Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး အာရက္ခဒေသ

အာရက္ခဒေသပြန်လည်တည်ဆောက်ရေးမှာ အရပ်ဖက်အဖွဲ့အစည်းတွေကို ပိုမိုနေရာပေးသင့်

(ဓာတ်ပုံ - ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတဲ့မောင်တောမြို့နယ်ကမြိုစစ်ဘေးရှောင်တဦး / BNA)

(ဓာတ်ပုံ - ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတဲ့မောင်တောမြို့နယ်ကမြိုစစ်ဘေးရှောင်တဦး / BNA)

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
12
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးတွေလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုပြန်လည်တည်ဆောက်ရေးတွေမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကပိုမိုနေရာပေးသင့်သလို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီး အခွင့်အရေးတွေဖော်ဆောင်ပေးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“ဘယ်မြို့၊ဘယ်ဒေသမှာမဆို CSOs နဲ့ အရပ်ဖက်အဖွဲ့အစည်းက အရေးကြီးပါတယ်။ အုပ်ချုပ်သူလူတန်းစားနဲ့ ပြည်သူကြားထဲမှာ ညှိပေးတာက CSOs တွေပါ။ အဲဒါကြောင့် ဒီCSOs တွေရဲ့အခန်းကဏ္ဍကို မေ့ထားလို့မရပါဘူး။ ဒီCSOsတွေရှိမှလည်း ကျနော်တို့ ပြည်သူတွေအတွက် လိုအပ်နေတဲ့အခွင့်အရေးတွေကို အုပ်ချုပ်သူလူတန်းစားကနေ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ကျနော်ယူ ဆပါတယ်။” လို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်ရဲ့ဦးဆောင်ကော်မတီဝင်တဦးဖြစ်သူ ဦးမောင်မောင်ကြည်က Border News Agency သို့ ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်က အာရက္ခဒေသရှိ ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိ တ်ဆို့ကန့်သတ်ထားသလို နိုင်ငံတကာလူသာချင်းစာနာထောက်ထား
မှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကိုလည်း တားဆီးကန့်သတ်ထားပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အာရက္ခပြည်သူတွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးဆိုင်ရာအခက်အခဲစိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအခက်အခဲစိန်ခေါ်မှုတွေကို ဒေသအခြေစိုက်အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့က ကူညီဆောင်ရွက်ပေးနေကြပေမယ့် တကယ့်မြေပြင်မှာအရပ်ဖက်အဖွဲ့အစည်းတွေအားနည်းသွားတ ယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“အရပ်ဖက်အဖွဲ့အစည်းတွေကတော့ လုပ်တော့လုပ်နေကြပါတယ်။ကိုယ် လုပ်တဲ့အဖွဲ့အစည်းတွေ၊အသံတွေက နည်းသွားပါတယ်။ဒီဟာကကျတော့ အင်တာနက်၊စစ်ရေးနိုင်ငံရေးအခင်း အကျင်းတွေကြောင့်ဖြစ်ကြောင်းဖြစ်နိုင်ပါတယ်။ တချို့ကလည်းလုပ်နေကြတယ်။ဒါပေမယ့် အရပ်ဖက်အဖွဲ့အစည်းတွေက အားနည်းသွားပါတယ်။” လို့ အရပ်ဖက်အဖွဲ့အစည်းတာဝန်ရှိ
သူတဦးက Border News Agency သို့ ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ပြည်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်နေသလို လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တွေ ဖွင့်လှစ်ဆောင်ရွက်နေပေမယ့် အာ ရက္ခပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အများကြီးလိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အကြီးအကဲအဖြစ် အာရက္ခတပ်တော် (AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အကိုဖြစ်သူထွန်းမင်းနိုင်က ဦးဆောင်တာဝန်ယူပြီး နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူအညီပေးရေးအဖွဲ့တွေ၊နိုင်ငံတကာသံရုံးတွေအပါအဝင် အရပ်ဖက်လူ မှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခပြည်သူတွေအတွက်အရေးကြီးတဲ့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ထောက်ပြဝေဖန်မှုတွေကို အလေးထားပြီးကူညီပံ့ပို့ပူးပေါင်းဆောင်ရွက်ပေးတာတွေပြုလုပ်ပေးသင့်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“သူတို့ရဲ့ထောက်ပြပြောဆိုမှုတွေဟာ ပြည်သူတွေအတွက်အရေးကြီးတဲ့အခန်းကဏ္ဍတွေဖြစ်နေတဲ့အတွက် သူတို့ရဲ့ စကားသံတွေ၊သူတို့ရဲ့ထုတ်ဖော်မှုတွေကိုဂရုပြုရလိမ့်မယ်လို့ ယူဆပါတယ်။” လို့ ဦးမောင်မောင်ကြည်က Border News Agency သို့ ပြောပါတယ်။

အာရက္ခပြည်သူတွေရဲ့အခက်အခဲတွေကို ဖြေလျှော့ပေးနိုင်ဖို့အတွက်တဦးချင်းဖြစ်စေ၊အဖွဲ့အစည်းတွေဖြစ်စေ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖိတ် ခေါ်နေပါတယ်။

အာရက္ခပြည်သူတွေနေ့စဥ်ကြုံတွေ့ခံစားနေကြရတဲ့ အခက်အခဲတွေ၊လိုအပ်ချက်တွသက်သာလာစေပြီး ဖြေလျှော့ပေးနိုင်ရန်အတွက် တတပ်တအားပါဝင်ကြဖို့လည်း ဖိတ်ခေါ်ထားပါတ
ယ်။

အဲဒီလိုအခက်အခဲစိန်ခေါ်မှုတွေကို ဒေသအခြေစိုက်အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့က ကူညီဆောင်ရွက်ပေးနေကြတာတွေရှိနေကြပေမယ့် မြေပြင်မှာအခက်အခဲတွေအများကြီးကြုံတွေ့ဖြေရှင်းနေကြရတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့က တော့ ၂၀၂၃ နိုဝင်ဘာတိုက်ပွဲဖော်ဆောင်လာကတည်းက အများကြီးအခက်အခဲဖြစ်သွားပါတယ်။ အခက်ခဲဆုံးက ကိုယ်တွေကိုယ်တိုင်က စစ်ရှောင်ဆိုပြီးအခြေအနေကိုရောက်သွားတယ်။ဒါပေမယ့်လည်း အဲဒီစစ်ရှောင်ဆိုတဲ့အခြေအ နေကြားထဲက ပြည်သူလူထုတွေအတွက် ဖွံ့ဖြိုးမှု၊လုံခြုံမှု၊တိုးတက်မှုတွေအတွက် အတက်နိုင်ဆုံးကြိုးပမ်းဆောင် ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ULA/AAအနေနဲ့အသိမှတ်ပြုတယ်လို့မြင်ပါတယ်။ဘာလို့လဲဆိုတော့ ကျမတို့ရဲ့လုပ်ဆောင်ချက်တွေကို သူတို့အနေနဲ့နားလည်သဘောပေါက်ပြီးတော့ လိုအပ်ချက်တရပ်အနေနဲ့ လက်ခံတယ်လို့သဘောပေါက်ပါတယ်။” လို့ ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ရဲ့ဥက္ကဌစောစံငြိမ်သူက Border News Agency သို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နှစ်ရှည်လများတပ်စွဲနေထိုင်ခဲ့ကြရာတောတောင်တွေမှာ မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်ပစ္စည်းတွေ ကျန်ရှိနေတယ်လို့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဆိုပါတယ်။

အဲဒါကြောင့် တောတောင်၊ သဘာဝကိုမှီခိုပြီးဝမ်းရေးဖြေရှင်းကြရတဲ့ဒေသခံပြည်သူတွေစာ အန္တရာယ်ကြီးတွေကြားမှာ ရုန်းကန်လှုပ်ရှားနေကြရတယ်လို့ပါတယ်။

အဲဒီကျေးရွာတွေဟာ ဝေးလံခေါင်းပါးကြသလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲကြတာမို့ ဆေးကုသမှုခံယူဖို့စိန်ခေါ်မှုတွေကို ကြုံတွေ့နေကြရတယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူတွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအပါအဝင်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့အကူအညီတွေကို မဖြစ်မနေလိုယအပ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“အာရက္ခပြည်သူ့အစိုးရထိန်းချုပ်နယ်မြေတွေမှ အရပ်ဖက်အဖွဲ့အစည်းတွေက HDCOနဲ့ဆက်စပ်မှုမရှိပဲသွားလာလို့မရဆိုပြီးကန့်သတ်ထားတာတွေကို တွေ့ရပါတယ်။ဒီဟာတွေကကောင်းပါတယ်။အမှန်တော့ ပြည်သူတွေအတွက် အဓိကအကျိုးပြုလုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင် HDCO နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့မြင်ပါတယ်။” လို့ ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ရဲ့ဒါရိုက်တာဦးမြတ်ထွန်းက BorderNews Agency သို့ ပြောပါတယ်။

အာရက္ခပြည်သူတွေရဲ့စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊လမ်းပန်းဆက် သွယ်ရေး၊ အသက်မွေးဝမ်းကျောင်းအ လုပ်တွေအပါအဝင်အခြေခံလိုအပ်ချက်တွေကို ကူညီဖြေလျှော့ပေးကြဖို့အ တွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူအညီတွေလို အပ်နေကြတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

အဲဒီနိုင်ငံတကာလူသားချင်းစာနာထော က်ထားမှုဆိုင်ရာကူအညီပေးရေးအဖွဲ့တွေအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ လာရောက်ရုံးဖွင့်အကူအညီပေးနိုင်ဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ တာဝန်ယူမှု၊တာဝန်ခံမှုတွေ လိုအပ်သလို ဖုန်းလိုင်း၊အင်တာန က်လိုင်းတွေအပါအဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်တွေရဲ့ပြောဆိုဆက်ဆံပူ
ပေါင်းမှုတွေလည်းအရေးကြီးတယ်လို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူအညီပေးရေးအဖွဲ့တွေနဲ့အရပ်ဖက်လူမှုအ ဖွဲ့အစည်းတွေက ထောက်ပြကြပါတ ယ်။

“လက်ရှိရခိုင်ပြည်မှာ လိုအပ်နေတဲ့ရှိနေတဲ့ CSOsတွေရဲ့အခွင့်အရေးတွေကို မြင့်တင်ပေးဖို့ အုပ်ချုပ်တဲ့ ULAAA မှာ တာဝန်အပြည့်အဝရှိတယ်လို့ မြင်ပါတ ယ်။ပြီးတော့ သူတို့တွေရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေ၊လွတ်လပ်စွာခရီး သွားလာခွင့်တွေကိုလည်းခွင့်ပြုပေးရလိမ့်မယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်။” လို့ဦးမောင်မောင်ကြည်က Border News Agency သို့ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်မြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတာမို့ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေရာတွေကိုရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်နေတ ယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူတွေနေရ ပ်စွန့်ခွာထွက်ပြေးနေကြရသလို သေဆုံးဒဏ်ရာရတာတွေ၊မတရားဖမ်းဆီးခံရတာတွေ၊အမှုဖွင့်တရားစွဲဆိုခံရတာတွေ၊နေအိမ်တွေမီးလောင်ပျက်
စီးတာတွေလည်း နေ့စဥ်ရက်ဆက်ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခ-မကွေးနယ်ခြား၊ အာရက္ခ-ပဲခူးနယ်ခြား၊ အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သလို အာရက္ခ-အိန္ဒိယနယ်စပ်၊အာရက္ခ-ဘင်္ဂလာနယ်စပ်ကိုလည်း အပြီးသတ်ထိန်းချုပ်ထားပါတယ်။

အဲဒီနယ်စပ်တွေကတဆင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုနယ်စပ်ဖြတ်ကျော်ပေးလို့ရနိုင်ပေမယ့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေဟာ မျက်ကွယ်ပြုထားကြတုန်းပဲလို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousမောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ကလေးငယ်တဦးဒဏ်ရာရ
Nextအာရက္ခပြည်သူတွေကို အပြုသဘောဆောင်စည်းရုံးသင့်Next
Previous Post

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ကလေးငယ်တဦးဒဏ်ရာရ

Next Post

အာရက္ခပြည်သူတွေကို အပြုသဘောဆောင်စည်းရုံးသင့်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - APM

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

March 17, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၆

March 17, 2026
Photo - ONN

မြောက်ဦးရှိ မူဆလင်ဝါဖြေပွဲသို့ ULA/AA တာဝန်ရှိသူများတက်ရောက်

March 17, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၅

March 17, 2026

နောင်ခိုင်မှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ဖမ်းမိ

တော်လှန်ရေးအကျိုးမပျက်စေဘဲ ဖြေရှင်းဖို့ ဒူဝါလရှီးလတိုက်တွန်း

ကချင်ကိုယ်စားလှယ် Jeng Phang နော်တောင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာ

ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာ

သက်ငယ်မုဒိန်းမှုကျူးလွန်သတ်ဖြတ်သူကို ဘူးသီးတောင်အကျဉ်းထောင်ပို့

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

Releated Post

ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

နောင်ခိုင်မှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ဖမ်းမိ

March 18, 2026

တော်လှန်ရေးအကျိုးမပျက်စေဘဲ ဖြေရှင်းဖို့ ဒူဝါလရှီးလတိုက်တွန်း

March 18, 2026

ကချင်ကိုယ်စားလှယ် Jeng Phang နော်တောင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာ

March 18, 2026
Photo - Papular News

ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာ

March 18, 2026
(ဓာတ်ပုံ-အောင်သုခကျေးရွာ/BNA)

သက်ငယ်မုဒိန်းမှုကျူးလွန်သတ်ဖြတ်သူကို ဘူးသီးတောင်အကျဉ်းထောင်ပို့

March 18, 2026

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

March 18, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page