Border News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၆ ။ အာရက္ခဒေသမှာရှိတဲ့ ခရစ်ယာန်ကျမ်းစာကျောင်းတခုရဲ့ ၁၈ ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဒီပလိုမာဘွဲ့ရသူငါးဦးကို ဘွဲ့လက်မှတ်တွေပေးအပ်ခဲ့သလို ပထမနှစ်နဲ့ ဒုတိယနှစ်က ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဆုတွေချီးမြှင့်ခဲ့ပါတယ်။ ဒီပွဲကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ULA/AA တာဝန်ရှိသူတွေကကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစားမှုကို ချီးကျူးစကားပြောခဲ့ပြီး ဆုငွေတွေလည်း ချီးမြှင့်ခဲ့ပါတယ်။ ပွဲတက်ရောက်လာသူသုံးရာကျော်ကို ထမင်းကျွေးမွေးဧည့်ခံခဲ့သလို ဖျော်ဖြေရေးအစီအစဉ်တွေနဲ့လည်း စည်စည်ကားကား ကျင်းပခဲ့တာပါ။ အဲဒီလို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ဘာသာရေးနဲ့ ပညာရေးလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာတာဟာ မျိုးဆက်သစ်လူငယ်တွေရဲ့စာရိတ္တနဲ့ ပညာရည်မြင့်မားဖို့အတွက် ကောင်းမွန်တဲ့ခြေလှမ်းတခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreBorder News Agency ရှားတော၊ ဖေဖော်ဝါရီ ၅ ။ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ဇန်နဝါရီလကစပြီး ယားနာ (Scabies) ကူးစက်မှု မြင့်တက်နေတဲ့အတွက် ကုသဖို့ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ အဲဒီအရေပြားရောဂါဟာ အသက်ဆယ့်ငါးနှစ်အောက် ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာ အဖြစ်များနေပြီး စခန်းတွေအတွင်း တကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် လအတော်ကြာတဲ့အထိ မထိန်းချုပ်နိုင်ဘဲ ဆက်လက်ပြန့်ပွားနေတာပါ။ အဲဒီယားနာကုသဖို့ လိုအပ်တဲ့ Permethrin လိမ်းဆေး၊ သောက်ဆေးတွေအပြင် ဆပ်ပြာ၊ ပိုးသတ်ဆေးနဲ့ သန့်ရှင်းတဲ့ သုံးရေ၊ သောက်ရေတွေပါ ပြတ်လပ်နေတယ်လို့ ကရင်နီကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။ အဲဒီအရေပြားရောဂါတွေကို အချိန်မီမကုသနိုင်ပါက နောက်ဆက်တွဲဘက်တီးရီးယားပိုးဝင်တာတွေ ဖြစ်လာနိုင်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဆေးဝါးထောက်ပံ့ပေးဖို့ မျှော်လင့်နေကြပါတယ်။
Read moreBorder News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၅ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့" ပေးအပ်ခဲ့ပါတယ်။ အဲဒီဘွဲ့ကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့မနက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပေးအပ်ခဲ့တာပါ။ နိုင်ငံရေးအပြောင်းအလဲကာလအတွင်း စီမံခန့်ခွဲမှုတွေကြောင့် အခုလိုဘွဲ့ပေးတာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီအခမ်းအနားကို ပညာရေးလောကက တာဝန်ရှိသူတချို့ တက်ရောက်ခဲ့ကြပါတယ်။
Read moreBorder News Agency ဖလမ်း၊ ဖေဖော်ဝါရီ ၅ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့မြေပြန့်ဒေသတွေအပြင် မီဇိုရမ်ပြည်နယ်ထဲမှာခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ခြောက်ရာကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေသွားရောက်လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာန (Humanitarian Department) ကဖေဖော်ဝါရီ ၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီလိုလှူဒါန်းမှုဟာ အိမ်ထောင်စုနှစ်ရာနီးပါးက လူဦးရေခြောက်ရာကျော်အတွက် ဖြစ်တယ်လို့ CNO က ဆိုပါတယ်။ အဲဒီဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကစပြီး စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဖလမ်းမြို့နယ်အတွင်းက ဒေသခံပြည်သူနှစ်သောင်းကျော်ဟာ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကနေ အင်အားတထောင်ဝန်းကျင်သုံးပြီး ကလေး - နတ်ချောင်း - ချောင်းခွ - ဟားခါးလေး - ဝေဘူလ လမ်းကြောင်းအတိုင်း ဖလမ်းမြို့အထိ စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အခုဆိုရင် တိုက်ပွဲကာလသုံးလဝန်းကျင်အထိ ကြာမြင့်နေပြီလို့ ဆိုပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၅။ ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးမှာ တရားမဝင်ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားသုံးဦးကိုဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီ တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်၊ ညနေပိုင်းကမဲဆောက်မြို့၊ အမှတ် ၂ ကျေးရွာရှိ ချစ်ကြည်ရေးတံတားအနီးတဝိုက်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ အသက်နှစ်ဆယ့်ငါးနှစ်နဲ့ နှစ်ဆယ့်ကိုးနှစ်အရွယ် အမျိုးသားနှစ်ဦး၊ အသက်သုံးဆယ့်နှစ်နှစ်အရွယ် အမျိုးသမီးတဦးကို ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့မှာပတ်စပို့ရော၊ အလုပ်လုပ်ကိုင်ခွင့်ပါမရှိဘဲ အလုပ်လုပ်နေကြတာလို့ ဆိုပါတယ်။ သူတို့ကိုတော့ တရားမဝင်ဝင်ရောက်မှုအပြင် နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့အလုပ်တွေကိုလုပ်ကိုင်မှုနဲ့ပါ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် အဲဒီနေ့ ည ၈ နာရီဝန်းကျင်မှာလည်း မဲကုကျေးရွာ၊ ဂိတ် ၂၉ အနီးမှာ တရားမဝင်ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားခုနှစ်ဦးကို ထပ်ပြီးဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖမ်းမိတဲ့ မြန်မာလုပ်သားဆယ်ဦးကို ထိုင်းအာဏာပိုင်တွေက လုပ်ထုံးလုပ်နည်းတွေအတိုင်းဆောင်ရွက်ပြီး မဲဆောက်မြို့မရဲစခန်းကိုပို့ဆောင်ထားကာ ဥပဒေအရအရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅ ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်း သစ်စေးကုန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်ငယ်တပါးအပါအဝင်ခြောက်ဦး သေဆုံးသွားခဲ့ပါတယ်။ အဲဒီတန့်ဆည်မြို့နယ်၊ မြောက်ခြမ်းရှိ သစ်စေးကုန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့ မနက်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ ကိုရင်ငယ်တပါးအပါအဝင် အရပ်သားငါးဦးသေဆုံးသွားပြီး ဘုန်းတော်ကြီးကျောင်းလည်းပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီထဲအမျိုးသားတဦး၊ အမျိုးသမီးသုံးဦးသေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိထားပြီး နောက်ထက်ကိုရင်ငယ်တပါးရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ ဆိုကြပါတယ်။ စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေက ဒေသခံပြည်သူတွေကို ရွယ်ရည်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေသေဆုံး၊ ဒဏ်ရာရနေကြပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ကျောင်းသားတွေနဲ့ပြည်သူတွေကို လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် ကာကွယ်ရေး အသိပညာပေးသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလှုပ်ရှားမှုကို အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတွေနဲ့ ဒေသရှိလက်နက်ကိုင်တော်လှန်ရေအင်အားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဟောပြောပွဲမှာ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီဒီယိုတွေပြသတာ၊ ကာကွယ်ရေးနည်းလမ်းတွေကို လက်တွေ့သရုပ်ပြဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ဗုံးခိုကျင်းတည်ဆောက်ပုံလမ်းညွှန်နဲ့ အသိပညာပေးလက်ကမ်းစာစောင်၂၀၀ ကို ပြည်သူတွေဆီဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။
Read moreBorder News Agency မဲဆောက်၊ဖေဖော်ဝါရီ ၅။ ဘန်ကောက်မြို့၊ ဘန်နာခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မြေအောက်လျှပ်စစ်ကေဘယ်မြောင်းတူးဖော်နေစဉ် မြေပြိုမှုဖြစ်ပွားပြီး မြန်မာလုပ်သားတဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။ အဲဒီသုခမွတ်လမ်းမကြီးပေါ်ရှိ ဘန်နာ BTS ဘူတာအနီးမှာ ဖေဖော်ဝါရီလ ၄ ရက်၊ ည ၁၁ နာရီကျော်အချိန်ဖြစ်ပွားခဲ့တာပါ။ အဲဒီ မြေအောက်လျှပ်စစ်ကေဘယ်မြောင်းဟာအနက် ၁၀ မီတာခွဲကျော်ရှိပြီး ကေဘယ်ကြိုးသွယ်တန်းမယ့် ကျင်းကြီးအတွင်းမြေညှိနေစဉ် ရုတ်တရက်မြေပြိုကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီမြေပြိုမှုကြောင့် အသက်သုံးဆယ်နှစ်အရွယ် မြန်မာအလုပ်သမား မစ္စတာဝေအယ် (Mr. Wai A Le) ဟာ မြေစာတွေနဲ့ ရွှံ့နွံတွေအောက်ပိတ်မိပြီး သေဆုံးသွားခဲ့တာပါ။ ကယ်ဆယ်ရေးအဖွဲ့တွေက ဝန်ချီစက်နဲ့ကြိုးတွေကိုအသုံးပြုကာ ခက်ခဲစွာဆွဲတင်ခဲ့ရပြီး ဖေဖော်ဝါရီ ၅ ရက်၊ မနက်အစော၂ နာရီအချိန်ခန့်က ရုပ်အလောင်းကို ဆွဲတင်နိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းခွင်ရှိ အလုပ်သမားတွေရဲ့ပြောကြားချက်အရ ဘက်ဟိုးစက်နဲ့ကျင်းတူးပြီးနောက် အောက်ခြေမှာမြေညှိဖို့ ဆင်းသွားချိန်မှာ လမ်းဘေးမြေနံရံက ရုတ်တရက်ပြိုကျလာတာဖြစ်ပြီး တခြားသူတွေအချိန်မီလွတ်မြောက်ခဲ့ပေမယ့် မစ္စတာဝေအယ်ကတော့ ပိတ်မိသွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီသေဆုံးသူဟာ မြေပိပြီးအသက်ရှူကျပ်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆေးရုံစစ်ဆေးချက်တွေက အတည်ပြုထားပါတယ်။ အဲဒီဘန်နာရဲစခန်းက လုပ်ငန်းခွင်ကြီးကြပ်သူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးနေပြီး လုပ်ငန်းခွင်အတွင်း လုံခြုံရေးအကာအရံ (Safety Shoring) တွေ ထည့်သွင်းထားခြင်းမရှိဘဲ ပေါ့ဆမှုကြောင့်သေဆုံးရတာဆိုရင် ဥပဒေအရအရေးယူသွားမယ်လို့ သိရပါတယ်။
Read moreBorder News Agency မော်လိုက်၊ ဖေဖော်ဝါရီ ၄။ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်အတွင်းရှိ PDF ရဲဘော်တွေနဲ့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကျဆုံးရဲဘော်တွေအတွက် ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ အမှတ် ၃ တပ်ရင်းက ဖေဖောဝါရီလ ၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ကျဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကို တတ်စွမ်သလောက်ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ ကျဆုံးရဲဘော်တွေကိုရည်စူးပြီး အမျှအတန်းပေးဝေတာနဲ့ ဆုတောင်းပေးတာတွေပြုလုပ်ခဲ့သလို ဧည့်ခံကျွေးမွေးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီထဲကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း ကျဆုံးသွားတဲ့အာဇာနည်တွေကို အစဉ်သတိရဦးညွှတ်နေမှာဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကတိပြုထားပါတယ်။
Read moreBorder News Agency ဖိလစ်ပိုင်၊ ဖေဖော်ဝါရီ ၄။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ ဘာစီလန် (Basilan) ခရိုင်၊ ဘာလွတ် - ဘာလွတ် (Baluk - Baluk) ကျွန်းအနီးမှာနစ်မြုပ်ခဲ့တဲ့ MV Trisha Kerstin 3 ကူးတို့သင်္ဘောကို ၁၀ ရက်ကြာရှာဖွေပြီးနောက် ရုပ်အလောင်း ၂ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ဖေဖော်ဝါရီလ ၄ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီရုပ်အလောင်းသစ်တွေကို အစိုးရဌာနဆိုင်ရာတွေ၊ ဒေသန္တရအဖွဲ့တွေနဲ့ ဒေသခံရေလုပ်သားတွေ ပူးပေါင်းရှာဖွေခဲ့တာဖြစ်ပြီး လက်ရှိမှာသေဆုံးသူစုစုပေါင်း လေးဆယ့်ငါးဦးအထိရှိလာပြီလို့ သိရပါတယ်။ အဲဒီကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက်နေ့က ခရီးသည်နဲ့အမှုထမ်း ၃၅၀ ကျော်တင်ဆောင်လာစဉ် ဘာလွတ် - ဘာလွတ်ကျွန်းအနီးမှာ စတင်နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီသင်္ဘောနစ်မြုပ်ပြီးနောက်ပိုင်း ၁၀ ရက်ဆက်တိုက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ရာမှာ ဒီနေ့အထိ အသက်ရှင်ကျန်ရစ်သူ သုံးရာ့တဆယ့်ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရေငုပ်ရှာဖွေမှုတွေအရ နစ်မြုပ်နေတဲ့သင်္ဘောဟာ ဘာလွတ် - ဘာလွတ်ကျွန်းရဲ့ အရှေ့ - အနောက်တည့်တည့်အနေအထားမှာ ရှိနေတာကိုတွေ့ရှိခဲ့တယ်လို့ PCG နည်းပညာဆိုင်ရာရေငုပ်အဖွဲ့ကြီးကြပ်ရေးမှူး Commander Cheska Jamorol က အတည်ပြုထားပါတယ်။ အဲဒီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေ ရှိ၊ မရှိနဲ့ ကျန်ရှိနိုင်တဲ့ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
Read moreHey! Don't Copy my content.