မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ သြဂုတ် ၁၁။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေယာနှင့်ပဋိပက္ခဆိုင်ရာလမ်း ညွှန်ချက်။
က.၅။ လူ့အခွင့်အရေးနှင့်ကျား/မတန်း တူညီမျှမှုအပေါ်အခြေခံ၍ချဉ်းကပ်မှု။
- ပဋိပက္ခများကိုတားဆီးကာကွယ်ခြင်း (Conflict Prevention)နှင့်ပဋိပက္ခများ ၏အခြေခံစိတ်ခံစားမှုအထာများကိုသိ ရှိခြင်းများ(Conflict Sensitivity)အား ကောင်းလာစေရန်အတွက် မြေယာနှင့်ဆက်နွယ်သောနိုင်ငံတကာလူ့အခွင့်အ ရေးစံနှုန်းညွှန်ကြားချက်များကို အကျွ မ်းတဝင်(Domestication)ရှိရန်လိုအပ်သည်။
ထိုနိုင်ငံတကာစံနှုန်းများက အတင်းအကျပ်ဖိအားပေးမောင်းထုတ်ခံရခြင်း (Forced Evictions)မရှိစေရန်အကာအ ကွယ်ပေးထားသည်။
ထို့ပြင် ဒုက္ခသည်များ၊ နေရပ်စွန့်ခွာသူ များနှင့်အမျိုးသမီးများ၏မြေယာအခွင့်အရေးကိုပြန်လည်ဖော်ထုတ်မှုများ (Recover Land Rights)ကိုလည်း အ ကာအကွယ်ပေးထားသည်။
ထိုစံနှုန်းများကို မြေနေရာအကျယ်အဝန်းများစွာလိုအပ်သော ရင်းနှီးမြုပ်နှံမှုများကိုလုပ်ဆောင်ရာတွင်လည်းကျင့်သုံးရန်လိုအပ်သည်။
ဌာနေလူမျိုးစု (သို့မဟုတ်) ဓလေ့ထုံးတမ်းပုံစံများ(Indigenous/Customary land)ဖြင့် အသုံးချမှုရှိသောမြေယာများအား(FPIC) စံဖြင့်ချဉ်းကပ်မှုတွင်လည်း ကျင့်သုံးရန်လိုအပ်သည်။
မြေယာအပေါ်စီမံခန့်ခွဲအုပ်ချုပ်မှုများနှင့်မြေအားပိုင်ဆိုင်လုပ်ကိုင်မှု လက်ရှိစဉ်ဆက်မပြတ်ရှိခြင်းများ(Continuum of Land Tenure Types)ကို တိုးတက်သောစီမံခန့်ခွဲမှုရှိရန်အတွက်လည်း ထိုစံနှုန်းများအား ကျင့်သုံးရန်လိုအပ်သ ည်။
(ပဋိပက္ခများကို ကာကွယ်တားဆီးခြင်းနှင့်ပဋိပက္ခ၏စိတ်နေစိတ်ထားအထာကို သိရှိနားလည်ခံစားခြင်း(Conflict Prevention and Sensitivity)ဆိုသည်မှာ ပဋိပက္ခ၏စတင်ဖြစ်စေရန် ဖြစ်နေသောအခြေအနေအရပ်ရပ်ကို သိရှိနား လည်ပြီး ပဋိပက္ခကြောင့်ဆိုးဝါးသောသက်ရောက်မှုများကိုလျော့နည်းနိုင်သ မျှလျော့နည်းစေရန်(To Minimize Negative Impact)အတွက်အားထုတ်ခြင်းနှင့်ဖြေရှင်းဆောင်ရွက်သောနည်းလမ်းများကြောင့်ကောင်းသောသက် ရောက်မှုများ(To Maximize Positive Impact)ရှိလာစေရန် အားထုတ်ချဉ်း ကပ်မှုဖြစ်သည်။)
- မြေယာနှင့်ပတ်သက်သောဆောင်ရွက်ချက်(Land Activities)တိုင်းသည် ပဋိပက္ခ၏အခြေခံစိတ်နေစိတ်ထားကို သိရှိနားလည်မှု(Conflict- Sensitive) မျိုးဖြစ်သင့်ပြီး လူ့အခွင့်အရေးနှင့်နိုင် ငံတကာလူသားခြင်းစာနာမှုဥပဒေများကို ချိုးဖောက်မှုမျိုးတော့မဖြစ်သင့်ချေ ။
မြေယာနှင့်သက်ဆိုင်ပိုင်ဆိုင်မှုအထော က်အထားများထုတ်ပေးခြင်းစနစ်/ပိုင် ဆိုင်မှု၊အသုံးချမှုအမည်ပေါက်အထော က်အထားထုတ်ပေးခြင်းစနစ်များ (Land-Titling Systems)ခိုင်မာအား ကောင်းနေရန် လိုအပ်သည်။
ဓလေ့ထုံးထမ်းပိုင်ဆိုင်မှု(Customary Land Ownership)အလေ့အထလွမ်းမိုးနေသောလူနည်းစုများ၊အကျိုးစီးပွားထိ ခိုက်လွယ်သောရပ်ရွာအသိုက်အဝန်းအု ပ်စုများအား ၎င်းတို့၏ဓလေ့ထုံးတမ်းအလိုက်အမည်ပေါက်အထောက်အ ထားများ ထုတ်ပေးထားသင့်သည်။
ထိုသို့ထုတ်ပေးသည့်စနစ်ယန္တရားအား ကောင်းမှုက တပါးသူ၏ပိုင်ဆိုင်မှုကို သွားရောက်ထိခိုက်ခြင်း(Expense of Orthers)ကိုဟန့်တားပေးနိုင်ပြီး တသီးပုဂ္ဂလပိုင်ဆိုင်မှုများအတွက် လိုက်လံအထောက်အပံ့ပြုရမှုများ၊အရှုပ်အရှ င်းဖြေရှင်းပေးရမှုများ လျော့နည်းခြင်း (To Avoid Support for Individual Ownership)ကို ဖြစ်စေမည်ဖြစ်သည်။
- ကုလသမဂ္ဂသည် ကျား/မဆိုင်ရာခံယူမှုကြောင့် မြေယာအခွင့်အရေးကို ဆုံး ရှုံးမှုမဖြစ်စေခြင်း(Gender-Respon sive Approaches)အပေါ်ထောက်ပံမှုပေးသည်။
မြေယာအပေါ် ကျား/မ ကွဲပြားမှုအရချဉ်းကပ်ခြင်း(Gender-Responsive Approaches)တွင် အမျိုးသမီးများ၏ အခွင့်အရေးများတွင် မြေယာနှင့်ပတ် သက်၍ ပိုင်ဆိုင်ခွင့်(Own)၊လက်ခံခွင့်၊ လက်ရှိထားခွင့်(Access)၊ထိန်းချုပ်စီမံခွင့်(Control)နှင့်အမွေဆက်ခံခွင့်များ (Inherit)ကို မြင့်တင်ပေးရမည်ဖြစ်သ ည်။
အဆိုပါအမျိုးသမီးအခွင့်အရေးများကို ကုလသမဂ္ဂမှကူညီပံ့ပိုးသော တနိုင်ငံလုံးအဆင့်၊တပြည်လုံးအဆင့်ဆွေး နွေးပွဲများ၊အသွင်ကူးပြောင်းရေးကာ လတရားမျှတမှုများနှင့်ဥပဒေပိုင်းဆိုင် ရာပြုပြင်ပြောင်းလဲမှုအခင်းအကျင်း
များ(Legal Reform Initiatives)တွင် ပါဝင်ထည့်သွင်းရမည်ဖြစ်သည်။
မြေယာအပေါ် ကျား/မကွဲပြားမှုအရချ ဉ်းကပ်ခြင်း(Gender-Responsive Approaches)နိုင်ငံတကာစံနှုန်းများနှင့် အကျွမ်းတဝင်ရှိလာစေရန် အထောက်အပံများရှိသင့်သည်။
မိမိတို့၏ဆုံးရှုံးနစ်နာမှုများကြောင့် ပြန်လည်အရေးဆိုခြင်း၊အလျော်ပေးရန်တောင်းဆိုခြင်း(Restitution Process) ဖြစ်စဉ်များတွင် အမျိုးသမီးများ၏ မြေအပေါ် လက်ရှိထားခွင့်၊လက်ခံထားခွင့်များ(Women’s Access)ကို အကာ အကွယ်ပေးရမည်ဖြစ်သည်။
အမျိုးသမီးများ၏မြေနှင့်သက်ဆိုင်သောအခွင့်အရေးများကို သေချာသော ဥပဒေကြောင်းအရ အကောင်အထည် ဖော်ခြင်း(Enforcement Measures) များရှိရမည်ဖြစ်သည်။
(Gender-Responsive Approaches ဟူသည် လူ့ဘောင်တခုအတွင်း ကျင့်သုံးနေသော စံတန်ဖိုးများ၊ဥပဒေများ ၏ကျား/မအခွင့်အရေးတန်းတူမှုမရှိသည့်ကိစ္စများကို ရှာဖွေဖော်ထုတ်ကာ တ န်းတူညီမျှမှုရှိစေရန်အားထုတ်ခြင်းဖြစ် သည်။
ထိုကျင့်သုံးနေသောစံတန်ဖိုးများ၊ အလေ့အထများကအမျိုးသမီး၊ အမျိုးသား၊ မိန်းကလေး၊ ယောကျ်ားလေး၏ တဦးချင်းလိုအပ်ချက်များ၊ အခွင့်အရေးများ၊ အကျိုးစီးပွားများအပေါ်တွင် တန်းတူညီမျှမှုရှိစေရန် အကောင်အထည်ဖော်၍ချဥ်းကပ်ခြင်းဖြစ်သည်။)
- ပါဝင်ပတ်သက်ခွင့်ရှိစေခြင်း၊ပါဝင်စေခြင်း(Participatory and Inclusive Approach)က သဘောတူညီမှုများ (Buy-In)၊တာဝန်ယူမှု(Accountability) ၊ပွင့်လင်းမြင်သာမှု(Transparency)နှင့် ရေရှည်တည်တံခိုင်မြဲမှု (Sustainability)ကို ပိုမိုအားကောင်းစေသည်။
အကျိုးစီးပွားအရ ပါဝင်ပတ်သက်ဆ က်စပ်သူများတွင်…။
- အစိုးရလုပ်နေသူများ(Government Actors)။
- နိုင်ငံရေးပါတီများ(Political Parties)။
- အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းများ(CSOs)။
- မြေယာကိစ္စရပ်နယ်ပါယ်တွင် တတ်သိနားလည်သူပရိုဖက်ရှင်နယ်များ(Land Professionals)။
- မြေယာနှင့်ပတ်သက်သောပညာရှင်များ(Academics)။
- ယုံကြည်မှုကိုအခြေခံ၍ ဖွဲ့စည်းထားသောအုပ်စုများ(Faith-Based Organizations)
- ရပ်ရွာလူထု၏ ဒေသဓလေ့ထုံးတမ်းအစဥ်အလာအရ ခေါင်းဆောင်များ။
- ဌာနေလူမျိုးစုခေါင်းဆောင်များ။
- ရပ်ရွာလူမှုအသိုင်းအဝန်းများ။
- ဌာနေလူမျိုးစုအသိုက်အဝန်းများ။
- ကိုယ်စားပြုအင်စတီကျူးရှင်းများ (Representative Institutions)။
- လယ်သမားအုပ်စုများ။
- မြေယာမဲ့များ(Landless)။
- ပြည်သူလူထုများ(General Public)စသည့်အုပ်စုများပါဝင်သည်။
အထူးအလေးပြုထားရမည်မှာ မည်သို့ပင်ဆိုစေကာမူ ထိုအုပ်စုများတွင်ပင်လျှင် အတိတ်သမိုင်းကာလတလျောက် ဓလေ့ထုံးတမ်းအစဥ်အလာ အလေ့အ ထပင်ကိုအရပင် အမျိုးသမီးများနှင့်အ မျိုးသမီးအခွင့်အရေးအုပ်စုများ (Women’s Rights Organizations)ကို ဖယ်ထုတ်ထားတတ်သည့်သဘောရှိနေသည်ကိုလည်း သတိပြုသင့်သည်။
- ကျယ်ဝန်းသောမြေဧရိယာများကိုလိုအပ်သည့် ရင်းနှီးမြုပ်နှံမှုများ (Large-Scale Land-Based Investment)က မြေယာပေါ်တွင် ပဋိပ က္ခများနှင့် ယှဉ်ဘက်ပြိုင်ဘက် (Comprtition)ပုံစံများကို မကြာခဏဆိုသလိုဖြစ်စေသည်။
မြေဧရိယာကျယ်ဝန်းမှုကိုလိုအပ်သော ရင်းနှီးမြုပ်နှံမှုများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊သဘာဝအရင်းအမြစ်များအပေါ်တွင် ပဋိပက္ခဖြစ်မှုများ (Conflict Around Natural Resources)ကိုပါ တပါတည်းပေါ် ပေါ က်စေနိုင်သည်။
စီးပွားရေးရင်းနှီးလုပ်ကိုင်မှုအတွက်လိုအပ်ချက်(Needs of Business Enterprises)နှင့်ရပ်ရွာလူမှုအသိုင်းအဝန်း၏အကျိုးစီးပွား(Community Intrests)ကြားတွင် ပြည့်စုံလုံလောက်သော ဟန်ချက်ညီသဟဇာတဖြစ်မှု (Adequated Balance)များရှိရန်လိုအပ်သည်။
ထိုစီးပွားရေးဆိုင်ရာလိုအပ်ချက်နှင့် ဒေသခံတို့၏ အကျိုးစီးပွားကြားတွင် နိုင် ငံတကာလူ့အခွင့်အရေးစံနှုန်းလမ်းညွှ န်ချက်များဖြင့် ချဉ်းကပ်ဆုံးဖြတ်သင့်သည်။
ကုလသမဂ္ဂအနေဖြင့် အများပြည်သူ့အကျိုးအတွက် ရင်းနှီးမြုပ်နှံမှု (Public Investment)နှင့်ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုများ(Private Investment)တွင် မြေ ယာမှအတင်းအကျပ်နှင်ထုတ်ခြင်း၊အ တင်းအကျပ်နေရာရွေ့ပြောင်းခိုင်းခြင်း ၊လူ့အခွင့်အရေးချိုးဖောက်ခြင်း စသည့်အချက်များမရှိစေရန် တာဝန်ခံယူများကို အထောက်အပံ့များပေးသင့်သည်။
(သဘာဝအရင်းအမြစ်များအ ပေါ်တွင်ပဋိပက္ခဖြစ်မှု(Conflict Around Natural Resources)ဟူသည် မြေကိုသော်လည်းကောင်း၊ရေကိုသော်လည်း ကောင်း၊ရေ၏သဘာဝတည်ရှိမှုကို သော်လည်းကောင်း၊ရေ၏သက်ရှိသ က်မဲ့သယံဇာတများကိုလည်းကောင်း၊တွင်းထွက်ပစ္စည်းများကိုသော်လည်း ကောင်း၊သစ်တောနှင့်သစ်တောထွက်ပစ္စည်းများကိုသော်လည်းကောင်း လ က်ရှိပိုင်ဆိုင်ရန်(Access to)ပိုင်ဆိုင်ထိ န်းချုပ်ရန်(Control Over)အသုံးချရန် (Uses of)အတွက် သဘောတူညီချက် မရနိုင်သောအခြေအနေမျိုးကိုဆိုလို
သည်။
သဘာဝသယံဇာတအပေါ် ပဋိပက္ခဖြစ်မှုသည်…။
- “-သဘာဝအရင်းအမြစ်ရှားပါးခြင်း (Resource scarcity)အပေါ်တွင်လည်း ကောင်း။
- သဘာဝအရင်းအမြစ်ပေါများခြင်း (Resource abundance)အပေါ်တွင်လည်ကောင်း။
- သဘာဝသယံဇာအပေါ်တွင်လည်း ကောင်း။”
စီမံခန့်ခွဲမှုလွဲမှားခြင်း(Resources Mismanagement) ကြောင့်ဖြစ်လာနိုင်သည်။
သယံဇာတအပေါ်အခြေပြုသော ပဋိပ က္ခသည် အကြမ်းဖက်မှုများကို ပိုမိုအရှိန်မြင့်လာစေသည်။
ပဋိပက္ခဖြစ်ရာဒေသအတွင်းတွင်လည်း အုပ်ချုပ်ရေးအားပျော့မှု(Weak Governance)နှင့်နိုင်ငံရေးစနစ်ကျိုးပျက်မှု(Fragile Political Systems)ကိုဖြစ်စေသည်။
သဘာဝအရင်းအမြစ်များကိုညီမျှမှုမဲ့စွာထုတ်ယူခွင့်(Exploitation of Resources)က ပဋိပက္ခများ၊အကြမ်း ဖက်မှုများကို တာရှည်စေတတ်သည်။)
က.၆။ ကုလသမဂ္ဂ၊ကုလသမဂ္ဂမဟုတ်သောအဖွဲ့အစည်းများနှင့်တပြည်လုံးတမျိုးသားလုံးဆိုင်ရာ အာဏာပိုင်အဆင့်ကြားတွင် မိတ်ဘက်ပြုမှုနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအားကောင်းလာစေရန် အထောက်အပံပေးခြင်း။
- ကုလသမဂ္ဂ၏အားထုတ်မှုများသည် မြန်ကောင်းသက်သာထိရောက်မှု (Comparative Advantages)အပေါ်တွ င်၊လက်ရှိရေခံမြေခံတွင် အသုံးဝင်မှုများ(Available Tools)အဖြစ်၊အချိန်တို င်းအခြေအနေတိုင်းအတွက် အသုံးချ၍ ရသောနည်းလမ်းများ(Whenever Aviailable)အဖြစ်လည်းကောင်း ရှိနေရန် ဦးတည်ချက်ထားသည်။
အချိန်အခါတိုင်းသုံးနိုင်သောနည်းလမ်း များထဲတွင် ကုလသမဂ္ဂ၏ယန္တရားများ သက်ဆိုင်ရာနိုင်ငံထဲတွင်တည်ရှိခြင်း (In-country Presence)၊စွမ်းဆောင်ရ ည်များရှိလာစေရန် လက်တွဲဆောင်ရွ က်ခြင်း(Convening Capacity)၊ပဋိပ က္ခကိုပိုမိုကြီးထွားစေသော သံတမန်ရေးကိုတားဆီးခြင်း (Preventive Diplomacy)၊ညှိနှိုင်းပေါင်းစပ်နိုင်သောစွမ်းရည်(Mediation Capacity)ရှိခြင်း၊ ပဋိပက္ခများကြားတွင် ဘက်လိုက်မှုက င်းသောတတိယအုပ်စု(Good Offices) အဖြစ်ရှိခြင်း၊မြေယာဆိုင်ရာမဟာဗျူဟာများ(Land-Related Strategies) အားကောင်းနေချိန်တွင် ကုလသမဂ္ဂအ ဖွဲ့ဝင်မဟုတ်သောသူများ(non-UN actors)နှင့်ဆက်ဆံခြင်းတို့ပါဝင်သည်။ (ပညာရပ်ဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုမှုအရ မြန်ကောင်းသက်သာထိရောက်မှု (Comparative Advantages)ဟူသည် အခြားနည်းလမ်းတခုနှင့်နိုင်ယှဉ်ပါက ပို၍အရင်းအမြစ်စိုက်ထုတ်ရမှုနည်းကာ ထိရောက်မှုရှိသောအခင်းအကျင်းဖြစ်သည်။
ထိုအခင်းအကျင်းက ကျန်ရှိသောအရ င်းအမြစ်များကိုအခြားနေရာတွင် အသုံးချနိုင်ခြင်း၊မျက်နှာသာရခြင်းဆိုသည့် ယအခွင့်အလမ်းအတွက်သုံးစွဲနိုင်မှု (Opportunity Cost)ကိုဖြစ်စေသော အဓိပ္ပါဖွင့်သည်။
(Available Tools)ဟူသည် လုပ်ငန်းစဉ်တခုအတွက်အသုံးဝင်သောနည်းပညာ၊ ညဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အသိအမြင်၊ ငွေကြေးနှင့်ရုပ်ဝတ္ထုပစ္စည်းများကိုခေါ်ခြင်းဖြစ်သည်။
(Whenever Aviailable)ဟူသည် အချိန်တိုင်း၊နေရာတိုင်းတွင် အသုံးပြု၍ရနိုင်သော နည်းပညာ၊ဥပဒေ၊လုပ်ထုံးလုပ် နည်း၊အသိအမြင်၊ငွေကြေးနှင့်ရုပ်ဝတ္ထုပစ္စည်းများ ကိုခေါ်ခြင်းဖြစ်သည်။(In- country Presence)ဟူသည် ပဋိပက္ခဖြစ်နေသောနိုင်ငံထဲတွင်ရုံးထိုင်နေသော ကုလသမဂ္ဂမှဌာနေကိုယ်စားလှယ်လိုမျိုး၊WHO၊WFP အစရှိသောယ န္တရားများ၏ ရုံးသဘောမျိုးဖြစ်သည်။
(In-country Presence)၏အဓိပ္ပါယ်တွင် ပြဿနာတခုချင်းအလိုက်၊ပဋိပ က္ခခေါင်းစဉ်အလိုက် ကုလသမဂ္ဂက ကိုယ်စားလှယ်ထားရှိပေးခြင်းမျိုးလည်းပါဝင်သည်။
ဥပမာ-မြန်မာနိုင်ငံဆိုလျှင်လူ့အခွင့်အ ရေးအစီရင်ခံစာတင်သွင်းသူကဲ့သို့ယန္တရားမျိုးလည်းပါဝင်သည်။(Convening Capacity)ဟူသည် ပဋိပက္ခများ၊ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်သော အရည်အသွေးမျိုးရရှိစေရန်အတွက် ကူလသမဂ္ဂနှင့်ပူးတွဲလုပ်ဆောင်ခြင်းမျိုးဖြစ်သည်။
(Preventive Diplomacy)ဆိုသည်မှာ ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေသော သံခင်းတမန်ခင်းမျိုးမဖြစ်စေရန်အတွက် အားထုတ်မှုဖြစ်သည်။ (Preventive Diplomacy)သညျ နိုငျငံတကာဆကျဆံရေးနယျပါယျတှငျ ကယွပြှနြ့သောအဓိပ္ပါယ်ဖွင့်ဆိုချက်ရှိကြပေသည်။
သံခင်းတမန်ခင်းနှင့်နိုင်ငံတကာဆက် ဆံအသိအမှတ်ပြုမှုတွင် ပဋိပက္ခကို ပိုမိုအားကောင်းစေမှုဖြစ်စေသော ကိုယ်စားပြုမှု သို့မဟုတ် အကြမ်းဖက်ပဋိပ က္ခကို ပိုမိုအရှိန်မြင့်စေသောအငြင်းပွားမှု(Disputes from escalating into violent conflicts)မျိုးမဖြစ်စေရန် ဆောင်ရွက်သည့်လုပ်ရပ်ကိုဆိုလိုခြင်းဖြစ်သည်။
(Good Offices)ဟူသည် ပဋိပက္ခအုပ်စုများကြားတွင် ဘက်လိုက်ခြင်းမရှိဘဲ ကြားဝင်စေ့စပ်နိုင်သော အုပ်စုကိုခေါ်ခြင်းဖြစ်သည်။
(Non-UN actors)ဟူသည်လည်း နိုင်ငံတကာဆက်ဆံရေးနှင့်နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးဆိုင်ရာနယ်ပယ်တွင်ကယွပြှနြ့သော အဓိပ်ပါယ်ရှိပေသည်။
(Non- UN actors)ဆိုရာတွင် ကုလသမ ဂ္ဂမဟုတ်သည့်/ကုလအဖွဲ့ဝင်မဟုတ်သည့်/ ကုလသမဂ္ဂနှင့်ဆက်စပ်ခြင်းမရှိသည့် နိုင်ငံအဆင့်အစိုးရများ၊ ဒသေန္တရအစိုးရများ၊ ကမ္ဘာ့ဘဏ်ကဲ့သို့နိုင်ငံများစုဖွဲ့ထားသည့် အင်စတီကျူးရှင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်အဖွဲ့များ၊နိုင်ငံတကာအဆင့် INGOs များ၊ ပုဂ္ဂလိကများ၊ နိုင်ငံအခြေစိုက်အလှူရှင်များ စသည့်အုပ်စုများပါဝင်သည်။
- နိုင်ငံအဆင့်များတွင် ကုလသဂ္ဂမဟုတ်သော(non-UN actors)များနှင့် မိတ်ဖ က်ပြုဆောင်ရွက်ရန်လိုအပ်သည်။
ထိုသို့မိတ်ဖက်ပြု ပေါင်းစပ်ဆောင်ရွက်ခြင်းက ဒေသအဆင့်လုပ်ငန်းစဥ်အဆင့်များ၊ အားစိုက်မှုများ(Local Dynamics)ကို ပိုမိုကောင်းမွန်လာစေသည်။
ထိုပေါင်းစပ်ဆောင်ရွက်ခြင်းကပင် မြေ ယာဆိုင်ရာကိစ္စရပ်များအား သရုပ်သ ကန်ခွဲခြားခြင်း(Land Issues to Identify)နှင့်ရေရှည်အကျိုးကိုရည်ရွယ် ၍အဖြေရှာခြင်း(Long-Term Solutions)များအပေါ် ညှိ့နှိုင်းပေါင်းစပ်ဖြေရှင်းနိုင်ခြင်းနှင့်လုပ်ငန်းစဉ်ဖော်ဆောင်ရမည့် နေရာဒေသရေခံမြေခံအ ထာများ/ သဘောသဘာဝ(Local Expertise)များကို နားလည်ကျွမ်းကျင်မှုတိုးတက်စေသည်။
(မြေယာဆိုင်ရာကိစ္စရပ်များအား သရုပ်သကန်ခွဲခြားခြင်း(Land Issues to Identify)ဆိုသည်မှာ မြေယာပိုင်ဆိုင်မှုစနစ်၊ အသုံးချမှုစနစ် မြေယာစီမံခန့်ခွဲမှုစနစ်၊မြေယာဥပဒေကျင့်သုံးမှုစနစ်စသည့်တို့ကြောင့် လူနှင့်ပတ်ဝန်းကျင်ကို သက်ရောက်လာသည့် ကိစ္စရပ်ပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြစ်သည်။
မြေသိမ်းခံရမှု၊မြေအငြင်းပွားမှုများမှအစ မြစ်ကမ်းပါးပြိုကျ၍ နေထိုင်ရာမြေဆုံးရှုံးခြင်းကျွဲနွားများ စားကျက်မြေနည်းပါးလာခြင်းအလယ် မြေဩဇာခမ်းခြောက်ခြင်း၊ မြေဆီလွှာပျက်ခြင်း၊ ရေအရင်းအမြစ်ခမ်းခြောက်ခြင်း၊ ကန္တာရဖြစ်လာခြင်းစသည့်များမြောင်လှသော မြေနှင့်ဆက်နွယ်သည့်ပြဿ နာမကို သရုပ်သကန်ခွဲခြားမှုကို ဆိုလို ရင်းဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။