Saw Shin Nyo

Saw Shin Nyo

(ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီးရှိသောက်သုံးရေကန်ကို ဒီဇင်ဘာလ ၂ ရက်တွေ့ရပုံ / BNA)

ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေကန်တွေစတင်ခမ်းခြောက်နေပြီ

Border News Agencyပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေကန်တွေ စတင်ခမ်းခြောက်နေပါပြီ။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီးရှိ သောက်သုံးရေကန်တွေဟာ နိုဝင်ဘာလနောက်ဆုံးအပတ်က စတင်ခမ်းခြောက်နေတာပါ။ အဲဒါကြောင့် ကျေးရွာသားတွေအပါအဝင် အနီးရှိစစ်ဘေးရှောင်တွေလည်း သောက်သုံးရေအခက်အခဲဖြစ်နေကြပါတယ်။ အဲဒီဂဏန်းတောင်စိုက်ပျိုးရေးခြံစစ်ဘေးရှောင်စခန်း၊ မီးရထားဘူတာစစ်ဘေးရှောင်စခန်း၊...

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)

လက်ပံတန်းမှာ စစ်ကော်မရှင်တပ် ဂိတ်စခန်းတိုက်ခိုက်ခံရလို့ ငါးဦးသေဆုံး

Border News Agencyပဲခူး၊ ဒီဇင်ဘာလ ၁။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းကျေးရွာလမ်းဆုံရှိ စစ်ကော်မရှင်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ ငါးဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီ လက်ပံတန်းမြို့နယ်၊...

ဓာတ်ပုံ - ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦးရဲ့ စစ်သင်တန်းဆင်းပွဲ

Border News Agencyရန်ကုန်၊ ဒီဇင်ဘာ ၁။ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF) စစ်သင်တန်းဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုတာ ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီ စစ်သင်တန်းဆင်းပွဲ အပတ်စဉ် ၅ ကို ဒီဇင်ဘာလ...

အာရက္ခပြည်သူတွေအတွက် ကျန်းမာရေးလိုချက်တွေကိုကူညီဖို့ ရန်ပုံငွေပြုလုပ်

Border News Agencyမြောက်ဦး၊ ဒီဇင်ဘာ ၁။ အာရက္ခတပ်တော်(AA)ရဲ့ ‎အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ  အာရက္ခပြည်သူတွေအတွက် ကျန်းမာရေးလိုအပ်ချက်တွေကိုကူညီထောက်ပံ့ပေးနိုင်ဖို့ ရန်ပုံငွေပြုလုပ်နေတယ်လို့  ထုတ်ပြန်ထားပါတယ်။ အာရက္ခဒေသမှာ ဆင်းရဲနွမ်းပါးပြီး ငွေကြေးမတက်နိုင်တဲ့သူတွေကို ဆေးကုသမှုစရိတ်အပါအဝင် ဆေးဖက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ရွယ်ရည်တယ်လို့ဆိုပါတယ်။ အဲဒီစုပေါင်းရံပုံငွေကို...

ဓာတ်ပုံ - CDF-CDM Siyin

ချင်းမြောက်တိုက်ပွဲမှာ ချင်းတော်လှန်ရေးရဲဘော်ခုနှစ်ဦးကျဆုံး

Border News Agencyတီးတိန်၊ ဒီဇင်ဘာ ၁။ ချင်းပြည်မြောက်ပိုင်းဒေသကို စစ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာကြောင့် ချင်းတော်လှန်ရေးရဲဘော်ခုနှစ်ဦး ကျဆုံးခဲ့တယ်လို့ CDF-CDM Siyin က ထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလကုန်ပိုင်းက တီးတိန်မြို့ပေါ်ကိုလေကြောင်းမှ စစ်အင်အားအကြိမ်ကြိမ်ဖြည့်တင်းခဲ့တယ်လို့...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံသဘောတူ စာချုပ်ဆယ့်ခြောက်ခုလက်မှတ်ထိုး

Border News Agencyနေပြည်တော်၊ နိုဝင်ဘာ ၂၉ ။ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ဆယ့်ခြောက်စောင်ထိလက်မှတ်ရေးထိုးသဘောတူခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကဆိုပါတယ်။ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဘယ်လာရုစ်နိုင်ငံသမ္မတမစ္စတာအလက်ဇန်းဒါးလူကာရှန်ကိုနဲ့ မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ဆယ့်ခြောက်စောင်ထိလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီစာချုပ်တွေထဲမှာ အာဏာရှင်နှစ်နိုင်ငံအကြားကုန်သွယ်ရေး၊...

ကျောက်တော်မြို့နယ်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေပြီးဆယ်ဦးဒဏ်ရာရ

Border News Agencyကျောက်တော်၊ နိုဝင်ဘာ ၂၈။ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာကို နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ် လေကြာင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေဆုံးပြီး ကလေးခြောက်ဦးအပါအဝင် ဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီကြောင်ဖိုကျေးရွာကို နိုဝင်ဘာလ ၂၈ ရက်၊...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသဘောတူ

Border News Agenyနေပြည်တော်၊ နိုဝင်ဘာ ၂၈။ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ဘယ်လာရုစ်နိုင်ငံသမ္မတမစ္စတာအလက်ဇန်းဒါးလူကာရှန်ကိုနဲ့ မင်းအောင်လှိုင်ဟာ နိုဝင်ဘာ ၂၈ ရက်၊ ဒီနေ့မနက်ပိုင်းကသမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။...

ဓာတ်ပုံ - PDF Zoland

တီးတိန်မြို့အဝင်ရှိ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

Border News Agencyတီးတိန်၊ နိုဝင်ဘာ ၂၈။ ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်ဆိုင်းဘုတ်နီးမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို ချင်းညီနောင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland က နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီတီးတိန်မြို့အဝင် ဆိုင်းဘုတ်အနီးမှာ အင်အားခြောက်ဆယ်ဝန်းကျင်နဲ့တပ်စွဲထားတဲ့...

Photo - APM

ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

Border News Agencyကျောက်တော်၊ နိုဝင်ဘာ ၂၈။ ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီကျောက်တော်မြို့နယ် ကျေးရွာနှစ်ခုကို နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့မနက် ၁၀ နာရီ ၄၅...

Page 55 of 65 1 54 55 56 65

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here