Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

ထိုင်ဝမ်၏အာဏာရှင်အုပ်ချုပ်ရေးကာလစီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
17
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ မေ ၁။

ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် အပိုင်း ၂။

နိုင်ငံအချို့၏စနစ်၊မူဝါဒအပြောင်းအလဲနှင့်ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အစ။

ထိုင်ဝမ်၏ အာဏာရှင်အုပ်ချုပ်ရေးကာလ စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း။

ထိုင်ဝမ်သည်လည်း ၁၉၄၀ ပြည့်လွန်ကာလများမှ ၁၉၈၀ပြည့်လွန်ကာလများထိ ကူမင်တန် (Koumintang- KMT)များ၏ အာဏာရှင်ပုံစံအုပ်ချုပ်မှုကိုခံခဲ့ရသည်။

ကွန်မြူနစ်လက်ဝဲအယူအဆနှင့်အရင်းရှင်လက်ယာအယူအဆကြားအားပြိုင်မှုသည် ကိုလိုနီဘဝမှလွတ်မြောက်စနိုင်ငံများ၌ နိုင်ငံရေးတည်ငြိမ်မှုကို ကသောင်းကနင်းဖြစ်စေခဲ့သည်။

ကိုးရီးယားကျွန်းဆွယ်ကဲ့သို့ပင် တရုတ်ပြည်တွင်လည်း လက်ဝဲတရုတ်ကွန်မြူနစ်ပါတီနှင့်လက်ယာကူမင်တန်ပါတီကြားတွင်အာဏာလု တိုက်ပွဲများဖြစ်ခဲ့သည်။

တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်အုပ်စုများအနိုင်ရခဲ့ပြီး ကူမင်တန်အုပ်စုမှာ ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာခဲ့ရသည်။ကူမင်တန်များအနေဖြင့် ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာပြီးနောက် အုပ်ချုပ်ရေးပြန် လည်ထူထောင်ခဲ့သည်။ကူမင်တန်များဝင်လာပြီးနောက် ထိုင်ဝမ်ကျွန်းရှိ မူရင်းဌာနေ ပိုလီနီရှန်းအနွယ်တိုင်းရင်းသားများနှင့်ပဋိပက္ခများရှိခဲ့သည်။

ကွန်မြူနစ်ခြိမ်းခြောက်မှုသည် ထိုင်ဝမ်အတွက် နက်ရှိုင်းသည့်ဆူးတစ်ချောင်းဖြစ်သည်။အာရှဒေသများတွင် စစ်အေးကာလ၏ကမ္ဘာ့စူပါပါဝါအားပြိုင်မှုကစားကွင်းဖြစ်ခဲ့ရသောနေရာများတွင် ကိုးရီးယားကျွန်ဆွယ်၊ထိုင်ဝမ်၊ဗီယက်နမ်တို့ပါဝင်သည်။

ထိုင်ဝမ်တွင် အာဏာရှင်စနစ်ထွန်းကားခဲ့ရခြင်း၏ နောက်ခံအကြောင်းတရားထဲတွင် ကမ္ဘာ့စူပါပါဝါများ၏ ကစားကွင်းဖြစ်ခြင်း(သို့မဟုတ်)ပါဝါဆုံချက် ဒုက္ခသည်လည်း အဓိကကျသည်။

လက်ရှိတွင် ထိုင်ဝမ်ကျွန်းသည်စီးပွားရေးတိုးတက်နေသည့် ဒီမိုကရက်လူ့အဖွဲ့အစည်းဖြစ်နေပြီဖြစ်သည်။ထိုင်ဝမ် ၏လက်ရှိတိုးတက်နေသောစီးပွားရေး အခြေခံအုတ်မြစ်များသည် ကူမင်တန်အာဏာရှင်အုပ်ချုပ်မှုကာလတွင် အခြေတည်လာခြင်းဖြစ်သည်။ကူမင်တန်များ၏အာဏာရှင်အုပ်ချုပ်မှုကာလအတွင်း ထိုင်ဝမ်စီးပွားရေးကို တိုးတက်စေခဲ့သောအချက်အချို့ကို သုံးသပ်ပြလိုက်သည်။

အမေရိကန် ထီးရိပ်ခို

ထိုင်ဝမ်၏ အာဏာရှင်အုပ်ချုပ်မှုကာလ စီးပွားရေးဖွံ့ဖြိုးမှုပုံစံသည် တောင်ကိုးရီးယားပုံစံနှင့် နီးစပ်တူညီမှုရှိသည်။ လက်ဝဲကွန်မြူနစ်များနှင့်လက်ယာအရင်းရှင်စနစ်ကြား အားပြိုင်မှုကစားကွင်းဖြစ်မှုကလည်း တူညီကြသည်။ 

အမေရိကန်ထီးရိပ်အောက်တွင် အကာအကွယ်ယူမှုကြောင့် အမေရိကန်၏ဈေးကွက်ကိုဝင်ရောက်နိုင်ခြင်း၊အရင်းအနှီး၊အထောက်အပံများနှင့်နည်းပညာအကူအညီများရခြင်း၊အမေရိကန်နှင့် ကာကွယ်ရေး၊လုံခြုံရေးတွင် ပေါင်းစည်းနိုင်ခြင်းကြောင့် ကာကွယ်ရေးစာရိတ်သက်သာခြင်း စသည့်အကျိုးအမြတ်များရရှိပုံကတူသည်။

မတူညီသည့်အချက်က တောင်ကိုးရီးယားတွင် အခွင်ထူးခံလုပ်ငန်းအုပ်စုကြီးများ ပေါ်ထွက်လာခဲ့ပြီး ထိုင်ဝမ်တွင် အသေးစား၊အလတ်စားလုပ်ငန်းများ၏ အခန်းကဏ္ဍမြင့်မားခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်အာဏာရှင်များက စီးပွားရေးအပေါ်တွင် ဝင်ရောက်စွက်ဖက်မှုကြီးမားခဲ့သည်။အရေးပါသောလုပ်ငန်းများနှင့်အရင်းအမြစ်များကို အစိုးရထိန်းချုပ်ထားသည်။ထိုင်ဝမ်၏စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုနှင့်တိုးတက်ရေး နိုင်ငံတကာကောင်စီ (Council for International Economic Cooperation and Development (CIECD) ကဲ့သော အင်စတီကျူးရှင်းများကို တည်ထောင်ကာ စီးပွားရေးမဟာဗျူဟာများကို ရေးဆွဲချမှတ်လာခဲ့သည်။

နိုင်ငံခြားသို့ ပို့ကုန်ထုတ်လုပ်ပြီး တင်ပို့နိုင်ရန်ဦးတည်ချက်ဖြင့် အချို့လုပ်ငန်းများကို အထူးဦးစားပေးလာခဲ့သည်။

ထိုလုပ်ငန်းများအား အခွန်ဖြေလျော့ထားခြင်း၊အရင်းအနှီးအပံ့အပိုးများပေးကာ ပြည်ပထုတ်ကုန်များ၏ယှဉ်ပြိုင်မှုမှလည်း အကာအကွယ်ပေးထားသည်။

တနည်းအားဖြင့် တောင်ကိုးရီးယား အခွင့်ထူးခံလုပ်ငန်းအုပ်စုများနည်းတူ ပြည်တွင်းဈေးကွက်အား လက်ဝါးကြီးအုပ်ခိုင်းထားသည်။

၁၉၆၀ပြည့်လွန်ကာလများတွင်ဈေး ကွက်ယှဉ်ပြိုင်မှုကိုခွင့်ပြုပေးလိုက်ပြီး ပြည်ပသို့တင်ပို့နိုင်သော ကုန်ပစ္စည်းများကို ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများဘက်သို့ ပြောင်းလဲလာနိုင်ခဲ့သည်။ ပို့ကုန်ထုတ်လုပ်ရေးဇုန် (Export Processing Zones- EPZ)များကိုထည်ထောင်ကာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကိုဆွဲဆောင်ခဲ့သည်။ EPZ များအတွက် အခြေခံလိုအပ်ချက်များကို ပြည့်မှီအောင်တည်ဆောက်လာသည်။

အခွန်ဖြေလျော့ပေးသည့်အစီအမံများဖြင့် ပြည်ပပို့ကုန်အတွက် ကုန်ထုတ်လုပ်ငန်းများတွင် နိုင်ငံခြားမှရင်းနှီးမြုပ်နှံမှုများကို မက်လုံးပေးဆွဲဆောင်ခဲ့သည်။နိုင်ငံခြားနှင့်ကုန်သွယ်ရေးတွင် တည်ငြိမ်မှုရှိခြင်းနှင့်”ယှဉ်ပြိုင်တင်ပို့နိုင်စွမ်း(Competitive Exchange Rate)”ရှိမှုကလည်း နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူများကို မျက်စိကျစရာဖြစ်စေသည်။

ထိုင်ဝမ်အာဏာရှင်များအနေဖြင့် ပြည်ပသို့ပို့ကုန်ကဏ္ဍအတွက် လိုအပ်သော အရင်းအနှီးများပံ့ပိုးခြင်း၊ ဈေးကွက်များရှာပေးခြင်းနှင့်ထုတ်ကုန်ပစ္စည်းအရည်အသွေးပြည့်မှီစေရန် လိုအပ်သော အထောက်အပံများပေးခြင်းတို့ကို အားစိုက်ဆောက်ရွက်ခဲ့သည်။

တောင်ကိုးရီးယားကဲ့သို့ပင် ထိုင်ဝမ်တွင်လည်း ဈေးကွက်လိုအပ်ချက်အရ ကုန်ပစ္စည်းအရည်အသွေးက နည်းပညာကိုတောင်းဆိုလာသည်။နည်းပညာကို တောင်းဆိုလာသောအခါ ထိုင်ဝမ်အာ ဏာရှင်များအနေဖြင့် ပညာရေးနှင့်လူသားအရင်းအမြစ်များတွင် ငွေသုံးပေးရတော့သည်။

ထိုင်ဝမ်အာဏာရှင်များသည်လည်း ပညာရေးကဏ္ဍအသီးသီးတွင် အလုံးအရင်းဖြင့် ငွေကုန်ကျခံကာတည်ဆောက်သည်။သက်မွေးဝမ်းကျောင်းနှင့်လုပ်ငန်းလိုအပ်ချက်အရ သင်တန်းများတွင်လည်း ထိုင်ဝမ်အာဏာရှင်အစိုးရမှ ရင်းနှီးမြုပ်နှံထားသည်။

ဤသို့ဖြင့် ပညာတတ်သော၊နည်းပညာနှင့်ကျွမ်းကျင်မှုရှိသော လုပ်သားအရင်းအမြစ်များအားကောင်းလာတော့သည်။

ချေယီဘို(Cheabols)များအစား SME ကိုသာရှေ့တန်းတင်ပေးသော ထိုင်ဝမ်အာဏာရှင်များ။

စီးပွားရေးအား ဆွဲတင်ရာတွင် တောင်ကိုးရီးယားအာဏာရှင်များက ချေယီဘို အုပ်စုများကိုမွေးထုတ်ကာဆွဲတင်သော်လည်း ထိုင်ဝမ်အာဏာရှင်များကတော့ ထိုသို့မပြုလုပ်ခဲ့ပေ။

ထိုင်ဝမ်အာဏာရှင်များက ( Small and Medium Enterprises (SMEs)အသေး
စား၊အလတ်စားစီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးစေခဲ့သည်။စီးပွားရေးလုပ်ငန်းများကို ကနဦးပိုင်းတွင် ထိုင်ဝမ်အာဏာရှင်များက ထိန်းချုပ်ထားသည်။

ထိုစီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့လွဲပြောင်းရာတွင် ခရိုနီလက်ဝါးကြီးအုပ်ဝါဒစနစ် ပေါ်မလာနိုင်အောင်အားစိုက်ကာ SMEs များဖြင့် ကွန်ရက်ဖြန့်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်၏ SMEs များအတွက် လိုအပ်သောနည်းပညာ၊အရင်းအမြစ်၊လုပ်သားကျွမ်းကျင်မှု၊ဈေးကွက် စသည့်လိုအပ်ချက်များတွင် ထိုင်ဝမ်အာဏာရှင်များက အပံ့အပိုးများပေးခဲ့သည်။

ဈေးကွက်၏လိုအပ်ချက်ကိုလိုက်၌ အပြောင်းအလဲကို ချက်ချင်းပြုလုပ်နိုင်ခြင်း၊SMEs လုပ်ငန်းအချင်းချင်းကြားတွင် ကွန်ရက်သဖွယ်ချိတ်ဆက်ဆောင်ရွက်မှုက အားကောင်းခြင်းကြောင့် ထိုင်ဝမ်၏ SMEs များ၏ အရည်အသွေးများဖြစ်သည်။

ထိုင်ဝမ်အာဏာရှင်များသည် စီးပွားရေးနှင့်လူမှုအဆောက်အအုံအပေါ် တောင်ကိုးရီးယားအာဏာရှင်များထက် စိတ်ရှည်စွာ အသေးစိတ်ခေါင်းစားခံပေးသည်ဟု ဆိုရမည်ဖြစ်သည်။

တောင်ကိုးရီးယားကဲ့သို့ လူမှုသြဇာအာဏာရှိသော အခွင့်ထူးခံစီးပွားရေးအလွှာမျိုးက ထိုင်ဝမ်တွင်ပေါ်မလာခဲ့ပေ။ ဈေးကွက်အား လက်ဝါးကြီးအုပ်စနစ်အား ထိုင်ဝမ်အာဏာရှင်များက SMEs ဖြင့် တိုက်ဖျက်ပြသွားခဲ့သည်။

မြေယာပြုပြင်ပြောင်းလဲရေးကို သက်ဆိုင်ရာအုပ်စု အားလုံးပါဝင်သော ငြိမ်းချမ်းသည့်လမ်းကြောင်းဖြင့် ၁၉၅၀ ပြည့်လွန်ကာလများတွင် ဆောင်ရွက်နိုင်ခဲ့သည်။

မြေယာအားပြန်လည်ခွဲဝေပေးရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့်ရိုးရာအစဉ်အလာအရ မြေရှင်ကြီးများ၊မြေဧကများစွာပိုင်သောသူများကြားတွင် ပဋိပက္ခမဖြစ်ခဲ့ပေ။

မြေယာအားပြန်လည်ခွဲဝေပေးရေးက စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်လာနိုင်သည်။စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှုသည်အစားအစာဖူလုံမှုနှင့် စက်မှုလုပ်ငန်းများအ တွက် ကုန်ကြမ်းပစ္စည်းပေါများမှုကိုဖြစ်စေသည်။

စိုက်ပျိုးရေးထုတ်ကုန်များကို စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းအဖြစ်အသုံးများများပြုလာသောအခါ စိုက်ပျိုးရေးထုတ်ကုန်များအားများများထုတ်၊များများရောင်း ဘက်ကိုရောက်စေသည်။စိုက်ပျိုးရေးထုတ်ကုန်များ များများထုတ်၊များများရောင်းခြင်းသည်”အဝယ်လိုက်ခြင်း”ဖြစ်သည်။

ထိုင်ဝမ်အာဏာရှင်များ၏လက်ထက် မြေယာပြုပြင်ပြောင်းလဲဝေခြမ်းရေးကြောင့် လူထုကြား ဝင်ငွေမညီမျှမှုပြဿနာကို နည်းစေခဲ့သည်။မြေယာပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ အကျိုး အမြတ်များ ထိုင်ဝမ်အတွက်ရှိခဲ့သော်လည်း အချို့သော ဒေသခံလူမျိုးစုများအတွက်တော့ ထိခိုက်နာကျင်မှုများရှိခဲ့သည်။

ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းများမှ ထိုင်ဝမ်အာဏာရှင်စီးပွားရေးတိုးတက်မှုကို ဆန်းစစ်ခြင်း။

ထိုင်ဝမ်အာဏာရှင်များ၏ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်သည် ဆိုရှယ်ဒီမိုကရေစီပုံစံတော့မဟုတ်ပေ။စီးပွားညရေးတည်ဆောက်မှုအားလေ့လာရာ တွင်ဆိုရှယ်ဒီမိုကရက်စံနှုန်းနှင့် ကိုက်ညီသော လုပ်ရပ်အချို့ရှိခဲ့ပါသည်။

ပညာရေးနှင့်လူသားအရင်းအမြစ်များကို ရင်းနှီးမြုပ်နှံခြင်း၊အသေးစား၊အလတ်စားလုပ်ငန်းများနှင့်ပတ်သက်၍အစိုးရမှအထောက်အပံများပေးခြင်း၊ဈေး ကွက်လွတ်လပ်ခွင့်ပေးခြင်းစသည့်အ ချက်များဖြစ်သည်။

ပါဝါဆုံချက် ဒုက္ခနှင့်အနီးအနားတရုတ်ပြည်မရှိ ကွန်မြူနစ်များ၏ ခြိမ်းခြောက်မှုက ကူမင်တန်ပါတီအား စစ်ရေးအခြေအနေ၊လုံခြုံရေးအခြေအနေက ဦးစားပေးဖြစ်ပုံရသည်။ကာကွယ်ရေးနှင့်လုံခြုံရေးအခြေအနေကြောင့် စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့သည်။

တာညောင်းရှည် စစ်အုပ်ချုပ်ရေးမျိုးက ကူမင်တန်ပါတီအား အာဏာရှင်အုပ်ချုပ်မှုဘက်ကို ရောက်စေခဲ့သည်။ ၁၉၄၀ပြည့်လွန်ကာလများမှ ၁၉၈၀ ပြည့်လွန်ကာလများထိ ထိုင်ဝမ်သည် တပါတီစနစ်အုပ်ချုပ်ရေးပုံစံကိုကျင့် သုံးနေခဲ့သည်။

ကူမင်တန်များ၏ တပါတီအုပ်ချုပ်ရေးပုံစံကို ကျင့်သုံးနေခြင်းသည် “တရုတ်ကွန်မြူနစ်ပါတီ” ကိုကြောက်၍သာဖြစ်သည်။အမေရိကန်ထီးရိပ်ခိုအောက်တွင် ကာကွယ်ရေး၊လုံခြုံရေးဆိုင်ရာအခြေအနေဆိုသည်က အကြောင်းပြချက်သာဖြစ်သည်။

ထိုင်ဝမ်၏ ဒီမိုကရက်တိုက်ဇေးရှင်းသည် တောင်ကိုးရီးယားဒီမိုကရေစီတိုက်ဇေးရှင်းလောက်တော့ လူထုအထိမနာခဲ့ပေ။

၁၉၈၀ခုနှစ်တွင် ထိုင်ဝမ် တပါတီကူမင်တန်အာဏာရှင်များကစစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်သည်။ထိုင်ဝမ်လူထုအနေဖြင့် ပညာရေးနှင့်ကုန်ထုတ်လုပ်မှု မြင့်မားသောရေချိန်ကိုလည်း ရောက်ရှိနေပြီး တပါတီအုပ်ချုပ်မှုအပေါ် အားပြိုင်လာချိန်လည်းဖြစ်သည်။

ထိုင်ဝမ် ကူမင်တန်တပါတီအာဏာရှင်များကိုယ်တိုင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပြုလာရတော့သည်။ထိုင်ဝမ်၏တပါတီ ကူမင်တန်အုပ်ချုပ်ရေးကာလတွင် နိုင်ငံလုံးဆိုင်ရာညီလာခံ (National Assembly) ရှိသည်။

ထိုညီလာခံက ထိုင်ဝမ်၏သမ္မတကို ရွေးပေးရသည်။ထိုညီလာခံကိုယ်စားလှယ်များကို လူထုကရွေးပေးရသည်။ ထိုင်ဝမ်၌ National Assembly ကိုယ် စားလှယ်ရွေးကောက်ပွဲအား ၁၉၄၈ခုနှစ်တွင်နောက်ဆုံးကျင်းပခဲ့သည်။

၁၉၄၇ခုနှစ်မှ စတင်ကာ တာဝန်ယူထားသော ကိုယ်စားလှယ်နှင့်ညီလာခံသည် ထိုင်ဝမ်၏သမ္မတကို ရွေးချယ်ပေးနေဆဲဖြစ်သည်။

ထိုညီလာခံကို သရော်သောအားဖြင့် ထို င်ဝမ်လူထုက “နှစ်တစ်သောင်းသက် တမ်းရှိသောညီလာခံ (Ten Thousands Year Assembly)”ဟုခေါ်ကြသည်။ 

ဤသို့ဖြင့် အမြီးအမောက်မတည့်မှုများကို ထိုင်ဝမ်လူထုသည် စိတ်မရှည်ဖြစ်လာပုံရသည်။

၁၉၉၀ခုနှစ် မတ်လတွင် ကျောင်းသားလူငယ်များကဦးဆောင်၍ ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲများ လမ်းမပေါ်တွင် ပေါ်ထွက်လာတော့သည်။

ထိုဒီမိုကေရစီ တောင်းဆိုမှုအား”ဖော်မိုဆာ လီလီပန်းလှုပ်ရှားမှု သို့မဟုတ် တောရိုင်းလီလီပန်းလှုပ်ရှားမှု (Wild lily movement) အဖြစ်ခေါ်ဆိုကြသည်။

“နှစ်တသောင်း သက်တော်ရှည် ညီီလာခံ”မှာလည်း တောရိုင်းလီလီပန်းလှုပ် ရှားမှုကြောင့် အသက်မဆက်နိုင်တော့ဘဲ ဖျက်သိမ်းလိုက်ရသည်။တပါတီ ကူမင်တန်အုပ်ချုပ်သူ သမ္မတ လီတန်ဟွိုင်(Lee Teng Hui)က ကျောင်းသားများနှင့် တွေ့ဆုံကာ ထိုင်ဝမ်အား ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရန် ကတိ ကဝတ်ပြုပေးခဲ့သည်။

၁၉၉၆ ခုနှစ်တွင် လွတ်လပ်သော သမ္မ တရွေးကောက်ပွဲကို ပါတီစုံဒီမိုကရေစီစနစ်ဖြင့် စတင်ကျင်းပနိုင်ခဲ့သည်။ပါ တီစုံဒီမိုကရေစီစနစ်ကို အစပြုသည့် ၁၉၉၆ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သူမှာလည်း ကူမင်တန်ပါတီနှင့်သမ္မတလီတန်ဟွိုင်သာဖြစ်သည်။

လီတန်ဟွိုင်လေးနှစ်သက်တမ်းပြည့်ပြီးနောက် ၂၀၀၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် DPP ပါတီကအနိုင်ရကာ ချန်ရွှိုင်းဗျန် (Shen Shui Bian) က သမ္မတဖြစ် လာခဲ့သည်။လီတန်ဟွိုင်က ချန်ရွှိုင်းဗျန်းထံ အာဏာလွဲပြောင်းမှုသည် ငြိမ်းချညမ်းစွာဖြစ်ပေါ်ခဲ့သည်။

ထိုင်ဝမ်၏ တပါတီအာဏာရှင်အုပ်ချုပ်ရေးသင်ခန်းစာနှင့်အာရက္ခလူ့ဘောင်အပေါ် ဆန်းစစ်ချက်။

ထိုင်ဝမ်တွင် တပါတီအာဏာရှင်ပုံစံဖြစ်ပေါ်ခဲ့မှုသည် ကွန်မြူနစ် တရုတ်ပြည်နှင့်ပါဝါအားပြိုင်မှုကြောင့်ဖြစ်သည်။ တောင်ကိုးရီးယားတွင်လည်း အာဏာ ရှင်ပေါ်လာခြင်းမှာ ကွန်မြူနစ်များနှင့် အားပြိုင်မှုကြောင့်ဖြစ်သည်။

သို့သော် ထိုင်ဝမ်ရော၊တောင်ကိုးရီးယားပါ အာဏာရှင်ပုံစံဖြစ်ခဲ့သော်လ ည်း အမေရိကန်ထီးရိပ်ကိုခိုနိုင်ခဲ့သည်။ ထိုအတွက်လည်း အရင်းရှင်စီးပွားရေးပုံစံက လမ်းကြောင်းသွယ်ဖယ်မသွားခဲ့ပေ။

အာရက္ခလူ့ဘောင်သည်လည်း အာရက္ခတပ်တော်မှ အာရက္ခပြည်နေရာအား လုံးကို ထိန်းချုပ်နိုင်ပြီဆိုသည့်တိုင် အောင် တိုင်ဝမ်နှင့်တရုတ်ပြည်အား ပြိုင်သကဲ့သို့ စကစနှင့်အားပြိုင်မှုကလည်း အချိန်ကာလတခုထိ ဆက်ရှိနေမည်သာဖြစ်သည်။

တဖက်တွင် ARSA၊ RSOနှင့် ARA ကဲ့သို့ အကြမ်းဖက်လက်နက်ကိုင်အုပ်စုများကလည်း ရှိနေမည်ဖြစ်သည်။

ထိုကဲ့အားပြိုင်မှုများက အာရက္ခလူ့ ဘောင်အား ကာလတာရှည်သည့် တပါတီအုပ်ချုပ်ရေးနှင့်စစ်အုပ်ချုပ်ရေးပုံစံဘက်ကို ရောက်ရှိစေနိုင်သည်။

အရင်းရှင်စီးပွားရေးကို အခြေပြုကာ ဒီမိုကရက်စံနှုန်းကိုကျင့်သုံးသည့် အမေရိကန်ကဲ့သို့ နိုင်ငံများ၏ထီးရိပ်သည်လညည်း အာရက္ခလူ့ဘောင်အပေါ် လက်ရှိ အခြေအနေတွင် ကျရောက်လာနိုင်ချေလည်းမရှိပေ။

လက်ရှိကမ္ဘာကြီး၌ အမေရိကန်နှင့်အ နောက်အုပ်စုများမှ တင်သွင်းသော ဒီမိုကရေစီသည် အချို့နေရာဒေသများ၌ မအောင်မြင်တတ်သည်မှာမှန်သော် လည်း ရုရှား၊တရုတ်ကဲ့သို့ နိုင်ငံများ ၏အကူအညီဖြင့် စီးပွားရေးထောင်တက်သွားသော လူ့အဖွဲ့အစည်းဆိုသ ည်မှာလည်း ယနေ့အထိမရှိသေးပေ။

အကယ်၍သာ တောင်တရုတ်ပင်လယ်ပြင်အတွင်း တင်းမာမှုများက ဆက်ရှိနေလျှင်အာရက္ခဒေသသည် အားပြိုင်မှုပြင်းထန်သည့် ပါဝါဆုံချက်နေရာများထဲမှတခုလည်းဖြစ်သွားနိုင်စရာရှိသည်။

ထိုသို့ဖြစ်နေလျှင် နောက်ထပ်ဇတ်ကောင်အသစ်များလည်း ပေါ်လာနိုင်ချေရှိသေးသည်။

ဤသို့ဖြင့် အာရက္ခလူ့ဘောင်သည် အားပြိုင်မှုအသီးသီးကြားတွင် “စစ်ပုံသွင်းခံထားရသော လူ့ဘောင်” ဘက်ကိုလည်း ရောက်သွားနိုင်စရာရှိနေသေးသည်။

လက်ရှိတွင်ပင် ARSA၊ RSO၊ ARA ကြောင့် လူမျိုးစုငယ်တချို့အပေါ် စစ်ပုံသွင်း ဝန်ထုတ်ဝန်ပိုးများ ဖြစ်လာသည်ကို တွေ့နေရသည်။

အရင်းရှင်စနစ်နိုင်ငံများ၏ စောင်မမှုမရှိဘဲ”စစ်ပုံသွင်းဝန်ထုတ်ဝန်ပိုးသည် အ ချိန်ကြာလာသည်နှင့်အမျှ လူမျိုးစုငယ်များနှင့်အောက်ခြေလူထုအပေါ် ကြီးစွာရိုက်ခတ်လာမည်လည်းဖြစ်သည်။

ထိုင်ဝမ်၏အာဏာရှင်များက စီးပွား ရေးကို ဆွဲတင်ရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဆွဲတင်ခဲ့သည်။

အာရက္ခလူ့ဘောင်တွင် အသေးစား၊အ လတ်စားလုပ်ငန်းများနှင့်ပတ်သက်၍ အုပ်ချုပ်သူများက စိတ်ဝင်စားပုံလည်းမရေချေ။ဖြစ်တန်ရာအရှိဆုံးက ခရိုနီလူတန်းစားသစ်တရပ်ကို ထပ်ပေါ်လာရန်သာ တာစူနေပုံရသည်။

ထိုထက်မက စိုက်ပျိုးရေး၊မွေးမြူရေး၊ ရေလုပ်ငန်း၊သစ်တောစသည့်ကဏ္ဍများတွင် အချောင်နိုက်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ၊လက်ဝါးကြီးအုပ်မှုများ၊ ကိုသာ ခေတ်သစ်ခရိုနီများက အာရက္ခဘောင်ထဲ ဆွဲခေါ်လာနိုင်ချေလည်းရှိနေသည်။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ အာရက္ခလူ့ဘောင်၏ အုပ်ချုပ်သူများထံမှ မည်သည့်မှတ်ချက်မှ ကြားရခြင်းလ ည်းမရှိသေးပေ။မိမိ၏ ပြည်တွင်းဈေး ကွက်ကို ကျားကန်ခြင်းဆိုသည်မှာ နည်းပညာနှင့်ပညာမဏ္ဏိုင်ဗဟိုပြုကာ ချဉ်းကပ်သည့် ပုံစံမဟုတ်သေးပေ။

ပြည်မဖြစ်အရက်များကို ပိတ်ပင်သည်ဟုဆိုကာ အစားထိုးဒေသထုတ်အရက်များကို မသောက်ချင်လည်းသောက်၊ သောက်ချင်လည်းသောက် ပုံစံမျိုးသာဖြစ်နေသည်။ပြည်တွင်းဈေးကွက်အ ပေါ် မိမိ၏ဒေသထွက်ကုန်အတွက် ဦး စားပေးစဉ်းစားမှုသည် အမှားတော့မဟုတ်ပေ။

သို့ရာတွင် ထုတ်ကုန်တခုပေါ်လာလျှင် အုပ်ချုပ်သူဘက်မှ အရည်အသွေးကိုပိုမြင့်တင်ရန် အထောက်အပံ့များပေးခြင်းနှင့်ဈေးကွက်အား ပြည်တွင်းထက် ပိုမိုကျယ်ပြန့်စေရန် နည်းလမ်းရှာခြင်းမျိုးကား လက်ရှိအနေအထားထိ ဘယ်မှာမှန်းမသိပေ။

မီဇိုရမ်သည် ဝက်သားလိုအပ်ချက်မြင့် မားသော နေရာဖြစ်သည်။မီဇိုရမ်၏ ဒေသရာသီဥတုနှင့်ဝက်မွေးမြူရေးသ ည် စိန်ခေါ်ချက်ရှိနေသည်။

အကယ်၍ ဝက်သားခြောက်ကဲ့သို့ ထု တ်ကုန်မျိုးသည် မီဇိုရမ်နှုန်းထားသက် သက်သာသာနှင့် တင်သွင်းနိုင်ပါက အဆင်ပြေနိုင်သည်။

အာရက္ခပြည်၏ ဝက်မွေးမြူရေးသည် မီဇိုရမ်လောက်လည်း ရာသီဥတုဆိုင်ရာစိန်ခေါ်ချက်မရှိပေ။လက်ရှိတွင် မီဇိုရမ်ပေါ်လစီအရ ရောင်းသူနေရာတွင်နေပြီး ဝယ်သူနေရာတွင် အာရက္ခပြည်ကရှိနေပစေအုံးတော့။

အကယ်၍ မီဇိုရမ်၏ လိုအပ်ချက်အား သက်သက်သာသာနှင့်အထောက်အကူပြုပေးနိုင်ပါက ထိုကုန်ပစ္စည်းသည် ဈေးကွက်ရှိနေမည်သာဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည်လည်း ငါးလိုအပ်ချက်များရှိနေသည်ပင်။

အာရက္ခဒေသ၏ မတည်ငြိမ်မှုက မြန် မာ-ဘင်္ဂလားကုန်သွယ်မှုကိုထိခိုက်ခဲ့သည်။ထိခိုက်သောကြောင့် ဘင်္ဂလားဒေ့ရှ်သည် ငါးလိုအပ်ချက် ပျောက်မသွားပေ။အကျိုးဆက်က ဘင်္ဂလားငါးဖမ်းဘုတ်များ အာရက္ခရေပိုင်နက်ထဲ ဝင်ငါးဖမ်း၍ အာရက္ခတပ်တော်က လိုက်ဖမ်းနေရသည်ဆိုယုံဖြင့်လည်း ပြီးသွားမည့်ကိစ္စမဟုတ်ပေ။

စိန်ခေါ်ချက်ကို အခွင့်အရေးအဖြစ်အသုံးချရန် ULA/AAသည်ထက်သန် သော အဖွဲ့အစည်းဖြစ်သည်ဟု ကြွေး ကြော်ထားမှုကရှိသည်။

ဘင်္ဂလားဒေ့ရှ်၏ ငါးလိုအပ်ချက်ကိုလည်း တနည်းတဖုံဖြည့်ဆည်းနိုင်ရန်နှင့်အာရက္ခဒေသ၏ ငါးလုပ်ငန်းလည် ပတ်စေရန် နည်းလမ်ရှာရမည်ဖြစ်သ ည်။

ထိုင်ဝမ်၏ ကူမင်တန်တပါတီအာဏာ ရှင်များက အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် စိတ်ရှည်ခဲ့ကြသာည်။အကျိုးဆက်က တောင်ကိုးရီးယားလိုမျိုး စီးပွားရေးအခွင့်ထူးခံများ သိပ်ပေါ်မလာဘဲ စီးပွားရေးက တိုးတက်ခဲ့သည်။

အာရက္ခလူဘောင်၏အုပ်ချုပ်ရေးထဲတွင် ပါဝင်နေသူအချို့ကလည်း ပြန်လ ည်တည်ထောင်စအာရက္ခပြည်အား တပါတီပုံစံဖြင့် ချီတက်မှုကို သဘောကျနေကြသည်။

သို့သော် ထိုင်ဝမ်အာဏာရှင်များလိုမျိုး အသေးစားနှင့်အလတ်စားလုပ်ငန်းများကို စိတ်ရှည်မှုရှိမည်လားတော့ မပြောတတ်ပေ။ထိုင်ဝမ် အာဏာရှင်များက ထိုင်ဝမ်၏ ဒီမိုကရေစီတိုက်ဇေးရှင်းကို လိုလိုလားလားနှင့်ပြုလာခဲ့သည်။

အာရက္ခလူ့ဘောင်၏ ဒီမိုကရေစီတိုက်ဇေးရှင်းကို အာရက္ခပြည်၏အုပ်ချုပ်သူများက ကာလမည်မျှသတ်မှတ်မည်ကိုတော့ မသိ။ သို့မဟုတ် တပါတီဦး ဆောင်မှုပုံစံဖြင့် အာရက္ခလူ့ဘောင်အ တွက် ဒီမိုကရေစီတန်ဖိုးများကို အုတ် မြစ်ချတည်ဆောက်မည်လားတော့မသိပေ။

အာရက္ခပြည်၏အနာဂတ်ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် တောင်ကိုးရီးယားလောက်လည်း အထိမနာစေလို၊ ထိုင်ဝမ်ကဲ့သို့ တောရိုင်းပန်းလီလီယန် ဖော်မိုဆာနမ် လှုပ်ရှားမှုမျိုးဖြင့်သာ သိမ့်မွေ့စေချင်ပေသည်။

ဓာတ်ပုံ မူရင်းတိုင်ပေတိုင်းမ်

  • Wild Lily Movement

PrevPreviousကန်ရေကန်ကာကင်းစစ်ကြောင်းတိုက်ခိုက်ခံရလို့ကိုးဦးသေ (ဓာတ်ပုံသတင်း)
Nextညီနောင်မဟာသုံးဖွဲ့အပစ်ရပ်သက်တမ်းတလတိုး (သတင်းတို)Next
Previous Post

ကန်ရေကန်ကာကင်းစစ်ကြောင်းတိုက်ခိုက်ခံရလို့ကိုးဦးသေ (ဓာတ်ပုံသတင်း)

Next Post

ညီနောင်မဟာသုံးဖွဲ့အပစ်ရပ်သက်တမ်းတလတိုး (သတင်းတို)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - ONN

မြောက်ဦးရှိ မူဆလင်ဝါဖြေပွဲသို့ ULA/AA တာဝန်ရှိသူများတက်ရောက်

March 17, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၅

March 17, 2026
Photo - Mamata Banerjee

ကတ္တားတားမြို့မှာ ဓာတ်ငွေ့စျေးနှုန်းကြီးမြင့်မှုကို လူထုစီတန်းလှည့်လည်ပွဲနဲ့ကန့်ကွက်

March 17, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆီသိုလှောင်ကန်တွေဒရုန်းတွေနဲ့တိုက်ခိုက်ခံရ

March 17, 2026

အမေရိကန် ​USS Gerald R. Ford သင်္ဘောပေါ်က မီးလောင်မှုပိုပြင်းထန်နေ

မြောက်ဦးရှိ မူဆလင်ဝါဖြေပွဲသို့ ULA/AA တာဝန်ရှိသူများတက်ရောက်

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၅

ကတ္တားတားမြို့မှာ ဓာတ်ငွေ့စျေးနှုန်းကြီးမြင့်မှုကို လူထုစီတန်းလှည့်လည်ပွဲနဲ့ကန့်ကွက်

​ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆီသိုလှောင်ကန်တွေဒရုန်းတွေနဲ့တိုက်ခိုက်ခံရ

​MNDAA နဲ့ TNLA အကြားပစ်ခတ်မှုဖြစ်နေတာကိုရပ်ဖို့ SRA တိုက်တွန်း

Releated Post

အမေရိကန် ​USS Gerald R. Ford သင်္ဘောပေါ်က မီးလောင်မှုပိုပြင်းထန်နေ

March 17, 2026
Photo - ONN

မြောက်ဦးရှိ မူဆလင်ဝါဖြေပွဲသို့ ULA/AA တာဝန်ရှိသူများတက်ရောက်

March 17, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၅

March 17, 2026
Photo - Mamata Banerjee

ကတ္တားတားမြို့မှာ ဓာတ်ငွေ့စျေးနှုန်းကြီးမြင့်မှုကို လူထုစီတန်းလှည့်လည်ပွဲနဲ့ကန့်ကွက်

March 17, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆီသိုလှောင်ကန်တွေဒရုန်းတွေနဲ့တိုက်ခိုက်ခံရ

March 17, 2026

​MNDAA နဲ့ TNLA အကြားပစ်ခတ်မှုဖြစ်နေတာကိုရပ်ဖို့ SRA တိုက်တွန်း

March 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page