အာရက္ခဒေသ လူနည်းစုတွေရဲ့လူမှုဘ၀အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲ
ခိုင်လင်းရေးပါတယ်။ မြို့နဲ့အလှမ်းဝေးပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ဒေသတွေမှာအများစုနေထိုင်ကြတဲ့ အာရက္ခဒေသမှ လူနည်းစုတွေဟာ ခေတ်အဆက်ဆက်အစိုးရတွေရဲ့ခွဲခြားဆက်ဆံမှုတွေ ခံခဲ့ကြရပြီး ဆက်သွယ်ရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး၊ပညာရေး အဘက်ဘက်မှာ များစွာနောက်ကျကျန်နေခဲ့ကြပါတယ်။ ဖွံဖြိုးမှုအနိမ့်ကျဆုံးသောအာရက္ခပြည်ထဲမှာမှလူနည်းစုတွေဟာ ပိုပြီးတော့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့အခြေအနေမှာရှိနေခဲ့တာပါ။ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် ကုန်စည်၊ဆေးဝါး၊ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတဲ့ ခုအချိန်မှာတော့နဂိုကတည်းက အလှမ်းဝေးနောက်ကျနေခဲ့တဲ့မျိုးနွယ်စုဝင်မိသားစုတွေရဲ့လူမှုရေး၊စီးပွားရေး၊ကျန်းမာရေးအခြေအတွေဟာ ပိုမိုဆိုးဝါးလာခဲ့ကြရပြီး အဆိုးဆုံးအခြေအနေရောက်နေတယ်လို့ ဆိုကြပါတယ်။...









