Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

သမိုင်းပေးတာဝန်လား…သွေးခွန်လား…။

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
15
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ မေ ၂၉။

ကိုယ်ကျင့်တရားအရလုပ်သင့်လုပ်ထိုက်သော၊မငြင်းဆန်ထိုက်သောတာဝန်ကို(Moral Duty) ဟု ဆိုကြသည်။ဥပ မာ- မိခင်တဦးသည် ညအချိန်ပင်ပန်းစွာအိပ်ပျော်နေချိန်၌ ကလေးငယ်၏ငိုသံကိုကြားရသောအခါ ထချင်သည်ဖြ စ်စေ၊မထချင်သည်ဖြစ်စေထရမည်။ ကလေးအား ဂရုစိုက်ရမည်ဖြစ်သည်။ အဘယ်ကြောင့် မိခင်ထရပါသနည်းဆိုသော် သူ့၏ကိုယ့်ကျင့်တရားအရ လုပ်သင့်လုပ်ထိုက်သောတာဝန်(Moral Duty) အဖြစ် ခံစားနေ၍ ဖြစ်သည်။

ထိုကိစ္စမျိုးအတွက် မိခင်ဖြစ်သူအား မည်သူကမျှပြဋ္ဌာန်းပေးစရာမလို၊ သူ့ဖာသာသူ ကိုယ့်ကျင့်တရားအရလုပ်သင့်လုပ်ထိုက်သောတာဝန်(Moral Duty) အရလုပ်ကိုလုပ်ရမည့်အရာဖြစ်သည်။ ကိုယ့်ကျင့်တရားအရ လုပ်သင့်လုပ်ထိုက်သောတာဝန်(Moral Duty) နှင့်ပတ်သက်၍ ဤဥပမာသည် ရိုးရှင်းပေ၏။

သို့သော် လူ့ဘောင်လောကတွင် ကိုယ့်ကျင့်တရားအရလုပ်သင့်လုပ်ထိုက်သောတာဝန်(Moral Duty) နှင့် ပတ်သက်၍ နယ်ပါယ်အလိုက် အပြန်အလှန်ဆက်နွယ်မှုသည် ဤဥပမာထက် ရှုပ်ထွေးလှသည်။

မိခင်၏ကလေးငယ်အား စောင့်ရှောက်မှုဝတ္တရားသည် မိခင်ဆိုသောလူသားနှင့်ကလေးဆိုသည့်လူသားကြားတွင် ရှိနေသည့်အရာဖြစ်သည်။ထိုလူသားနှစ်ဦးသည် မိသားစုသွေးသားရင်းဆိုသည့် နယ်ပါယ်ထဲမှသတ်မှတ်ချက်ဖြစ်သည်။

လူ့ဘောင်တခု၏ကိစ္စရပ်များ၌ မိသား စုသွေးသားရင်း နယ်ပါယ်အပြင် (ဥပမာ – နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသဖြင့်) ကျန်သောနယ်ပါယ်များတွင်လည်း ဆိုင်ရာဆိုင်ရာကိုယ့်ကျင့်တရားအရလုပ်သင့်လုပ်ထိုက်သောတာဝန်(Moral Duty) များရှိနေပါသေးသည်။

ထိုကိုယ့်ကျင့်တရားအရလုပ်သင့်လုပ်ထိုက်သောတာဝန်များသည် (နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးအစရှိသဖြင့်) နယ်ပါယ်များတွင် လူအချင်းချင်းကြား “ပိုမိုဖွံ့ဖြိုးတိုးတက်ရန်၊တရားမျှတမှုရှိရန်၊ လွတ်လပ်မှုရှိရန်၊တန်းတူညီမျှမှုရှိရန်” အတွက် စောင့်ထိန်းအပ်သော ပဋိညာဉ် (Contract)အပေါ်တွင် အခြေခံကြသည်။ သို့ဖြစ်၍ ကိုယ်ကျင့်တရားအရတာ ဝန်(Moral Duty)နှင့်ပဋိညာဉ် (Contract)ဆိုသည်မှာ အတူတူယှဉ်တွဲနေတတ်သည်။

လူ့ဘောင်တခု၏ပဋိညာဉ်များထဲတွင် အင်းအားအကြီးဆုံးပဋိညာဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူမှုပဋိညာဉ် (Social Contract) လည်းဖြစ်သည်။ လူ့ ဘောင်တခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေလူမှုပဋိညာဉ်(Social Contract) ဟူသည် ထိုလူ့ဘောင်၏လူသားအချင်းချင်းကြားတွင် “ပိုမိုဖွံ့ဖြိုးတိုးတက်ရန်၊တရားမျှတမှုရှိရန်၊လွတ်လပ်မှုရှိရန်၊တန်းတူညီမျှမှုရှိရန်” အတွက် အပြန်အလှန်သတ်မှတ်ကြခြင်းဖြစ်သည်။

ထိုသို့အပြန်အလှန်သတ်မှတ်ချက်က ထိုလူ့ဘောင်၏ အင်စတီကျူးရှင်းများကြား၊ လူသားများကြား၊ အင်စတီကျူးရှင်းနှင့်လူသားများကြားတွင် အပြန်အလှန်ကတိကဝတ်များအဖြစ် တည်ရှိခြင်းဖြစ်သည်။

လူသားတိုင်းတွင် “ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊လွတ်လပ်မှုနှင့်တန်းတူညီမျှမှု” ကိုခံစားလိုသည်။ အဆိုပါအခွင့် အရေးများကို ကိုယ်တိုင်ပါဝင်၍အပြန် အလှန်အာမခံချက် ပေးထားသော “လူမှုပဋိညာဉ်” တရပ်ရှိနေပါက လူသားများအဖို့ ထိုပဋိညာဉ်သည် မိမိနှင့်သက် ဆိုင်သည့်အရာဟု ခံစားနိုင်လာမည်ဖြစ်သည်။

ထိုသို့ခံစားနိုင်မှုကြောင့် မိမိတို့၏ ရပိုင်ခွင့်နှင့်လူ့ဂုဏ်သိက္ခာအတွက် ထိုပဋိညာဉ်အား မလွှဲမသွေစောင့်ထိန်းလိုက်နာကြမည်ဖြစ်သည်။

“ပဋိညာဉ်တရပ်၏ အခွင့်အရေးနှင့်အကျိုးအမြတ်ကို ခံစားခြင်း” နှင့် “ပဋိညာဉ်အပေါ်တွင် ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်း၊ထိန်းသိမ်းခြင်း” သည် ဆက်စပ်ဒွန်တွဲနေသည်။

ပဋိညာဉ်ဖြစ်စဉ်၏တရားမျှတမှုသဘောသဘာဝများ

ပဋိညာဉ်တရပ်၏အခွင့်အရေးနှင့်အ ကျိုးအမြတ်ကို ခံစားခြင်းနှင့်ပဋိညာဉ်အပေါ်တွင် ကာကွယ်ခြင်းအတွက် ပီပြ င်မှုရှိခြင်း၊မရှိခြင်းမှာ”ပဋိညာဉ်ပြုရာ တွင် ကိုယ်တိုင်ပါဝင်ခွင့်ရှိခြင်း၊ မရှိခြင်း” နှင့်ဆက်စပ်သည်။

က – မည်သူပင်မဆို မိမိနှင့်သက်ဆိုင်သော ပဋိညာဉ်တရပ်ပေါ်တွင်”ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊လွတ်လပ်မှုနှင့်တန်းတူညီမျှမှု” များရှိရန်အတွက်…။

  • ၁။ မည်သည့်အချက်အလက်ကို ချမှတ်မည် / ငြင်းပယ်မည်ကို ကိုယ်တိုင်ပါဝင်ပတ်သက်ခွင့်ရှိသည်။
  • ၂။ အဘယ်ကြောင့် ချမှတ်မည်/ ငြင်းပ ယ်မည်ကိုလည်း အကြောင်းပြချက်ပေးခွင့်ရှိသည်။

ခ – ပဋိညာဉ်တရပ်သည် အခြေအနေနှင့် အချိန်အခါအရ”ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊လွတ်လပ်မှုနှင့်တန်းတူညီမျှမှု”ကို ထိခိုက်လာလျှင်…။

  • ၁။ ပဋိညာဉ်အား ပြောင်းလဲပြင်ဆင်ခွင့်ရှိသည်။
  • ၂။ ပဋိညာဉ်အား ဖျက်သိမ်းရန် တင်ပြခွင့်လည်းရှိသည်။

ဂ – ပဋိညာဉ်တရပ်သည် အခြေအနေနှင့် အချိန်အခါအရ “ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊လွတ်လပ်မှုနှင့်တန်းတူညီမျှမှု” ကို လက်ရှိတွင် အကျိုးခံစားခွင့်ပေးနေလျှင်…။

  • ၁။ ပဋိညာဉ်အားတည်မြဲရန်ဆောင်ရွက်ခွင့်ရှိသည်။
  • ၂။ ပဋိညာဉ်အား မပျက်စီးစေရန် ကာကွယ်ခွင့်လည်းရှိသည်။

လူ့ဘောင်တခု၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုလူ့ဘောင်၏ပဋိညာဉ်တရပ်လည်းဖြစ်သည်။တရားသောပဋိညာဉ်ဖြစ်ပါက ထိုပဋိညာဉ်မှာ ထိုလူ့ဘောင်တွင် ခိုင်မြဲနေမည်ဖြစ်သည်။

ထိုလူ့ဘောင်၏ လူ့သားများထဲတွင်လည်း ၎င်းပဋိညာဉ်အား ကာကွယ်ရန်၊ စောင့်ရှောက်ရန် အတွက်လည်း “ကိုယ်ကျင့်တရားအရတာဝန်(Moral Duty)” ရှိသည်ဟု ခံစားနေရမည်ဖြစ်သည်။

အကယ်၍ ပဋိညာဉ်မှာ တရားမျှတမှုမရှိဟု ခံစားနေရပါက ထိုလူ့ဘောင်သည် ထိုပဋိညာဉ်အား ပြောင်းလဲရန်၊ပြင်ဆင်ရန်၊ ဖျက်သိမ်းရန် ကြိုးစားနေမည်ဖြစ်သည်။ ဥပဒေတိုင်း၊ အမိန့်အာဏာတိုင်းသည်လည်း လူ့ဘောင်တရပ်အတွက် ပဋိညာဉ်များပင်ဖြစ်သည်။ လိုက်နာရန် ကိုယ်ကျင့်တရားအရတာဝန်ရှိသည်ဆိုလျှင် အခြားတဖက်၌ ထိုလိုက်နာရန်တာဝန်ရှိသူများထံတွင်လည်း ပဋိညာဉ်၏ တရားမျှတမှုရှိခြင်း၊မရှိခြင်းအ ပေါ် ဆန်းစစ်ခွင့်၊ပါဝင်ပတ်သက်ခွင့်၊ ပြုပြင်ပြောင်းလဲခွင့်၊ဖျက်သိမ်းခွင့်ဆိုသည့်အခွင့်အရေးကရှိနေသည်။

မြန်မာ့လူ့ဘောင်နှင့်ပဋိညာဉ်


မြန်မာ့လူ့ဘောင်၏ပြဿနာအား ဖွဲ့စ ည်းပုံအခြေခံဥပဒေလူမှုပဋိညာဉ် ဟန် ချက်မညီသောကြောင့် ဖြစ်လာသောပြဿနာဟု ဆိုကြသည်။

မြန်မာနိုင်ငံ၏ လူမှုပဋိညာဉ်အပေါ် တရားမျှတမှုမရှိ၊တန်းတူညီမျှမှုမရှိဟု ခံစားနေရသောအုပ်စုများရှိသည်။ ပဋိညာဉ်ဟန်ချက်မညီမှုကြောင့် အကျိုးအမြတ်ကို ခံစားနေရသောအုပ်စုလည်းရှိသည်။

မြန်မာလူ့ဘောင်၏ နိုင်ငံရေးပြဿနာသည် ပဋိညာဉ်အား လေးစားလိုက်နာရမည့် ပြည်သူလူထုအား ပဋိညာဉ်အားပြောင်းလဲပြင်ဆင်ခွင့်အပေါ် ပိတ်ပင်ခံ ထားရသော ပြဿနာလည်းဖြစ်သည်။မည်သည့်ဥပဒေ၊အမိန့်အာဏာကိုမဆို ပြည်သူလူထုက ရေးဆွဲချမှတ်ရာတွင် ပါဝင်ခွင့်နှင့်ပြောင်းလဲပြင်ဆင်ခွင့်အတွက် ဘောင်ကျဉ်းသည်။

မြန်မာ့လူ့ဘောင်၏ ပြည်သူလူထုအဖို့ လူမှုပဋိညာဉ်သည် တန်းတူညီမျှမှု၊တ ရားမျှတမှုကင်းမဲ့နေပြီး ထိုပဋိညာဉ်များအတွက် ကိုယ်ကျင့်တရားအရတာ ဝန်အဖြစ်မခံယူနိုင်သည်မှာ ကြာပြီဖြစ် သည်။ပဋိညာဉ်၏ ဟန်ချက်မညီမှုကြောင့် အခွင့်အရေးကိုခံစားခွင့်ရနေသောအုပ်စုများကတော့ လူထုအား ပဋိညာဉ်အပေါ်တွင် ကိုယ်ကျင့်တရားအရတာဝန်ရှိသည်ဟု ဆိုနေကြမည်ဖြစ်သည်။

ပဋိညာဉ်နှင့်ကင်းကွာမှု


အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော ပဋိညာဉ်အပေါ်တွင် မည်သို့မည် ပုံချမှတ်မည်ဟုလည်းပါဝင်ပတ်သက်ခွင့်မရ၊ပဋိညာဉ်ကြောင့် ထိခိုက်နစ်နာမှုအပေါ်တွင်လည်း ဥပဒေကြောင်းအရသို့မဟုတ် လူ့ဂုဏ်သိက္ခာရှိရှိ ဖော်ပြခွင့်လည်းမရသော မည်သူမဆို ထိုပဋိညာ ဉ်အပေါ်တွင် ကိုယ်ကျင့်တရားအရတာ ဝန်ဆိုသောခံယူချက် ခံစားချက်ရှိမည်လည်းမဟုတ်ပေ။

အာရက္ခလူ့ဘောင်နှင့်ပဋိညာဉ်


အာရက္ခလူ့ဘောင်သည်လည်း မြန်မာ့လူ့ဘောင်နည်းတူ မိမိလေးစားလိုက်နာကာကွယ်ရမည့် ပဋိညာဉ်အပေါ်တွင် “ချမှတ်ရာတွင်ပါဝင်ခွင့်”၊”နစ်နာမှုရှိပါက ပြောင်းလဲပြင်ဆင်ခွင့်” အား ဥပဒေကြောင်းအရလည်းကောင်း၊ လူဂုဏ်သိက္ခာရှိစွာဖော်ပြခွင့်အရလည်းကောင်း ထွက်ပေါက်မရှိဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ULA/AA ပေါ်ပေါက်လာခြင်းသည်ပင်လျှင် ထိုကဲ့သို့ထွက်ပေါက်မရှိဖြစ်နေ၍ ပေါ်ထွက်လာခြင်းဖြစ်သည်။မြန်မာလူ့ ဘောင်၏အချုပ်အခြာအာဏာဆိုင်ရာ ပဋိညာဉ်သည် အာရက္ခလူထုအပေါ်တွ င်လည်း တရားမျှတမှုမရှိ၊မိမိတို့၏ နစ် နာမှုများကိုလည်း ပြောင်းလဲပြင်ဆင်ရ န်ဥပဒေကြောင်းအရ လူ့ဂုဏ်သိက္ခာရှိရှိ ဖော်ပြနိုင်သော ထွက်ပေါက်လည်းမရှိသောကြောင့် ULA/AA ပေါ်ထွက်လာခြင်းဖြစ်သည်။

အာရက္ခလူထု၏အချုပ်အခြာအာဏာအား အာရက္ခလူထုလက်ထဲသို့ပြန်လည်ရောက်ရှိစေရေးဆိုသည်မှာ တဖက်တွင် အာရက္ခလူထုအချင်းချင်းကြားထဲတွင် “ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊တရားမျှတမှု၊လွတ်လပ်မှုနှင့်တန်းတူညီမျှမှု” ရှိရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလူမှုပဋိညာဉ်တရပ်အား လွတ်လပ်စွာရေး ဆွဲပြဋ္ဌာန်းရမည့်လုပ်ငန်းစဉ်လည်းဖြစ် သည်။

ULA/AA ဘက်မှ ထိုလုပ်ငန်းစဉ်အတွက် အာရက္ခဒေသထဲရှိ လူမျိုးတိုင်းတွင် ကို ယ်ကျင့်တရားအရတာဝန်(Moral Duty)ရှိသည် ရှူမြင်ထားသည်။

ထိုအမြင်နှင့်ပတ်သက်၍လည်း အာရက္ခဒေသထဲရှိ လူမျိုးစုများ၊ ဒေသန္တရလေယူလေသိမ်းကွဲပြားသူများကြားတွင် ကွာဟမှုမဖြစ်ကြသေးပေ။

သို့ရာတွင် ULA/AA ဘက်မှ လူမျိုးစုများ၊စုံလင်ကွဲပြားသောဘာသာရေးအသိုင်းအဝန်းများ၊ဒေသန္တရလေယူလေ သိမ်းကွဲပြားသူများစသည့် လူမှုအသို က်အမြုံများအား အချုပ်အခြာအာဏာဆိုင်ရာဖြစ်စဉ်အပေါ် ကိုယ်ကျင့်တရားအရတာဝန်(Moral Duty)ပိုမို၍ အား စိုက်ပြင်းပြရန်လိုသည်ဟု ရှူမြင်ပါက…

၁။ ပဋိညာဉ်တရပ်၏ အခွင့်အရေး၊ အကျိုးအမြတ်ကို ခံစားခြင်းနှင့်ပဋိညာဉ်အပေါ်တွင်ကာကွယ်ခြင်းတို့ပီပြင်မှုရှိခြင်း၊ မရှိခြင်းမှာ “ပဋိညာဉ်ပြုရာတွင် ကိုယ်တိုင်ပါဝင်ခွင့်ရှိခြင်း၊ မရှိခြင်း” နှင့်ဆက်စပ်သည်။

  • ၂။“ပဋိညာဉ်ဖြစ်စဉ်၏ တရားမျှတမှု အခြေအနေ” မျိုးကို မည်မျှထိ ဖန်တီးပေးထားသည်နှင့်လည်း သက်ဆိုင်လာသည်။
  • ၃။လူသားတိုင်းတွင် “ပိုမိုဖွံ့ဖြိုးတိုးတ က်မှု၊တရားမျှတမှု၊လွတ်လပ်မှုနှင့်တန်းတူညီမျှမှု” ကို ခံစားလိုသည်။

အဆိုပါအခွင့်အရေးများကို ကိုယ်တိုင်ပါဝင်၍အပြန်အလှန်အာမခံချက်ပေးထားသော”လူမှုပဋိညာဉ်”တရပ်ရှိနေပါက လူသားများအဖို့ ထိုပဋိညာဉ်သည် မိမိနှင့်သက်ဆိုင်သည့်အရာဟု ခံစားနိုင်လာမည်ဖြစ်သည်။”ဆိုသော အချက်သုံးချက်ကို ပြန်၍ဆန်းစစ်သင့်သည်။

လက်ရှိ နိုင်ငံရေးအနေအထားအရ ဖွဲ့စ ည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ်တရပ်အတွက်”အပြီးသတ်ဆောင်ရွက်ရန် မဖြစ်နိုင်သေး”ဆိုသည်ကိုတော့ နားလ ည်ပေး၍ရနိုင်သည်။

သို့ရာတွင် “အပြီးသတ်ဆောင်ရွက်ရန်မဖြစ်နိုင်သေး” ဆိုသည့်အခြေအနေအောက်တွင်ပင် “အရေးကြီးသောအသေးစိတ်အချက်အချို့အတွက်” တော့ “လက် ရှိအချိန်တွင် စိတ်ဆန္ဒရှိမှု” ကို ပြနိုင်ပေသည်။

အရေးကြီးသော အသေးစိတ်အချက်အချို့ဆိုသည်မှာ – ပေါ်ပေါက်လာမည့် အနာဂတ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အု ပ်ချုပ်ရေးပုံစံများ၊ရည်ရွယ်ထားသော သက်ဆိုင်ရာလူမျိုးစုဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးပုံစံများ၊ဥပဒေပြုရေးမ ဏ္ဍိုင်အားတည်ဆောက်မည့်ပုံစံများ စသည့်အပေါ်တွင် မည်သို့မည်ပုံမျှော်မှ န်းသည်ကိုတော့ မူကြမ်းသဘော ချပြထားနိုင်ပေသည်။

အာရက္ခဒေသ၏အချုပ်အခြာအာဏာအတွက် အာရက္ခဒေသရှိပြည်သူအား လုံးတွင်”ကိုယ်ကျင့်တရားအရတာဝန် (Moral Duty)”ရှိသည်ဆိုပါလျှင် ပြည်သူများတွင်လည်း ၎င်းတို့တာဝန်ရှိ သော ပဋိညာဉ်တွင် မည်သည့်အာမခံချက်များပါရှိသည်ကို ဆန်းစစ်ခွင့်က မူလအခွင့်အရေးအဖြစ်ရှိသည်ကိုလည်း သတိပြုသင့်သည်။

ပဋိညာဉ်ဆိုင်ရာတရားမျှတမှုသဘော သဘာဝကို မျက်ကွယ်ပြု၍ အချုပ်အ ခြာအာဏာအတွက် ကိုယ်ကျင့်တရားအရတာဝန်(Moral Duty)ရှိရမည်ဟုသာ ပြောနေပါကလည်း တဖက်သတ်ဆန်နေပါလိမ့်မည်။

အောက်ခြေပိုင်းမှဆောင်ရွက်နေသူ များအနေဖြင့် ထိုကဲ့သို့ “အရေးကြီးသော အသေးစိတ်အချက်များ” ကို ကိုယ်ကျင့်တရားအရတာဝန်နည်းနေသည်ဟုရှူမြင်ထားသော လူထုကိုမည်မျှထိ ချပြချဉ်းကပ်စည်းရုံးနေပါသနည်း။ ပီပြင်သောနိုင်ငံရေး အာမခံချက်နှင့် မူဝါဒသည် စည်းရုံးရေးလက်နက်ဖြစ်သ ည်။အာဏာပြဟိန်းဟောက်မှုသည် ပြ ည်သူလူထုနှင့်ကင်းကွာမှုဖြစ်သည်။

ULA/AA သည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ၎င်းကိုယ်တိုင်လည်း ပီပြင်သော နိုင်ငံရေးအာမခံချက်ကို ရှာဖွေနေရသ ည်။တပြိုင်နက်တည်းတွင် အာရက္ခဒေ သရှိ ပြည်သူများအား ပီပြင်သောနိုင်ငံ ရေးအာခံချက်ကိုပေးရမည့် ဦးဆောင်အဖွဲ့လည်းဖြစ်သည်။

မြန်မာ့လူ့ဘောင်တွင် နိုင်ငံရေးဖြစ်စဉ်ပဋိပက္ခများနှင့်ပတ်သက်၍ လူထုမှာအရေးပါသောအချက်များကို ရှူဒေါင့်စုံမှ သိခွင့်ရမှုသည် အားနည်းခဲ့သည်။မြန်မာ့လူ့ဘောင်အတွက်ကြုံတွေ့ခဲ့ရသည် မှာ”ဝါဒဖြန့်ချီရေး”သက်သက်သာဖြစ် သည်။

ပဋိပက္ခ၏ဇစ်မြစ်အပေါ် ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားသည့်အချက်အလက်များကို ပြည်သူလူထုသည် ရှူဒေါင့်စုံမှသိခွင့်လည်းမရခဲ့ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူမှုပဋိ ညာဉ်နှင့်ပတ်သက်၍လည်း ထိုနည်းလ ည်းကောင်းဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူမှုပဋိညာဉ်ထဲတွင် မ ည်သည့်အချက်က ဟန်ချက်မညီမှုကိုဖြစ်စေသည်။ထိုအချက်များအပေါ်တွ င် သက်ဆိုင်ရာအင်အားစုများဘက်က မည်သို့သောအမြင်ရှိကြသည်ဆိုသည့်အပိုင်းတွင် ပြည်သူလူထုသည် ရှူဒေါင့်စုံမသိနိုင်ခဲ့ပေ။

အာရက္ခလူ့ဘောင်၏လူထုမှာလည်း မြန်မာ့လူ့ဘောင်အတိုင်းသာဖြစ်သည်။လက်ရှိ ပဋိပက္ခရေချိန်တက်နေသော ကာလတလျောက်တွင် ဆိုင်ရာအင် အားစုအသီးသီးသည် ၎င်းတို့၏ နိုင်ငံ ရေးအာဂျင်တာအသီးသီးအတွက် လူထုအားကိုယ်ကျင့်တရားအရတာဝန် (Moral Duty) ရှိသည်ဟု ဆိုကြသည်။

သို့ရာတွင် ၎င်းတို့၏ နိုင်ငံရေးအာဂျင်တာများအပေါ် မည်သည့် အသေးစိတ်အာမခံချက်များပါရှိသည်ကိုလည်း ပြည်သူလူထုဘက်က ဆန်းစစ်နိုင်အောင်ချပြမှုနည်းပါးလှသည်။

ထိုသို့ ချပြနိုင်မှုအားနည်းခြင်းကြောင့် ပြည်သူလူထုအတွက်လည်း ကိုယ်ကျင့် တရားအရတာဝန်ပိုင်းတွင် အားနည်းမှုကို ဖြစ်စေသည်။

ထိုအခါ အချို့သောအင်အားစုများသည် မိမိတို့၏အားနည်းချက်ကို မျက် ကွယ်ပြုကာ ပြည်သူလူထုအားကိုယ် ကျင့်တရားအရတာဝန်အားနည်းရကောင်းလားဟုအပြစ်မြင်ပြီး အမိန့်အာဏာအမျိုးမျိုးဖြင့် တုတ်နှောင်ရန်ကြိုးစားကာ ပြည်သူလူထုကို ၎င်းတို့၏ နိုင်ငံရေးအာဂျင်တာအတွက် ချည်နှော င်ကာ သွေးခွန်(Blood Tax)ဆောင်ခိုင်းတော့သည်။

နိုင်ငံရေးအာဂျင်တာများတွင် ပဋိညာဉ်ဆိုင်ရာ တရားမျှတမှုနှင့်ဂတိဂဝတ် သဘောသဘာဝကို မျက်ကွယ်ပြု၍ ပြည် သူလူထုအား အချုပ်အခြာအာဏာအတွက်ကိုယ်ကျင့်တရားအရတာဝန်ရှိရမည်ဟုသာ ပြောနေပါကလည်း ဟန်ချက်မညီ တဖက်သတ်ဆန်သည် ဝန်ထုတ်ဝန်ပိုးကို ထမ်းနေကြရအုံးမည်သာဖြစ်သည်။

PrevPrevious“ကြီးလာရင် ခြေတုတပ်မယ်။ မုန့်ဆိုင်တွေမှာ လုပ်မယ်။ အမေ့ကို ကူမယ်။”
Nextအာရက္ခဒေသက တောင်သူလယ်သမားတွေ ဆက်လက်ရပ်တည်ဖို့ အကူအညီလိုအပ်နေNext
Previous Post

“ကြီးလာရင် ခြေတုတပ်မယ်။ မုန့်ဆိုင်တွေမှာ လုပ်မယ်။ အမေ့ကို ကူမယ်။”

Next Post

အာရက္ခဒေသက တောင်သူလယ်သမားတွေ ဆက်လက်ရပ်တည်ဖို့ အကူအညီလိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

March 15, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

Releated Post

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

March 15, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page