Border News Agency
မိုးကုတ်၊ စက်တင်ဘာ ၂၂။
မိုးကုတ်မြို့နယ်၊ ဘုရားသုံးဆူကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်က စက်တင်ဘာလ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမဖြစ်ဘဲ စက်တင်ဘာလ ၂၁ ရက်၊ ည ၂ နာရီ ၂၀ မိနစ်အချိန်က ဘုရားသုံးဆူကျေးရွာရှိ ကြက်မွေးမြူးရေးခြံကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ကျောက်မဲမြို့နယ်၊ လွယ်အံကျေးရွာကိုလည်းစက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ဘုန်းကြီးကျောင်းကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်မဲမြို့နယ်ကိုငါးကြိမ်၊ သီပေါမြို့နယ်ကိုတကြိမ်၊ မိုးကုတ်မြို့ နယ်ကိုတကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်အမျိုးသားတဦး၊အမျိုး သမီးနှစ်ဦးဒဏ်ရာရသွားပြီး နေအိမ်တဆယ့်ခုနှစ်လုံး၊ စာသင်ကျောင်းတဆောင်၊ ဘုန်းကြီးကျောင်းတဆောင်၊ ကားတစီးပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ဆိုပါတယ်။