Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး သတင်း

အမေရိကန်ကြောင့် တရုတ်နဲ့ဆက်ဆံရေးအကြပ်ဆိုက်စေမှာမဟုတ်ဘူးလို့ဘင်္ဂလားဒေ့ရှ်ပြော

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
ဘင်္ဂလားဒေရှ့်၊ ဇူလိုင် ၃၀။

အမေရိကန်မှအခွန်သုံးဆယ်ငါးရာခိုင်နှုန်းကောက်ရန်အဆိုပြုချက်ကို ဘင်္ဂလား‌ဒေ့ရှ်ဘက်မှ နောက်ဆုံးအကြိမ်ညှိ့နှိုင်းဖို့ အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေပါတယ်။

အစောပိုင်းကာလက အမေရိကန်ဘက်မှဘင်္ဂလား‌ဒေ့ရှ်ရဲ့ကုန်ပစ္စည်းတွေအပေါ် အခွန်သုံးဆယ်ခုနှစ်ရာခိုင်နှုန်းကောက်မယ်လို့ဆိုထားတာပါ။

အရင်က ဆယ့်ငါးရာခိုင်နှုန်းအခွန်ဆောင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်ကုန်စည်တွေကို လက်ရှိမှာတော့ ထပ်တိုးအခွန်သုံးဆယ့်ငါးရာခိုင်နှုန်းကောက်ဖို့ကို ဆွေးနွေးကြမှာပါ။

ဒီနှုန်းထားအတိုင်းဆိုရင် ဘင်္ဂလားဒေ့ရှ်ရဲ့ကုန်ပစ္စည်းအချို့ဟာ ငါးဆယ်အခွန်အခွန်ဆောင်ရတော့မှာဖြစ်ပါတယ်။

အဲဒီသုံးဆယ့်ငါးရာခိုင်နှုန်းကိုပဲ အခွန်ကောက်ဖို့အတွက် ဘင်္ဂလားဒေရှ့်ဟာ အမေရိကန်မှ လေယဉ်နှစ်ဆယ့်ငါးစီး ပြန်ပြီးဝယ်ယူမယ်လို့ဆိုပါတယ်။

ဒီကိစ္စအပေါ် ဝါရှင်တန်မှာဆွေးနွေးကြမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ရလဒ်ကောင်းကို မျှော်လင့်နေပါတယ်။

ကုန်သွယ်ရေးကိစ္စဆွေးနွေးဖို့အတွက်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်သို့ စေလွတ်လိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Bussinesd Standard သတင်းစာမှာဖော်ပြပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့မှာ စီးပွားကုန်သွယ်ရေးအကြံပေးအက်စ်ကေဘာရှား အူဒင်(Sk Bashir Uddin)၊အမျိုးသားလုံခြုံရေးအကြံပေးကာလီလာရာမန် (Khalilur Rahman)၊စီးပွားကုန်သွယ်ရေးဆိုင်ရာအတွင်းရေးမှုးမာဘူဘာရာမန် (Mahbubur Rahman)နဲ့WTO ဆိုင်ရာ အထွေထွေဒါရိုက်တာနက်ဇ်နီယင်ကိုင်ဇာ ချောင်ဒရီ( Nazneen Kaiser Chowdhury) တို့ပါဝင်တယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးအရာရှိတွေနဲ့ ဇူလိုင် ၂၉ ရက်နဲ့ ၃၀ရက်နေ့အထိဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲအနေအထားက ဇူလိုင် ၃၁ ရက်နေ့အထိလည်း တာရှည်သွားနိုင်ပါတယ်။

သမ္မတထရန့်ရဲ့ကုန်သွယ်ခွန်တိုးမြင့်ရေးက ပြီးခဲ့တဲ့ ‌ဩဂုတ်လ ၁ ရက်နေ့ကအသက်ဝင်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က လေယဉ်ပြန်လည်ဝယ်ယူရေးအစီအစဉ်ကအမေရိကန်အနေနဲ့အခွန်လျော့ပေးဖို့အတွက် အထောက်အကူဖြစ်စေပြီး ဒါဟာဘင်္ဂလားဒေရှ့်ကအိန္ဒိယနဲ့ဗီယက်နမ်တို့ကို ကောက်ယူမယ့်နှုန်းထားထက်လျော့နည်းနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့က ဘိုအင်းလေယာဥ်နှစ်ဆယ့်နှစ်စီးဝယ်မှာပါ။အိန္ဒိယနဲ့ဗီယက်နမ်လည်းအဲဒီလိုလုပ်ခဲ့တာပါပဲ။သူတို့က လေယဉ် အစီးတစ်ရာလောက်မှာခဲ့တယ်။ ဒါဟာလည်းဆွေးနွေးပွဲအတွက်အစိတ်အပိုင်းတစ်ခုအတွက်သူတို့သုံးခဲ့တာပါပဲ။ အင်ဒိုနီးရှားကလည်းအစီးငါးဆယ်လောက်မှာခဲ့တယ်” လို့ စီးပွားကုန်သွယ်ရေးဆိုင်ရာအတွင်းရေးမှုးမာဘူဘာရာမန် (Mahbubur Rahman)ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ အိန္ဒိယနဲ့ဗီယက်နမ်တို့ထက်အခွန်လျော့ကောက်ဖို့ကိုလည်းမျှော်လင့်နေတာပါ။အမေရ်ကန်က အိန္ဒိယကိုအခွန်နှစ်ဆယ့်ခြောက်ရာခိုင်နှုန်းကောက်မှာဖြစ်ပြီး ဗီယက်နမ်ကိုတော့ လေးဆယ်ခြောက်ရာခိုင်နှုန်းသတ်မှတ်ချက်ကနေပြီးနှစ်ဆယ်ရာခိုင်နှုန်းအထိပြန်လျော့ပေးထားပါတယ်။

ဘိုအင်းလေယဉ်ဝယ်မယ့်ကိစ္စဟာ လက်ရှိမှာတော့ အစိုးရရဲ့ကမ်းလှမ်းချက်အနေနဲ့ပဲရှိနေသေးတာပါ။ဘင်္ဂလားဒေရှ့်ရဲ့လုပ်ထုံးလုပ်နည်းအရတော့ ဒီလိုဝယ်ယူရေးမျိုးအတွက် ကက်ဘိနက်အစိုးရရဲ့စီးပွားရေးရာကော်မတီနဲ့ဝယ်ယူရေးကော်မတီ စတဲ့ကော်မတီများရဲ့ ရှင်းလင်းတဲ့ဆုံးဖြတ်ချက်လိုပါတယ်။

“ဘင်္ဂလားဒေ့ရှ်အနေနဲ့လေယဉ်လိုအပ်ချက်ကရှိနေဆဲပါ။လေယဉ်အချို့ကတော့ နှစ်နှစ်အတွင်းရောက်လာနိုင်ပါတယ်။ဘီမန်လေကြောင်းလိုင်းအတွက်လိုအပ်တာတွေအပါအဝင်ပေါ့။ဘိုအင်း ဆယ့်လေးစီးလောက်တော့ကျနော်တို့ဝယ်ထားပြီးပြီ” လို့အတွင်းရေးမှုးမာဘူဘာရာမန်(Mahbubur Rahman)ကဆိုပါတယ်။

ဒါပေမယ့် ဘီမန်လေကြောင်းလိုင်းတာဝန်ရှိသူတွေကတော့ ဒါနဲ့ပတ်သက်လို့ ဘာမှမသိဘူးလို့ပြောပါတယ်။ဘီမန်ဘင်္ဂလားလေကြောင်းလိုင်းမှာလေယဉ်ဆယ့်ကိုးစီး၊ဘိုအင်း ဆယ့်လေးစီး၊Dash 8-400s ယဉ်အမျိုးအစား ငါးစီးနဲ့ပြေးဆွဲနေပါတယ်။

နောက်ဆယ်နှစ်စီမံကိန်းအရလေယာဉ်နှစ်ဆယ့်ခြောက်စီးထပ်ဝယ်မှာပါ။ 2032ခုနှစ်မှာဘင်္ဂလားဦေရှ့်ဟာခရီးသည်လေယာဉ်သုံးဆယ်လေးစီးထိပိုင်လာဖို့ရည်မှန်းထားပါတယ်။အဲဒီနှစ်တွေထဲမှာပဲ Airbus ကုမ္ပဏီကနေဆယ်စီးဝယ်မယ်လို့ဆိုပါတယ်။

လေ‌ကြောင်းဗိုလ်အရာရှိဟောင်းနာဇ်ရူလ် အစ္စလန်( Nazrul Islam)က ဘိုအင်းလေယဉ်ဝယ်ယူမှုဟာ နိုင်ငံရေးဆိုင်ရာအကြောင်းပြချက်တွေကြောင့်ဖြစ်နိုင်တယ်လို့ပြောပါတယ်။

ဒါဟာကုန်သွယ်ရေးအရသံခင်းတမန်ခင်းဖြစ်ပြီး တကယ်တော့လေကြောင်ပျံသန်းရေးနဲ့ပတ်သက်လို့ ဘီနင်လေကြောင်းလိုင်းရဲ့ပညာရှင်အုပ်စုကဆုံးဖြတ်တာသာပိုကောင်းမယ်လို့ သူကပြောပါတယ်။

Airbus က ဆီစားသက်သာပြီးဘိုအင်းကတော့ ကမ္ဘာမှာအလွမ်းမိုးနိုင်ဆုံးပါ။ဒါပေမယ့် ဘိုအင်းမှာကလေယဉ်ပျက်ကျမှုနဲ့ပတ်သက်လို့ အမည်းစက်တွေရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဘိုအင်းနဲ့ Airbus အပေါ်မှာပါလုံးလုံးကြီးမှီခိုနေရတာမျိုးတော့မဖြစ်သင့်ဘူး။ဘီနင်လေကြောင်းလိုင်းကို ပိုပြီးပျံသန်းရေများ‌အောင်လုပ်ဖို့လိုပြီး နိုင်ငံခြားသို့ပျံသန်းမှုဟာ ဘင်္ဂလားဒေရှ့်ရဲ့ နိုင်ငံတကာဈေးကွက်ရဲ့ ခုနှစ်ဆယ်ငါးရာခိုင်နှုန်းထိရှိနေပါတယ်။

ဒီဟာကို လိုက်မှီအောင်လာမယ့်ငါးနှစ်ထဲမှာကို လေယဉ်အစီးပေါင်း နှစ်ယ်စီးကနေ နှစ်ဆယ့်ငါးစီးအထိ လိုတယ်လို့ လေ‌ကြောင်းဗိုလ်အရာရှိဟောင်း နာဇ်ရူလ်အစ္စလန်ကဆိုပါတယ်။

“အခုဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးဟာ အမေရိကန်က ဘင်္ဂလားဒေရှ့်ကို တင်သွင်းမယ့် ပဲပိစပ်ပမာဏကိုပဲကြည့်နေရတဲ့ ဘဝဖြစ်နေပြီ” လို့ စီးပွားကုန်သွယ်ရေးဆိုင်ရာအတွင်းရေးမှုးမာဘူဘာရာမန်ကဆိုပါတယ်။

ဘင်္ဂလားပုဂ္ဂိုလ်က လုပ်ငန်းရှင်တွေကဝါဝရှင်တန်မှာရှိတဲ့ ကိုယ်စားလှယ်တွေကနေတဆင့် အမေရိကန်က ပဲပိစပ်တင်ပို့မယ့်သူတွေကို ခြိတ်ဆက်ဖို့ကြိုးစားနေကြပါပြီ။

အမေရိကန်ကနေတင်သွင်းမယ့်ဝါဂွမ်းပမာဏဟာလည်းတုထည်ကကြီးပါတယ်။လက်ရှိမှာအခြေအနေမဟန်တဲ့ ပင်လယ်နက်ဒေသကို ဖြတ်လာရမှာပါ။

အရင်းအမြစ်အမျိုးမျိုးစုံလင်တာက အရေးကြီးပါတယ်။အဲဒီအရင်းအမြစ်တွေထဲကမှမြောက်အမေရိကကိုပဲရွေးလိုက်ရတာက ယုတ္တိကျကျ စဉ်းစားမှုပါပဲ” လို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း တစ်တန်ကို သုံးရာနှစ်ဒသမငါးခုနှစ်ဒေါ်လာနှုန်းပေးပြီးဂျံတန်ချိန် နှစ်ဒသမနှစ်သိန်းနီးပါးကို အမေရိကန်ကနေ တင်သွင်းခဲ့ရပါတယ်။

လက်ရှိကမ္ဘာပေါက်ဈေးမှာ ဂျုံဟာတတန်ကိုအမေရိကန်ဒေါ်လာနှစ်ရာ့လေးဆယ်ဝန်းကျင်ပဲရှိနေတာပါ။ကမ္ဘာ့ပေါက်ဈေးထဲမှာ ဇူလိုင် ၃ရက်နေ့က အမေရိကန်ဂျုံတစ်တန်ကိုနှစ်ရာ့နှစ်ဆယ့်ငါး
ဒေါ်လာဈေးပဲရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာနက ဂျုံကိုယူကရိမ်းကပဲဖြစ်ဖြစ် ရုရှားကပဲဖြစ်ဖြစ်ဝယ်ရင်အဲလောက်ထိဈေးမကြီးပဲ အများကြီးသက်သာတယ်လို့ ဆိုပါတယ်။

မေရိကန်က ဂျုံကိုဝယ်ရလို့ ဈေးကြီးတာနဲ့ပတ်သက်လို့အစိုးရမူဝါဒကို ခုခံကာကွယ်ပါတယ်။

“ကျနော်တို့က နှစ်တိုင်းကိုးမီလီယံဖိုး အမေရိကန်ကနေ ဂျုံကိုဈေးကြီးပေးပြီးဝယ်နေရတာကိုချည်းကွက်မကြည့်နေနဲ့ဗျ။ကျနော်တို့ရဲ့ ကုန်ပစ္စည်းတွေကို နှစ်တိုင်းဒေါ်လာသန်းရှစ်‌‌ထောင်ကျော်အမရိကန်ကဝယ်နေတာကိုလည်းပြန်ကြည့်ပါအုံး” လို့စီးပွားကုန်သွယ်ရေးဆိုင်ရာအတွင်းရေးမှုးမာဘူဘာရာမန်ကပြောပါတယ်။

အစိုးရဲ ဝယ်ယူရေးကော်မတီဥက္ကလည်းဖြစ်ပြီးကုန်သွယ်စီးပွားအကြံပေးစလေဟူဒင် အာမက္က (Salehuddin Ahmed)ကလည်း”ဈေးနှုန်းတွေ ဘယ်လောက်ရှိတယ်ဆိုတာကိုသိလည်းသိပါတယ်။ ဒါပေမယ့် မိတ်ဘက်ပြန်ပြုရတဲ့ဆွေးနွေးမှု မဟာဗျူဟာကိုလည်းပြန်ကြည့်ကြပါ။ကျနော်တို့က ကုန်သွယ်ရေးမှာဟန်ချက်ညီအောင်လုပ်နေရတာပါ” လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အပေါ် သတ်မှတ်ထားတဲ့ အခွန်သုံးဆယ့်ငါးရာခိုင်နှုန်းဟာ အမေရိကန်ရဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မညီမျှမှု တစ်ဒသမတစ်ထရီလီယံနဲ့ယှဉ်ရင် ပုစွန်ဆိတ်ငယ်သာသာပဲရှိပါတယ်။

အမေရိကန်-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးသဘောတူညီမှုကိုအဆိုထပ်ပြုထားတာရှိပါတယ်။အဲဒီအဆိုပြုချက်ထဲမှာ ရင်းနှီးမြုပ်နှံမှုတွေအတွက် အချက်တွေလည်းပါပါတယ်။ ဒါပေမယ့်ကုန်သွ
ယ်ရေးမှာ ဘက်မျှအောင်လုပ်ဖို့လိုနေပါသေးတယ်။

“အမေရိကန်ကတရုတ်ကိုကြပ်နေတဲ့အချိန်မှာ ကျနော်တို့နိုင်ငံအပါအဝင် နိုင်ငံတော်တော်များကို ကုန်ထုတ်လုပ်မှုတွေကဝင်လာကြမှာပဲ။တရုတ်ဆီမှာလုပ်နေတဲ့တေရင်းနှီးမြုပ်နှံမှုတွေတရုတ်ထဲက ထွက်သွားကြမှာပဲ။ဒါကိုလည်းအခွင့်အလန်းလို့မြင်ဖို့လိုပါတယ်” လို့ စီးပွားကုန်သွယ်ရေးဆိုင်ရာအတွင်းရေးမှုးမာဘူဘာရာမန် က ဆိုပါတယ်။

ဒီလိုအနေအထားဟာ တရုတ်လိုမျိုး ကုန်သွယ်ဖက်နိုင်ငံနဲ့ ဆက်ဆံရေးကို ကင်းကွာစေမလားဆိုတဲ့ အမြင်ကိုလည်း သူက ဆန့်ကျင်တယ်လိုဆိုပါတယ်။

“အမေရိကန်ဆီကအခုကျနော်တို့ဝယ်နေတာတွေဟာ ကျနော်တို့နဲ့ တရုတ်ကြားမှာပဲဖြစ်ဖြစ်အခြားနိုင်ငံတစ်ခုခုနဲ့ဖြစ်ဖြစ် ဆက်ဆံမှုကိုလည်းမထိခိုက်စေပါဘူး။ ဒါကလက်တွေ့အရှိတရားအရရွေ့နေတဲ့အရွေ့ထဲမှာမနစ်မြုပ်အောင်လုပ်နေရတာလေ။ဘင်္ဂလားဒေ့ရှ်အနေနဲ့ဘယ်သူနဲ့မဆို ကုန်သွယ်မှုမှာကင်းကွာမနေပါဘူး။” လို့သူကဆိုပါတယ်။

မူရင်း

  • https://www.tbsnews.net/bangladesh/trade-negotiations-bangladesh-orders-25-boeing-aircraft-delegation-leave-us-tomorrow?
PrevPreviousကွတ်ခိုင်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံး
Nextထောင်တသက်အထိ ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ စစ်ကောင်စီပြဌာန်းNext
Previous Post

ကွတ်ခိုင်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံး

Next Post

ထောင်တသက်အထိ ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ စစ်ကောင်စီပြဌာန်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

March 13, 2026
​ဓာတ်ပုံ - စစ်ကော်မရှင်တပ်

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

March 13, 2026

ရေနံဈေး ဒေါ်လာ ၂၀၀ အထိ တက်လာနိုင်တယ်လို့ အီရန် ခြိမ်းခြောက်

March 12, 2026
Photo - KNU

ခလယ်လွီထူမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦး သေဆုံး

March 12, 2026

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

ရေနံဈေး ဒေါ်လာ ၂၀၀ အထိ တက်လာနိုင်တယ်လို့ အီရန် ခြိမ်းခြောက်

ခလယ်လွီထူမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦး သေဆုံး

AA လေ့ကျင့်ပေးတဲ့ SRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ဆောထိမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံး

Releated Post

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

March 13, 2026
​ဓာတ်ပုံ - စစ်ကော်မရှင်တပ်

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

March 13, 2026

ရေနံဈေး ဒေါ်လာ ၂၀၀ အထိ တက်လာနိုင်တယ်လို့ အီရန် ခြိမ်းခြောက်

March 12, 2026
Photo - KNU

ခလယ်လွီထူမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦး သေဆုံး

March 12, 2026
ဓာတ်ပုံ - SRA

AA လေ့ကျင့်ပေးတဲ့ SRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

March 12, 2026
ဓာတ်ပုံ - KNU

ဆောထိမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံး

March 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page