Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
Analysis ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

“ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလဲ 

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

အပိုင်း (၁)

အာရက္ခပြည်သူတွေဟာ ၂၁ ရာစု၊ဒီနေ့ခေတ်မှာ “ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလဲဆိုတဲ့မေးခွန်းထက် ပစ္စုပ္ပန်နဲ့အနာဂတ်မှာ “ခေတ်သစ်နိုင်ငံတော်” ကို ဘယ်လိုထူထောင်ကြမှာလဲ ဆိုတဲ့မေးခွန်းကိုသာ ပိုပြီးစိတ်ဝင်စားကြပါတယ်။

”ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဆိုတဲ့ခေါင်းစဥ်ဟာ “သမိုင်းဆိုင်ရာ” မေးခွန်းဖြစ်ပေမယ့် သမိုင်းအထောက်အထားတွေနဲ့ဖြေဆိုဖို့ကြိုးစားတာထက် သီအိုရီအခြေခံတွေပေါ်မှာပဲ ချဥ်းကပ်ရင်းဖြေဆိုမှာဖြစ်ပါတယ်။ 

အာရက္ခနယ်မြေအတွင်းမှာ “နိုင်ငံတော်ဖြစ်ပေါ်မှု” (State formation) ရှိခဲ့တယ်ဆိုတဲ့အချက်ကိုကျော်လွန်းပြီး ဘာကြောင့်ရှိခဲ့တာလဲဆိုတဲ့ မေးခွန်းကိုသာဖြေဆိုဖို့ကြိုးစားမှာ ဖြစ်ပါတယ်။ 

လူ့အဖွဲ့အစည်း၊ နယ်မြေမှာ “နိုင်ငံတော်” အဆင့် နိုင်ငံရေးအင်စတီကျူးရှင်းတွေကို ထူထောင်နိုင်ခြင်း အကြောင်းရင်းကိုချဥ်းကပ်ရင်း “ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလည်းဆိုတဲ့မေးခွန်းကိုပဲ ဖြေဆိုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဘာသာကြီးလေးမျိုးသာရှိတယ်လို့ အဓိကသတ်မှတ်ထားကြပေမယ့် လူမျိုးကတော့ ၆၅၀ ခန့် ရှိတယ်လို့ ဆိုကြပါတယ်။ 

ဒါပေမယ့်လူမျိုးတိုင်းရဲ့သမိုင်းမှာ “မြို့ ပြနိုင်ငံ” (City-states) နဲ့ “ဘုရင့်နိုင်ငံ” (Kingdoms) တွေကို ထူထောင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။

နိုင်ငံရေးမနုဿဗေဒပညာရှင် Elman Service ကတော့ လူအဖွဲ့အစည်းတိုင်းဟာ လူအုပ်စုကြီးအဆင့်၊လူမျိုးစုအ ဆင့်မှနိုင်ငံတော်အဆင့်(State level) ကို တက်လှမ်းနိုင်ဖို့ဆိုရင် အဓိကနိုင်ငံ ရေးအင်စတီကျူးရှင်း (political Institutions) လေးခု ရှိခဲ့ရမယ်လို့ ဆိုပါတယ်။ 

(၁)ရုပ်ပိုင်းဆိုင်ရာအင်အားကို တရားနည်းလမ်းကျစွာအသုံးပြုနိုင်မှု (legitimate use of physical force)၊ (၂)သိသာသောဗျူရိုကရေစီယန္တယားရှိမှု (Sizeable bureaucracy)၊ (၃) တပြည်းညီဖြစ်သော ဥပဒေရှိမှု(System of formal laws)နဲ့ (၄)အမြဲတမ်းစစ်တပ်ရှိမှု(Standing army)တို့ဖြစ်ပါတယ်။ 

“မြန်မာနိုင်ငံ”လို့ သတ်မှတ်ထားတဲ့ နယ်မြေအကျယ်အဝန်းထဲနေထိုင်ကြတဲ့ လူမျိုးတွေထဲမှာ သမိုင်းကြောင်းအရ “နိုင်ငံတော်အင်စတီကျူးရှင်း”

(State Institutions)တွေကို ထူထောင်နိုင်ခဲ့ကြတာကတော့ “မွန်” “မြန်မာ”နဲ့ “ရခိုင်”တွေ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဘယ်လူမျိုးမှ နိုင်ငံရေးသ မိုင်းကြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအရတော့ “အမျိုးသားနိုင်ငံတော်” (Nation-state)အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတာမဟုတ်ဘဲ၊ “တစိတ်တပိုင်း အမျိုးသားနိုင်ငံတော်” (Semi-nation state) အဆင့်နဲ့သာ ကိုလိုနီဘဝကို ကျရောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ 

ဒီအထဲက “မြန်မာလူမျိုး” တွေသာကိုလို နီခေတ်လွန် အမျိုးသားနိုင်ငံတော်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး တခြားလူမျိုးတချို့က တော့ “ကိုယ်ပိုင်နိုင်ငံမဲ့လူမျိုး” 

(Stateless nation) အဖြစ် စိတ်ပိုင်းဆိုင်ရာခံစားခဲ့ကြတာ ခုချိန်ထိဖြစ်ပါတယ်။ 

ဒီလိုခံစားနေကြတဲ့ လူမျိုးတွေအထဲမှာ “ရခိုင်လူမျိုး”ဟာ အသိသာအထင်ရှားဆုံးလို့ပြောရမယ်ထင်ပါတယ်။ 

ပင်လယ်နဲ့ရိုးမကြားက “နိုင်ငံတော်” 

နိုင်ငံတော်ဖြစ်ပေါ်မှု(State formation) နဲ့ပတ်သက်ရင် လေ့လာတဲ့သူတွေကြားမှာ ပုံစံနှစ်မျိုးခွဲလေ့ လာကြပါတယ်။

ပထမတမျိုးက “ကနဦးနိုင်ငံတော်ဖြစ်ပေါ်မှု” (Pristine state formation) ဖြစ်ပြီး၊ သူက လူ့အဖွဲ့အစည်းဟာ လူအုပ်စုကြီး(Tribal) အဆင့်ကနေ နိုင်ငံတော် (State)အဆင့်ကို ဘာကြောင့်တက်နိုင်လှမ်းနိုင်ခဲ့တာလဲဆိုတဲ့အချက်ကို အဓိကလေ့လာပါတယ်။ 

ဒုတိယကတော့ “ချဥ်ပြိုင်နိုင်ငံ တော် ဖြစ်ပေါ်မှု” (Competitive State Formation) ဖြစ်ပါတယ်။

ဒီလေ့လာမှုက လူ့အဖွဲ့အစည်းဟာ နိုင်ငံတော်အဆင့်ကို တက်လှမ်းပြီးနောက် ပိုင်းမှာ နိုင်ငံတော်ဖြစ်ပေါ်မှုကို ဘယ်လိုဖန်တီးကြသလဲဆိုတာကို လေ့လာတာဖြစ်ပါတယ်။ 

ပထမလေ့လာမှုကို အဓိကအခြေခံတာဖြစ်ပြီး ဘာကြောင့် ရိုးမတောင်နဲ့ဘင်္ဂလားပင်လယ်အော်ကြားကမ်းမြောင် ဒေသမှာ “ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဆိုတဲ့ နိုင်ငံရေးအင်စတီကျူးရှန်းပေါ်ထွန်းခဲ့တာလဲဆိုတဲ့မေးခွန်းကိုသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 

(၁) “လူမှုပဋိဥာဏ်” (Social contract) အယူအဆကြောင့် နိုင်ငံတော်ဖြစ်ခဲ့တာ

တကယ်တော့ လူမှုပဋိဥာဏ်သီအိုရီသ မားတွေဖြစ်တဲ့ Hobbes, Locke နဲ့ Rou sseauတို့ဟာ “နိုင်ငံတော်” တွေ ဘာကြောင့် ဖြစ်လာရတယ်ဆိုတဲ့ အယူအဆကိုပြောခဲ့ကြတာထက် “အစိုးရတခုရဲ့ တရားနည်းလမ်းကျမှု၊အသိအမှတ် ပြုခံရမှု(legitimacy)ဟာ ဘယ်ကလာတာလဲ” ဆိုတဲ့ မေးခွန်းကိုသာ နားလည်ဖို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ 

ဒါပေမယ့် သူတို့ရဲ့အယူအဆကိုအခြေ ခံပြီး “ရက္ခိုင့်နိုင်ငံတော်” ဆိုတာဟာ နိုင်ငံတော်မဖြစ်မီ အဲဒီဒေသမှာရှိတဲ့ လူအုပ်စုကြီးခေါင်းဆောင်တွေ (Tribal lea ders) က စုစည်းဆုံးဖြတ်ပြီး၊ “ဘုရင်” တပါးတင်မြောက်ဖို့ ဆုံးဖြတ်တာလာစဖြစ်လာတာလားလို့ တွေးစရာရှိပါတယ်။

ဥပမာ – Hobbes ဆိုရင် လူတယောက်ချင်းစီ မင်းမဲ့ဆန်ဆန်လုပ်ချင်ရာလုပ်နေတာကိုတားဆီးဖို့၊ပြည်သူတယောက်ချင်းစီရဲ့အခြေခံလုံခြုံရေး (Basic Security)ကို ကာကွယ်ဖို့၊“လဘိုင်သန် ” (Leviathan)ဆိုတဲ့ အဖွဲ့အစည်းကို အ စိုးရအဖြစ်ဖန်တီးပြီး အင်အားသုံးပိုင်ခွင့်(Monopoly of Violence)အာဏာကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

နောက်ပိုင်းမှာ အစိုးရက လုံခြုံရေးအ ပြင် ပြင်ပကာကွယ်ရေး၊လမ်း၊ငွေကြေးစတဲ့ ဝန်ဆောင်မူတွေကို ဖန်တီးပေးပြီး၊ပြည်သူတွေကလည်း အစိုးရကို အခွန် ပေးခြင်း၊စစ်မှုထမ်းပေးခြင်းစတဲ့ တာ ဝန်တွေကို အပြန်အလှန်ထမ်းဆောင်ကြရတယ်။ 

ဒီသဘောတရားအရဆိုရင် ရှေးဦးရခိုင်လူအုပ်စုကြီး(Rakhine Tribal Group) ဟာ နိုင်ငံတော်အဆင့်ကို မရောက်မီ သမိုင်းခေတ်တစ်ခုမှာ “ဘုရင်” ဖြစ်လာမယ့် တစုံတယောက်ကို အဓိကကျတဲ့ သ က်ဆိုင်သူ၊အကြီးအကဲတွေတိုင်ပင်ပြီး “အင်အားကျင့် သုံးနိုင်တဲ့အာဏာ” 

(Dictatorial Power) ကို ပေးအပ်ခဲ့ပုံရပါတယ်။

ဒါဟာလည်း ဒီနေ့ခေတ် ရွေးကောက်ခံအစိုးရတွေလို သက်တမ်းတခုတည်းအတွက်သာမဟုတ်ဘဲ အဲဒီဘုရင့်သက် တမ်းတလျှောက်လုံးနဲ့တခြားသော သား၊မြေးမျိုးဆက်တွေအထိပါ “ဘုရင်အဖြစ်အာဏာ” ကိုကျင့်သုံးခွင့်ရှိတဲ့ သဘောလိုဖြစ်နေလိမ့်မယ်။ 

“ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဟာ ဒီအယူအ ဆအရဖြစ်တည်လာခဲ့တာဆိုရင် လွန် စွာ ဖြစ်နိုင်ခြေနည်းပါလိမ့်မယ်။

“လူမှုပဋိဥာဏ်” တခုဖြစ်တည်လာဖို့အတွက် စီးပွါးရေးဆိုင်ရာကိစ္စတွေဖြစ်တဲ့ ပစ္စည်းဥစ္စာကာကွယ်ခြင်း(Property Rights Protection)နဲ့ ဘုံကောင်းကျိုးထောက်ပံ့ပေးခြင်း(Providing Comm on Good)သာ လှုံဆော်တဲ့အကြောင်းအရင်း (Motiviating Causes) ဖြစ်တယ်ဆိုတဲ့အချက်ဟာလည်း လုံလောက်မှုအားနည်းလှပါတယ်။ 

နိုင်ငံတော်အဆင့်မရောက်ခင်ရှိခဲ့တဲ့ လူအုပ်စုကြီးအဆင့်(Tribal level) လူ့အဖွဲ့ အစည်းတွေဟာ ပိုလွတ်လပ်ပြီးလူတယောက်ကို အဲဒီလိုအာဏာပုံပေးအပ်ဖို့ဆိုတာဟာလည်း ပြင်ပကဝင်ရောက်ကျူးကျော်မှုအန္တရာယ်နဲ့ ဒုက္ခကြီကျတော့မယ့်အချိန်မှာ ဘာသာရေးခေါင်ဆောင်ပေါ်ထွက်လာမှုစတဲ့ လွန်စွာထူးဆန်းခက်ခဲပြီး အကျဥ်းအကျပ်အခြေအနေသို့ ရောက်လာမှသာဖြစ်နိုင်ခြေရှိပါတယ်။ 

သမိုင်းကြောင်းအရဆိုရင် ခုနားကလို အခြေအနေတွေကြောင့် ဘုရင်ကိုရွေး ချယ်တင်မြောက်ခဲ့တဲ့ ဥပမာတွေဟာ ရောမသမိုင်းမှာရှိခဲ့ပေမယ့်လို့ ဒါဟာ “နိုင်ငံတော်”ဖြစ်လာဖို့အတွက် အလိုအလျှောက်အာဏာလွဲပြောင်းဖို့ဆုံးဖြတ်တာထက် “အကြမ်းဖက်မှု” (သို့) “အကြမ်းဖက်ရန်ခြိမ်းခြောက်မှု” ကြောင့်သာ ဒီလိုဖြစ်လာဖို့ ပိုအဓိကကျတဲ့အချက်ဆိုတာကိုလည်း ညွှန်ပြနေတာဖြစ်ပါတယ်။ 

ဒါကြောင့် သမိုင်းအချိုးအကွေ့မှာ “အာရက္ခနိုင်ငံတော်” ဖြစ်တည်ခဲ့ရခြင်းအကြောင်းရင်းဟာလည်း “လူမှုပဋိဉာဏ်” အယူအဆကြောင်းဆိုတာ ဖြစ်နိုင်ခြေလွန်စွာနည်းပါးပါတယ်။ 

၂။ လယ်ယာစိုက်ပျိုးရေးအတွက် ရေ ကိုစီမံဖို့လိုတာကြောင့်ဖြစ်ခဲ့တာ

အရင်မက်(စ်)ဝါဒီတဦးဖြစ်ပြီနောက်ပို င်းမှာကွန်မြူနစ်ဆန့်ကျင်သူ Karl Wittfogel ကတော့ နိုင်ငံတွေဖြစ်လာရခြင်းအကြောင်းအရင်းဟာ“အရွယ်ကြီးမားတဲ့ ရေသွင်း၊ရေလောင်စနစ်” 

(System of large-scale Irrigation) လိုအပ်ချက်ကြောင့်ဆိုပြီး၊မက်ဆိုပိုတေးမီးယား၊ တရုတ်၊ အီဂျစ်နဲ့ မက္ကစီကို ဒေသတွေကို လေ့လာပြီး၊ “ရေစနစ်ဆို င်ရာ နိုင်ငံတော်ဖြစ်ပေါ်မှုသီအိုရီ”

(Hydraulic Theory of the State) အယူအဆကို ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။ 

အဲဒီရေစနစ်ကို တယောက်တပေါက်လုပ်နေလို့မရဘဲ၊အားလုံးပေါင်းလုပ်နိုင်မှ အဆင်ပြေနိုင်မယ်ဆိုပြီးဘုံကျတဲ့ (ခေါင်းဆောင်)လူ(သို့)အဖွဲ့အစည်းတစ်ခုကို ဖန်တီးရမယ်ဆိုတာပါ။

သူ့အယူအဆအရဆိုရင် ရှေ့ခေတ်ကရခိုင်လူကြီးတွေဟာ လေးမြို့၊ကုလားတန်စတဲ့ ဒေသတွေမှာ စိုက်ပျိုးရေး၊မွေးမြူရေးကောင်းမွန်စေဖို့ လူတယောက်(သို့)အဖွဲ့အစည်းတခုကို ဗဟိုချုပ်ကိုင်ခွင့်အာဏာကို ပေးအပ်ခဲ့တယ်ဆိုတာပဲဖြစ်တယ်။

နောက်ပိုင်း အဲဒီပုဂ္ဂိုလ်ဟာ ဘုရင်ဖြစ် လာခဲ့ပြီး နိုင်ငံတော်တည်ဆောက်ရေးကို စတင်လုပ်ဆောင်လာတယ်ဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီအယူအဆမှာလည်းအား နည်းချက်တွေ အများကြီးရှိပါတယ်။

တကယ်တော့ သမိုင်းမှာရေမြောင်းပို့ ဆောင်ရေးပရောဂျက်တွေ အများစုဟာ အသေးစားအရွယ်များသာ ဖြစ်ပြီးဒေသငယ်တွေအလျှောက် သူ့ဘာသာသူ စီမံကြတာများပါတယ်။ 

တရုတ်ပြည်ရဲ့ Grand Canal ရေသိုလောင်ပို့ဆောင်ရေးအစီအမံကြီးဟာလ ည်း နိုင်ငံတော်ဖြစ်ပေါ်မှု (State Forma tion)ပြီးနောက်ပိုင်းမှသာ လုပ်ဆောင်ခဲကြတာဖြစ်ပါတယ်။

ဒါဟာ နိုင်ငံတော်ကို ဖြစ်စေတဲ့ အကြောင်းအရင်းထက် နိုင်ငံတော်ဖြစ်ပေါ်မှုရဲ့ ”အကျိုးဆက်” သာ ပိုဖြစ်ပါတယ်။ 

တကယ်လို့ “ရေလောင်စနစ်” ကဲ့သို့ လိုအပ်ချက်တခုတည်းကြောင့်သာ နိုင်ငံတော်ဖြစ်ပေါ်လာရတယ်ဆိုရင် “ဥရောပသမဂ္ဂ” ဟာ အရင်က တည်းက “နိုင်ငံတော်”တခုအဖြစ် ပြောင်းလဲနှင့်ပြီလည်း ဖြစ်ပါတယ်။ 

ဒီတော့ ရိုးမတောင်နဲ့ပင်လယ်ကြားရှိ “အာရက္ခဒေသ”မှာ နိုင်ငံတော်တစ်ခုဖြ စ်တည်လာရခြင်းဟာ “ရေလောင်၊ရေသွင်းစနစ်” ကိုအခြေခံပြီး စိုက်ပျိုး ရေးကိစ္စတစ်ခုတည်းကြောင့်တော့ မဟုတ်နိုင်ပါဘူး။

၃။ လူဦးရေသိပ်သည်းမှုများလို့ နိုင်ငံဖြစ်ခဲ့တာ

ရေကို ပိုပါးနပ်စွာသိုလောင်၊ အသုံးပြုတက်လာတယ်။ ပိုများတဲ့သီးနှံတွေကိုလည်း စိုက်ပျိုးတက်လာတယ်။

အဲဒါအပြင် တခြားအသုံးအဆောင်ပစ္စ ည်းတွေကိုလည်း အသုံးပြုတက်လာတာတွေဟာ လယ်ယာစိုက်ပျိုးရေးကို ပိုထိထိရောက်ရောက်နဲ့ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့အတွက် အရေးကြီးပါတ ယ်။

ဒါဟာလည်း လူ့သမိုင်းတလျှောက်မှာ အရေးကြီးတဲ့နည်းပညာတိုးတက်မှုဖြ စ်သလို ဒီအချက်ကပဲ လူဦးရေတိုးပွါးမှုကို အဓိကဖြစ်စေခဲ့တာလည်း ဖြစ်ပါတ ယ်။

ဒီလိုမျိုးလူဦးရေတိုးပွါးသိပ်သည်းမှုဖြစ်လာတာနဲ့အမျှအလုပ်ခွဲခြားလုပ် ကိုင်မှု (Division of labor) ဖြစ်လာခဲ့ပါတယ်။

အထက်တန်းလွှာနဲ့သာမာန်လူတန်းစားဆိုတာကို ဖြစ်စေခဲ့ပြီးအဲဒီကနေတဆင့် အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံပုံစံမျိုးနဲ့ နိုင်ငံတော်ဖြစ်ပေါ်မှု(State Formation) ကို အားပေးဖြစ်စေခဲ့ပါတယ်။ 

လူဦးရေနည်းပါးတဲ့ဒေသတွေနဲ့မတူဘဲလူဦးရေသိပ်သည်းမှုများတဲ့ ဒေသတွေမှာ “ပြေးစရာမြေမရှိ”တဲ့အပြင်၊အဲဒီလို လူဦးရေများတဲ့အတွက် ပိုမိုပဋိပက္ခဖြစ်လွယ်ပါတယ်။

တကယ်လို့ တယောက်နဲ့တယောက်ကြားမှာ ပဋိပက္ခဖြစ်လာခဲ့ရင် ကြားဝင်ဖြေရှင်းဖို့အတွက် ပိုတင်းကျပ်တဲ့နိုင်ငံ ရေးအာဏာပိုင်မှုကို လိုအပ်လာပါတ ယ်။ 

ဒီလိုနဲ့ အတိတ်က အာရက္ခဒေသမှာ “နိုင်ငံတော်” တခုဆိုတာဖြစ်လာခဲ့တာပဲ။

ဒီသဘောတရားကို အဓိကတင်ပြတာက လူဦးရေပညာရပ်ဆိုင်ရာ ကျွမ်းကျ င်သူ Ester Boserup ပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီအယူအဆမှာလည်း မေးခွ န်းထုတ်စရာ နှစ်ခုရှိနေပါတယ်။

၁။ လူဦးရေသိပ် သည်းဆများမှုကို ဘယ်အချက်တွေကဖြစ်စေတာလဲ။

၂။ လူဦးရေသိပ်သည်းမှုများလာတာနဲ့ နိုင်ငံတော်ဖြစ်ပေါ်မှုကြားမှာ ချိတ်ဆက်မှုက ဘာဖြစ်မှာလဲဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ 

ပထမမေးခွန်းကိုတော့ Malthusian သ ဘောတရားနဲ့ ဖြေဆိုနိုင်မယ်ထင်ပါတ ယ်။

လယ်ယာစိုက်ပျိူးရေးနည်းပညာ တိုး တက်မှုက မြေအနည်းအကျဥ်းမှာအရင်ကထက် ပိုအထွက်တိုးစေပါတယ်။

အဲဒီကနေတဆင့် ကလေးများများယူ လာနိုင်ပြီး လူဦးရေပိုတိုးပွါးမှုကိုဖြစ်စေတယ်။ 

ဒါပေမယ့် ပြဿနာက နိုင်ငံတော်အဆ င့်ကိုမရောက်ခင် လူ့အဖွဲ့အစည်းတွေဟာဘယ်လောက်ပဲ (လယ်ယာစိုက်ပျိုး ရေးလို)နည်းပညာတိုးတက်မှုကို ပိုင် ဆိုင်နေပါစေ ထွက်ကုန်တိုးအောင် မလုပ်နိုင်တာကို တွေ့ရပါတယ်။ 

ဒါကို လယ်ယာစိုက်ပျိုးရေးကို အယင်ကတည်းက တက်မြောက်ပြီး အပိုထွက်ကုန်မထုတ်လုပ်နိုင်တဲ့ နယူးဂီနီကုန်းမြင့်နေသူတွေ(New Guinea Highl anders)နဲ့ အမေဇုံဒေသမှ အိန္ဒီယန်းတွေ (Amazonian Indians)ရဲ့ လူ့အဖွဲ့ အစည်းတွေမှာ အဓိကအားဖြင့်တွေ့နိုင်ပါတယ်။ 

ဒီလိုဖြစ်ရတာကို တချို့မနုဿဗေဒပညာရှင်တွေကတော့ နိုင်ငံတော်မဖြစ်ခင် လူ့အဖွဲ့အစည်းတွေမှာ အလုပ်ထက် အနားယူချိန်ကိုပိုအလေးပေးတာကြောင့် အစားအစာလိုအပ်ချက်ပြည့်မှီလာတာနဲ့အမျှ အလုပ်ချိန်လျှော့ကျလာခြင်းဟာ ဆက်စပ်နိုင်ပါတယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် သူတို့တွေဟာ(ယနေ့ခေတ် စီးပွါးရေးပညာရှင်တွေပြောသလို) “ဝင်ငွေနည်းလူ့အဖွဲ့အစည်းထောင်ချက်” (low Income Equilibrium Trap)မှာပဲ ပိတ်မိနေနိုင်ပြီး၊ပိုတိုးပွါးတဲ့ ထုတ်ကုန်တွေဖြစ်လာဖို့ဆိုတာကတော့ တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တက်ကြွမှုအပေါ်မှာပဲ မူတည်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် “အာရက္ခဒေသ” ထဲမှာ လူဦးရေသိပ်သည်းမှုပိုတိုးလာလို့ “နိုင်ငံတော်” ဖြစ်ပေါ်ခဲ့တယ်ဆိုတာထက် “ပြောင်းပြန်ဆက်စပ်မှု”ကပဲ ပိုဖြစ်နိုင် ခြေရှိပါတယ်။

လူတွေဟာ ကိုယ့်ဖာသာကိုလိုအပ်တာထက် ထုတ်ကုန်ပိုတိုးအောင် ထုတ်လုပ်တာမဟုတ်ဘဲ။အုပ်ချုပ်သူတွေက အားနဲ့တွန်းမှသာ ထုတ်လုပ်လာတာဖြစ်နိုင်ပြီးအုပ်ချုပ်သူတွေကတော့ သူတို့ဘာ သာ ဘာမှသိပ်မလုပ်ဘဲ တခြားအုပ် ချုပ်ခံတွေကိုသာ အလုပ်လုပ်စေခဲ့တာဖြစ်နိုင်ပါတယ်။ 

ဒါကြောင့် “နိုင်ငံတော်”ကဲ့သို့ ထက်- အောက်ဆန်တဲ့ အင်စတီကျူးရှင်းတွေ ထွက်ပေါ်လာခဲ့တာဟာ စီးပွါးရေးအ ကြောင်းတရားထက်၊စစ်ရေးကျူး ကျော်မှု(သို့)တွန်းအားပေးမှုလို နိုင်ငံ ရေးအကြောင်းအရင်းတွေကြောင်းသာ အဓိကဖြစ်နိုင်ပါတယ်။

ဒါကြောင့် လူဦးရေသိပ်သည်းမှုတစ်ခုတည်းကြောင့် နိုင်ငံတော်ဖြစ်ပေါ်လာရတာမဟုတ်ဘဲ။

ဒီအချက်ဟာ ကြားထဲက အထောက် အကူဖြစ်တဲ့ အချက်တခုသာ ဖြစ်နိုင်ပါတယ်။ 

”ကြိုင်မိုးစက်” ရေးသားပါတယ်။

အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမယ်။

ကိုးကားစာရင်း – 

  • McDowell, Paul, Political Anthropology: A Cross-Cultural Comparison, Santa Barbara City College, ER service, 2017 
  • Fukuyama, Francis, The Coming of The Leviathan, The Origin of Political Order, FARRAR, STRAUS AND GIROUX, New York, 2014
PrevPreviousမင်းပြားမြို့နယ်မှာ မြေယာကိစ္စအငြင်းပွား (ရုပ်သံ)
Nextဆိုရှယ်ဒီမိုကရေစီနှင့်ဒီမိုကရက်တစ်ဆို ရှယ်လစ်ဇင်ကြားကွာခြားချက်Next
Previous Post

မင်းပြားမြို့နယ်မှာ မြေယာကိစ္စအငြင်းပွား (ရုပ်သံ)

Next Post

ဆိုရှယ်ဒီမိုကရေစီနှင့်ဒီမိုကရက်တစ်ဆို ရှယ်လစ်ဇင်ကြားကွာခြားချက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​အိုမန်ကမ်းလွန်မှာ Skylight ရေနံတင်သင်္ဘောတိုက်ခိုက်ခံရလို့လူ ၄ ဦး ဒဏ်ရာရ

March 2, 2026

မင်းပြားမှာကားတိုက်ခံရလို့ သက်ကြီးပိုင်းအမျိုးသားတဦး သေဆုံး

March 2, 2026
Photo- ​Watan (وطن - خارج السرب)

အစ္စရေးမှာ အီရန်ဒုံးကျည်ထိမှန်လို့ ၆ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

March 1, 2026

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

March 1, 2026

​အိုမန်ကမ်းလွန်မှာ Skylight ရေနံတင်သင်္ဘောတိုက်ခိုက်ခံရလို့လူ ၄ ဦး ဒဏ်ရာရ

​Operation Epic Fury စစ်ဆင်ရေးမှာ အမေရိကန်စစ်သည် ၃ ဦး ကျဆုံးပြီး ၅ ဦးဒဏ်ရာရ

မင်းပြားမှာကားတိုက်ခံရလို့ သက်ကြီးပိုင်းအမျိုးသားတဦး သေဆုံး

မင်းတုန်းမှာ စစ်ကော်မရှင်တပ်က ခရီးသွားပြည်သူတွေကို လေကြောင်းတိုက်ခိုက်လို့ ၂၅ ဦး သေဆုံး

အစ္စရေးမှာ အီရန်ဒုံးကျည်ထိမှန်လို့ ၆ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

Releated Post

​အိုမန်ကမ်းလွန်မှာ Skylight ရေနံတင်သင်္ဘောတိုက်ခိုက်ခံရလို့လူ ၄ ဦး ဒဏ်ရာရ

March 2, 2026

​Operation Epic Fury စစ်ဆင်ရေးမှာ အမေရိကန်စစ်သည် ၃ ဦး ကျဆုံးပြီး ၅ ဦးဒဏ်ရာရ

March 2, 2026

မင်းပြားမှာကားတိုက်ခံရလို့ သက်ကြီးပိုင်းအမျိုးသားတဦး သေဆုံး

March 2, 2026
ဓာတ်ပုံ-ကိုဗဟိန်း

မင်းတုန်းမှာ စစ်ကော်မရှင်တပ်က ခရီးသွားပြည်သူတွေကို လေကြောင်းတိုက်ခိုက်လို့ ၂၅ ဦး သေဆုံး

March 1, 2026
Photo- ​Watan (وطن - خارج السرب)

အစ္စရေးမှာ အီရန်ဒုံးကျည်ထိမှန်လို့ ၆ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

March 1, 2026

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

March 1, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page