Border News Agency
ကျောက်မဲ၊ စက်တင်ဘာ ၉။
ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တ ပ်ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ၈၆၀၀ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ စက်တင် ဘာလ ၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ သြဂုတ်လ ၁၈ ရက်နေ့မှ ၃၀ရက်နေ့အတွင်ဘုန်းကြီး ကျောင်းတွေကိုအဓိကပစ်မှတ်ထားပြီးလေကြောင်း၊လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၈,၆၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့ရဲ့အနောက်တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ နောင်ပိန်ကျေး ရွာအုပ်စုကိုအဓိကပစ်မှတ်ထားပြီး လေ ကြောင်း၊လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာဘုန်းကြီးကျောင်းတွေကို အဓိကပစ်မှ တ်ထားတိုက်ခိုက်တာဖြစ်ပြီး နောင်ပိန်ရှေ့တန်းစစ်မျက်နှာတဝိုက်တွင်သာမ က ကျောက်မဲနဲ့ မိုင်းငေါ့မြို့ပေါ်တွေကိုပါ စက်တင်ဘာလ ၆ ရက်နေ့ထိ ပစ်ခတ်နေတယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်တာတွေကြောင့်နောင်ပိန်နဲ့အနီးတဝိုက်ကျေးရွာတွေမှ သက် ကြီးရွယ်အို၊အမျိုးသမီးနဲ့ကလေးသူင ယ်အများစုပါဝင်တဲ့ကျေးရွာသား ၈,၀ ၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။
သူတို့တွေဟာကျောက်မဲမြို့နယ်တောင်ပိုင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SS PP)ထိန်းချုပ်နယ်မြေက ကျေးရွာ ၄၀ ကျော်နဲ့အချို့မှာသီပေါမြို့အရှေ့မြော က်ဘက်ရှိကျေးရွာတွေသို့ ထွက်ပြေးခိုလှုံနေကြရတယ်လို့ဆိုပါတယ်။
အဲဒီစစ်ဘေးရှောင်အများစုဟာ ကျေး ရွာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီးသောက်သုံးရေ၊အစားအသောက်၊ဆေးဝါးနဲ့အခြားအခြေခံလိုအပ်ချက်အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာတွေကြောင့် အကူအညီတွေလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။