Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဆယ်မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စတဲ့ဆယ်မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပတာပါ။
လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမကျင်းပတဲ့လွှတ်တော်သုံးရပ်ရဲ့ မဲဆန္ဒနယ်တွေကို ထုတ်ပြန်ကြေညာခဲ့တာပါ။
အဲဒီပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်တွေရဲ့ စုစုပေါင်း မဲဆန္ဒနယ် ၁၂၁ နေရာမှာရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ရခိုင်ကဆယ်မြို့နယ်မှာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မကျင်းပတာဖြစ်သလိုအမျိုးသားလွှတ်တော်ဆန္ဒနယ်နှစ်နေရာပါဝင်ပါတယ်။
အဲဒီအပြင် အဲဒီဆယ်မြို့နယ်မှာ ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်တွေလည်း မကျင်းပဘူးလို့ ဆိုပါတယ်။
ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP) အပါအဝင် ရခိုင်အခြေစိုက်ပါတီခြောက်ခုထိမှတ်ပုံတင်ထားကြပါတယ်။
စစ်ကော်မရှင်လက်အောက်ခံရခိုင်ပြ ည်နယ်အမျိုးသားအင်အားစုပါတီ(RSNUP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) အပါအဝင် ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ကျောက်ဖြူအမတ်ဟောင်းဦးဘရှိန်ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို စစ်ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။
ရခိုင့်ဦးဆောင်ပါတီ(AFP)ကတော့ ရခိုင်တပြည်လုံးအပါအဝင် ၆၄ နေရာဝင်ပြိုင်မယ်လို့ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်ကို ဖြေဆိုထားပါတယ်။