Border News Agency
ကျောက်တော်၊စက်တင်ဘာ ၁၃။
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနဲ့အမြင်သစ်ကိုယ်ပိုင်အထက်တန်းစာ သင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂၀ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရသွားခဲ့ပါတယ်။
အဲဒီကိုယ်ပိုင်အထက်တန်းစာသင်ကျောင်းနှစ်ကျောင်းကို စစ်ကော်မရှင်တပ်ဟာစက်တင်ဘာလ ၁၂ ရက်၊ မနက် ၁ နာရီကျော်အချိန်ခန့်က ရွယ်ရည်ချက်ရှိရှိလေကြောင်းမှပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် ၂၀ ဦးသေဆုံးပြီး ၂၁ဦးဒဏ်ရာရရသွားတဲ့အထဲမှာ အမျိုးသမီ ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရသွားခဲ့တာပါ။
အဲဒီကျောက်တော်မြို့နယ်၊မင်းသားတောင်ကျေးရွာက ဦးမောင်မဲမောင်ရဲ့သမီးအသက် ၂၁ နှစ်အရွယ် G 12 ကျောင်းသူမလှနှင်းနွယ်၊ဦးကျော်ဝင်းချေရဲ့သမီးအသက် ၁၈ နှစ်အရွယ် G12 ကျောင်းသူ မခင်ခင်ကျော်သေဆုံးသွားခဲ့ပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊သရက်တပင်ကျေးရွာက အသက် ၂၉ နှစ်အရွယ် ဝင်းနွယ်သိန်း၊ဦးမောင်ကျားရဲ့သမီးအသက် ၈၇ နှစ်အရွယ်ဒေါ်ဦးစံမြ၊ ဦးမောင်ကျော်အေးသမီးအသက် ၁၉ နှစ်အရွယ် G 12 ကျောင်းသူမမြတ်နိုးခန့်၊ ဦးမောင်ကျော်လှိုင်သမီးအသက် ၂၃ နှစ်အရွယ်မဆုမြတ်အိမ်၊ဦးမောင်သာချေသမီးအသက် ၂၆ နှစ်အရွယ်မမြတ်မြ တ်သိန်း၊ဦးမောင်ကျော်အေးသမီးအ သက် ၄၄ နှစ်အရွယ်ဒေါ်ဦးသောင်းယဥ်ဒဏ်ရာရသွားခဲ့ကြပါတယ်။
အဲဒီအပြင်ကျောက်တော်မြို့နယ်၊မင်းသားတောင်ကျေးရွာက ဦးဆန်းဝေမောင်ရဲ့သမီးအသက် ၂၀ အရွယ် G 12 ကျောင်းသူမလုံးလုံးခိုင်၊စစ်တွေမြို့ နယ်၊ ရွှေပြည်သာရပ်ကွက်က ဦးမောင်ကျန်သိန်းသမီးအသက်၁၉ နှစ်အရွယ် G12 ကျောင်းသူမနန္ဒလင်း၊မြေပုံမြို့ န ယ် ကိုရင်ပြင်ကျေးရွာမှ ဦးထွန်းသိန်းမောင်သမီးအသက် ၂၉ နှစ်အရွယ် မဝင်းဝင်းသိန်းဒဏ်ရာရသွားခဲ့ကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး လေကြောင်းတိုက် ခိုက်မှုတွေလည်း မကြာခဏပြုလုပ်နေပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ နေ့စဥ်ရက်ဆက်စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတာတွေကို နိုင် ငံတကာအဖွဲ့အစည်းတွေအနေနဲ့လက် ပိုက်ကြည့်မနေဘဲ ထိထိရောက်ရောက်အရေးယူဖို့လိုအပ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခတပ်တော်အနေနဲ့လည်း စစ်ကော်မရှင်ရဲ့လူမဆန်တဲ့လုပ်ရပ်တွေစစ်ရာဇဝတ်ကျူးလွန်မှုအချက်အလ က်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေဆီပို့ပေးသွားမယ်လို့ဆိုပါတယ်။
အာရက္ခမျိုးဆက်သစ်လူငယ်တွေအပေါ် ပြစ်မှုကျူး လွန်တာတွေနဲ့ပတ်သက်ပြီးတရားမျှတမှုရဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့တရားမျှတမှုကိုလိုလားတဲ့လူပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တရားမျှတမှုရတဲ့အထိဆောင်ရွက်သွားမယ်လို့ဆိုပါတယိ။
အဲဒီလိုပြစ်မှုကျူးလွန်သူ၊ကျူးလွန်ဖို့စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူအားလုံးကိုပြင်းပြင်းထန်ထန်လက် တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။