Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့် သစ္စာခံမှု – ၆

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ မတ် ၂၉။

လက်နက်ကိုင်ခြင်းဆိုသည်မှာ “လူသားဂုဏ်သိက္ခာကို လေးစားမှုနှင့်လူသားတန်ဖိုးကို လေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်။” ဆိုသောအချက်သည်လက်နက်ကိုင်တပ်ဖွဲ့တခု၏မူလကျောရိုးစံတန်ဖိုးဖြစ်သည်။

လူသားဂုဏ်သိက္ခာနှင့်တန်ဖိုးကို လေး စားခြင်းဆိုသည်မှာ လူသားဂုဏ်သိက္ခာနှင့်လူသားတန်ဖိုးကို ကာကွယ်ခြင်းလ ည်းဖြစ်သည်။လူ့အသိုက်အဝန်းတခု (လူ့အသိုက်အဝန်းဟူသည် နိုင်ငံ သို့မ ဟုတ် လူမျိုး)အတွက် လက်နက်ကိုင် တပ်ဖွဲ့တခုပေါ်ပေါက်ခြင်းဆိုသည့်အဓိ ပ္ပါယ်ပင် ထိုလူ့အသိုက်အဝန်းရှိ လူသားများ၏လူသားဂုဏ်သိက္ခာနှင့်တန်ဖိုးကို ကာကွယ်ရန်အတွက် ပေါ်ပေါက်လာခြင်းဖြစ်သည်ဆိုသော အဓိပ္ပါယ်ဖြစ်သည်။

အမိန့်အပေါ်ဆန်းစစ်မှု

လက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက်သည် အမိန့်ကိုနာခံရသည်။

ဤသို့အမိန့်နာခံရန်လည်တာဝန်ရှိသည် ဟုသတ်မှတ်ထားသည်။

ဤတွင် အမိန့်ဟူသည် ငြင်းဆန်ရမည့် အရာမဟုတ်ဟူသောအချက်နှင့်သ ဘောတရားခြင်းမှာ ကွဲပြားပါသေးသ ည်။အဘယ်ကြောင့်ဆိုသော် အမိန့်ဟူ သည်ပင်လျှင် အကျိုးအကြောင်းညီညွှတ်မှုမှသွယ်ဖယ်၍မရဟူသော ကန့်သတ်ချက်အတွင်း ရှိနေသောကြောင့် ဖြစ်သည်။

ပို၍ရှင်းလင်းသောနမူနာတခုမှာ – ကျောက်တုံးတတုံးကို စိန်တုံးဖြစ်စေရန် အမိန့်ပေးသည်ဆိုပါစို့။ထိုအမိန့်သည် သ ဘာဝအကျိုးအကြောင်းအရမဆီလျှော်ပေ။

ထိုမဆီလျှော်သောအမိန့်ကို လက်အော က်ငယ်သားများလိုက်နာနိုင်ပါမည်လော။ မလိုက်နာနိုင်ပါက လက်အောက် ငယ်သားများသည် အမိန့်ကို မလိုက်နာမှုဖြစ်သွားပါပြီလော။ အဖြေက မဆီလျှော်သောအမိန့်ကို မလိုက်နာနိုင်ခြင်းသည် အပြစ်မဟုတ်ဟူသောအချက်ဖြ စ်သည်။

ပြဿနာမှာ တပ်ဖွဲ့ဝင်များသည် အမိန့်အပေါ် မည်သို့ခံယူချက်ဖြင့် ဆန်းစစ်မည်နည်းဆိုသောအချက်ပင်ဖြစ်သည် ။အဖြေက ကျင့်ဝတ်စံနှုန်းကို အခြေခံ ၍သာဆန်းစစ်ကြရခြင်းဖြစ်သည်။

ဤအချက်က အမိန့်နာခံခြင်းနှင့် အမိန့်ဟူသည် ငြင်းဆန်ရမည်အရာမဟုတ်ခြ င်းဟူသောအချက်နှစ်ခု၏အဓိက ကွဲလွဲချက်လည်းဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက်သည် အမိန့်နာခံရန်တာဝန်ရှိပါသည်။ သို့သော် ထိုအချက်သည် “အမိန့်ဟူသည် ငြင်းဆန်ရမည့်အရာမဟုတ်” ဟူသောသတ်မှတ်ချက်မဟုတ်သေးပေ။

သို့ဖြစ်၍လက်နက်ကိုင်တပ်ဖွဲ့များကို သင်တန်းပေးရာတွင် “အမိန်နာခံ” ရန် သင်ကြားပေးမှုနှင့် “အမိန့်ဟူသည်ငြင်းဆန်ရမည့်အရာမဟုတ်” ဟူသောသင်ကြား ပေးမှုသည်မတူသေးပေ။

နေရာမှားသောသစ္စာခံမှု

အကယ်၍အမိန့်ဟူသည် “ငြင်းဆန်ရမည့်အရာမဟုတ် “၊အမိန့်အား ကျင့်ဝတ်နှင့်ညီ၊ မညီကို ဆန်းစစ်စရာမလို။ ရေဘူးပေါက်နေကြောင်းတင်ပြချက်ကိုမလိုချင်၊ ရေပါသည်ကိုသာလိုချင်သည်။” စသည့်သဘောတရားမျိုးကိုသာ ပေးနေ သော သင်တန်းအုပ်ချုပ်မှုပတ်ဝန်းကျ င်သည် လူ့အဖွဲ့အစည်းအတွက် အန္တရာ ယ်များလှသည်။

အဘယ်ကြောင့်ဆိုသော်…

၁။ လက်နက်ကိုင်တပ်ဖွဲ့တခု၏ စိတ်နေစိတ်ထားတွင် ကိုယ့်ကိုကိုယ့်အင်အားရှိသည်ဟု ခံစားချက်ရှိသည်။

၂။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက်သည် အမိန့်ကိုနာခံရမည်ဟု စိတ်ပိုင်းဆိုင်ရာ ရိုက်သွင်းမှုရှိနေသည်။

၃။ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အမိန့်ပေးနေရသူမှာ ၎င်းတို့၏တပ်အစိတ် အပိုင်း၏ခေါင်းဆောင်ဖြစ်နေသည်။

၄။ဝေဖန်ပိုင်းခြားဆန်းစစ်မှုကို အားမပေးသော လူမှုပတ်ဝန်းကျင်မျိုးလည်း ဖြစ်နေလျှင် သေချာသောအကျိုးဆက်တခုက ထိုလက်နက်ကိုင်တပ်ဖွဲ့အပေါ် ရှိလာသည်။

ထိုအကျိုးဆက်မှာ မိမိတပ်ဖွဲ့အစိတ်အပိုင်း၏ ခေါင်းဆောင်အမိန့်အား နာခံခြင်းဖြစ်သည်။

ဤအဆင့်လောက်တွင် ပြဿနာကမရှိသေး။ ပြဿနာရှိလာသည်အမိန့်အား နာခံခြင်းထက်ပို၍မိမိ၏တပ်ဖွဲ့အစိတ် အပိုင်း၏ခေါင်းဆောင်အပေါ်တွင် သ စ္စာခံခြင်းအဆင့်ကို ရောက်ရှိလာခြင်းဖြစ်သည်။

ထိုအခါ တပ်ဖွဲ့၏ မူလကျင့်ဝတ်စံနှုန်း အပေါ်သစ္စာရှိရမည်ဆိုသောသဘောတ ရားထက် မိမိတပ်ဖွဲ့အစိတ်အပိုင်း၏ ခေါင်းဆောင်အပေါ် သစ္စာရှိရမည်ဆိုသော အချက်ကသာ ပို၍လွမ်းမိုးသွားတော့သည်။

ထိုသို့လွမ်းမိုးသွားပါက “ပြည်သူလူထုအားကာကွယ်ရန်” ဆိုသည့်ရပ်တည်ချ က်ထက် မိမိတပ်ဖွဲ၏ခေါင်းဆောင် ပြောသည့်အတိုင်းလုပ်ရန် ဆိုသည့်သဘောဘက်ကို ရောက်သွားတော့သည်။

ထိုသို့လက်နက်ကိုင်တပ်ဖွဲ့အင်စတီကျူရှင်း၏မူလရည်ရွယ်ချက် အပေါ်သစ္စာ ခံမှုထက်တပ်ဖွဲ့ဝင်များနှင့်ခေါင်းဆော င်များအပေါ်တွင်သာသစ္စာခံမှုကနေရာမှားနေသောသစ္စာခံမှုကိုသာဖြစ်စေသ ည်။

ထိုနေရာမှားသော သစ္စာခံမှုကြောင့် လ က်နက်ကိုင်တပ်ဖွဲ့တခုတွင်ကျင့်ဝတ်နှင့် မညီသောအမှုအကျင့်(Unethical Behavior)များဖြစ်လာရန် အခွင့်အရေးများ ဖြစ်လာတော့သည်။

ထိုသို့နေရာမှားသောသစ္စာခံမှုကြောင့် စစ်တပ်၏သမိုင်းတွင် ကြီးမားသောရာဇ ဝတ်မှုကျူးလွန်မှုများကို ဖြစ်စေသည်ဟု တပ်ကြပ်ကြီးချုပ်ဒေးဗစ်အာရ်ချဒ်ဘန်း(Master Sgt. David R. Chadburn)က ဆိုထားသည်။

တပ်ကြပ်ကြီးချုပ်ဒေးဗစ်အာရ်ချဒ်ဘ န်း(Master Sgt. David R. Chadburn) မှာ အမေရိကန်စစ်ဘက်၏နာမည်ကျော်အဆင့်မြင့်တပ်ကြပ်ကြီးချုပ် လေ့ကျင့်ရေးသင်တန်း (Sergeants Major Course)၏ သင်တန်းနည်းပြဖြစ်သည်။

ထိုသင်တန်း၏သင်ကြားမှုနယ်ပယ်မှာ စစ်သားကောင်းတယောက်ဖြစ်ရန်ပင်မဟုတ် မဟာဗျူဟာမြောက်ဦးဆောင်မှု (Strategic Leadership)ပေးနိုင်ရန်လ ည်း သင်ကြားခြင်းဖြစ်သည်။

ထိုသင်တန်း၏ရည်ရွယ်ချက်တွင် စစ်ဆင်ရေးဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်များ၊တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ကွပ်ကဲမှုပေးနိုင်ခြင်းအစီအစဉ်များနှင့် အဆင့်မြင့်အရာရှိကြီးအား အကြံပေးနိုင်သောပုဂ္ဂိုလ်များဖြစ်လာရန်ရည်ရွ ယ်ထားသည်။

အဆိုပါသင်တန်းကျောင်းများထဲတွင် အကျော်ကြားဆုံးမှာတက္ကဆက်(Texa s)ပြည်နယ်၊ဖော့တ်ဘလစ်(Fort Bliss) ရှိ NCO Leadership Center of Excellence (NCOLCoE) ဖြစ်သည်။

အဆိုပါသင်တန်းမှာ အဆင့်မြင့်(Senior)စစ်ဘက်ခေါင်းဆောင်များအတွက် “ဘွဲ့လွန်အဆင့်”သင်တန်းတခုကဲ့သို့ဂု ဏ်သိက္ခာကြီးမားသည်။

ထိုသင်တန်းများကအောက်ခြေနှင့်အ ထက်ပိုင်းကြားတွင် ပေါင်းကူးတံတားသဖွယ်တာဝန်ယူရသောတပ်ကြပ်ကြီးချုပ်များဖြစ်လာရန်နှင့်၎င်းတို့တွင်ထိ ပ်တန်းခေါင်းဆောင်မှုစွမ်းရည်ရှိရန် ပေးသောသင်တန်းများဖြစ်သည်။

ထိုကဲ့သို့သင်တန်းမျိုး၌ နည်းပြဖြစ်သူ တပ်ကြပ်ကြီးချုပ်ဒေးဗစ်အာရ်ချဒ်ဘ န်း(Master Sgt. David R. Chadburn) က သူ၏လက်ချာတွင် ထိုသို့ နေရာမှား သောသစ္စာခံမှုနှင့်ပတ်သက်၍ထိုသို့ဆိုထားခြင်းဖြစ်သည်။

တပ်ကြပ်ကြီးချုပ်ဒေးဗစ်အာရ်ချဒ်ဘာန်းကဆက်လက်၍ သူ၏လက်ချာထဲတွင် ဗီယက်နမ်စစ်ပွဲကာလအတွင်း မိုင်လို င်အစုအပြုံလိုက်သတ်ဖြတ်မှု(My Lai Massacre)နှင့်အီရတ်စစ်ပွဲကာလအ တွင်းကင်နယ်သတ်ဖြတ်မှု(Canal Killings)ကဲ့သို့ စစ်ရာဇဝတ်မှုများကို အမေရိကန်စစ်တပ်မှကျူးလွန်ခဲ့မှု၏ဇစ် မြစ်မှာ”နေရာမှားသောသစ္စာခံမှု”ကြောင့်ဟု ဆိုထားသည်။

၂၀၂၀ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သောဗင်နစ်ဆာဂူလင်(Vanessa Guillen)အဖြစ်အပျက်ကိုလည်း တပ်ကြပ်ကြီးချုပ် ဒေးဗစ်အာရ်ချဒ်ဘန်းကသူ၏လက်ချာတွင် “နေရာမှားသောသစ္စာခံ” မှုက ပြဿနာ၏ဇစ်မြစ်ဖြစ်သည်ကို မီးမောင်းထိုးပြထားသည်။

ဗင်နီဆာဂူလင် အဖြစ်အပျက်ဟူသည် တက္ကဆက်ပြည်နယ်ရှိ ဖောတ်ဟူဒ် (Fort Hood)(ယခု ဖောတ်ကာဗာဇိုစ် Fort Cavazos ဟု အမည်ပြောင်းထား) စစ်အခြေစိုက်စခန်းတွင် ဖြစ်ပွားခဲ့သောအသက် ၂၀ အရွယ် အမေရိကန်တပ်မတော်သားအမျိုးသမီးဗင်နစ်ဆာ ဂုလင်( Vanessa Guilln)အသတ်ခံရမှု ဖြစ်စဉ်အား ဆိုလိုခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်သည် အမေရိကန်စစ်တပ်အတွင်းလိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများနှင့်အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပျက်ကွက်မှုများကို မီးမောင်းထိုးပြနေသည့်အတွက် တကမ္ဘာလုံးကစိတ်ဝင် စားခဲ့သောဖြစ်ရပ်လည်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ဧပြီလ ၂၂ ရက်နေ့တွင် အမျိုးသမီးတပ်မတော်သားဗင်နစ်ဆာ ဂူလင်( Vanessa Guilln)မှာ အလုပ်လုညပ်နေရင်း စတင်ပျောက်ဆုံးသွားခဲ့သ ည်။နှစ်လကျော်အကြာ ဇွန်လ ၃၀ ရက်နေ့တွင် သူမ၏ရုပ်အလောင်းအစိတ်အ ပိုင်းများကို လီယွန်(Leon)မြစ်အနီးမှာ ရှာဖွေတွေ့ရှိခဲ့သည်။

ထိုစုံစမ်းစစ်ဆေးချက်များအရသူမအား အခြားစစ်သည်တဦးဖြစ်သူ အာရွန် ဒေဗစ်ရော်ဘင်ဆင်( Aaron David Robinson)က လက်နက်တိုက်ထဲတွင် တူဖြင့် ထုရိုက်သတ်ဖြတ်ခဲ့ပြီး သူ၏ ရ ည်းစားဖြစ်သူဆစ်စီလီအာဂူလာ (Cecily Aguilar)နှင့်အတူ ရုပ်အလော င်းကို ဖျောက်ဖျက်ခဲ့ခြင်း ဖြစ်သည်။

တရားခံ အာရွန် ရော်ဘင်ဆင်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးချိန်တွင် ကိုယ့်ကိုယ်ကို ယ် သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သ ည်။

သူ၏ရည်းစားဖြစ်သူဆစ်စီလီအာဂူလာ (Cecily Aguilar)အား ရုပ်အလောင်းဖျောက်ဖျက်ရန် ကူညီမှုဖြင့် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့သည်။

နေရာမှားသော သစ္စာခံမှု၏အကျိုးဆက်ရာဇဝတ်မှုများ

အမျိုးသမီးတပ်ဖွဲ့ဝင်ဖြစ်သူ ဗင်နီဆာဂူလင်က မသေဆုံးမှီကာလများကသူမ ၏မိသားစုအားစစ်တပ်ထဲတွင် အရာရှိများက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်နေကြောင်း၊ တိုင်ကြားသော်လည်း အရေးယူမှာမဟုတ်သည့်အတွက် လက်တုံ့ပြန်ခံရမှာကိုကြောက်ကြောင်းပြောပြခဲ့သည်။

သူမ ပျောက်ဆုံးနေချိန်သည် စစ်တပ်အတွင်း အလုပ်လုပ်နေချိန်တွင် ပျော က်ဆုံးသွားခြင်းဖြစ်ပြီးစစ်တပ်ဘက်မှ ရှာဖွေမှုမှာ အလွန်နှေးကွေးနေခဲ့သည်။

ထိုပြင် သူမ၏မိသားစုကိုလည်းအချက်အလက်အမှန်မပေးဘဲ သတင်းများကို ဖျောက်ဖျက်ထားခဲ့သည်။

ထိုအချက်များကို ကြားရသောအခါ အမေရိကန်ပြည်သူလူထု၏ဒေါသတကြီး ဆန္ဒပြမှုများဖြစ်လာခဲ့တော့သည်။

အမေရိကန်ပြည်ထောင်စု၏စစ်ဘက်နှင့်ပြည်သူလူထုထိပ်တိုက်တွေ့ကြတော့ သည်။ ပြည်သူလူထုက ထိုသို့ထိပ်တို က်တွေ့ပြလာသောအခါ ဗင်နီဆာဂူလင်ကဲ့သို့ လိင်ပိုင်းဆိုင်ရာစော်ကားမှုများကိုခံနေရသော အမျိုးသမီးတပ်ဖွဲ့ဝင်များကလည်း “ငါသည်လည်း ဗင်နီဆာ ဂူလင် ဖြစ်သည် (#IAmVanessaGuillen)ဆိုသော hashtag ဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် တင်ကာ MeToo လှုပ်ရှားမှုများပေါ်ပေါ က်လာတော့သည်။

ထိုလှုပ်ရှားမှုများကြောင့် “I Am Vanessa Guillen Act” ဆိုသော ဥပဒေတရပ် ပေါ်ပေါက်လာခဲ့ရသည်။

ထိုဥပဒေအရ စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများကိုတိုင်ကြားသောအခါ မိမိ၏အထက်လူကြီး (Chain of Command)မှတဆင့် မဟု တ်ဘဲ ပြင်ပလွတ်လပ်သော စုံစမ်းစစ် ဆေးရေးအဖွဲ့များဆီတိုက်ရိုက်တိုင် ကြားခွင့်ကို ပေးထားရတော့သည်။

ဖောတ်ဟုတ်(Fort Hood)စခန်းကအရာရှိကြီးနှစ်ဆယ်ကျော်ကိုလည်း တာဝန်မှ ရပ်စဲခြင်း သို့မဟုတ် အရေးယူခြင်းများပြုလုပ်ခဲ့တော့သည်။

ထိုဖြစ်ရပ်မျိုးသည် နေရာမှားသော သစ္စာခံမှုကြောင့်ဖြစ်ခဲ့သည်ဟု တပ်ကြပ် ကြီးချုပ်ဒေးဗစ်အာရ်ချဒ်ဘန်းကဆိုထားသည်။

လက်နက်ကိုင်တပ်ဖွဲ့ အင်စတီကျူရှင်း ၏မူလရည်ရွယ်ချက်အပေါ်သစ္စာခံမှု ထက်တပ်ဖွဲ့ဝင်များနှင့်ခေါင်းဆောင်များအပေါ်တွင်သာ သစ္စာခံမှုအားကောင်းလာသောအခါ “ငါတို့သည် လက်နက် ကိုင်များဖြစ်၍အင်အားရှိသည်။” ဟု စိတ်ကြီးဝင်နေသည့် စစ်အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အချို့အတွက် “ပြစ်မှုကျူးလွန်ခွင့်” ကို ပေးနေသကဲ့သို့ဖြစ်လာသည်။

ပြစ်မှုကျူးလွန်ရန်အတွက်လည်း ကျူး လွန်ခံရ၍ထိခိုက်နစ်နာသူဘက်ကို “တိုင်ကြားသော်လည်း အရေးယူမှာမဟုတ်သည့်အတွက် လက်တုံ့ပြန်ခံရမှာကို ကြောက်ကြောင်း” ဟူသောအခြေအနေမျိုးဖြစ်အောင်ဖန်တီးထားသည်။

ထိုသို့ဖန်တီးရန်အတွက်လည်း “တပ်ဖွဲ့ ၏မူလကျင့်ဝတ်စံနှုန်းအပေါ်သစ္စာရှိရမည်ဆိုသော သဘောတရားထက် မိမိတပ်ဖွဲ့အစိတ်အပိုင်း၏ခေါင်းဆောင်အပေါ် သစ္စာရှိရမည်ဆိုသော အချက်ကသာ ပို၍လွမ်းမိုးနေသော နေရာမှား သောသစ္စာခံမှုကို တည်ဆောက်ခွင့်ရသလို အခွင့်အရေးက ပေးထားသည်။

ဆိုလိုချင်သည်က အမေရိကန်စစ်တပ်သည်လည်း အခြားကမ္ဘာပေါ်ရှိလက်နက်ကိုင်တပ်ဖွဲ့များနည်းတူ အမိတရာအ ဖတရာသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။

သို့ဖြစ်၍အခြားကမ္ဘာပေါ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များနည်းတူ သူတွင်လည်း “စိတ်ကြီးဝင်မှု” ရှိသည်။ပြစ်မှုကျူးလွန်မှုရှိသည်။

သို့သော်အမေရိကန်စစ်တပ်သည် “နေရာမှားသောသစ္စာခံမှု” ကို မဖုံးကွယ်ထားနိုင်ချေ။

မိမိတို့၏မည်သို့မည်ပုံ လုပ်ရပ်သည် မကောင်းဆိုသည်ကို မဖုံးကွယ်ထားချေ။ မဖုံးကွယ်သည့်အပြင် ထိုသို့ဖြစ်ရပ်မျိုး နောက်တကြိမ် ထပ်မဖြစ်စေရန်နှင့်ထို သို့ဖြစ်ရပ်၏အကြောင်းအကျိုးများကိုလည်း သင်ခန်းစာယူရန် စစ်ဘက်သင် တန်းများတွင်လည်း ထည့်သွင်းသင် ကြားနေသောအဖွဲ့အစည်းမျိုးဖြစ်နေသည်။

ထိုကဲ့သို့ နမူနာကောင်းများကို လက်နက်ကိုင်တပ်ဖွဲ့များသည် နမူနာယူသင့်သည်။

နမူနာယူသင့်ပါသည်ဟု ပြောလာသည်နှင့်အချို့က “ငါတို့မှာ ယခုမှ အစပြုနေရသည့်ကာလဖြစ်သေးသည်”။သို့ဖြစ် ၍အမေရိကန်ကဲ့သို့ ဒီမိုကရေစီအထိုင် ကျနေသောနိုင်ငံနှင့်ငါတို့အားနှိုင်းစရာလား။ နောက်မှတဖြေးဖြေးပြုပြင်ယူ သွားရမှာပေါ့” ဟူသော ကျင့်ဝတ်ကို ချနင်းသောအယူအဆမျိုးကလည်း ထွန်း ကားနေသည်။

ထိုအယူအဆကို စွဲကိုင်နေသောအုပ်စုများကိုလည်းမေးခွန်းထုတ်လိုသည်မှာ “အမေရိကန်ကဲ့သို့ဒီမိုကရေစီအထိုင် ကျနေသောနိုင်ငံမျိုးတွင်လည်း လက် နက်ကိုင်တပ်ဖွဲ့များတွင် ပြစ်မှုကျူးလွန်မှု၊ နေရာမှားသော သစ္စာခံမှု များရှိနေသည်။

မနေ့ကမှပေါ်လာသော ကမ္ဘာပေါ်ရှိ အခြားလက်နက်ကိုင်များတွင်လည်း ပြစ် မှုကျူးလွန်မှု၊နေရာမှားသောသစ္စာခံမှု များရှိနေသည်။

အကယ်၍အမေရိကန်သည် ဒီမိုကရေစီ အထိုင်ကျနေ၍ ထိုသို့ ပြဿနာမျိုးမှာ အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့များတွင်မရှိဟု ထင်နေပါသလား။

အဘယ်ကြောင့် အမေရိကန် လက်နက် ကိုင်တပ်ဖွဲ့များတွင် ထိုကဲ့သို့ပြဿနာများရှိနေရပါသနည်း။

အဖြေမှာ ဒီမိုကရေစီ အထိုင်ကျသည် ဖြစ်စေ။ မကျသည်ဖြစ်စေ ပြစ်မှုကျူး လွန်ခြင်း၊သစ္စာခံမှုနေရာမှားခြင်းစသည့် ပြဿနာများသည် လက်နက်ကိုင်တပ်ဖွဲ့များတွင်ဖြစ်လေ့ရှိသောသဘော သဘာဝလည်းဖြစ်သည်။

သို့ဖြစ်၍ အဘယ်ကြောင့် ထိုပြဿနာများလက်နက်ကိုင်တပ်ဖွဲ့များတွင်ရှိနေရပါသနည်းဆိုသောမေးခွန်းထက် ထိုပြဿနာများကို မည်သို့ဖြေရှင်းသနည်းဆိုသည့်ဖြေဆေးဘက်ကိုသာ ချဉ်းကပ်သည်က ပို၍ကောင်းသည် မဟုတ်လော။

ထိုသို့ဖြေရှင်းနည်းများကို “ငါတို့မှာ ယခု မှအစပြုနေရသည့်ကာလ အတွင်းမှာပါင်တပ်နိုင်သလောက်တနိုင်တပိုင်ကျင့်သုံးမည်။” ဟူသော အတွေးအမြင်ကလိုအပ်ချက်မဟုတ်တုံလော။

တပ်ကြပ်ကြီးချုပ်ဒေးဗစ်အာရ်ချဒ်ဘန်းက နေရာမှားသောသစ္စာခံမှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့တခုတွင်အပြန်အ လှန်ယုံကြည်မှုနှင့်အတူတကွတည်ရှိမှုကို ဆိုးရွားစွာထိခိုက်သည်ဟုဆိုထား သည်။

ဆက်ရန်…

ကိုးကား…

  • https://www.armyupress.army.mil/Journals/NCO-Journal/Archives/2024/August/The-Shadow-Side-of-Loyalty/hl/en-GB/

ဗင်နစ်ဆာဂူလင်

  • https://edition.cnn.com/2020/07/02/us/vanessa-guillen-fort-hood-disappearance
  • https://edition.cnn.com/2020/06/30/us/vanessa-guillen-search-remains-found/index.html
PrevPreviousစစ်တွေကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေ
Nextဗမာတပ်တော်မှာနိုင်ငံရေးနဲ့စိုက်ပျိုးရေးသင်တန်းလုပ်Next
Previous Post

စစ်တွေကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေ

Next Post

ဗမာတပ်တော်မှာနိုင်ငံရေးနဲ့စိုက်ပျိုးရေးသင်တန်းလုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဗမာတပ်တော်မှာနိုင်ငံရေးနဲ့စိုက်ပျိုးရေးသင်တန်းလုပ်

March 29, 2026

စစ်တွေကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေ

March 29, 2026

စစ်ပွဲရပ်တန့်ရေး အစ္စရေးပြည်သူထောင်ချီ လမ်းပေါ်ထွက် ဆန္ဒပြ

March 29, 2026
Photo - U.S.Central Command

​အမေရိကန် စစ်သင်္ဘော USS Tripoli အီရန်စစ်ပွဲဇုန်သို့ ရောက်ရှိလာ

March 29, 2026

ဗမာတပ်တော်မှာနိုင်ငံရေးနဲ့စိုက်ပျိုးရေးသင်တန်းလုပ်

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့် သစ္စာခံမှု – ၆

စစ်တွေကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေ

စစ်ပွဲရပ်တန့်ရေး အစ္စရေးပြည်သူထောင်ချီ လမ်းပေါ်ထွက် ဆန္ဒပြ

​အမေရိကန် စစ်သင်္ဘော USS Tripoli အီရန်စစ်ပွဲဇုန်သို့ ရောက်ရှိလာ

ထရမ့်ကိုဆန့်ကျင်တဲ့ အကြီးမားဆုံးလူထုအုံကြွမှု

Releated Post

ဗမာတပ်တော်မှာနိုင်ငံရေးနဲ့စိုက်ပျိုးရေးသင်တန်းလုပ်

March 29, 2026

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့် သစ္စာခံမှု – ၆

March 29, 2026

စစ်တွေကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေ

March 29, 2026

စစ်ပွဲရပ်တန့်ရေး အစ္စရေးပြည်သူထောင်ချီ လမ်းပေါ်ထွက် ဆန္ဒပြ

March 29, 2026
Photo - U.S.Central Command

​အမေရိကန် စစ်သင်္ဘော USS Tripoli အီရန်စစ်ပွဲဇုန်သို့ ရောက်ရှိလာ

March 29, 2026
Photo-Al Jazeera English

ထရမ့်ကိုဆန့်ကျင်တဲ့ အကြီးမားဆုံးလူထုအုံကြွမှု

March 29, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page