Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

သတိထားဆင်ခြင်ရမယ့် လူပြိုန်းကြိုက်ကူးစက်ရောဂါ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
15
VIEWS
Share on FacebookShare on Twitter

ဇာနည်ရေးတယ်။

Border News Agency

မြောက်ဦး၊ ဧပြီ ၂၉။

“လူတွေကို…စဉ်းစားမလား။သေမလားလို့မေးတဲ့အခါ လူအများစုဟာစဥ်းစားတဲ့လမ်းကို မရွေးကြဘူး။သေလမ်းကိုပဲအလွယ်တကူရွေးသွားတတ်ကြတယ်။” လို့ ဗြိတိသျှဒဿနိကတွေးခေါ်ပ ညာရှင်ဘာထရန်ရပ်ဆယ်က ပြောဖူးပါတယ်။​

ပညာရေးအင်စတီးကျူးအားနည်းပြီး အာဏာရှင်စနစ်နဲ့ယှဉ်ပါးတဲ့နိုင်ငံတွေမှာ ဩဇာအာဏာရှိတဲ့ လူတယောက်ကဖြစ်ဖြစ်၊နာမည်ကြီးထင်ပေါ်ကျော်ကြား လူတယောက်ရဲ့စကားတွေဆိုရင် ပြည်သူတွေဟာ အပြန်အလှန်မေးခွန်းထုတ်လေ့မရှိကြသလိုမစဉ်းစားကြဘဲနဲ့အလွယ်တကူလက်ခံတတ်ကြပါတယ်။

အဲဒီလိုထင်ပေါ်ကျော်ကြားမှုနဲ့ဩဇာ အာဏာရှိတဲ့လူတွေဆိုတာ နယ်ပယ်စုံကဏ္ဍတိုင်းမှာ ကျွမ်းကျင်ကြတဲ့သူတွေမဟုတ်ကြဘဲ သက်ဆိုင်ရာနယ်ပယ်တခုချင်းစီကနေ လူသိများပြီး အခွင့်အာ ဏာရလာကြတဲ့ လူတွေသာဖြစ်ကြပါတယ်။လူအများစုက ဒီအချက်ကို မေ့ချန်ထားကြလေ့ရှိပါတယ်။

နယ်ပယ်ကဏ္ဍတခုချင်းစီမှာ ကျွမ်းကျ င်တဲ့သူတွေ၊ပရော်ဖက်ရှယ်နယ်ပီသတဲ့သူတွေကို ကျွန်တော်တို့ တန်ဖိုးထားကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုယ်ကျွမ်းကျင်တဲ့ပညာရပ်နဲ့မသက်ဆိုင်တဲ့ကိစ္စရပ်တွေ၊အထူးသဖြင့် ပြည်သူလူထုအကျိုးစီးပွားနဲ့အတွေးအခေါ်ပိုင်းဆိုင်ရာကိစ္စရပ်တွေမှာ ကျွမ်းကျင်ပိုင်နိုင်သက်ဆိုင်မှုမရှိ ပေမယ့်လည်း အများပြည်သူရဲ့အတွေး အခေါ်တိမ်းပါးအောင် ကိုယ့်အယူအဆ၊ထင်ပေါ်ကျော်ကြားမှုနဲ့ဩဇာအာဏာကို အသုံးချတဲ့ကိစ္စတွေမှာဆိုရင် သတိထားဆင်ခြင်ဖို့လိုအပ်ပါတယ်။

လူတွေဟာ အမှားမကင်းတဲ့သူတွေဖြစ်တဲ့အပြင် တတ်မြောက်ထားတဲ့ပညာရပ်တွေ၊ကျွမ်းကျင်ပိုင်နိုင်မှုနဲ့တွေးခေါ်မှုဆိုင်ရာတွေမှာ အကန့်အသတ်ရှိကြတာမို့ ယထာဘူတာကျတဲ့အမြင်ဟာ လူတို င်းမှာရှိတာတော့ မဟုတ်ပါဘူး။

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့သက်ဆိုင်နေတဲ့ သဘာဝဘေးအန္တ ရာယ်၊စစ်ပွဲ၊ရွေးကောက်ပွဲ၊ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ကျန်းမာရေးနဲ့အရေးပေါ်ကူညီကယျဆယျရေးလိုကဏ်တွေမှာ ထင်ပေါ်ကျော်ကြားသူတွေရဲ့စကားတွေကို လွယ်လင့်တကူယုံစားလေ့ရှိတာမို့ ပြည်သူတွေဟာ ဆုံးဖြတ်ချက်အမှားတွေကို ချမှတ်လေ့ရှိတတ်တယ်လို့ သုတေသနအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ဩဇာအာဏာရှိတဲ့သူတွေနဲ့ထင်ပေါ်ကျော်ကြားတဲ့သူတွေရဲ့ လုပ်ဆောင်ချက်တွေ၊စကားတွေနဲ့အမိန့်အာဏာတွေမှာ မသင့်လျော်တဲ့ဖြစ်နို င်ခြေတွေပါတတ်တာကြောင့် ပြည်သူ လူထုအကျိုးစီးပွားကိုထိခိုက်တဲ့ ဘေးဥပုဒ်တွေဖြစ်ခဲ့တာကို သမိုင်းမှာဖြစ်ခဲ့တဲ့ ကပ်ရောဂါဆိုးတွေနဲ့ဒုတိယကမ္ဘာစစ်လို စစ်ပွဲအများစုက သက်သေပြနေပါတယ်။

ခေါင်းဆောင်တွေ၊ဩဇာအာဏာရှိသူတွေရဲ့အမိန့်အာဏာတွေနဲ့လုပ်ဆောင်ချက်တွေမှာ အများပြည်သူရဲ့အကျိုး စီးပွားကိုထိခိုက်စေတဲ့ကိစ္စတွေပါရင်လည်း ပြည်သူတွေဟာ သင့်လျော်မှုရှိမရှိဆိုတာကို စဉ်းစားတာထက် ကိုယ့်ရဲ့ခံ စားချက်နဲ့စဉ်းစားတွေးခေါ်ချက်တွေဟာ ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ဟာ မှားနိုင်ဖွယ်မရှိဘူးဆိုတဲ့ အလွန်အ ကျွံယုံကြည်မှုနောက်ကို လိုက်ပါသွားလေ့ရှိကြပါတယ်။

ဒါကိုပဲ အလိုအလျောက်အမိန့်နာခံတတ်မှုAuthoritarian Submission လို့ ခေါ်ကြပါတယ်။

ဒီအကျိုးဆက်ရဲ့ ရိုက်ခတ်မှုနောက်မှာ အာဏာရှင်စနစ်နဲ့သူရဲကောင်းဝါဒီပေါ် လာဖို့ တွန်အားပေးသလို ဖြစ်စေတတ်ပါတယ်။

ဒီကနေ့ခေတ်မှာလူအများစု ကြိုက်နှစ်သဘောကျတဲ့ စကားလုံးတွေ၊အယူအဆတွေကို ဖောဖောသီသီသုံးပြီး လူကြိုက်များအောင်ပြုလုပ်လာမှုနဲ့ပေါ်ပြူလစ်ဝါဒကိုအသုံးချပြီး လူတွင်ကျယ်လုပ်အောင်ပြုလုပ်လာမှုတွေဟာ ၂၁ ရာစုရဲ့ကူးစက်တတ်တဲ့ လူပြိိန်းကြိုက်ရောဂါလိုတောင် ပြောလို့ရပါတယ်။

ပေါ်ပြူလစ်ဝါဒီတွေ ပြည်သူကို စည်းရုံးတဲ့အခါမှာ ငြင်းဆန်ရခက်တဲ့ စကားလုံးတွေ၊အများစုကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေနဲ့အများပြည်သူလက်မခံတဲ့ကိစ္စတွေကို နိုင်ငံရေးပြဿနာသဖွယ် အသုံးချပြီးတော့ အာဏာပါဝါကို တည်ဆောက်ဖို့ကြိုးစားတတ်ကြပါတယ်။

ပေါ်ပြူလစ်ဇင်ဟာ နိုင်ငံရေးနယ်ပယ်မှာသာ ပျံ့နှံ့နေတာမဟုတ်ပါဘူး။လူမှုရေး၊ပညာရေးနဲ့အတွေးအခေါ်ပိုင်းဆိုင်ရာတွေမှာပါ စိမ့်ဝင်နေတာကြောင့် ပေါ်ပြူလစ်ဇင်ရဲ့မောင်းနှင်မှုနောက်မှာ လူ့အဖွဲ့အစည်းအပေါ်လည်း သက်ရောက်မှုတွေရှိပါတယ်။

ပေါ်ပြူလစ်သမားတွေကြောင့်ပဲ ပညာရှင်တွေအနေနဲ့လူ့အဖွဲ့အစည်းအပေါ်ရှုမြင်သုံးသပ်မှုတွေ ဘေးရောက်ကုန်တာ၊ပြည်သူအများစုမှာလည်း အမှား၊အမှန်ကို ဆင်ခြင်နိုင်စွမ်းမဲ့လာပြီး ပေါ်ပြူလစ်သမားတွေရဲ့ဝါဒဖြန့်မှုအောက်မှာ ကျရောက်တတ်ကြပါတယ်။

ဆိုရှယ်မီဒီယာအားကောင်းလာမှုနော က်ဆက်တွဲမှာ ဆယ်လီတွေ၊ပေါ်ပြူလစ်ဝါဒီတွေဟာ ထင်ပေါ်ကျော်ကြားမှုနဲ့ လူသိများမှုကို အသုံးချပြီးတော့ ကိုယ်ရဲ့အယူအဆကို လူအများစုလက်ခံလာအောင် အမုန်းစကားတွေသုံးပြီးတော့ ရန်ငါစည်းဆိုတဲ့ဘက်နှစ်ဘက်ဖြစ်အောင် ပြုလုပ်တတ်လေ့ရှိတာကို တွေ့ရပါတယ်။

တဖက်ဖက်ကို စောင်းနင်းပြီးရေးသားထားတဲ့ပို့စ်တွေနဲ့တခြားသူတွေကို တိုက်ခိုက်တဲ့ပို့စ်တွေဟာ သူ့ဖက်ကိုယ့်ဖက်ဆိုတဲ့ထောက်ခံသူနဲ့ကန့်ကွက်သူကို ဖြစ်စေပြီး ဒီလိုဖက်ကွဲအောင်ပြုလုပ်တာဟာ ပေါ်ပြူလစ်ဝါဒီတွေကို လူသိများလာအောင်ပြုလုပ်ပေးရာရောက်စေသလို သူ့အယူအဆကိုလည်း လူအများစုကို မသိမသာနဲ့ ရိုက်သွင်းပြုလုပ်ပေးရာရောက်ပါတယ်။​

အမုန်းစကားတွေ ပြည်သူလူထုထဲကို ပျံ့နှံ့မှုအားကောင်းလာလေ အာဏာရှိတဲ့အုပ်ချုပ်သူလူတန်းစားဟာ ပြည်သူ လူထုကို ခွဲခြားပြီးအုပ်ချုပ်ဖို့ပိုလွယ်ကူလေဖြစ်ပြီး အယူအဆရေးရာတွေနဲ့ဝါဒဖြန့်မှုတွေကိုလုပ်တဲ့အခါ အများကြိုက် နှစ်သက်တဲ့အကြောင်းအရာကို စည်းရုံးပြီး ကိုယ့်ဘက်ပါလာအောင်ဆွဲဆောင်နိုင်လေပဲဖြစ်ပါတယ်။

ပေါ်ပြူလစ်ဇင်ဟာ ဒီမိုကရေစီထွန်း ကားတဲ့ဒေသတွေမှာပဲ ခြေကုပ်ယူတာမဟုတ်ပါဘူး။အမျိုးသားရေးအားကောင်းတဲ့နိုင်ငံတွေမှာဆို အမျိုးသားရေးကိုအကြောင်းပြပြီး ပေါ်ပေါက်လာတဲ့ပေါ်ပြူလစ်ဝါဒီတွေဟာ နိုင်ငံရေးသဘောထားချင်းမတူညီတဲ့အုပ်စုတွေကို နိုင်ငံတော်ကိုတိုက်ခိုက်သူတွေအဖြ စ်နဲ့ပုံဖော်တာ၊လူ့အဖွဲ့အစည်းရဲ့ရန်သူတွေအဖြစ်တံဆိပ်ကပ်တာတွေကို ပြုလုပ်တတ်လေ့ရှိကြပါတယ်။​

အာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံတွေမှာဆိုလည်း အုပ်ချုပ်သူလူတန်းစားရဲ့အကြိုက်နဲ့ပြည်သူကို ချွေးသိပ်တဲ့ဝါဒဖြန့်မှုတွေ တွင်ကျယ်လေ့ရှိပါတယ်။

ပေါ်ပြူလစ်သမားတွေဟာ အများကြို က်နှစ်သက်မှုရှိတဲ့အကြောင်းအရာ ရေစီးပေါ်လိုက်ပြီးတော့ ကိုယ်ရဲ့ဩဇာလွှညမ်းမိုးမှုကို ပိုချဲ့တတ်လေ့ရှိကြပြီးသူတို့မှာ တိကျသေချာတဲ မဟာဗျူဟာတွေမရှိတတ်ကြပါဘူး။

ပေါ်ပြူလစ်ဇင်တွေရဲ့မီးစင်ကြည့်ကတတ်တဲ့ ရေပေါ်ဆီဝါဒကြောင့် လူ့အဖွဲ့အစည်းရဲ့အကျိုးစီးပွားကို ရေတိုမှာ အထောက်ပြုကောင်းပြုနိုင်ပေမယ့်ရေရှည်အကျိုးစီးပွားမှာပေါ်ပြူလစ်ဇင်ဟာ လူ့အဖွဲ့အစည်းကို ဘေးဖြစ်စေပါတယ်။

ဆိုရှယ်မီဒီယာတွေမှာ ပေါ်ပြူလစ်ဇင်တွေ Highlightလုပ်လေ့ရှိတာက သူတို့ထောက်ခံတဲ့အယူအဆတွေကို မြန်မြန်ပျံ့စေဖို့အတွက် တိကျခိုင်လုံမှုမရှိတဲ့ သတင်းစကားတွေနဲ့ လိုအပ်သလိုပုံဖော်ရေးသားထားတဲ့ သတင်းစကားတွေကို အသုံးချပြီး အများပြည်သူရဲ့ အာရုံစိုက်ခံရမှုကို အဓိကဦးတည်ထားတတ်ကြပါတယ်။

နိုင်ငံရေးအပြောင်းအလဲ၊လူနေမှုစနစ်အပြောင်းအလဲတွေနဲ့ကြုံနေရတဲ့အာရက္ခဒေသမှာလည်း ပေါ်ပြူလစ်ဇင်ဟာ အမျိုးသားရေးအားကောင်းမှုနဲ့အတူအ ပြိုင်ပေါ်လာပါတယ်။

အာရက္ခတပ်တော်ရဲ့တော်လှန်ရေး၊အု ပ်ချုပ်ရေးနဲ့တိုင်းပြည်တည်ဆောက်ရေးကဏ္ဍတွေမှာ ပေါ်ပြူလစ်ဇင်ကိုအသုံးချပြီး ခုတုံးလုပ်လာတဲ့သူတွေ အ များအပြားရှိတာဟာ စိုးရိမ်စရာအခြေ အနေမှာရှိပါတယ်။

အာရက္ခဒေသဟာ ပေါ်ပြူလစ်ဝါဒနဲ့ယှ ဉ်တွဲတဲ့အမျိုးသားရေးအကျိုးဆက်ကြောင့် ပဋိပက္ခအများစုကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ကနေ ကြုံခဲ့ရပါပြီ။

အမျိုးသားရေးပေါ်ပြူလစ်လိုင်းလုံးတွေကို အသုံးချခဲ့တဲ့ရခိုင်ပါတီတွေအပါအဝင် ရခိုင်နိုင်ငံရေးသမားအများစုဟာ အာရက္ခတပ်တော်ရဲ့အောင်မြင်နေတဲ့တော်လှန်ရေးမှာ ပေါ်ပြူလစ်လိုင်းကိုမှီပြီး အာဏာပါဝါတည်ဆောက်နေကြသလားဆိုတာ ဆင်ခြင်စရာဖြစ်ပါတယ်။

ရခိုင့်အမျိုးသားရေးသရုပ်နဲ့ပေါ်ပြူလစ်တွေ

မြန်မာနိုင်ငံရဲ့အဆင်းရဲဆုံးပြည်မှာ အမျိုးသားရေးအားကောင်းမှုဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ကာလတွေကနေအခြေတည်ခဲ့ပါတယ်။

အမျိုးသားရေးအားကောင်းမှုကြောင့် အမျိုးသားရေးကိုအကြောင်းပြုပြီးပေါ်လာတဲ့အမျိုးသားရေးဝါဒီတွေနဲ့ ပေါ်ပြူလစ်ဝါဒီတွေ လွှမ်းမိုးလာပါတ ယ်။

အမှတ်အသားလက္ခဏာ၊ဘာသာစကား၊ယဥ်ကျေးမှုရေးရာကိစ္စတွေနဲ့ဆင်းရဲမွဲတေမှုထောင်ချောက်မှာ ဖိနှိပ်ခံဖြစ်နေတဲ့ ရခိုင်လူမျိုးတွေရဲ့လူမှုဘဝကို ပေါ်ပြူလစ်သမားတွေနဲ့အမျိုး သားရေးဝါဒီတွေက ကောင်းစွာအသုံး ချလာနိုင်ပါတယ်။

ရခိုင်ပေါ်ပြူလစ်သမားတွေဟာ Us Them ဆိုတဲ့ နင်ငါစည်းရန်ပြတ်နည်းကိုသုံးပြီး အမုန်းစကားတွေ၊ဝါဒဖြန့်မှုတွေကို အဓိကအသုံးချကာ ရခိုင်လူ့အ ဖွဲ့အစည်းကို စည်းရုံးလိုက်နိုင်တာပါပဲ။

ဒီဝါဒဖြန့်မှုတွေရဲ့ နောက်ဆက်တွဲမှာ လူမျိုးရေး၊ဘာသာရေးလို အရေးအခင်းဖြစ်လာတဲ့အခါလည်း ငြိမ်းချမ်းပြေလည်အောင် ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို မသုံးကြသလို မီးစကို ပိုကြီးထွားအောင် အမုန်းတရားနဲ့ဝါဒဖြန့်မှုတွေ လုပ်ခဲ့ကြပါတယ်။

အရင်က Rakhine Nationalities Development Party (RNDP) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့သူ ဒေါက်တာအေးမောင်အပါအဝင် ရခိုင်နိုင်ငံရေးသမားအများစုဟာ အမုန်းစကားကို အသုံးချပြီး ဩ ဇာအာဏာကို ပိုတည်ဆောက်လာတာကို တွေ့ရပါတယ်။

၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ကုလား-ရခိုင်အရေးအခင်းအပြီး ဒေါက်တာအေးမောင်ရဲ့အင်တာဗျုးတွေကို ပြန်ကြည့်ရင်ငြိမ်းချမ်းရေးကို အဖြေရှာတဲ့နည်းလမ်းတွေအသုံးပြုတာထက် နင်ငါစ ည်းပြတ်တဲ့အမုန်းစကားတွေသာပိုများတာကို တွေ့ရပါတယ်။

အဲဒီအပြင် အတူယှဉ်တွဲနေထိုင်ပြီး သဟဇာတဖြစ်တဲ့လူမှုအဖွဲ့အစည်းဖြစ်ရေးကို ပေါ်ပြူလစ််သမားတွေ အပြင်းအထန်ကန့်ကွက်ခဲ့တာတွေ့ရပါတယ်။

လူမျိုးစုံဘာသာပေါင်းစုံနေထိုင်တဲ့ နိုင်ငံဒေသတွေမှာ ပညာရေးနဲ့အုပ်ချုပ်ရေးမဏ္ဍိုင်အားမကောင်းရင်ပဋိပက္ခဆိုတာ အစဉ်အမြဲယှဉ်တွဲနေတတ်ပါတယ်။

ရေရှည်ပဋိပက္ခကိုဖြစ်စေတဲ့ ပညာရေးအားနည်းတာ၊အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲမွဲတေမှုပြဿနာတွေနဲ့နောက်ခံအကြောင်းအရင်းတွေကို အဖြေမရှာပဲ တဖက်ဖက်ကို ရန်သူအဖြစ်နဲ့တိုက်ခို က်ပြီး အပြစ်တင်တာဟာ ပေါ်ပြူလစ်ဝါဒတွေ အများဆုံးလုပ်လေ့ရှိပါတယ်။

ရခိုင်ပါတီပေါ်ပြူလစ်တွေရဲ့ကျရှုံးခန်း

မြန်မာနိုင်ငံရဲ့တိုတောင်းလှတဲ့ဒီမိုကရေစီသက်တမ်းမှာ ရွေးကောက်ပွဲသုံးကြိမ်ပြုလုပ်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကိုအခြေပြုပြီးဖြစ်လာတဲ့ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ရခိုင်ပါတီတွေအနိိူရခဲ့ပေမယ့်ထိရောက်တဲ့ လူမှုစီးပွားပြုပြင်ပြောင်းလဲမှုတွေကို မပြုလုပ်နိုင်တာဟာ အမျိုးသားရေးနဲ့ပေါ်ပြူလစ်သမားတွေရဲ့အားနည်းချက်တွေကို လှစ်ဟပြနေပါတယ်။

ရခိုင်နိုင်ငံရေးပါတီပေါ်ပြူလစ်သမားတွေရဲ့အဓိကအားနည်းချက်ကတော့ မဟာဗျူဟာချမှတ်နိုင်တာနဲ့လူမှုအကျိုးစီးပွားကို ကာကွယ်နိုင်ခြင်းမရှိတာပါ။လူပုဂ္ဂိုလ်ကိုအစွဲပြုပြီးတည် ဆောက်ထားတဲ့ပါတီစနစ်ဟာ Patron Client System တပည့်မွေး၊ဆရာမွေးစနစ်ကို အဓိကအားပြုထားတာဖြစ်ပြီးတဦးတယောက်ချင်းရဲ့အကျိုးစီးပွားနဲ့ ဆက်စပ်နေပါတယ်။​

ဒီမိုကရေစီသက်တမ်းဆယ်နှစ်တ လျှောက်လုံး လူထုထောက်ခံမှုကို ရခိုင်ပါတီတွေရခဲ့ပေမယ့်သိသာထင်ရှားတဲ့လူမှုပြုပြောင်းလဲရေးတွေ၊စီးပွားရေးအခွင့်အလမ်းတွေကို ရခိုင်ပြည်သူတွေမရရှိတာမို့ ပါတီဒီမိုကရေစီစနစ်အပေါ် ယုံကြည်မှုလျော့ရဲလာခဲ့ကြပါတယ်။​

၂၀၁၇ – ၂၀၁၈ ရခိုင်ပြည်တွင်းစစ်မှာ ရခိုင်ပြည်သူတွေကို စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်မှုတွေ၊မတရားဖမ်း ဆီးသတ်ဖြတ်မှုတွေကို ပေါ်ပေါ်ထင်ထ င်ပြုလုပ်ပေမယ့်လည်း ဥပဒေဘောင်တွင်းက လုံလောက်တဲ့အကာအကွယ်တွေကို ရခိုင်ပါတီတွေ မပြုလုပ်နိုင်ခဲ့ကြပါဘူး။

၂၀၂၁ အာဏာသိမ်းမှုရဲ့ နောက်ပိုင်းမှာ ရခိုင်အမျိုးသားပါတီ(ANP)ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ပူးပေါင်းခဲ့ပြီးနိုင်ငံရေးမဟာဗျူဟာအားနည်းတာကို ဖော်ပြခဲ့ပါတယ်။

အကျိုးစီးပွားဆက်စပ်တဲ့နိုင်ငံရေးရပ် တည်ချက်မခိုင်မာမှုတွေဟာ ပေါ်ပြူလစ်သမားတွေ အစဉ်တစိုက်ပြုလုပ်တဲ့ အကြောင်းအရာဖြစ်ပြီး ANPဟာ သူရဲ့ ပေါ်ပြူလစ်ဝါဒီအယူအဆကို စစ်ကော င်စီနဲ့ပူးပေါင်းခဲ့တာက ဖော်ပြနေပါတ ယ်။​

အာရက္ခတပ်တော်နဲ့ပေါ်ပြူလစ်ဇင်

၂၀၁၇ – ၁၈ ရခိုင်ပြည်တွင်းစစ်မှာ ရခိုင်ပြည်သူတွေ အဓိကသတိထားမိတာက ပါတီနိုင်ငံရေးဟာ ဥပဒေဘောင်အတွ င်းစည်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲကနေ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးနိုင်တာမရှိဆိုတာကိုပါပဲ။

စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု

တွေ၊တရားဥပဒေမဲ့မှုတွေကို ကာကွယ်နိုင်တာမရှိတဲ့ဒီမိုကရေစီစနစ်ဟာ ရခိုင်ပြည်သူတွေအတွက် အခွန်သက်သက်တရားဥပဒေစနစ်ဖြစ်နေခဲ့ပါတယ်။

ရခိုင်လို သမိုင်းနောက်ခံရှည်လျားပြီး ယဉ်ကျေးမှုအဆင့်အတန်းမြှင့်တဲ့လူမျိုးမှာ သမိုင်းကိုလွမ်းဆွတ်တာ(Nost aglia)နဲ့ စစ်သူရဲကောင်းဝါဒီ (Hero Worship )ဟာ အစဉ်တစိုက်လွှမ်းမိုးနေပါတယ်။

အာရက္ခတပ်တော်ဟာ ၂၀၀၈ ဖွဲ့စည်းရဲ့အားနည်းချက်၊ရခိုင်ပေါ်ပြူလစ်နိုင်ငံ ရေးသမားတွေရဲ့ကျရှုံးမှုကိုအခွင့်ကောင်းယူပြီး ဒေသတွင်းမှာ ဩဇာလွှမ်းမိုးမှုကို အလျင်အမြန်တည်ဆောက်နိုင်ခဲ့ပါတယ်။

အာရက္ခပြည်ကို ပြန်ယူပြီး ရက္ခိတအိပ်မက်ကို အကောင်အထည်ဖော်မယ်လို့ကြွေးကြော်ချက်တွေဟာ အာရက္ခတပ်တော်ရဲ့လက်နက်ကိုင်တော်လှန်ရေးလ မ်းစဉ် အင်အားကြီးထွားလာမှုမှာ အ ရေးကြီးဆုံးအချက်ပါပဲ။

ဆုံးရှံးသွားတဲ့ရခိုင်ရေမြေပိုင်နက်နဲ့ဂုဏ်သိက္ခာကိုအရယူဖို့ ဖွံံ့ဖြိုးတိုးတက်တဲ့အာရက္ခဒေသကို ပြန်လည်တည် ဆောက်ဖို့ဆိုတဲ့ ကြွေးကြော်မှုတွေကြောင့် ဒေသတွင်းလူထုထောက်ခံမှုကို အာရက္ခတပ်တော်အနေနဲ့လျင်မြန်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။

ပါတီနိုင်ငံရေးသမားအချို့ဟာ အာရက္ခတပ်တော်ရဲ့လက်နက်ကိုင်လမ်းစဉ်ကို အစပိုင်းမှာ ဝေဖန်ခဲ့ကြပေမယ့်လည်း အာဏာသိမ်းမှုနောက်ပိုင်းမှာ အာရက္ခတပ်တော်နဲ့သွားရောက်ပူးပေါင်းတာတွေကို တွေ့ရပါတယ်။​

ရခိုင့်အမျိုးသားပါတီ(ANP)ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ အာရက္ခတပ်တော်ရဲ့ အရပ်ဖက်အုပ်ချုပ်ရေးမှာ ပါဝင်လာတာဟာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။​

ကြားကာလအုပ်ချုပ်ရေးမှာ အာရက္ခတပ်တော်ကတရားဝင်ပြဌာန်းတဲ့ဥပ ဒေမှုကြမ်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေးသလို အရင်ကရှိရင်းစွဲနိုင်ငံရေးသမားတွေနဲ့ပေါ်ပြူလစ်ဝါဒီအချို့ဟာ အာရက္ခတပ်တော်ရဲ့ အတွင်းပိုင်းမှာ ခြေကုပ်ယူလာတာဟာ အာရက္ခတပ်တော်ကိုအသုံးချပြီး ပေါ်ပြူလစ်ဇင်ဝါ ဒီနဲ့ Patron Client System တကျော့ပြန်လာမလားဆိုတာ စဉ်းစားရမယ့်အ ချက်ထဲမှာ ပါဝင်နေပါတယ်။​

ပေါ်ပြူလစ်ထောင်ချောက်က အေအေ ရုန်းနိုင်ပါ့မလား

ဘယ်အဖွဲ့အစည်းမှာမဆို အားသာချ က်၊အားနည်းချက်တွေရှိစမြဲပါပဲ။အာရက္ခတပ်တော်အနေနဲ့လက်နက်ကိုင်တော်လှန်ရေးမှာ အောင်မြင်မှုတွေရထားပေမယ့်လည်း တိုင်းပြည်အုပ်ချုပ်ရေးနဲ့ ဥ ပဒေပြုရေးလိုကိစ္စရပ်တွေမှာ အားန ည်းချက်တွေရှိနေပါသေးတယ်။

လူအရင်းမြစ်နည်းပါးမှုတွေ၊စစ်ရေးနဲ့ အုပ်ချုပ်ရေးကို တပြိုင်တည်းလုပ်ရတဲ့အခါ ကြုံရတတ်တဲ့အကန့်အသတ်တွေကို အာရက္ခတပ်တော် ကြုံနေရပါတယ် ။

ပေါ်ပြူလစ်သမားတွေဟာ ဒါကိုအခွင့်ကောင်းယူပြီး အာဏာပါဝါယှဉ်တွဲတည်ဆောက်နေကြတာကို အာရက္ခပြည်သူတွေသတိချပ်ဖို့ လိုအပ်ပါတယ်။

အာရက္ခတပ်တော်ကို ကာကွယ်ဟန်ပြုပြီး Moral High Ground ယူတာတွေ၊နိုင်ငံရေးသဘောထားချင်းမတူညီတဲ့သူတွေကို အမုန်းစကားတွေအသုံးပြုပြီး တိုက်ခိုက်တာတွေဟာ ပေါ်ပြူလစ်ဇင်တွေလုပ်လေ့လုပ်ထရှိတဲ့ အလေ့အ ထတွေပါပဲ။

အဲဒီအပြင် နိုင်ငံတကာရဲ့အခန်းကဏ္ဍတွေကို ဆန့်ကျင်တာတွေ၊နိုင်ငံရေးသဘောအရ လွတ်လပ်စွာယုံကြည်သက်ဝင်မှုကိုဆန့်ကျင်တာတွေ၊လစ်ဘရယ်ဒီမိုကရေစီနဲ့တသိပုဂ္ဂိလိကတွေကို ဆန့် ကျင်တာလည်း ပေါ်ပြူလစ်ဇင်ရဲ့လ က္ခဏာရပ်တွေဖြစ်ပါတယ်။

အာရက္ခဒေသမှာကြီးစိုးနေတဲ့စံနှုန်းတွေဟာ ဒီအကြောင်းအရာတွေပါဝင်နေလားဆိုတာ စဉ်းစားစရာပါပဲ။

ပေါ်ပြူလစ်အများစုဟာ စစ်ပွဲတွေနဲ့ နိုင်ငံဝောာ်လုံခြုံရေးကိစ္စရပ်တွေမှာလည်း သူတို့ရဲ့အခန်းကဏ္ဍ လိုအပ်ကြောင်းပြသဖို့ လိုအပ်တယ်ကြွေးကြော်တတ်ပြီး တိုင်းပြည်တည်ဆောက်ရေးထ က် အခက်အခဲအကျပ်အတည်းဖြစ်တဲ့ အချိန်အခါမျိုးကို ပိုသဘောကျလေ့ရှိကြပါတယ်။​

အာရက္ခတပ်တော်အနေနဲ့ ပေါ်ပြူလစ်ဝါဒီတွေရဲ့လွှမ်းမိုးမှုအောက်မှာနေ ရုန်းထွက်ဖို့ ရေတိုထက် ရေရှည်ပြည်သူအကျိုးစီးပွားကို အထောက်အပံ့ဖြစ်စေတဲ့မဟာဗျူဟာများကို ချမှတ်သင့်ပါတယ်။

တိုင်းပြည်တည်ဆောက်ရေးလို ကိစ္စရပ်တွေမှာ Rule of law ခိုင်မာအောင်ပြုလုပ်တာတွေကို အဓိကလုပ်ရပါမယ်။

လူတန်းစားပေါင်းစုံပါဝင်မှု၊လူမျိုးပေါင်းစုံပါဝင်မှုကို အချိုးကျပြုထားတဲ့ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်သင့်ပါတယ်။

အဲဒီအပြင် တဖက်စောင်းနင်းဆန်တဲ့ပ ညာရေးစနစ်ဖြစ်မလာအောင်ပညာရေးမဟာဗျူဟာတွေကို ချမှတ်နိုင်ရပါမယ်။ဒါမှသာ ရေရှည်ဖွံ့ဖြိုးပြီးငြိမ်းချမ်းတဲ့နိုင်ငံတော်ကို တည်ဆောက်နိုင်မှာပါ။

ပေါ်ပြူလစ်ဝါဒဟာ သုံးတတ်ရင်ဆေးဖြစ်ပြီး မသုံးတတ်ရင်ဘေးဖြစ်တာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ ပေါ်ပြူလစ်ဝါဒကို ထိန်းကျောင်းကာ ခေတ်သစ်အာရက္ခပြည်တည်ဆောက်ရေးအကန့်အသတ်တွေကိုကျော်လွှားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

PrevPreviousအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ လှုပ်ရှားနေ (ဓာတ်ပုံသတင်း)
Next“ဖွဲ့စည်းပုံမရှိဘဲ ဒီအတိုင်းသွားနေလို့ အဆင်မပြေပါဘူး။”Next
Previous Post

အာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ လှုပ်ရှားနေ (ဓာတ်ပုံသတင်း)

Next Post

“ဖွဲ့စည်းပုံမရှိဘဲ ဒီအတိုင်းသွားနေလို့ အဆင်မပြေပါဘူး။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Releated Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page