပြိုင်မှုတွေရှိပြီး အဲဒီအချက်ကပဲ မိုစတီးဘဒ် တွေကို အုပ်စုနှစ်ခုစလုံးမှာ ရှိလာစေပါတယ်။
အီရန်လူထုဟာ ဘယ်လိုအုပ်စုက မိုစတီးဘဒ်ပဲ ဖြစ်ဖြစ် သူ့လက်အောက်မှာ ကျပ်တည်းပိတ်လှောင်မွန်းကြပ်လာရင် ထပြီး ပေါက်ကွဲတတ်ပြီး လွတ်လပ်မှုကို တောင်းဆိုကာ အုပ်ချုပ်နေတဲ့မိုစတီးဘဒ်ကို ဖြုတ်ချတတ်ပါတယ်။
ဒါပေမယ့် အဲဒီအုပ်ချုပ်နေတဲ့သူနေရာမှာမိုစတီးဘဒ် နောက်တမျိုးက ထပ်ပေါ်လာတတ်ပါတယ်။
ပြီးရင် အီရန်လူထုက အနောက်ဒီမိုကရေစီနိုင်ငံတွေရဲ့ စွက်ဖက်မှုကြောင့် သူတို့ရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးတာကိုလည်း နဖူးတွေ့ ဒူးတွေ့ ခံစားထားဖူးသူတွေ ဖြစ်တော့ အနောက်အုပ်စုကိုလည်း မယုံကြပါဘူး။
လက်ရှိမှာတော့ အယာတိုလာ တို့လက်ထက္မှာ အီရန်ဟာ စက်မှုလုပ်ငန်းတွေကို ကိုယ့်အားကိုယ်ကိုး( Self-reliant)ပုံစံမျိုးနဲ့ထိန်းသိမ်းထားရတဲ့အနေအထားမျိုးဖြစ်လို့ လုံးဝစိုက်ပျိုးရေးကို အခြေခံထားရတဲ့လူ့အဖွဲ့အစည်းလည်း မဟု တ်တော့ပါဘူး။
စက်မှုလုပ်ငန်းတွေကို ကိုယ့်အားကိုယ်ကိုးပုံစံနဲ့လည်ပတ်နေရတဲ့အခြေအနေက တဖက်မှာ အီရန်ရဲ့ ပညာရေးကို အ တိုင်းအတာတခုထိ မြင့်လာစေခဲ့ပါတယ်။
အဲဒီပညာရေးကို ရရှိထားတဲ့လူငယ်တွေက အယာတိုလာအုပ်စုတို့ ဖိနှိပ်နေတာကို ပြန်ပြီးဆန့်ကျင့်လာနေတဲ့အချိန်ပါ။
အမေရိကန်နဲ့ အစ္စရေးကလည်း အီရန်ကို တိုက်နေပါပြီ။ အမေရိကန်သမ္မတ ထရန့်က အီရန်ကို အုပ်ချုပ်သူအပြော င်းအလဲဖြစ်ရမယ်လို့လည်း ဆိုထားပါတယ်။
အဲဒီတချိန်မှာ တူရကီကအာတာတပ်လိုလူမျိုးနဲ့ အီရန်ရဲ့ရှိအိုက်အလွှာက သဘောထားအလယ်အလတ်ရှိတဲ့အုပ်စုတွေ အားကောင်းလာရင်တော့ အီရန်လူ့အဖွဲ့အစည်းဟာ သားရွှေအိုးထမ်းကိန်းဖြစ်မှာပါ။
ဒါပေမယ့် ဒီအမြင်ကလည်းမရေရာလှတဲ့မှန်းဆချက်သာ ဖြစ်ပါတယ်။
တကယ်လို့ သမိုင်းတပတ်ပြန်လည်ရင်တော့ အီရန်ဟာ ပါလဗီခေတ်ထဲပြန်ရောက်သွားနိုင်ပြီး ခေတ်မှီတိုးတက်ရေးလုပ်ငန်းစဉ်တွေနဲ့ဘာသာရေးအ လွှာကြား ထိပ်တိုက်တိုးပြဿနာသံသ ရာထဲ ပြန်ရောက်သွားနိုင်ပါတယ်။
ကိုးကား…






