Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁၃။
ကျောက်တော်မြို့နယ်က စာသင်ကျောင်းနှစ်ကျောင်းကို တိုက်ခိုက်ခံရမှုကြောင့် ကလေးသူငယ်တွေ သေဆုံး၊ ဒဏ်ရာရခဲ့ကြတာကို အလွန်စိုးရိမ်မကင်းဖြစ်ရပြီး အကြမ်းဖက်မှုတွေကို ရပ် တန့်ပစ်ရမယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)မှစက်တင် ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့နယ်၊သရက်တပင်ကျေးရွာက စာသင်ကျောင်းကို အာဏာသိမ်းစစ်ကော်မရှင်တပ်က စက်တင်ဘာလ ၁၂ ရက်နေ့ည ကလေးတွေအိပ်ပျော်နေချိန် ဂျက်တိုက်လေယာဉ်နဲ့ အကြီးစားဗုံးကြဲချခဲ့တာပါ။
အဲဒီဖြစ်ရပ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးသေဆုံးပြီး ၂၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။
“ကလေးသူငယ်တွေအပေါ် အကြမ်းဖ က်မှုတွေကို ရပ်တန့်ပစ်ရပါမယ်။ကျော င်းတွေ၊အဆောင်တွေ၊နေအိမ်တွေနဲ့ ကလေးသူငယ်တွေ မှီခိုအားထားနေရတဲ့ အရာတွေက အချိန်တိုင်းဘေးကင်းလုံ ခြုံ နေရပါမယ်။” လို့ UNICEF ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလေးသူငယ်တွေဟာ သူတို့ကိုအကာ အကွယ်ပေးရမဲ့နေရာတွေဖြစ်တဲ့ နေ အိမ်တွေ၊ကျောင်းတွေ၊ရပ်ကွက်တွေထဲမှာပဲ အသက်ဆုံးရှုံးနေကြရတယ်လို့လည်း ဆိုပါတယ်။
ကျောက်တော်မြို့နယ်ကဖြစ်ရပ်ဟာ ရခိုင်မှာ ပိုပြီးဆိုးရွားလာနေတဲ့ အဖျက်စွမ်းအားကြီးတဲ့ အကြမ်းဖက်မှုတွေထဲက နောက်ထပ်တခုဖြစ်တယ်လို့လည်း UNICEF က ပြောပါတယ်။
ဒီဖြစ်ရပ်တွေရဲ့အကျိုးဆက်အနေနဲ့ က လေးသူငယ်တွေနဲ့ မိသားစုတွေဟာ အ သက်နဲ့ရင်းပြီး အကြီးမားဆုံးပေးဆပ်မှုကို ခံစားနေကြရတယ်။
မရပ်မနားတိုက်ခိုက်မှုတွေက ထိတ်လန့်ကြောက်ရွံ့မှုတွေကို ဖြစ်ပေါ်စေပြီး၊မိ သားစုတွေကို နေရပ်စွန့်ခွာစေကာ သူတို့ရဲ့ဒုက္ခတွေကို ပိုကြီးစေတယ်လို့လ ည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင်မှာ အကြမ်းဖက်မှုတွေနဲ့ နေရပ်စွန့်ခွာရမှုတွေ ပိုတိုးလာနေသလို ပြည် နယ်တဝှမ်းက မိသားစုတွေဟာ ဆိုးရွားတဲ့ ခက်ခဲကျပ်တည်းမှုတွေ၊လျော့နည်းလာတဲ့ စားနပ်ရိက္ခာထောက်ပံ့မှုတွေနဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလို အရေးပါတဲ့ အသက်သွေးကြောတွေ ပြိုလဲပျက်စီးလာတာ တွေကိုလ ည်း ရင်ဆိုင်နေကြရတယ်လို့ UNICEF က ပြောပါတယ်။
ကလေးသူငယ်တွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေနဲ့ပ တ်သက်လို့ အာဏာသိမ်း စစ်ကော်မရှင်ဘက်က တစုံတရာ ထုတ်ပြန်တာ၊ တုံ့ပြန်တာ မရှိပါဘူး။