Border News Agency
ခင်ဦး၊ စက်တင်ဘာ ၂၂။
ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ ပကဖအသံမှစက်တင်ဘာလ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီခင်ဦးမြို့နယ်၊ ရွှေဘိုလေ့ကျင့်ရေး ၈ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ရွှေဘို-ဘုတ်ကုန်းမှမကျီးတုံ(ပျူရွာများ)သို့ စက်တင်ဘာလ ၁၈ရက်နေ့ကအင်အားရှစ်ဆယ်ခန့်ရှိ စစ်ကော်မရှိတပ်ဖွဲ့တွေနဲ့ ပြည်သူကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းတိုက်နယ် ၁ နယ်မြေအတွင်း ရွှေဘိုခရိုင်အမှတ် ၃ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ)၊ တိုက်နယ် ပကဖတွေနဲ့မြို့နယ်ပလဖတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်မကော်ရှင်တပ်မှ သေဆုံးသူတွေရှိခဲ့ပြီး ညအချိန်မှာ လေ့ကျင့်ရေး ၈ နဲ့ ဘုတ်ကုန်း (ပျူခြံ) သို့ တပ်ဆုတ်ပြေးသွားကြတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ MA4 သေနတ်တလက်၊ MA5 ပစ္စတိုတလက်၊ RPG အဖူး၊ အီနာဂါ၊ 40mm ကျည်ဘောက်နဲ့အင်ကွပ်၊ ကျည်ကာပြား၊ ဦးထုပ်၊ ခဲယမ်း၊ စစ်အသုံးအဆောင်ပစွည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။