Border News Agency
စစ်တွေ၊ စက်တင်ဘာ ၁၂။
ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌဖြစ်တဲ့ဒေါက်တာအေးမောင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ စစ်တွေခရိုင်မဲဆန္ဒနယ်မှာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာဝင်ပြိုင်မယ်လို့ ပေါ်ပြူလာနယူးစ်ကို ဖြေဆိုထားပါတယ်။
ဒေါက်တာအေးမောင်ဟာ စစ်တွေမဲဆန္ဒနယ်မှာနိုင်သူအကုန်ယူစနစ်ဖြစ်တဲ့ FPTP စနစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ဆိုပါတယ်။
“ကျနော်ကရခိုင်ပြည်နယ် စစ်တွေခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကနေနိုင်သူအကုန်ယူ စနစ်ပေါ့ဗျာ။ မဲဆန္ဒနယ် အမှတ် ၃ ပေါ့။ အဲဒီကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြိုင်ဖို့တော့ရည်မှန်းထားပါတယ်။” လို့ ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်ကို ပြောထားပါတယ်။
ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီဟာ လာမယ့်ရွေးကော က်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒ နယ်အားလုံး လွှတ်တော်သုံးရပ်စလုံးမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့စစ်တွေ၊ ကျောက်ဖြူ၊မာန်အောင် သုံးမြို့နယ်စလုံးမှာ လာမယ့်ရွေးကောက်ပွဲအတွက် မဲပုံးထောင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။
အဲဒီမြို့တွေမှာ ပြင်ပရောက်မဲဆန္ဒရှင်တွေနဲ့စစ်ဖြစ်နေတဲ့နေရာတွေ၊ပြင်ပရော က် ပြည်သူတွေဟာ ပုံစံ ၁၅ နဲ့မဲပေးရမယ်လို့ဆိုပါတယ်။
ဒေါက်တာအေးမောင်ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်မှာ ရက္ခိုင့်ဘုရင့်နိုင်ငံတော်အချုပ် အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက်ဝမ်း နည်းဖွယ်အထိမ်းအမှတ်စာပေဟောပြောလို့ နိုင်ငံတော်အားအကြည် ညိုပျက်စေမှု၊နိုင်ငံတော်ပုန်ကန်မှုနဲ့တ ရားစွဲဆိုခံရပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ထားတာပါ။
ဒါပေမယ့် စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က လွ တ်ငြိမ်းပေးလိုက်တာမို့ ပြန်လည်လွတ် မြောက်လာခဲ့ပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့်ရွေးကောက် ပွဲအတွက် ဒေါက်တာအေးမောင်အပေါ်ပြစ်မှုထင်ရှားစီရင်ထားတဲ့ပြစ်မှုနဲ့ပြစ် ဒဏ်တွေကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ထောက်ခံချက်နဲ့လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကစက်တင်ဘာလ ၁၁ ရက်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ယာယီသမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၂၀၄၊ပုဒ်မခွဲ(ခ)မှာ ပြဋ္ဌာန်းထားတဲ့ အခွင့်အာဏာကို ကျင့်သုံးပြီး စစ်တွေ ခရိုင်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် ၉/၂၀၁၈၊ရာဇသတ်ကြီးပု ဒ်မ ၅၀၅ ၊ပုဒ်မခွဲ (ခ)နဲ့ ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၁၂၂၊ ပုဒ်မခွဲ (၁) တို့အရ ပြစ်မှုထင်ရှားစီရင်ခဲ့တဲ့အတွက် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ဒေါက်တာအေးမောင်ဟာ ပြန်လ ည်လွတ်မြောက်ခဲ့ပါတယ်။
ရခိုင်မှာရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌဟောင်းဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင့်ဦးဆောင်ပါတီ(AFP) အပါအဝင် ရခိုင်အခြေစိုက်ပါတီခြောက်ခုထိမှတ်ပုံတင်ထားကြပါတယ်။
စစ်ကော်မရှင်လက်အောက်ခံရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ(RS NUP)၊ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊မြိုတိုင်းရင်းသားပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) အပါအဝင် ရခိုင်အမျိုးသားပါတီ(AN P)ရဲ့ကျောက်ဖြူအမတ်ဟောင်းဦးဘရှိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို စစ်ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။







