ကျောက်တော်မြို့နယ်ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ဒဏ်ရာရထားသူနှစ်ဆယ်ဦးထဲမှနောက်ထပ်ငါးဦးသေဆုံးသွားတယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခံရလို ကျောင်းသား၊ ကျောင်းသူတဆယ့်ရှစ်ဦးသေဆုံးပြီးနှစ်ဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအထဲကနောက်ထပ်ငါးဦးသေဆုံးသွားတာမို့ နှစ်ဆယ့်သုံးဦးထိ သေဆုံးသွားခဲ့ပြီလို့ ကျောက်တော်မြို့ခံတွေကဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းကို စက်တင်ဘာ လ ၁၂ ရက်၊ဒီနေ့မနက် ၁ နာရီကျော်အချိန်ခန့်ကစစ်ကော်မရှင်တပ်မှ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလို ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့လို့ အရေးပေါ်ဆေးကုသမှုခံယူနေကြသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီးအသ က်အန္တရာယ်စိုးရိမ်ရသူတွေလည်း ရှိနေသေးလို့လည်း ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏပြုလုပ်နေပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကိုလ ည်း ပြီးခဲ့တဲ့ဩဂုတ်လ ၂၅ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခို က်လို့ ကလေးငယ်တွေအပါအဝင်ဆယ့်ငါးဦးသေဆုံးပြီး ဆယ့်ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။