Shin Myat Phyu

Shin Myat Phyu

ဓာတ်ပုံ - ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး

ယိုးငူလေကြောင်းတိုက်ခိုက်ခံမှု သေဆုံးသူ ၁၈ ဦးရှိလာ

Border News Agency  ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၅။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ၁၈ ဦးအထိသေဆုံးသွားပြီး ၁၆ ဦးဒဏ်ရာရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ အဲဒီ ယိုးငူရွာထဲမှာ ဈေးရောင်းဈေးဝယ်လုပ်နေကြတဲ့ ပြည်သူတွေဟာ နေရာမှာတင် သေဆုံးခဲ့ကြတာပါ။ အဲဒီအပြင် ရွာထဲကလူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းအချို့လည်း မီးလောင်ပြာကျ ပျက်စီးသွားခဲ့ရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူတွေစုဝေးနေတဲ့ ဈေးနေရာကိုလေကြောင်းကနေ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီ ဒဏ်ရာရရှိထားသူတွေကို အရေးပေါ်ဆေးကုသပေးနေရပေမယ့် အခြေအနေတွေက စိုးရိမ်ရဆဲပဲလို့ သိရပါတယ်။

Photo - ONN

ယိုးငူရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ၃၀ ကျော်သေဆုံး

Border News Agency  ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိ စျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လေ​ကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ကျော်သေဆုံးသွားပြီးဒဏ်ရာရသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ ဈေးအနီးနဲ့ စာသင်ကျောင်းအနီးကို စစ်ကော်မရှင်တပ်ဟာ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ကျော်သေဆုံးပြီးထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

ယိုးငူရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တဆယ်ကျော်သေဆုံး

Border News Agency  ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိ စျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည်၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လေ​ကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ တဆယ်ကျော်သေဆုံးသွားပြီး ဒဏ်ရာရသူတွေအများအပြားရှိနေတယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ ဈေးအနီးနဲ့ စာသင်ကျောင်းအနီးကို စစ်ကော်မရှင်တပ်ဟာ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတဆယ်ကျော် သေဆုံးပြီးထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့  ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေကမိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။

ပုဏ္ဏားကျွန်း၊ ယိုးငူရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရသူတွေများ

Border News Agency  ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိစျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လေ​ကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦး ပွဲချင်းပြီး သေဆုံးသွားပြီးဆယ်ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ သေဆုံးသွားသူတွေထဲမှာ ကျောင်းနေအရွယ်ကလေးငယ်တွေ အများအပြားပါဝင်နေပြီး ဈေးအတွင်းစျေးဝယ်နေသူတွေပါ ထိခိုက်ခဲ့တာကြောင့် နေရာတခုလုံးပျက်စီးဆုံးရှုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Border News Agency အနေနဲ့ ထပ်ပြီးအတည်ပြုနိုင်ဖို့ကြိုးစားနေပြီး နောက်ဆက်တွဲအခြေအနေတွေကို ဆက်ပြီးတင်ပြသွားမှာဖြစ်ပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

ရန်ကုန်ရှိဖင်လန်သံရုံး ခုလကုန်မှာ အပြီးတိုင်ပိတ်သိမ်းမယ်

Border News Agency  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄။ ​ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာဖင်လန်သံရုံးကို လာမယ့်ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အပြီးတိုင်ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီပိတ်သိမ်းမှုဟာ စစ်ကော်မရှင်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးရှုပ်ထွေးမှုတွေအပြင် ကုန်သွယ်ရေးနဲ့ သံတမန်ရေးကဏ္ဍတွေ ရပ်တန့်နေတာကြောင့်ဖြစ်တယ်လို့ ဖင်လန်အစိုးရက ဆိုပါတယ်။ ​သံရုံးပိတ်သိမ်းလိုက်တဲ့အတွက် ကောင်စစ်ဝန်ဆောင်မှုတွေဖြစ်တဲ့ ပတ်စ်ပို့၊ နေထိုင်ခွင့်လျှောက်လွှာနဲ့ နိုတြီထောက်ခံချက် အစရှိတဲ့လုပ်ငန်းစဉ်အားလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ဖင်လန်သံရုံးကနေ ပြောင်းလဲဆောင်ရွက်ပေးသွားမှာပါ။  အဲဒီ နေထိုင်ခွင့်လက်မှတ် (residence permits) လျှောက်ထားလိုသူတွေအနေနဲ့ Ban.Konsuli@gov.fi ဒါမှမဟုတ် viisumi.ban@gov.fi အီးမေးလ်တွေကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ​ဗီဇာနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေကိုတော့ ဂျာမနီနိုင်ငံသံရုံးက ကိုယ်စားပြုလုပ်ဆောင်ပေးသွားမှာဖြစ်ပြီး အခြားကိစ္စရပ်တွေအတွက် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တောင်အာရှနဲ့တောင်အရှေ့အာရှဆိုင်ရာဌာနကို တိုက်ရိုက်ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ သံရုံးကိုမြေပြင်မှာ မထားရှိတော့ပေမယ့် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို အဝေးရောက်စနစ်နဲ့ ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။ ​ဖင်လန်အစိုးရဟာ သံရုံးပိတ်သိမ်းမယ့်အကြောင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက ကြိုတင်အသိပေးခဲ့တာပါ။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကြောင့် သံတမန်ရေးအရကန့်သတ်ချက်တွေ များပြားလာတာကို အကြောင်းပြချက်အဖြစ် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ​လက်ရှိဖင်လန်သံရုံးတင်မကဘဲ ဒိန်းမတ်သံရုံးကလည်း လာမယ့် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကနေ အပြီးတိုင်ထွက်ခွာတော့မှာဖြစ်တယ်လို့ ကြိုတင်ကြေညာထားပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံတကာသံရုံးတွေ တခုပြီးတခုပိတ်သိမ်းလာနေတာဟာ မြန်မာနိုင်ငံရဲ့ သံတမန်ရေးရာ အထီးကျန်ဖြစ်မှုကို ပိုမိုသိသာစေပါတယ်။

Photo - စစ်ကော်မရှင်

စစ်ကော်မရှင်တပ်ရဲ့ လေယာဉ်ဆီဖြတ်တောက်ဖို့ JFM တိုက်တွန်း

Border News Agency  နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄။ စစ်ကော်မရှင်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ပါဝင်ပတ်သက်နေတဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချက်ချင်းချမှတ်ပေးဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။ အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေအနေနဲ့ မြန်မာနိုင်ငံဆီ လေယာဉ်ဆီတင်ပို့မှုတွေကို အသေအချာတားမြစ်ပိတ်ပင်ပေးဖို့ တိုက်တွန်းထားတာပါ။ ​စစ်ကော်မရှင်တပ်ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာတင် မြန်မာပြည်သူတွေအပေါ် မကြုံစဖူးများပြားလှတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ JFM က ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေ ပျက်စီးခဲ့ရသလို၊ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရပြီး လူအများအပြား နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာပါ။ ​စစ်ကော်မရှင်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရဲ့ အချက်အလက်တွေအရ လေယာဉ်ဆီတင်သွင်းမှုဟာ ၂၀၂၄ ကနေ ၂၀၂၅ အတွင်းမှာ မတ်ထရစ်တန် ၆ သောင်းကျော်ကနေ ၁ သိန်းကျော်အထိ (နှစ်ဆနီးပါး) တိုးလာနေတာကို တွေ့ရပါတယ်။ ဒါဟာ နိုင်ငံတကာကတားဆီးနေတဲ့ကြားက စစ်ကော်မရှင်တပ်ဆီ လေယာဉ်ဆီတွေ ပိုမိုရောက်ရှိနေတာကို ပြသနေတာလို့ ဆိုပါတယ်။ ​JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဗီယက်နမ်ကနေ အီရန်အထိကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်တစ်ခုက စစ်ကော်မရှင်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးနေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နိုင်ငံ ပါဝင်ပတ်သက်နေမှုဟာ မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံရဲ့ ပျက်ကွက်မှုကို ထင်ရှားစေတယ်လို့ ဝေဖန်ထားပါတယ်။ အဲဒီထဲ ခုလက်ရှိကနေဒါနိုင်ငံတနိုင်ငံတည်းကသာ လေယာဉ်ဆီတင်ပို့မှု၊ ရောင်းချမှုနဲ့ ရေကြောင်းအာမခံဝန်ဆောင်မှုတွေကို တရားဝင်ပိတ်ပင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အခြားအစိုးရတွေအနေနဲ့လည်း ဒီသွေးစွန်းနေတဲ့ ကုန်သွယ်မှုကို အဆုံးသတ်နိုင်ဖို့အတွက် ကနေဒါရဲ့ ဦးဆောင်မှုအတိုင်း လိုက်နာဆောင်ရွက်ဖို့ JFM က တိုက်တွန်းထားပါတယ်။ ​စစ်ကော်မရှင်တပ်ဆီရောက်သွားတဲ့ လေယာဉ်ဆီတင်ပို့မှုတိုင်းဟာ ပြည်သူတွေကို ဝေဟင်ကနေအကြမ်းဖက်ဖို့ အားပေးနေတာဖြစ်လို့ ပါဝင်ပတ်သက်နေတဲ့ သင်္ဘောပိုင်ရှင်တွေနဲ့ ကုမ္ပဏီတွေကို အရေးယူဖို့အလွန်အရေးကြီးနေတယ်လို့ ဆိုပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာ ဒီလိုပိတ်ဆို့အရေးယူမှုတွေ အဆောတလျင်လုပ်ဆောင်နိုင်မှုအပေါ်မှာ  မှီခိုနေတယ်လို့လည်း ဆိုပါတယ်။

​မြန်မာနိုင်ငံမှ လွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေစစ်ဆေး

​Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၄။ ​မြန်မာနိုင်ငံဘက်ခြမ်းကနေ ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကို ထိုင်း - မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက်ပိုင်းမှာ လက်ခံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီလိုလက်ခံရာမှာ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ တာဝန်ရှိသူတွေက မဲဆောက်မြို့၊ သာ့ဆဲလော့ဒ်ကျေးရွာရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားရဲ့ဆိုက်ရောက်ခန်းမမှာ စောင့်ကြိုလက်ခံခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီ ပြန်လည်လွှဲပြောင်းလာသူတွေကို ထိုင်းအာဏာပိုင်တွေက ကိုယ်ရေးအချက်အလက်တွေကောက်ယူတာ၊ ဇီဝအချက်အလက် (Identity) စစ်ဆေးတာတွေအပြင် စောင့်ကြည့်လူစာရင်း (Watchlist) ထဲမှာပါဝင်တာ ရှိ၊ မရှိကိုပါ သေသေချာချာစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ​ဒါ့အပြင် အဲဒီနိုင်ငံခြားသားတွေဟာ လူကုန်ကူးခံရသူတွေဟုတ်၊ မဟုတ်နဲ့ပတ်သက်ပြီး အမျိုးသားအဆင့်ကာကွယ်စောင့်ရှောက်ရေး ယန္တရား (NRM) အရ သက်ဆိုင်ရာဌာနစုံအဖွဲ့ဝင်တွေကပါ အသေးစိတ်စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီပြန်လည်ရောက်ရှိလာသူတွေကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

ဓာတ်ပုံ - ယောအလင်းတန်း

ဆောမှာဆီလှယ်ရာမှ မီးကူးပြီးကုန်တင်ကားတစီးနဲ့ ဇရပ်မီးလောင်

Border News Agency  ဆော၊ ဖေဖော်ဝါရီ ၂၄။ မကွေးတိုင်း၊ ဆောမြို့နယ်မှာ ရပ်ထားတဲ့ကုန်တင်ကားတစီးပေါ်မှ ဆီလှယ်ရာမှတဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားပြီး ကားနဲ့အနီးရှိဇရပ်တဆောင် မီးလောင်နေတယ်လို့ ယောအလင်းတန်းက ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီမှာ ဆောမြို့နယ်အကြည်ကတင်းသင်္ချိုင်းဇရပ်အနီး ကားလမ်းဘေးရပ်ထားတဲ့၂၄ ပေ ကုန်တင်ကားတစီးပေါ်က ဓာတ်ဆီလှယ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ အဲဒီကားပေါ်ပါတဲ့ ဆီပေပါတွေပေါက်ကွဲပြီး မီးတောက်အားကောင်းနေလို့ ဘေးရှိင်္သချိုင်းဇရပ်ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် မီးလောင်မှုပြင်းထန်နေဆဲဖြစ်လို့ အနီးအနားကဖြတ်သန်းသွားလာကြတဲ့ မိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ ဒေသခံသတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။ အဲဒါကြောင့် အပူရှိန်ပြင်းထန်တဲ့အချိန်မှာ နေရောင်အောက် ဓာတ်ဆီ၊ ဒီဇယ်စတဲ့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို ထုတ်ယူတာ၊ ရွှေ့ပြောင်းတာတွေ မပြုလုပ်ကြဖို့ကို  "ယောအလင်းတန်း" ကသတိပေးနှိုးဆော်ထားပါတယ်။

​Photo -  ISPR

ဘင်ဒရိုဘင်မှာ JSS နဲ့ ​ဘင်္ဂလားဒေ့ရှ်စစ်တပ်တိုက်ပွဲဖြစ်ရာ တဦးဖမ်းမိ 

​Border News Agency ဘင်ဒရိုဘင်၊ ဖေဖော်ဝါရီ ၂၄။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင် (ရွာတော်ခရိုင်)၊ ရိုအန်ဆိုရီ (ဒေသအခေါ် ရခိုင်ဝ) အနီးရှိ မူရန်ဘဇားဒေသမှာ စစ်တကောင်းတောင်တန်းဒေသ ပြည်သူ့စည်းလုံးညီညွတ်ရေးအဖွဲ့ (JSS)အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ ​အဲဒီတိုက်ပွဲဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ​ဘင်္ဂလားဒေ့ရှ်စစ်တပ်က ကင်းလှည့်စစ်ဆင်ရေးဆောင်ရွက်နေစဉ် JSS အဖွဲ့ဝင်တွေနဲ့ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီလို ပစ်ခတ်မှုဖြစ်ပွားချိန်မှာ JSS အဖွဲ့ဝင်အချို့ဟာ အနီးရှိစာသင်ကျောင်းတကျောင်းအတွင်း ခိုလှုံရင်းပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး စစ်တပ်ကနယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ရာမှာတော့ ဒဏ်ရာရရှိထားတဲ့ အဖွဲ့ဝင်တဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆို​ပါတယ်။ ​အဲဒီတိုက်ပွဲဖြစ်ပွားရာနေရာကနေ SMG စက်သေနတ် ၁ လက်၊ ကျည်ဆန် ၁၄၀ ကျော်နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ဒဏ်ရာရသူကိုတော့ ဘင်ဒရိုဘင်ခရိုင်ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ ​JSS အဖွဲ့ဟာ စစ်တကောင်းတောင်တန်းဒေသရှိ သက် (Chakma)၊ မရာမာ (Marma) အပါအဝင် လူမျိုးစု ၁၁ ခုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်ပါတယ်။

​Photo -  Royal Thai Army

ချင်းမိုင်မှာ စိတ်ကြွဆေးပြား ၁ ဒသမ ၆ သန်းနဲ့အတူ တရားခံတဦးကိုဖမ်းဆီးရမိ

​Border News Agency ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၄။ ​ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲအေးမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၁ ဒသမ ၆ သန်း (၁,၆၀၀,၀၀၀ ပြား) ကို သယ်ဆောင်လာတဲ့ကားတစီးနဲ့အတူ တရားခံတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့ (ဖာမိူင်းတပ်ဖွဲ့) က ဖေဖော်ဝါရီလ ၂၄ ရက် ၊ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီ မဲဆောင်းကျေးရွာအုပ်စုရှိ စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် ၄ နာရီခွဲအချိန်ခန့်က ကင်းလှည့်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က မသင်္ကာဖွယ်ရာပစ်ကပ်ကားတစီးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီကားဟာ စစ်ဆေးရေးအဖွဲ့ကိုမြင်တာနဲ့ ရပ်တန့်တာမရှိဘဲ အရှိန်ပြင်းစွာမောင်းပြေးခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေက လိုက်လံပိတ်ဆို့ခဲ့ရပြီး၊ မောင်းပြေးတဲ့ကားဟာ လမ်းဘေးရှိလျှပ်စစ်မီးတိုင်ကိုတိုက်မိကာ တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ ​အဲဒီတိမ်းမှောက်သွားတဲ့ ကားအတွင်းကို ဝင်ရောက်စစ်ဆေးရာမှာတော့ ကားနောက်ခန်းထဲမှာ သယ်ဆောင်လာတဲ့ ဆာလာအိတ် ၈ အိတ်အတွင်းကနေ စိတ်ကြွဆေးပြားစုစုပေါင်း ၁,၆၀၀,၀၀၀ ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ကားမောင်းသူ အသက် ၂၆ အရွယ်ရှိအမျိုးသားကို ဖမ်းဆီးရမိထားပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဥပဒေအရထိရောက်စွာ အရေးယူနိုင်ဖို့အတွက် မဲအေးရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ် သိရပါတယ်။

Page 4 of 38 1 3 4 5 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here