BNA Author

BNA Author

ညောင်ကျိုးစစ်ဗျူဟာစခန်းကို အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီလ ၂ ရက်နေ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော်(AA) က ဧပြီလ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီညောင်ကျိုးဗျူဟာစခန်းကုန်းကို မတ်လ ၁၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၆ ရက်ကြာအောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။...

Photo - AA

မြောက်ဦးမှာ စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ်သားနှစ်ဦးဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမှာ ဧပြီလ ၅ ရက်၊ဒီနေ့ နေ့လည်က စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ် သားနှစ်ဦးဒဏ်ရာရသွားတယ်လို့ မြောက်ဦးဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်က အသက်သုံးဆယ်သုံးနှစ်အရွယ်ဦးစိုးချေ၊ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်ကိုထွန်းလင်းချေ ဒဏ်ရာရသွားတာလို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီဗုံးသီးပေါက်ကွဲမှုကြောင့် သူတို့နှစ်ဦးမှာ ခန္ဓာကိုယ်အနှံ့...

ရိုဟင်ဂျာတစ်သိန်းရှစ်သောင်းကို အတည်ပြုလက်ခံမယ်

ဘန်ကောက်၊ ဧပြီ ၅ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာရှစ်သိန်းထဲက တစ်သိန်းရှစ်သောင်းကို မြန်မာကပြန်လည်လက်ခံရေးအတွက် အတည်ပြုထားပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအကြောင်းကြားထားပါတယ်။ အဲဒီစာရင်းဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ကာလတွေမှာ မြန်မာနိုင်ငံကို အကြောင်းကြားစီစစ်စေခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ခုနှစ်သောင်းအတွက် နောက်ဆုံးအတည်ပြုချက်ကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ...

ဓာတ်ပုံ - သီဟထွန်းဇော်

မန္တလေးမှာ မိုးရွာနေလို ပြည်သူတွေ နေစရာအခက်အခဲဖြစ်

မန္တလေး၊ ဧပြီ ၅။ ငလျင်ဒဏ်ကို ခံနေကြရတဲ့မန္တလေးမြိုမှာ ဧပြီလ ၅ ရက်၊ ဒီနေ့ မိုးရွာနေတာမိုပြည်သူတွေ နေရာစအခက်အခဲတွေဖြစ်နေကြပြီလို ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိ...

စစ်ခေါင်းဆောင် ကြွေးကြော်နေတဲ့ ရွေးကောက်ပွဲ တကယ်ဖြစ်လာမလား

လင်းခိုင်ရေးတယ်။ အရပ်သားပြည်သူ့အစိုးရလက်ထဲကနေ မဲသမာမှုအကြောင်းပြကာ တိုင်းပြည်အာဏာတွေကိုလုယူခဲ့တဲ့စစ်ခေါင်းဆောင်ဟာ အာဏာစသိမ်းချိန်ကတည်းက ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်လို့ ဆက်တိုက်ပြောဆိုကြွေးကြော်နေလာခဲ့တာလေးနှစ်ကျော်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင်ပြောဆိုနေတဲ့ ရွေးကောက်ပွဲကတော့ လက်တွေ့တကယ်ဖြစ်မလာသေးပါဘူး။ စစ်အုပ်စုကပဲ အတည်ပြုရေးဆွဲခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာသိမ်းပြီးနှစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးရမယ်လို့ဆိုထားပေမယ့် အာဏာသိမ်းကာလ လေးနှစ်ကျော်တဲ့ထိ ကျင်းပနိုင်ခြင်းမရှိသေးတာပါ။...

(ဓာတ်ပုံ - စစ်ကောင်စီတပ်အသုံးပြုနေတဲ့တိုက်လေယာဥ် / စစ်ကောင်စီ)

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်ကို ဧပြီလ ၄ ရက်နေ့၊ မနက် ၁ နာရီအချိန်ခန့်က စစ်ကော င်စီတပ်လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ကလေးတဦးအ ပါအဝင်သုံးဦး ဒဏ်ရာရသွားတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့နယ်၊ စလူကျေးရွာက အသက်ဆယ့်လေးနှစ်အရွယ်မောင်စိုးနိုင်၊ အသက်သုံးဆယ်ခြောက်နှစ်အ ရွယ်ဒေါ်ကြူကြူ၊...

ဓာတ်ပုံ - APM

တောင်ကုတ်မြို့နယ်မှာ စစ်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတဦးသေ၊ တဦးဒဏ်ရာရ

တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၄ ရက်၊ ဒီနေ့နေ့လည်က စစ်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတဦးသေဆုံးသွားပြီး တဦးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ တောင်ကုတ်မြို့နယ်၊ ရန်ခေါ်ကျေးရွာကအသက်ဆယ့်သုံးနှစ်အရွယ် မောင်မင်းခန့်စိုးသေဆုံးသွားသလို ရန်ခေါ်ရွာအုပ်စုမကျည်းကုန်းကွက်သစ်က အသက်ဆယ့်တစ်နှစ်အရွယ်ရှိုင်းထက်အောင်ဟာ ခန္တာကိုယ်တခုလုံးမှာဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ သူရို့နှစ်ဦးဟာ ဒီနေ၊ နေ့လည် ၁၁...

ဓာတ်ပုံ - ကိုထွန်းနိုင်ထွန်

ရွှေရောင်ကရဝိတ်ဖောင်တော်ကြီး ငလျင်ကြောင့် ပျက်စီး

အင်းလေး၊ ဧပြီ ၄။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ရှမ်းပြည်၊အင်းလေးဒေသရှိ ရွှေရောင်ကရဝိတ်ဖောင်တော်ကြီးလ ည်း ငလျင်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။ အဲဒီငလျင်ဒဏ်ကြောင့် အင်းလေးဒေသက နေရာအများစု...

(ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်း / BNA)

မြန်မာကပြန်လည်လက်ခံမယ့် ရိုဟင်ဂျာတစ်သိန်းရှစ်သောင်းစာရင်းကို အတည်ပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာရှစ်သိန်းထဲက တစ်သိန်းရှစ်သောင်းကို မြန်မာကပြန်လည်လက်ခံရေးအတွက် အတည်ပြုထားပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအကြောင်းကြားထားပါတယ်။ အဲဒီစာရင်းဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ကာလတွေမှာ မြန်မာနိုင်ငံကို အကြောင်းကြားစီစစ်စေခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ခုနှစ်သောင်းအတွက် နောက်ဆုံးအတည်ပြုချက်ကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီအချက်တွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ...

ဓာတ်ပုံ-မြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့

ဂွမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်မှာ ဧပြီလ ၃ ရက်၊နေ့လည် ၁၂ နာရီအချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ဒေသခံအမျိုးသားတဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီဂွမြို့နယ်၊ကျိန္တလီတိုက်နယ်မှအသက်သုံးဆယ်အရွယ် ဦးထွန်းလင်းအောင်မှာညာဖက်ခြေထောက်ပြတ်ထွက်သွားတာမို့ အရေးပေါ်ဆေးကုမှုခံယူနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ သူဟာ ဧပြီလ ၃ ရက်၊နေ့လည်...

Page 23 of 47 1 22 23 24 47

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here