Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁၂။
ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသား၊ကျောင်းသူ ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရသွားတယ်လို့ အာက္ခတပ်တော်(AA)မှ စက်တင်ဘာလ ၁၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းကို စက်တင်ဘာလ ၁၂ ရက်၊ဒီနေ့ မနက် ၁ နာရီကျော်အချိန်ခန့်ကကစစ်ကော်မရှင်တပ်မှ ရွယ်ရည်ချက်ရှိရှိလေကြောင်းမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။
အဲဒီလို ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူ၊ကျောင်းသား ၁၈ ဦးသေဆုံးပြီး၊၂၀ ကျော်ဒဏ်ရာရသွားခဲ့သလို နေအိမ်အများအပြားလည်းပျက်စီးသွားခဲ့ပါတယ်။
အဲဒီ ဒဏ်ရာရသူတွေမှာ ကျောင်းသူ၊ကျောင်းသားတွေ၊အနီးအနားရှိအရပ်သားတွေလည်းပါဝင်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတွေလည်းရှိနေပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊ ဇီးချောင်းဆည်အနီးတောင်တန်းကို စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ကျော က်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်တော်-ပလက်ဝကားလမ်းမဘေးမှာရှိ ဇီးချောင်ဆည်အနီးတောင် တန်းတွေကို စက်တင်ဘာလ ၁၀ရက်၊မနေ့ည ၁၁ နာရီအချိန်ခန့်က စစ်ကော် မရှင်တိုက်လေယာဥ်ဟာ အတွဲလိုက်ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာပါ။
ကျောက်တော်မြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လေကြောင်းက င်းထောက်တာတွေ နေ့စဥ်လိုလိုပြုလုပ်အရပ်သားပြည်သူတွေဟာ လေကြောင်းရန်ကို စိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို ပြီးခဲ့တဲ့ဩဂုတ်လ ၂၅ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ဆယ့်ငါးဦးသေဆုံးပြီး ဆယ့်ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။