Border News Agency
ကျောက်မဲ၊ စက်တင်ဘာ ၂၁။
ကျောက်မဲမြို့၊ ရပ်ကွက် ၂ ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်မှ စက်တင်ဘာလ ၂၀ ရက်နေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ဟာ စက်တင်ဘာလ ၂၀ ရက်၊ ဒီနေ့နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကျောက်မဲမြို့ရှိအရပ်သားပြည်သူတွေကို ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအပြင်စက်တင်ဘာလ ၉ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းအုပ်စု၊ လွယ်ခေါ်ရွာမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်တာတွေကြောင့် ပြည် သူလူထုတွေရဲ့လယ်ယာတွေ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်မိဘပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာကိုရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ရန်လိုအပ်တယ်လို့ဆိုပါတယ်။






