Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ နိုင်ငံရေး သတင်း

အီရန်အင်အားကို ထရန့် အံ့သြ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
​ဝါရှင်တန်၊ မတ် ၁၈။

​အီရန်နိုင်ငံရဲ့စစ်ရေးအင်အားဟာ ထင်ထားတာထက် ပိုပြီးကြီးမားနေတာကြောင့် အတော်လေး အံ့အားသင့်မိတယ်လို့ သမ္မတ ထရန့်က ဝါရှင်တန်မှာ ပြောကြားလိုက်ပါတယ်။

အီရန်ဟာ ပင်လယ်ကွေ့ဒေသတွင်းက အာရပ်နိုင်ငံတွေကို ဒီလောက်အထိ အပြင်းအထန် တိုက်ခိုက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားခဲ့ကြဘူးလို့လည်း ဆိုပါတယ်။

​ထရန့်က အီရန်ရဲ့ဒရုန်းနဲ့ ဒုံးကျည်စက်ရုံ အများအပြားကို အမေရိကန်က ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်လို့ အခုဆိုရင် အီရန်မှာ လက်နက်အင်အား ၈ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန် ထောက်လှမ်းရေးတွေကတော့ အီရန်ဘက်က အခုလို အပြင်းအထန် တုံ့ပြန်လာနိုင်ခြေရှိတာကို သမ္မတထရန့်ထံ ကြိုတင်သတိပေး အစီရင်ခံထားပြီးသားလို့ တုံ့ပြန်နေကြပါတယ်။

​အမေရိကန်ဘက်က အီရန်ကို စတင်တိုက်ခိုက်ခဲ့ရင် အာရပ်မဟာမိတ်နိုင်ငံတွေ ပြန်လည်တိုက်ခိုက်ခံရမှာကို ထရန့် သိထားပေမယ့် ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ထောက်ပြနေပါတယ်။

အထူးသဖြင့် ကမ္ဘာ့ရေနံလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထိန်းချုပ်လိုက်တာကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းတွေလည်း အပြင်းအထန် ထိုးတက်ကုန်ပါတယ်။

​အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ဒီလောက်ထိ ပြင်းထန်လာပေမဲ့လည်း အမေရိကန်အစိုးရဟာ သံတမန်တွေကို အချိန်မီ ဘေးလွတ်ရာမရွှေ့ပြောင်းနိုင်ခဲ့ပါဘူး။

အိမ်ဖြူတော်မှာ သတင်းထောက်တွေက ဒီအချက်ကို မေးမြန်းတဲ့အခါမှာတော့ ထရန့်က ဒေါသတကြီးနဲ့ပဲ “ဘယ်သူကမှ ငါ့ကို ကြိုမပြောခဲ့ဘူး” လို့ သူ့ရဲ့ အဖွဲ့ဝင်တွေအပေါ်မှာပဲ အပြစ်ပုံချခဲ့ပါတယ်။

​ဒါပေမယ့် ထောက်လှမ်းရေးအရာရှိတွေဘက်ကတော့ ထရန့်ရဲ့ ပြောဆိုချက်ဟာ မှားယွင်းနေပြီး အီရန်ရဲ့ တုံ့ပြန်မှုပြင်းထန်နိုင်ခြေကို အစီရင်ခံစာတွေမှာ အတိအကျ ဖော်ပြခဲ့ပြီးဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။

သမ္မတထရန့်ဟာ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာကို ဖုံးကွယ်ဖို့အတွက် အခုလို ငြင်းဆိုနေတာလို့ ဝေဖန်ခံနေရပါတယ်။

​ထရန့်ဟာ အီရန်ကို ဆက်လက်တိုက်ခိုက်ဖို့ ညွှန်ကြားထားပေမယ့် သူ့ရဲ့ စစ်ရေးဆုံးဖြတ်ချက်တွေအပေါ်မှာတော့ အစိုးရအတွင်းပိုင်းမှာရော နိုင်ငံတကာမှာပါ မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပါတယ်။

PrevPreviousအာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ
Nextမြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်Next
Previous Post

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

Next Post

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

March 18, 2026
Photo - APM

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

March 17, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၆

March 17, 2026

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

March 17, 2026

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

အီရန်အင်အားကို ထရန့် အံ့သြ

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၆

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

Releated Post

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

March 18, 2026

အီရန်အင်အားကို ထရန့် အံ့သြ

March 17, 2026
Photo - APM

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

March 17, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၆

March 17, 2026

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

March 17, 2026
Photo-KNU

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

March 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page