Border News Agency
ကျောက်ဖြူ၊ စက်တင်ဘာ ၁၉ ။
အာရက္ခဒေသတဆယ့်နှစ်မြို့နယ်က စစ်ဘေးရှောင်တွေ၊ ဒေသခံတွေကို လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)မှ ခြင်ထောင် ၆၈၅၀ ထောက်ပံ့ခဲ့တယ်လို့ စက်တင်ဘာလ ၁၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တွေမှာထောက်ပံ့ပေးခဲ့တာပါ။
အဲဒီမြို့နယ်တွေကစစ်ဘေးရှောင်တွေနဲ့ ဒေသခံအိမ်ထောင်စု ၄,၈၅၁ စု၊လူဦး ရေ ၂၃,၂၈၆ ဦးအတွက် ကျန်းမာရေး ခြင်ထောင် ၆,၈၅၀ လုံးထောက်ပံ့ခဲ့တ ယ်လို့ဆိုပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန အပါအဝင် တခြားဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး မုတ်သုံရာသီအတွင်း ခြင်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကိုကာကွယ်ဖို့ ကျန်းမာရေးဆိုင်ရာစီမံကိန်းတခုကို ဆောင်ရွက်နေတယ်လို့ဆိုပါတ ယ်။
အဲဒါကြောင့်အာရက္ခဒေသကတဆယ့်နှစ်မြို့နယ်အတွက်ကျန်းမာရေးခြင် ထောင်ထောက်ပံ့ပေးတာက ကျန်းမာ ရေးဆိုင်ရာစီမံကိန်းတွေမှ အစိတ်အ ပိုင်းတခုဖြစ်တယ်လို့ဆိုပါတယ်။
အာရက္ခဒေသမှာစစ်ကော်မရှင်က ပြည်သူတွေနေထိုင်တဲ့နေရာတွေကို ကြည်း၊လေ၊ရေး ပူးပေါင်းတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေမှာ နေအိမ်အဆောက်အဦးတွေကိုစွန့်ပြီး ဘေးလွတ်ရာနေရာတွေမှာ အဆင်ပြေသလိုနေထိုင်နေကြရတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ လူဦးရေတိုးလာနေတာမို့ ခြင်ပေါက်နှုန်းမြင့်တက်လာပြီး ကူးစပ်ရောဂါဖြ စ်ပွားဖို့ များလာနိုင်တယ်လို့ဆိုပါတယ်။
အဲဒီထောက်ပံ့ထားတဲ့ ခြင်ထောင်တွေဟာMalaria, Dengue Fever, Chikungunya စတဲ့ ခြင်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို တားဆီးနိုင်တယ်လို့ဆိုပါတယ်။
ပြည်တွင်း၊ပြည်ပမှအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအလှူရှင်တွေအနေနဲ့ စစ်ဘေးရှောင်တွေ၊ ဒေသခံပြည်သူတွေအတွက်လိုအပ်နေတဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ၊အခြားလိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးဖို့ နှိုးဆော်ထားပါတယ်။