Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၀။
မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့မှာစက်တင်ဘာလ ၁၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့၂၂ ကြိမ်မြောက် အာဆီယံတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်တွေအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စားကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှစစ်ဦးစီးအရာရှိချုပ်(ကြ ည်း)ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါတယ်။
အဲဒီအပြင် ၁၅ ကြိမ်မြောက်အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်တွေအ စည်းအဝေး(15th ASEAN Military Operations Meeting -15th AMOM)နဲ့ ၂၂ ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်တွေအစည်း အဝေး(22nd ASEAN Military Intelligence Meeting – 22nd AMIM) ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအပြင်ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်တို့ဟာ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Haji Mohd Nizam bin Haji Jaffar ၊ထိုင်းဘုရင့်တပ်မတော်ဒုတိယကာကွ ယ်ရေးဦးစီးချုပ် General Ukris Boontanondha၊လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးနဲ့စစ်ဦးစီးဌာနအကြီးအကဲ Major General Saichai Kommasith၊ ကမ္ဘော ဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Vong Pisen တို့နဲ့လ ည်း တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ နှစ်နိုင်ငံတပ်မ တော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုပိုပြီးတိုးတက်အောင်ဆောင်ရွက်ရေးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကိစွတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာအသိုင်းအဝန်းက အသိအမှတ်မပြုမထော က်ခံကြဖို့ မြန်မာပြည်သူလူထုတောင်းဆိုနေကြပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ ပူးပေါင်းဆောင်ရွက်တာတွေပြုလုပ်နေကြပါတယ်။