Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဆွေမျိုးစုကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီနှင့်ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက် ၁။

Author picture

By

BNA Author
Reading Time: 8 mins read
1
A A
0
SHARES
45
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ မေ ၂၁။

ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် အပိုင်း ၂။

နိုင်ငံအချို့၏စနစ်၊မူဝါဒအပြောင်းအလဲနှင့်ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အစ…။

ဆွေမျိုးစုကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီနှင့်ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက် ၁။

အီရီထရီးယား(သို့မဟုတ်) အပြင်းစားဆိုရှယ်ဒီမိုကရေစီ။

အီရီထရီးယား(Eritrea)သည် အီသီယိုပီးယား၏မြောက်ဘက်ပိုင်းတွင်တည်ရှိသည်။

အီရီထရီယားကား ၁၈၉၀ ခုနှစ်မှ ၁၉၄၁ ခုနှစ်ထိ အီတလီ၏ကိုလိုနီနယ်မြေဖြစ် သည်။အီသီယိုပီးယားကား တမျိုးတဘာသာ၊ပဒေသရာဇ်ခေတ်ကာလ ၁၈၉၆ ခုနှစ်၊ဘုရင်မန်နီလက်ခ် (Emperor Menelik II)လက်ထက် အဒ္ဒီဝါတိုက်ပွဲ(Battle of Adwa) တွင် အီတလီတပ်ဖွဲ့များကို နိုင်ခဲ့သည်။

အဒ္ဒီဝါတိုက်ပွဲကား အီသီယိုပီးယားသ မိုင်းအတွက် ဂုဏ်ယူစရာဖြစ်ခဲ့သည်။

ယင်းနောက် အီသီယိုပီးယားသည် ကာလရှည်ကိိုလိုနီဖြစ်ခဲ့သည်တော့မဟုတ်ပေ။

၁၉၃၆ ခုနှစ်မှ ၁၉၄၁ ခုနှစ်ထိ ငါးနှစ်ကာလဖက်ဆစ်အီတလီကသိမ်းယူခဲ့သော်လည်း ဗြိတိန်၏အကူအညီဖြင့် အီတလီကို ၁၉၄၁ ခုနှစ်တွင် တွန်းလှန်နိုင်ခဲ့ပြီး ဘုရင်ဟိုင်းလေးဆီလစ္စီ (Emperor Haile Selassie)က ပြန်လ ည်စိုးစံခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ဗြိတိန်က အီသီယိုပီးယား၏လွတ်လပ်ရေးကို တရားဝင်အသိအမှတ်ပြုပေးခဲ့သည်။

၁၉၄၄ ခုနှစ်၊အင်္ဂလို- အီသီယိုပီးယန်း သဘောတူညီချက်က အချုပ်အခြာအာဏာကို ပိုခိုင်မာစေခဲ့သည်။

အီရီထရီးယားကား ထိုသို့မဟုတ်ပေ။ အီတလီလက်အောက်တွင် နှစ်ပေါင်း ငါးဆယ်လောက်ထိ ဆက်တိုက်နေလာခဲ့သည်။ အီတလီများအုပ်ချုပ်စဉ်ကာ လအတွင်း အီရီထရီယားအနေဖြင့် အုပ် ချုပ်ရေး၊စက်မှုဖွံဖြိုးမှု၊အခြေခံအဆောက်အအုံနှင့်အစိုးရယန္တရားတွင် အီသီယိုပီးယားထက်တော့ သာလွန်ခဲ့သ ည်။

ဒုတိယကမ္ဘာစစ်တွင် အီတလီများစစ်ရှုံးခဲ့ပြီးနောက် အီရီထရီယားကား ကုလသမဂ္ဂ၏စီမံခန့်ခွဲမှုအောက်တွင်ရှိလာခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် အီရီထရီးယား၏ ကံကြမ္မာကိုဆုံးဖြတ်ရန်အတွက် အီရီထရီးယားလူထုထံမှ သဘောထားဆန္ဒကို တောင်းခံရန် ကော်မရှင်တရပ်စေလွှတ်ခဲ့သည်။

အီရီထရီးယားအနေဖြင့် လုံးဝလွတ်လ ပ်ရေးယူမည် သို့မဟုတ် အီသီယိုပီးယား၏အစိတ်အပိုင်းအနေဖြင့်နေမည် သို့မဟုတ် အီသီယိုပီးယားနှင့်ပြည် ထောင်စုဖွဲ့မည်စသဖြင့် သဘောထားအမြင်သုံးခုအောက်တွင် အခြေအတင်ဆွေးနွေးရတော့သည်။

အမှန်တော့ အီရီထရီးယားနှင့်အီသီယိုပီးယားတို့မှာ သမိုင်းကြောင်းနှင့်ယဉ် ကျေးမှုဆိုင်ရာဆက်နွယ်မှုကရှိသည်။ အီသီယိုပီးယား၏ကုန်းမြင့်နေ လူမျိုးများနှင့်အီရီထရီးယား ကုန်မြင့်နေ လူ မျိုးများမှာ ဆက်နွယ်မှုရှိသည်။

အီရီထရီးယားအနေဖြင့်အီသီယိုပီးယားနှင့်ပေါင်းပါက အီသီယိုပီးယား၏ကျယ်ပြန့်သောလူဦးရေဈေးကွက်ကို ရရှိမည်ဖြစ်ပြီး အီသီယိုပီးယားအနေဖြင့်လည်း အီရီထရီးယား၏မာဆာဝါ (Massawa)နှင့်အစ်ဘတ်(Assab) ပင်လယ်ဆိပ်ကမ်းများကို အသုံးပြုနိုင်ကာ ကုန်းတွင်းပိတ်ဘဝက လွတ်မည်ဖြစ် သည်။

ကုလသမဂ္ဂနှင့်အမေရိကန်က ပြည် ထောင်စုမူကို ပို၍ထောက်ခံပေးကြသည်။အီရီထရီးယား၏လုံးဝလွတ်လပ်ရေးယူမည့်အုပ်စုနှင့်အီသီယိုပီးယားနှင့် ပေါင်းချင်သည့်အုပ်စုကြား ဆွေးနွေးကြရာ ပြည်ထောင်စုမူသည် နှစ်ဖက်လ က်ခံနိုင်သော ရလဒ်ဖြစ်လာသည်။

အီရီထရီးယားအနေဖြင့် အီသီယိုပီးယားပြည်ထောင်စုတွင် ကိုယ်ပိုင်အချု ပ်အခြာအာဏာရှိသည်။ပြည်ထောင်စုအနေဖြင့် ကာကွယ်ရေး၊နိုင်ငံခြားရေး၊ ငွေကြေး၊ဘဏ္ဏာရေး၊ပြည်ထောင်စုတွ င်းကုန်သွယ်ရေးနှင့်ဆက်သွယ်ရေးစသ ည့်လုပ်ပိုင်ခွင့်များကို ကိုင်ထားမည်ဖြ စ်သည်။

ဤသို့ဖြင့် အီရီထရီးယားသည် ၁၉၅၂ ခုနှစ်၊ ကုလသမဂ္ဂ၏ရီဆော်လူးရှင်း ၃၉၀(V) အရ အီသီယိုပီးယားနှင့်ပြည်ထောင်စုဖွဲ့ခဲ့သည်။

သို့သော် အီသီယိုပီးယားက အီရီထရီးယားကို တန်းတူရည်တူမပေးချင်ပေ။ အီရီထရီယား၏အချုပ်အခြာအာဏာကို အမျိုးမျိုးကန့်သတ်လာသည်။ကန့် သတ်လာယုံဖြင့်အားမရ အီသီယိုပီးယားဘုရင်ဟိုင်းလေဆီလစ္စီက ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုမူအား တဖက်သတ်ဖျက်သိမ်းကာ အီရီထရီးယားအား သိမ်းယူတော့သည်။

အီရီထရီးယားအား သိမ်းယူပြီးနောက် အီသီယိုပီးယားဘက်က အီရီထရီးယား၏နိုင်ငံရေးလှုပ်ရှားမှုများကို ဖိနှိပ် သည်။အာရပ်ဘာသာစကားနှင့်တီဂရီညာ(Tigrinya)ဘာသာစကားများကို ကျောင်းတွင် ပိတ်ပင်သည်။အီရီထရီးယား သရုပ်လက္ခဏာကိုလည်း ပိတ်ပင်ဖိနှိပ်တော့သည်။

ဤသို့ဖြင့် အီရီထရီးယားသည် လက် နက်ကိုင်လမ်းစဉ်ကိုစွဲကိုင်ရတော့သည်။ အီရီထရီးယားလွတ်လပ်ရေးတပ်ဦး (Eritrea Liberation Front – ELF) ကို ဖွဲ့စည်းကာ လွတ်လပ်ရေးကို တောင်းဆိုတော့သည်။

နောက်ပိုင်းတွင် အီရီထရီးယားပြည်သူ့ လွတ်လပ်ရေးတပ်ဦး (Eritrea People Liberation Front – EPLF) က ပို၍ပီပြင်လာသည်။

၁၉၉၁ခုနှစ်တွင် အီသီယိုပီးယားတပ်များကို တိုက်ထုတ်နိုင်လာခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် အီရီထရီးယားက လွတ်လပ်ရေးကိုရယူနိုင်ခဲ့သည်။

ဆိုမာလီလန်(သို့မဟုတ်)ဆွေမျိုးစုကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီ

အာဖရိက၏အဘီစ်ဆင်နီးယား (Abyssinia)အင်ပါယာသည် ၁၂၇၀ ခုနှစ်လောက်မှ၁၉၇၄ခုနှစ်ထိ နှစ်ပေါင်းငါးရာနီးပါးတည်တံ့ခဲ့သည်။ အဘီစ်ဆာင်နီးယားအား အီသီယိုပီးယားအင်ပါယာဟုလည်း ခေါ်ကြသည်။

အဆိုပါအီသီယိုပီးယားအင်ပါယာ၏ နောက်ဆုံးဘုရင်မှာ အထက်တွင်ဖော်ပြခဲ့သော ဘုရင်ဟိုင်းလေဆီလစ္စီ (Emperor Haile Selassie)ဖြစ်သည်။ အီသီယိုပီးယားအင်ပါယာ၏အရှေ့ဖ က်တွင် ကြံဦးချိုနှင့်အလားသဏ္ဍာန်တူသောနယ်မြေ၌ ဆိုမာလီယာလူမျိုး စုများနေထိုင်ကြသည်။ကြံဦးချိုနှင့် အ လားသဏ္ဍာန်တူသောနယ်မြေအား အာဖရိကဦးချို(Horn of Africa)ဟုလည်း ခေါ်ကြသည်။

အီသီယိုပီးယားသည်လည်းကောင်း၊ဆိုမာလီယားသည်လည်းကောင်း ဥရောပ၊အာရတ်နှင့်အာဖရိကယဉ်ကျေးမှုများပေါင်းဆုံသည့်နေရာများဖြစ်သည်။

သမိုင်း၊ ယဉ်ကျေးမှု၊ စာပေမှအစ ဂုဏ်ရောင်ထွန်းပြောင်ခဲ့သောနယ်မြေများဖြစ်သည်။

ဆိုမာလီယာများအနေဖြင့် အီသီယိုပီးယားအင်ပါယာ၏အမြဲတန်းလက် အောက်ခံမဟုတ်ဘဲ၊ အီသီယိုပီးယားများသည်လည်း ဆိုမာလီယာ၏အမြဲတန်းလက်အောက်ခံမဟုတ်ကြပေ။

အဘီစ်ဆင်နီးယားအင်ပါယာနှင့်မဟာဆိုမာလီယာမြေပုံ (ပုံ-1)

ဆိုမာလီယားလူမျိုးစုများ နေထိုင်ကြသော အာဖရိကဦးချိုဒေသအား “မဟာဆိုမာလီယာ” (Greater Somalia)ဟုလည်းခေါ်ကြသည်။

အဆိုပါမဟာဆိုမာလီယာနယ်မြေများအားလုံးသည် အုပ်ချုပ်မှုတခုတည်းအောက်တွင်ရှိနေသည်မဟုတ်ခဲ့ပေ။ကိုးရာစုမှစတင်ကာ ဆိုမာလီယားဆူလတန်အဆက်ဆက်က မဟာဆိုမာလီးယားနယ်မြေအသီးသီးတွင် ထီးပြိုင်နန်းပြိုင်အုပ်ချုပ်ကြသည်။

၁၃ ရာစုမှ ၁၆ ရာစုထိ တည်တံခဲ့သော အာဂျူရန်ဆူလတန်နိတ်(Ajuran Sulatanate)များ လက်ထက်တွင် မဟာဆိုမာလီးယားနယ်မြေများ၏အစိတ်အပိုင်းအများအပြားကို စုစည်းအုပ်ချုပ်နိုင်ခဲ့သည်။အာဂျူရန်ဆူလတန်နိတ်နောက်ပိုင်းတွင် အုပ်ချုပ်သည့်ဆူလတန်နိတ်များ၏နယ်မြေသည် မကျယ်ဝန်းတော့ပေ။

အဆိုပါဆူလတန်နိတ်များသည်လည်း အီသီယိုပီးယား(အဘီစ်ဆင်းနီးယား) အင်ပါယာ၏ဆော်လမွန်မင်းဆက်နှင့် ခေတ်ပြိုင်ယှဉ်ပြိုင်ဘက်များအဖြစ်ရပ်တည်နိုင်သူများပင်ဖြစ်သည်။

၁၉ ရာစုနောက်ပိုင်းတွင် ဆိုမာလီဆူလတန်နိတ်များ၏နယ်မြေများကို ဥရောပသားများက သိမ်းကာကိုလိုနီပြုတော့သည်။

ဤသို့ဖြင့်မဟာဆိုမာလီးယားနယ်မြေသည် ဖရဲသီးစိတ်သကဲ့သို့ အစိတ်စိတ်အပိုင်းပိုင်းအဖဲ့ခံရတော့သည်။

လက်ရှိကင်ညာနိုင်ငံ၏အရှေ့မြောက်ဘက်တွင်ရှိသောနေရာဒေသအချို့သ ည်လည်း မဟာဆိုမာလီယာနယ်မြေများပင်ဖြစ်သည်။

ထိုနယ်မြေများကို မြောက်ဘက်နယ်မြေစီရင်စုများ(North Friontier District – NFD) ဟုခေါ်သည်။

ထိုမြောက်စီရင်စုများကိုလည်း ဗြိတိန်မှ (၁၈၈၈ခုနှစ်မှ၁၉၁၀ခုနှစ်ထိ)သိမ်းယူခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် လွတ်လပ်ရေးပေးသော်အခါ ဆိုမာလီယာထဲတွင် ထည့်သွ င်းရန်စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွ င် ဗြိတိန်များက ကင်ညာနိုင်ငံထဲထည့် သွင်းလိုက်တော့သည်။

ဤသို့ဖြင့် မဟာဆိုမာလီးယာနယ်မြေ ၏အိုဂါဒင်နယ်မြေများမှာ အီသီယိုပီးယားထဲပါသွားပြီး မြောက်စီရင်စုနယ် မြေများမှာ ကင်ညာနိုင်ငံထဲပါသွားခဲ့သ ည်။

ပြင်သစ်သိမ်းယူထားသော ဂျေဘုတ်တီနယ်မြေအား ပြင်သစ်က သီခြားလွတ် လပ်ရေးပေးလိုက်၍ လက်ရှိဂျေဘုတ်တီနိုင်ငံဖြစ်လာသည်။

သို့ဖွစ်၍ လက်ရှိဆိုမာလီယာ၏နယ် မွသေညျ အီတလီသိမ်းယူခဲ့သော မိုဂါဒစျရှူးနှငျ့အိန်ဒိယသမုဒ်ဒရာကမ်းခြေနေ ရာများ၊ဗြိတိန်သိမ်းယူခဲ့သော ဟာဂျီဆာ၊အေဒင်ပင်လယ်ကွေ့ကမ်းခြေနေ ရာများလောက်သာ ဖြစ်တော့သည်။

ဟာဂျီဆာနှင့်အေဒင်ပင်လယ်ကွေ့ကမ်း ခြေနယ်မြေများကို ဗြိတိန်က ၁၉၆၀ခု နှစ်၊ ၆ လပိုင်း ၂၆ ရက်နေ့တွင်လွတ်လ ပ်ရေးပေးလိုက်ပြီး ဆိုမာလီလန်နိုင်ငံဖြ စ်လာသည်။

မိုဂါဒစျရှူးနှငျ့အိန်ဒိယသမုဒ်ဒရာကမ်းခြေနယ်မြေများအား အီတလီမှ ၁၉၆၀ခုနှ စ်၊ ၇ လပိုင်း ၁ ရက်နေ့တွင် လွတ်လပ် ရေးပေးလိုက်ရာ ဆိုမာလီယာနိုင်ငံဖြစ် လာသည်။

အီတလီလွတ်လပ်ရေးပေးလိုက်သည့် ၁၉၆၉ ခုနှစ်၊ ၇ လပိုင်း ၁ ရက်နေ့တွင်ပင် ဆိုမာလီလန်နယ်မြေနှင့်ဆိုမာလီယာနယ်မြေပေါင်းစည်းကာ ဆိုမာလီယာသမ္မတနိုင်ငံဖြစ်လာသည်။

ဤသို့ပေါင်းစည်းကြခြင်းသည် “မဟာဆိုမာလီယာ” အယူအဆကြောင့်ဖြစ်သည်။ အီတလီကိုလိုနီဆိုမာလီယာနယ်မြေ၌ ၁၉၄၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ပေါ်ပေါက်လာသောဆိုမာလီလူင ယ်အဖွဲ့အချုပ်(Somali Youth League- SYL)သည်လည်းကောင်း၊ဗြိတိန်ကိုလိုနီ ဆိုမာလီလန်နယ်မြေတွင် ပေါ်ပေါက်လာသော ဆိုမာလီအမျိုးသားအဖွဲ့ချုပ် (Somali National League- SNL) သည်လည်းကောင်း”မဟာဆိုမာလီယာ” အယူအဆကိုကိုင်စွဲခဲ့ကြသည်။

SYL နှင့် SNL တို့၏ “ခေတ်သစ်မဟာဆိုမာလီ” အယူအဆကား ရှေးခေတ်ဆိုမာလီဆူလတန်နိတ်နယ်မြေများအားလုံးကို စုစည်းညီညွှတ်စွာဖြင့် တိုးတက်အေးချမ်းသော ဆိုမာလီယာလူ့ဘောင်ကို တည်ဆောက်မည့်အယူအဆဖြစ်သည်။

သို့သော် အထက်တွင်တင်ပြခဲ့သည့်အတိုင်း မဟာဆိုမာလီယာနယ်မြေအား လုံးသည် လက်ရှိဆိုမာလီယာနိုင်ငံထဲတွင် မပါဝင်နိုင်ခဲ့ပေ။

ကိုလိုနီလက်အောက်တွင်ရှိခဲ့သော မဟာဆိုမာလီယာနယ်မြေ (ပုံ-2)

ကိုလိုနီလက်အောက်တွင်ရှိခဲ့သော မဟာဆိုမာလီယာနယ်မြေ (ပုံ-2)
ကိုလိုနီလက်အောက်တွင်ရှိခဲ့သော မဟာဆိုမာလီယာနယ်မြေ (ပုံ-2)

မဟာဆိုမာလီအယူအဆဖြင့် ပေါင်းစည်းကြသည့် ဆိုမာလီလန်နှင့်ဆိုမာလီယာတွင်ပင်လျင် ပြဿနာပေါင်းသော င်းခြောက်ထောင်က သပွတ်အူလိုက်နေတော့သည်။

ဆိုမာလီယာ၏ပြဿနာသည်ကား အု ပ်စုစွဲပြင်းထန်မှုပင်ဖြစ်သည်။ ဆိုမာလီယာဆိုသောလူ့ဘောင်ထဲတွင် ဆွေမျိုးစု(Clan)များရှိကြသည်။ ဆွေမျိုးစုအုပ် စုများမှာဆိုမာလီယာသမိိုင်း၊ ယဉ်ကျေး မှုနှင့်ဘာသာစကားတူကြသော်လည်း ဒေသန္တရလေယူလေသိမ်းနှင့်နေရာဒေ သအလိုက်ကွဲပြားမှုကရှိကြသည်။

ဆွေမျိုးစုများတွင်လည်းဆူလတန်နိတ်အဆင့်ထိ တက်လှမ်းကာ မိမိနယ်မြေပေါ်တွင် ထွန်းပြောင်ခဲ့သော သမိုင်းနောက်ခံများက ကိုယ်စီကိုယ်စီရှိကြသည်။

လူပြိန်းနားလည်အောင်ပြောရလျှင်ဆွေမျိုးစုအချင်းချင်းအပြန်အလှန်အ ကြောမခံလိုကြသော ဗီဇကရှိသည်။ အားလုံးသောဆွေမျိုးစုများတွင် “မဟာဆိုမာလီယာ” အယူအဆကို နှစ်သ က်သော်လည်း ဆွေမျိုးစုများကြီးငယ်မရွေးတန်းတူညီမျှမှုနှင့်တရားမျှတမှုကို အကောင်အထည်ဖော်မှုတွင် ပြဿနာရှိလာတော့သည်။

လူဗီဇအရ “ကောင်းသောအယူအဆအောက်တွင် ကိုယ်ကတမူးအပိုရှူခံချင်လိုသောဆန္ဒ” ကရှိကြစမြဲပင်ဖြစ်သည်။

ထိုဗီဇကို ပညာဥာဏ်နှင့်တရားမျှတမှုဖြင့်သာ ထိန်းကွပ်ယူရသည်။ထိန်းကွပ်ယူရန်နယ်ပါယ်အသီးသီးတွင် ခေါင်း ဆောင်သူများ၌ တာဝန်ရှိသည်။မထိန်း ကွပ်နိုင်ပါက ပြဿနာကြီးသည်။

လွတ်လပ်ပြီးစဆိုမာလီယာတွင် ထိုပြ ဿနသည် သပွတ်အူလိုက်တော့သည် ။ဂျေဘုတ်တီနယ်မြေကတော့ ကိုယ့်ဖာသာကို ပြင်သစ်လက်အောက်မှ လွတ် လပ်ရေးယူကာ နိုင်ငံအဖြစ်ရပ်တည်နေ၍”မဟာဆိုမာလီယာ”ပြဿနာထဲကတော့ လွတ်သွားခဲ့သည်။

ဂျေဘုတ်တီ၊ အီရီထရီးယားနှင့်ဆိုမာလီလန်မြေပုံ (ပုံ-3)

လွတ်လပ်ပြီးစ ဆိုမာလီယာတွင် ဆွေ မျိုးစုအုပ်စုအချင်းချင်းကြား တန်းတူညီမျှမှု၊တရားမျှတမှုနှင့်အပြန်အလှန်နားလည်မှုကို တည်ဆောက်ရန် ခက်ခဲခဲ့သည်။မတူညီသော ကိုလိုနီအုပ်ချုပ်မှုများက ဥပဒေ၊တရားစီရင်ရေး၊အခြေ ခံအဆောက်အအုံနှင့်အလေ့အထများကို ကွဲပြားစေခဲ့သည်။

ဆွေမျိုးစုအယူအဆအားကောင်းမှု၊ မတူညီသောအုပ်ချုပ်ရေးအလေ့အထ နှင့် “တမူးအပိုရှူခံလိုသောဆန္ဒ” က နိုင်ငံတည်ဆောက်ရေးတွင် ပြဿနာများ ဖြ စ်စေတော့သည်။

ဤသို့ဖြင့် ဆိုမာလီယာလူ့ဘောင်သည် အာဏာရှင်ဆီယာဒ်ဘာရ်ရီ(Siad Barre)၏ အုပ်ချုပ်မှုလက်ထဲသို့ရောက်ရှိခဲ့တော့သည်။

ပြိုကွဲလုလုဖြစ်နေသော ဆိုမာလီယာကို ထိန်းသိမ်းရန်အလို့ငှါ အာဏာသိမ်းရသည်ဆိုသော “ဆီယာဒ်ဘာရ်ရီ”အနေ ဖြင့် ဆိုမာလီယာလူ့ဘောင်အား စုံလင်
ကွဲပြားမှုများကို ဥာဏ်ပညာနှင့်တရားမျှတမှုဖြင့် ဖြေရှင်းနိုင်သည့်လူ့ဘောင်ဖြစ်ရန် တည်ဆောက်ရမည်အစား ကြ မ်းကြုတ်ရက်စက်မှုဖြင့်သာ ဆိုမာလီယာညီညွှတ်ရေး၊မပြိုကွဲရေးကို ဆောင် ရွက်တော့သည်။

ဆီယာဒ်ဘာရ်ရီ၏အမြင်တွင် ဆိုမာလီယာလူ့ဘောင်မညီညွှတ်ရခြင်းမှာဆွေမျိုးစုအုပ်စုအယူအဆပြင်းထန်မှုကြော င့်ဟုမြင်သည်။ဆွေမျိုးစုအုပ်စုအယူအ ဆသည် ဒေသန္တရ Identity ကိုအခြေခံသည်ဟုမြင်သည်။

ထိုကြောင့် ကွဲပြားခြားနားစေသော အ ချက်များကို ဖယ်ရှားရမည်ဟုမြင်သည်။

ထိုအယူအဆကို လက်နက်ဖြင့် ဖိနှိပ်တော့သည်။နဂိုကပင် ကိုယ့်ဒေသန္တရ စရိုက်လက္ခဏာနှင့်သမိုင်းကြောင်းကိုသာယာနေတတ်သော၊အပြန်အလှန်ခေါင်းဆိတ်မခံလိုကြသော ဆွေမျိုးစုများကို လက်နက်ကိုင်ကြမ်းကြုတ်သ ည့်နည်းလမ်းဖြင့်ဖိနှိပ်သည့်အခါ တန် ပြန်တော်လှန်ရေးများကသာ ထပ်ဖြစ် လာပြီး ဆိုမာလီယာလူ့ဘောင်သည် သွေးရောင်လွှမ်းခဲ့တော့သည်။

ဆိုမာလီယာ၏ဆွေမျိုးစုများတည်နေ ရာမြေပုံ ပုံ (4)
ဆိုမာလီယာ၏ဆွေမျိုးစုများတည်နေ ရာမြေပုံ ပုံ (5)

ဆိုမာလီယာလူ့ဘောင်တွင် ဒီရ်ဆွေမျိုးစု(Dir Clan)၊အီဆားတ်ဆွေမျိုးစု(Isa aq Clan)၊ဒါရုဒ်ဆွေမျိုးစု(Darood Clan)၊ဟာဝီယီးဆွေမျိုးစု(Hawiye Clan)နှင့်ရာဟင်ယွင် ဆွေမျိုးစု (Rahanweyn Clan)ဟူ၍ အဓိက အုပ်စုကြီးငါးခုရှိသည်။

ထိုပင်မ ငါးစုထဲမှအုပ်စုခွဲများအသီး သီးရှိနေကြသည်။အာဏာရှင်ဆီယာဒ် ဘာရ်ရီ၏ ရက်စက်ကြမ်းကြုတ်စွာအုပ် ချုပ်မှုအပေါ်တန်ပြန်တွန်းလှန်ကြသော အီဆားတ်ဆွေမျိုးစု(Isaaq Clan)များ
၏(Somali National Movement- SNM)သည်လည်းကောင်း၊ဒါရုဒ်အုပ်စုခွဲဖြစ်သော မာဂျီးတင်းဆွေမျိုးစု (Majeeteen Clan)များ၏ (Somali Salvation Democratic Front -SSDF) သည်လည်းကောင်း၊ဟာဝီယီးဆွေမျိုးစုတို့၏(United Somali Congress- USC)သည်လည်းကောင်း ထင်ရှားကြသည်။

ဒါရ်ဆွေမျိုးစုနှင့်ရာဟင်ယွင်ဆွေမျိုးစုတို့မှာ SNM နှင့် USC တို့တွင်ပူးပေါင်းကြသကဲ့သို့ ဂါဒူဘူးရီ( Gadabuursi) များကလည်း(Somali Democratic Alliance -SDA)ကို တည်ထောင်ကာ အာဏာရှင်ကို ဆန့်ကျင်သည်လည်းရှိသည်။

အာဏာရှင်ဆီယာဒ်ဘာရ်ရီပြုတ်ကျပြီးနောက်တွင် ရာဟင်ယွင်ဆွေမျိုးစုသည်လည်း(Somali Demoratic Movement- SDM)ကို တည်ထောင်ရာ မိမိတို့ရပိုင်ခွင်အတွက် တိုက်ပွဲဝင်ကြသည်။

အာဏာရှင်ဆီယာဒ်ဘာရ်ရီသည်ဒါရုဒ် ဆွေမျိုးစုအုပ်စုခွဲဖြစ်သောမာရီဟန် (Marehan)အုပ်စုထဲမှဖြစ်သည်။ဆီယာ ဒ်ဘာရ်ရီနှင့်မဟာမိတ်များသည် ဒါရုဒ် ဆွေမျိုးစုအုပ်စုခွဲဖြစ်သည့် မာရီဟန် (Marenhan)၊အိုဂါဒင်(Ogaden)နှင့်ဒူလ်ဘာဟန်တ့်(Dulbahante)အုပ်စုများ ဖြ စ်သည်။

ထိုဆီယာဒ်ဘာရ်ရီ၏အုပ်စုများကိုအ တိုကောက် (MOD)ဟုလည်းခေါ်ကြသညည်။ဒါရုဒ်ဆွေမျိုးစုထဲမှ မာဂျီးတင်းအုပ်စုကား အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်သည့်အုပ်စုဖြစ်သည်။

-ဆီယာဒ်ဘာရ်ရီ၏မဟာမိတ်ဆွေမျိုးစုများနှင့်တော်လှန်ရေးဆွေမျိုးစုဇယား (ပုံ-6)

-တော်လှန်ရေးဆွေမျိုးစုများနှင့်ရည်မှ န်းချက်များပြဇယား (ပုံ-6A) နှင့် ပုံ (6 B)

ဒီရ်ဆွေမျိုးစု၏တော်လှန်ရေးဇယား (ပုံ-6C)

အီဆားတ်ဆွေမျိုးစု၏တော်လှန်ရေး ဇယား (ပုံ-6D)

ဒါရုဒ်ဆွေမျိုးစု၏နိုင်ငံရေးဇယား (ပုံ-6E)

ဟာဝီယီးဆွေမျိုးစု၏တော်လှန်ရေး ဇယား (ပုံ-6F)

ရာဟင်ယွင်ဆွေမျိုးစု၏တော်လှန် ရေးဇယား (ပုံ-6G)

အီးဆားတ်ဆွေမျိုးစုများသည် ဆိုမာလီယာ၏အဓိက ဆွေမျိုးစုကြီးငါးခုထဲတွင်တခုအပါအဝင်ဖြစ်သည့်အလျောက် သမိုင်းဇာတိမာန်ကြီးသည်။

အီးဆားတ်ဆူလတန်နိတ်နယ်မြေသည် အေဒင်ပင်လယ်ကွေ့ကမ်းခြေတလျော က်တွင် ၁၇၄၉ ခုနှစ်မှ၁၈၈၄ခုနှစ်ထိ နှစ်ပေါင်း ၁၃၅နှစ်ကျော်တည်တံ့ခဲ့သော မ ဟာဆိုမာလီယာနယ်မြေထဲမှထီးပြိုင်နန်းပြိုင်နယ်မြေတခုဖြစ်သည်။ဟာဂျီဆာနှင့်အေဒင်ပင်လယ်ကွေ့ကမ်းခြေများသည် ဆီးဆာတ်ဆွေမျိုးစုများ၏ နေရာဖြစ်သည်။

ထိုနယ်မြေကို ဗြိတိသျှတို့ကသိမ်းယူခဲ့ပြီး လွတ်လပ်ရေးပေးသောအခါ ဆိုမာလီလန်နယ်မြေဖြစ်လာတော့သည်။ ဆိုမာလီလန်အနေဖြင့် ဗြိတိသျှအုပ်ချုပ်ရေးစနစ်ပေါ်တွင် နေသားကျနေခဲ့ပြီး ဆိုမာလီယာအနေဖြင့် အီတလီအုပ်ချု ပ်ရေးအင်စတီကျူးရှင်းများဖြင့်နေသားကျနေခဲ့သည်။

ဆိုမာလီလန်နှင့်ဆိုမာလီယာတို့ “မဟာဆိုမာလီယာ” အယူအဆအောက်တွင် ပေါင်းစည်းသည့်တိုင်အောင်ဒေသန္တရဆွေမျိုးစုအစွဲ၊အထိုင်ကျနေသည့်အုပ် ချုပ်ရေးအလေ့အထနှင့် “တမူအပိုရှူချ င်သည့်ဆန္ဒ” တို့ကြောင့် အမြီးအမောက်က သိပ်မတည့်ကြပေ။

ဤသို့ဖြင့် အာဏာရှင်ဆီယာဒ်ဘာရ်ရီ လက်ထက်တွင် အီးဆာတ်ဆွေမျိုးစုသည်လည်း အပြင်းအထန်ဖိနှိပ်ခံရတော့သည်။

ထို့ကြောင့်အီးဆာတ်ဆွေမျိုးစုများက Somali National Movement – SNM) ဆိုသည့် ဆိုမာလီအမျိုးသားလှုပ်ရှားမှုကိုဖွဲ့စည်းကာ အာဏာရှင်ဆီယာဒ်ဘာရ်ရီကို ပြန်လည်တွန်းလှန်တော့သည်။အထက်တွင်တင်ပြထားသည့်အတိုင်း ကျန်ဆွေမျိုးစုများကလည်း တွန်းလှန်သောအခါ ဆီယာဒ်ဘာရ်ရီလည်း ပြု တ်ကျသွားတော့သည်။

၁၉၉၁ ခုနှစ်တွင် SNMက ဆိုမာလီလ န်၏လွတ်လပ်ရေးကို ကြေညာကာ ဆိုမာလီယာထဲမှခွဲထွက်တော့သည်။

အီရီထရီးယားနှင့်ဆိုမာလီလန်အပေါ်နှိုင်းယှဉ်ချက်

ဆိုမာလီလန်အတွက် SNM သည် ၁၉၉ ၁ ခုနှစ်တွင် လွတ်လပ်ရေးကြေညာခဲ့ပြီး အီရီထရီးယားအတွက် EPLFက ၁၉၉၃ ခုနှစ်တွင် လွတ်လပ်ရေးကြေ ညာခဲ့သည်။

လက်ရှိတွင် အီရီထရီးယား၏လွတ်လ ပ်ရေးကြေညာမှုကို နိုင်ငံတကာကအသိအမှတ်ပြုခဲ့သော်လည်း အီရီထရီးယားထက် နှစ်နှစ်လောက်စောစီးစွာ လွ တ်လပ်ရေးကြေညာခဲ့သော ဆိုမာလီလ န်မှာ ယခုအချိန်ထိ နိုင်ငံတကာ၏အသိ အမှတ်ပြုမှုကိုမရသေးချေ။

သို့သော် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတ က်မှုတွင်တော့ ဆိုမာလီလန်သည် အီရီထရီးယားထက်သာလွန်နေပြီဖြစ်သည် ။အီရီထရီးယား၏ EPLF သည် ဆိုရှယ်ဒီမိုကရေစီအပြင်းစားအယူအဆကို ကိုင်စွဲထားသော်လည်း လက်ရှိတွင် အာဏာရှင်ပုံစံဘက်ကို ရောက်လာပြီဖြစ် သည်။

လက်ရှိ နိုင်ငံတကာ၏အသိအမှတ်ပြုမှုကိုမရသေးသောဆိုမာလီလန်တွင်တော့ ဒီမိုကရေစီအလေ့အထဖြင့်နိုင်ငံရေးတည်ငြိမ်နေပြန်သည်။

ဤသို့ဒွိဟဆန်သောအခြေအနေတရပ်သည် လက်ရှိအာဖရိကတိုက်တွင်တည်ရှိနေပါ၏။

အဘယ်ကြောင့် ရုန်းကန်မှုခြင်းတူညီသော အီရီထရီးယားနှင့်ဆိုမာလီလန်တို့တွင် အီရီထရီးယား၏လွတ်လပ်ရေးကို နိုင်ငံတကာမှအသိအမှတ်ပြုပြီး ဆိုမာလီလန်၏လွတ်လပ်ရေးကို နိုင်ငံတကာမှ အသိအမှတ်မပြုသနည်း။

နိုင်ငံတကာ၏အသိအမှတ်ပြုခံရသော အီရီထရီးယားကား လူ့သားအရင်းအမြစ်ဖွံ့ဖြိုးမှုနောက်ကျကာ အာဏာရှင် စနစ်တွင် တဖန်လုံးချာလည်လိုက်နေ ရသနည်း။

နိုင်ငံတကာ၏အသိအမှတ်ပြုမှုကိုမခံရသော ဆိုမာလီလန်ကားအဘယ်ကြောင့် လူ့သားအရင်းအမြစ်ဖွံ့ဖြိုးမှုရှိနေရသနည်း။

အီရီထရီးယား၏လွတ်လပ်ရေးဦးဆောင်အဖွဲ့ EPLF ၏ဆိုရှယ်ဒီမိုကရေစီအပြင်းစားအယူအဆအား အကောင်အထည်ဖော်ရာတွင် အခက်အခဲကားအဘယ်နည်း။

အဘယ်ကြောင့် EPLFသည် ဆိုရှယ်ဒီမိုကရေစီအပြင်းစားအယူအဆမှ အာဏာရှင်ပုံစံဘက်ကို ရောက်ရှိလာရသနည်း။

ဆိုမာလီလန်၏နိုင်ငံတကာအသိအမှ တ်ပြုခံရရေး ဆက်လက်ရုန်းကန်နေရမှုတွင် အခက်အခဲကားအဘယ်နည်း။

ထိုအခက်အခဲအောက်တွင် ဆွေမျိုးစုအခြေပြု ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကရေစီအားမည်သို့အကောင်အထည် ဖော်ထားသနည်း။(မှတ်ချက်- ဆိုရှယ်ဒီမိုကရေစီသည်လည်းကောင်း၊ကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီသည်လည်း ကောင်းသူ့အရပ်၊သူ့ဇာတ်နှင့်သူကောင်းမွန်ကြပါ၏။

ဤမေးခွန်း၌ ကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီက ဆိုရှယ်ဒီမိုကရေစီထက် ပိုကောင်းသည်ဟုလည်း ဆိုလိုသည်မဟုတ်ပေ။

သူ့အရပ်နှင့်သူ့ဇာတ်အရ ကောင်းမွန်အောင်အသုံးချမည်ဆိုပါကချ၍ရေသာ အယူအဆများသာဖြစ်ပါသည်။

ကိုယ့်နှင့်အကိုက်ညီဆုံးဖြစ်အောင် မည်သို့မည်ပုံအသုံးချကြသည်။ ထိုသို့အသုံးချရာတွင် အခက်အခဲကဘာဖြစ်သည်ကို ဆန်းစစ်လိုရင်းသာဖြစ်ပေသည်။)

အာရက္ခလူ့ဘောင်အနေဖြင့် အီရီထရီးယားနှင့်ဆိုမာလီလန် ဖြစ်စဉ်နှစ်ခုမှ မည်သည့်အတွေ့အကြုံများကို အကောင်းဆုံးအသုံးချနိုင်ပါမည်နည်း။

အပိုင်း ၂ အားဆက်လက်ဖော်ပြပါမည်။

ကိုးကားလင့် – https://www.bbc.com/news/world-africa-14094503.amp

PrevPrevious“ငတ်တဲ့ရက်တွေရှိတယ်။ ကလေးတွေကိုတော့ အငတ်မပေးဘူးပေ့ါ။”
Nextအာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေး ရပ်တန့်နေNext
Previous Post

“ငတ်တဲ့ရက်တွေရှိတယ်။ ကလေးတွေကိုတော့ အငတ်မပေးဘူးပေ့ါ။”

Next Post

အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေး ရပ်တန့်နေ

Comments 1

  1. Vyzvat_pwsr says:
    7 months ago

    Лучшие предложения электромонтажных услуг в Москве
    Вызов электрика на дом Москва цены [url=http://www.elektrik-master-msk.ru/]http://www.elektrik-master-msk.ru/[/url] .

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

December 6, 2025

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

December 5, 2025
ဓာတ်ပုံ - ကရင်နီပြည်လူငယ်များသမဂ္ဂက

လွိုင်ကော်မှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်

December 5, 2025

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

Releated Post

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page