Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး သတင်း

နီပေါအစိုးရသစ် ဘာတွေလုပ်နေလဲ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
နီပေါ၊ ဧပြီ ၁၂။

နီပေါ၏လွတ်လပ်သောအမျိုးသားပါတီ(National Independent Party)ဟု အဓိပ္ပါယ်ရသောရက်စ်ထရီယဆွာတန်တရာပါတီ( Rastriya Swatantra Party- RSP)က လက်ရှိတွင် အစိုးရဖွဲ့ခဲ့ပြီ။

နီပေါ၏ RSP ပါတီအား”လာခြင်းကော င်း၍တက်ကြွစွာ စတင်နိုင်ခဲ့သူ”အဖြစ်လေ့လာဆန်းစစ်သူများက မြင်ကြ၏။

သို့သော် နိုင်ငံရေးအစဉ်အလာအရ ငါလူ့ ငါသစ္စာတော်ခံ ငါမြှောက်စားစနစ် (patronage-driven politics)ကို ပြန်မသွားမိရန်လိုသည်ဟု နိုင်ငံရေးလေ့လာဆန်းစစ်သူများက ဆိုနေကြသည်။

ဝန်ကြီးချုပ်သစ်ဘာလင်ဒရာရှား (Balendra Shah)က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံခြားသံတမန် ၁၇ ဦးအား တစုတည်းတွေ့ဆုံကာ နီပေါ၏သမရိုးကျနိုင်ငံရေးအစဉ်အလာကို ချိုးဖျက်ပြလိုက်သည်။

ဤသည်က ယခင်နီပေါအစိုးရအဖွဲ့များနှင့် ကွဲပြားမှုလည်းဖြစ်သည်။

ဘာလင်ဒရာရှားက စကားပြောလျှင်နည်းနည်းသာပြောပြီး များများနားထောင်တတ်သူ၊ မိတ်ဆွေများ၏ယုံကြည်မှုကို ရထားသူဖြစ်သည်။

သို့သော် နိုင်ငံခြားသံတမန်များကို တပြိုင်နက်တည်းတွေ့ဆုံမှုက ဘာလင်ဒရာရှား၏ သံခင်တမန်ခင်းအမြင်မူဘောင်ကို ပြသနေသည်။

ထိုမူဘောင်က”နီပေါသည် အိန္ဒိယနှင့်တရုတ်ကြားတွင် ဟန်ချက်ညီအောင်အချိန်မည်မျှနေနိုင်မည်နည်း။” ဆိုသောဇစ်မြစ်ကို အခြေခံထားသည်။

ဘာလင်ဒရာရှား၏အမြင်မှာ”ထိုဟန်ချက်ကို ညီနိုင်သမျှညီအောင်နီပေါသည် အချိန်ကြာကြာရပ်တည်နိုင်မည်မဟုတ်။”ဟူသော အမြင်ဖြစ်သည်။

သို့သော် နီပေါသည်ကမ္ဘာကြီး၏ငြိမ်း ချမ်းရေးနှင်မဟာဗျူဟာမြောက် အရေးပါမှုအတွက်တော့ မိမိကိုယ်ကိုယုံကြည်မှုရှိရန်လိုသည်။

ရက်သတ္တပတ်နှစ်ပတ်အတွင်း RSPက အချက် ၁၀၀၊ ရက် ၁၀၀ စီမံကိန်းကို အရှိန်အဟုန်ဖြင့်အကောင်အထည်ဖော်ခဲ့သည်။

ထိုစီမံကိန်းများတွင် လက်ရှိပင်လယ်ကွေ့စစ်ပွဲကြောင့် ရိုက်ခတ်ခံရမှုများမှ သက်သာရန်ကာလတိုအစီအမံများပါဝင်သည်။

ဗြူရိုကရေစီယန္တရား၏ချောမွေ့လည်ပတ်မှု(streamline)အတွက်ကာလလတ်၊ ကာလရှည်အစီအမံများလည်းပါဝင်သည်။

ဗြူရိုကရက်များပြည်သူအပေါ် အာဏာပြနေမှုကိုသည်းခံမည်မဟုတ်ကြောင်း သတင်းစကားကို (Drive the Message Home)အဖြစ် ကွင်းကွင်းကွက်ကွက်ပြသည့်အနေဖြင့် လူမလိုင်အဆီစားဗြူရိုကရက်အချို့အားနမူနာအရေးယူပြထားသည်။

နမူနာပြခံရသောဗြူရိုကရက်များ

ပြီးခဲ့သောရက်သတ္တပတ်အတွင်း နီပေါအစိုရသစ်ကနိုင်ငံရေးအရအရေးပါသောသံတမန်ခြောက်ဦးကို ပြန်ခေါ်လိုက်သည်။

ထိုသို့ပြန်ခေါ်ခံရသော သံတမန်များထဲတွင် သက်တော်ရှည်အိန္ဒိယဆိုင်ရာနီပေါသံအမတ်ရှန်ကာရှာမာ(Shankar Sharma)လည်းပါသည်။

ခေတ္တမန္ဒူခရိုင်တရားရုံးကဝန်ကြီးချု ပ်ဟောင်းရှားရ်ဗဟာဒူရ်ဒျူဘာ( Sher Bahadur Deuba)နှင့်၎င်း၏ဇနီး နိုင်ငံခြားရေးဝန်ကြီးဟောင်းအာရ်ဇူရာနာ(Arzu Rana)အား လာဘ်ပေးလာဘ်ယူမှု၊ငွေကြေးခဝါချမှုဖြင့် အမှုဖွင့်ကာဝရမ်းထုတ်လိုက်သည်။

အမြစ်ကဆွဲနုတ်သလား

နီပေါအစိုးရဝန်ကြီးဌာနတခုချင်းစီတွင် ကုန်ခဲ့သည်ဆယ်စုနှစ်သုံးခုထိ နောက်ကြောင်းပြန်နေရသည်။

လွန်ခဲ့သည့်နှစ်ပေါင်းသုံးဆယ်အတွင်း စားခဲ့၊ ဝါးခဲ့၊ မျိုဆို့ခဲ့သောအကျင့်ပျက်အပုတ်အဆွေးများ(Accumulated Rot)ကို တူးဖော်နေပြီ။

အသေးစားငွေကြေး(Microfinance)၊ ပညာရေး၊ကျန်းမာရေးနှင့် ပြည်သူ့ရေးရာအတွက် အစိုးရဝန်ဆောင်မှုစသည့်နယ်ပယ်များကို နောက်ကြောင်းပြန်နေသည်။

ထိုဌာနများတွင် စည်းမျဉ်း၊ စည်းကမ်းများကို အလုံးစုံပြောင်းလဲမှုများ (Regulatory overhaul )ကို ဖော်ဆောင်နေသည်။

ဗြူရိုကရက်များအား ပြုပြင်ပြောင်းလဲမှုဇာတ်ရှိန်မြင့်လျှက် TikTok ၊ယူကျူပေါ်တွင်ပင် လူထုလှုပ်ရှားမှုအသွင်ဆောင်နေသည်။

ဤအချက်က RSPပါတီကို အမှန်တကယ်လက်တွေ့လုပ်ပြသူ (means business)အဖြစ် လူထုမျှော်လင့်ချက်ပိုစေသည်။

ပြန်လည်တုန့်ပြန်မှုများ

သို့သော် အရိုးစွဲအမြစ်တွယ်နေသော နိုင်ငံရေးယဉ်ကျေးမှု (long-entrenched political culture) အား အလုံးစုံပြုပြင်ပြောင်းလဲရန် ကြိုး ပမ်းမှုများတွင် အတိုက်အခံပြုမှုများနှင့် ကြုံတွေ့ရမည်မှာမလွဲဧကန်ပင်ဖြစ်သည်။

ဝန်ကြီးချုပ်ဘာလင်ဒရာရှား၏ဝန်ကြီးအချို့မှာ လုပ်ငန်းများကို အမြန်ဆုံးပြီးမြောက်လိုသည့် စိတ်အားထက်သန်မှု(Enthusiasm)နှင့်စိတ်မရှည်မှု (Impatience)များကြောင့် လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်မှုများ (Over-Reached)ရှိခဲ့သည်။

သတင်းမီဒီယာများတွင် အစိုးရကငွေပေးကြေညာခြင်းသည် လာဘ်ပေးလာဘ်ယူမှုဖြစ်စေသောနောက်ပြန်လည်မှု (kickback-driven)အဖြစ် အများသိပြီးသားကိစ္စဖြစ်သည်။

ဝန်ကြီးချုပ်ရုံးက အစိုးရအရာရှိများအား ၎င်းတို့၏ဆောင်ရွက်ချက်များကို နိုင်ငံပိုင်မီဒီယာများတွင်သာ ထုတ်လွှင့်ရန်ဝန်ကြီးချုပ်ရုံး၏ညွှန်ကြားချက်များပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရသည်။

မီဒီယာလုပ်ငန်းများ ရပ်တည်ရန်ရုန်းကန်နေရချိန်တွင် ယင်းသို့ဖြစ်လာခြင်းဖြစ်သည်။

အသေးစိတ် မလွတ်တမ်းစောင့်ကြည့်ခံမှုအောက်က အစိုးရအဖွဲ့

ထို့ထက်ပို၍ ဆိုးဝါးသည်မှာ ဝန်ကြီးများက၎င်းတို့၏ဆွေမျိုးသားချင်းများ ၊RSP ပါတီနှင့်နီးစပ်သူများကို အဓိကရာထူးနေရာများတွင် မကြာသေးမီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဤလုပ်ရပ်သည် လူထုကိုစိတ်ပျက်ဒေါသထွက်စေခဲ့သည်။ အကြောင်းမှာ ထိုပါတီသည် ငါအုပ်စု/ငါ့ဆွေမျိုးကောင်းစားရေးဝါဒနှင့် အဂတိလိုက်စားမှုများကို အဆုံးသတ်ရန်ဟူသော ကြွေးကြော်သံဖြင့် နိုင်ငံရေးအရအခြေတည်လာခဲ့သောကြောင့်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဆူဒန်ဂုရန် (Sudan Gurung)သည် ဖိုခါရာ(Pokhara)ရှိ အင်းအိုင်အတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက်ထားသည့် ငှားရမ်းမြေအတွက် မြေငှားခပေးဆောင်ခြင်းမရှိဟု ထွက်ပေါ်လာသော သတင်းများကလည်း အခြေအနေကိုပိုမိုဆိုးဝါးစေခဲ့သည်။

ဝန်ကြီးချုပ်ဘာလင်ဒရာရှား ကိုယ်တိုင်သည်လည်း ခတ္တမန္ဒူမြို့တော်ဝန်ဖြစ်ခဲ့စဉ်ကတည်းက ရင်းနှီးခဲ့သည့်အမျိုးသားမိတ်ဆွေအပေါင်းအသင်းများကိုသာ”အနီးကပ်အကြံပေးအဖွဲ့”(Kitchen Cabinet)အဖြစ် ခန့်အပ်ခဲ့မှုကြောင့် ဝေ ဖန်စစ်ဆေးမှုများနှင့်ရင်ဆိုင်နေသည်။

ထိုဝေဖန်မှုများကို လျော့ပါးသွားစေရန်အတွက် ယခင်အစိုးရညွန့်ပေါင်းအဖွဲ့များ၏ထိပ်တန်းအဂတိလိုက်စားမှုများကို ဖော်ထုတ်ခဲ့သူစုံစမ်းထောက်လှမ်း ရေးသတင်းထောက်ဒီပါဒါဟယ်လ် (Deepa Dahal)ကို အကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။

ဝန်ကြီးချုပ်ရှာက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းအဖွဲ့၏ အကြီးအကဲအဖြစ်အခြားနိုင်ငံရေးအကြံပေးဖြစ်သူ အာဆင်းမ်ရှာ(Asim Shah)ကို ခန့်အပ်ခဲ့ခြင်းမှာလည်း ပြဿနာရှိနေသည်ဟုမြင်ကြသည်။

၎င်းသည် ရုပ်ရှင်ရိုက်ကူးသူနှင့် လွှတ်တော်အမတ်ဟောင်းဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေရေးရာတွင် အတွေ့အကြုံနောက်ခံမရှိပေ။

ပိုအငြင်းပွားဖွယ်ကောင်းသည်မှာ RSP ပါတီဥက္ကဋ္ဌရာဘီလာမီချာနေး(Rabi Lamichhane)၏ ဥပဒေအကြံပေးနာရာယန်ကန်ဒဲလ်(Narayan Kandel)ကို ရှေ့နေချုပ်အဖြစ်ခန့်အပ်ရန်အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်ဖြစ်သည်။

ကန်ဒဲလ်သည် ယခင်ကဗြိတိန်တွင် အမြဲတမ်းနေထိုင်ခွင့်ရထားသူဖြစ်ပြီး နီပေါနိုင်ငံတွင်ဥပဒေလိုက်နာကျင့်သုံးမှု အတွေ့အကြုံ များများစားစားမရှိပေ။

ကန်ဒဲလ်ကို ခန့်အပ်မှုအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့သည်။

လာမီချာနေးအပေါ် တရားစွဲဆိုထားသည့် အမှုများမှာလည်းမပြီးပြတ်သေးသဖြင့် ယခုခန့်အပ်မှုသည်အကျိုးစီးပွားချင်းပဋိပက္ခဖြစ်မှု(Conflict of Interest)ကို သိသိသာသာပြသနေသည်။

ကျန်းမာရေးဝန်ကြီးနီရှာမေတာ (Nisha Mehta)သည်လည်း ယခင်ကရာထူးမှခေတ္တရပ်ဆိုင်းခံထားရဖူးသည့် အလုပ်သမားဝန်ကြီးဒီပတ်ကူးမားရှာ(Dipak Kumar Shah)၏ ဇနီးဖြစ်သူဂျူနူးရွှေရက်စတာ(Junu Shrestha)ကို ကျန်းမာရေးအာမခံဘုတ်အဖွဲ့ဝင်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ခြင်းကြောင့် မျက်နှာလိုက်မှုဖြင့်စွပ်စွဲခံခဲ့ရသည်။

အင်္ဂါနေ့ကပြုလုပ်သော ဘုတ်အဖွဲ့အစည်းအဝေးတွင် အလုပ်သမားဝန်ကြီး၏ အစီအစဉ်မကျဘဲဒေါသတကြီးပြောဆိုမှုများကလည်း RSP ပါတီပုံရိပ်ကို ထိခိုက်စေခဲ့သည်။

(ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် ဘာလင်ဒရာရှားက အလုပ်သမားဝန်ကြီးကို ရာထူးမှထုတ်ပယ်လိုက်သည်။ RSP ပါတီက ၎င်းအား ပါတီ၏ကျင့်ဝတ်နှင့်စည်းကမ်းများကို ချိုးဖောက်ကြောင်းတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။၎င်းသည် အစိုးရအဖွဲ့တွင် ၁၄ ရက်သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး နီပေါနိုင်ငံသမိုင်းတွင် သက်တမ်းအနည်းဆုံးဝန်ကြီးများထဲမှတဦးဖြစ်လာခဲ့သည်။)

ဝန်ကြီးချုပ်ဘာလင်ဒရာရှာ(Balendra Shah)ဘာတွေးနေသည်ကို သိရန်ခက်ခဲသလိုရာဘီ လာမီချာနေး (Rabi Lamichhane)အနေဖြင့်လည်း ဤလုပ်ရပ်အချို့ကို မည်သို့ဆင်ခြေပေးကာကွယ်မည်နည်းဆိုသည်မှာ စဉ်းစားစရာဖြစ်နေသည်။

နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့်ဌာနဆိုင်ရာယန္တရားများကို အရည်အချင်းအခြေပြုစနစ်(Meritocracy)ဖြစ်အောင်လုပ်ဆောင်ခြင်းသည် RSP ပါတီ၏ အဓိကမူဝါဒဖြစ်ရာ၊ ယခုကဲ့သို့ မှားယွင်းမှုများဆက်လက်ရှိနေပါက အဓိကထောက်ခံသူများဖြစ်သည့် လူငယ်ထုနှင့် ဝေးကွာသွားမည့်အန္တရာယ်ရှိနေသည်။

သို့သော် ယခုအချိန်ထိ RSP ထောက်ခံသူအများစုသည် ပါတီအပေါ် သံသယရှိနေသော်လည်း အခွင့်အရေးပေးကာ ဆက်လက်စောင့်ကြည့်နေကြဆဲဖြစ် သည်။

PrevPrevious​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်
Previous Post

​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

April 12, 2026
ဓာတ်ပုံ-KNU

လယ်ဒိုမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီး

April 12, 2026
ဓာတ်ပုံ-KNU

စစ်ကော်မရှင် တပ်သား ၃ ဦး KNU ဆီအလင်းဝင်

April 12, 2026
​ဓာတ်ပုံ - နည်းဗျူဟာ ၃၇

​ဘီးလင်းရှိလေ့ကေစခန်းကုန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

April 12, 2026

​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

လယ်ဒိုမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီး

စစ်ကော်မရှင် တပ်သား ၃ ဦး KNU ဆီအလင်းဝင်

​ဘီးလင်းရှိလေ့ကေစခန်းကုန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

​တောင်ကုတ်မှာ ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက်တွေဖမ်းဆီးရမိ

လူငယ်တွေကို နဖူးမှာတက်တူးထိုးပြီး စစ်ကော်မရှင်တပ်ကအဓမ္မစစ်ကျွန်ပြုနေ

Releated Post

​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

April 12, 2026
ဓာတ်ပုံ-KNU

လယ်ဒိုမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီး

April 12, 2026
ဓာတ်ပုံ-KNU

စစ်ကော်မရှင် တပ်သား ၃ ဦး KNU ဆီအလင်းဝင်

April 12, 2026
​ဓာတ်ပုံ - နည်းဗျူဟာ ၃၇

​ဘီးလင်းရှိလေ့ကေစခန်းကုန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

April 12, 2026
​Photo - APM

​တောင်ကုတ်မှာ ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက်တွေဖမ်းဆီးရမိ

April 12, 2026
​Photo - AA

လူငယ်တွေကို နဖူးမှာတက်တူးထိုးပြီး စစ်ကော်မရှင်တပ်ကအဓမ္မစစ်ကျွန်ပြုနေ

April 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page